>Without Bribes, there’s no digital phone line

August 20, 2009

>

ငွေပေးမှ ဒစ်ဂျစ်တယ်ဖုန်းလိုင်း ဦးစားပေး သွယ်တန်းပေး

မိုးမခအထောက်တော်၊ ရန်ကုန်

သြဂုတ် ၁၉၊ ၂၀၀၉

မော်မြိုင်မြို့ရှိ ယခင်အနာလော့ဂ် တယ်လီဖုန်းလိုင်းများကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲတပ်ဆင်ရာတွင် မြန်မာ့ဆက်သွယ်ရေး ၀န်ထမ်းများက ငွေ သိန်းနှင့်ချီပေးသည့်သူများကိုသာ ဦးစွာတပ်ဆင်ပေးပြီး ငွေမပေးနိုင်သည့်သူများကို နောက်ဆုံးမှ တပ်ဆင်ပေးကြောင်း မော်လမြိုင်မြို့ ခံများက ပြောဆိုသည်။

သြဂုတ်လ ၁ရက်နေ့မှစတင်ပြီး မော်လမြိုင်မြို့ရှိ ၂၁…၂၂…၂၃… တို့ဖြင့်စသည့် အနာလော့ဂ် Analogue စနစ် ဖုန်းလိုင်း ၃ထောင်နီးပါးကို မြန်မာ့ဆက်သွယ်ရေး တွင်ကျပ်ငွေ ၄သိန်းတရားဝင်ပေးသွင်းပြီး ဒစ်ဂျစ်တယ်စနစ်လိုင်းများ အဖြစ်သို့ ပြောင်းလဲပေးရာတွင် ငွေပေးသူများကို အရင်သွယ်တန်းပေးပြီး ငွေမပေးနိုင်သည့်သုံးစွဲသူများကို သီတင်းပတ်နှင့်ချီပြီး ချန်ရစ်ထားလျက်ရှိသည်ဟု မော်လမြိုင်မြို့ ဈေးကြီးရပ်ကွက်မှ သုံးစွဲသူ တဦးက ပြောဆိုသည်။

“စီးပွားရေး အချက်အချာမကျတဲ့ မောင်ငံရပ်လိုမျိုးမှာတော့ အစီအစဉ်တိုင်း တပ်ဆင်ပေးတာတွေ့ပေမယ့် အခုဈေးကြီးရပ်ကွက်မှာတော့ စီးပွားရေးလုပ်ကိုင်တဲ့ ဧရိယာဆိုပြီး အရင်သွယ်စေချင်ရင် လာဘ် သို့မဟုတ် လိုင်းကြေး သို့မဟုတ် စေတနာကြေး ဆိုပြီး ၁ သိန်းကျော်တောင်းတယ်။ ပေးနိုင်တဲ့သူတွေတော့ နယ်မြေတခုထဲမှာတင် သွယ်လို့ ပြီးကုန်ပြီး မပေးသေးတဲ့သူတွေဆို လမ်းတလမ်းထဲတင် ၂ပတ်ကျော် ၃ပတ်ထဲဝင်တဲ့အထိ မရသေးဘူးဟု အောက်လမ်းမကြီးတွင် နေထိုင်သူတဦးက ပြောဆိုသည်။

ယခင်ကတည်းက မော်လမြိုင်မြို့တွင် ဖုန်းလိုင်းပျက်ခြင်းအတွက် ကျပ်ထောင်နဲ့ချီပြီးလည်းကောင်း၊ ဖုန်းလိုင်းများ လိပ်စာရွှေ့ပြောင်းခြင်းတို့အတွက် ကျပ်သိန်းနှင့်ချီပြီး လိုင်းပြုပြင်သူဝန်ထမ်း ၊ လိုင်းနှင့်သက်ဆိုင်သည့် အငယ်တန်း အင်ဂျင်နီယာာများကို ပေးခဲ့ကြရသည်ဟု ဆိုသည်။ ယခုလဲလှယ်သည့် အနာလော့ဂ်ဖုန်းလိုင်းများမှာ မကြာခဏပျက်ခြင်း၊ မိုးရာသီတွင် သီတင်းပတ်နှင့်ချီ လိုင်းအောက်ခြင်း ဖြစ်ပွားခဲ့ကာ ပြီးခဲ့သည့်တနှစ်ကျော်မှစတင်ကာ လုံးဝသုံးစွဲ၍မရတော့သည့် ဖုန်းလိုင်းများလည်း အများအပြားရှိသည်ဟု သုံးစွဲသူများက ပြောဆိုကြသည်။ ဖုန်းလိုင်းရှိသော်လည်း ဖုန်းမရှိသကဲ့သို့ သဘောထားကာ နေထိုင်ခဲ့ကြရသည် ဟုလည်းသိရသည်။

ထိုသို့ ဖုန်းလိုင်းပျက်ခြင်း ၊ ဆက်သွယ်ရေး ၀န်ထမ်းများ ငွေကြေးမတန်တဆ တောင်းခံသည်ကို ပေးနိုင်မှ လိုင်းပြင်ပေးခြင်းတို့ကို ပြည်တွင်း သတင်းဂျာနယ်များတွင် ဖေါ်ပြရန်ကြိုးစားသော်လည်း စာပေစိစစ်ရေးမှ အစဉ်အမြဲဖြတ်တောက် ဖြုတ်ပစ်လျက်ရှိသဖြင့် မြို့ခံများက မြန်မာဘာသာဖြင့် လွှင့်သည့် ပြည်ပအခြေစိုက် ရေဒီယိုများသို့ အဖြစ်အပျက်များကို ရင်ဖွင့်ပြောဆိုလိုကြသည်ဟုလည်း မော်လမြိုင်မြို့ခံ များကပြောဆိုသည်။

မော်လမြိုင်မြို့တွင် လိုင်းဖုန်းဟုခေါ်ဆိုသည့် ကြိုးသွယ်တန်းသည့် ဒစ်ဂျစ်တယ် ဖုန်းလိုင်းတလိုင်းကို ပြင်ပပေါက်ဈေး ကျပ်သိန်း ၃၀ ကျော် ၀န်းကျင်ထိ ဈေးရှိခဲ့သည်ဟု သိရှိရသည်။ မော်လမြိုင်မြို့တွင် လိုင်းဖုန်းအပြင် ဂျီအက်စ်အမ် မိုဘိုင်းစနစ်သုံးနှင့် စီဒီအမ်အေ ကမ်းနီးကမ်းဝေး မိုဘိုင်းဖုန်းများ ပါသုံးစွဲနိုင်သည် ဟုသိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)