>Graffiti and Black Face by Kaung Su

October 4, 2009

>

ကောင်းဆုပြောပြတဲ့ ဂရက်ဖစ်တီ နဲ့ ဘလက်ခ်ဖေ့စ်
ညနေမိုး(ကလေး)
အောက်တိုဘာ ၄၊ ၂ဝဝ၉

“ – – ကျွန်တော်က Graffiti သမား သက်သက် မဖြစ်ချင်ဘူး။ သူများခေါင်းစဉ်အောက် ဝင်သွားမှာ စိုးလို့။ ကျွန်တော်က ကျွန်တော့်ရဲ့ စုတ်ချက်တွေကို မပစ်နိုင်ဘူး။ Graffiti ကို မထည့်ဘဲလည်း မနေနိုင်ဘူး – – ”


၂ဝဝ၉ မတ် ၂ဝ ရက်က ၃၁ ရက်နေ့အထိ နယူးဇီးရိုး အနုပညာပြခန်းမှာ ပန်းချီဆရာ ကောင်းဆုရဲ့ စတုတ္ထအကြိမ်မြောက် တစ်ကိုယ်တော် ပြပွဲကို ပြသခဲ့ပါတယ်။ အဲဒီပြပွဲမှာ ပြခဲ့တဲ့ သူ့ရဲ့ လက်ရာတွေနဲ့ ပတ်သက်ပြီး ကောင်းဆုက ပန်အနုပညာမဂ္ဂဇင်းကို ခုလို ပြောပြခဲ့ပါတယ်။

xxx

ဒီပွဲက ကျွန်တော့်ရဲ့ စတုတ္ထအကြိမ်မြောက် တစ်ကိုယ်တော် ပြပွဲပါ။ ကျွန်တော်က Black Face စီးရီးလိုက် ဆွဲပါတယ်။ ခုဟာကျတော့ Black Face ကို Graffiti နဲ့ ပေါင်းထားတာ။ မူရင်း Frame ကတော့ Black Face ပါပဲ။ မီဒီယာ ပြောင်းလိုက်တာပေါ့။ Graffiti ခေါင်းစဉ်အောက်ကို လုံးဝ ဝင်သွားတာတော့ မဟုတ်ပါဘူး။ Graffiti ရဲ့ အငွေ့အသက်၊ ရိုက်ချက်တွေကို ကိုယ့်ဟန်နဲ့ ပေါင်းထားတာပါ။ Graffiti က မြန်မာပြည်မှာ ဟိုတစ်စ၊ ဒီတစ်စပဲ တွေ့ရတယ်။ ပီပီပြင်ပြင် ဆွဲတာတော့ မရှိသေးပါဘူး။ ဒါကို ကင်းဗတ်စ်ပေါ် စမ်းပြီး တင်ကြည့်တာပါ။

Graffiti က တခြားနိုင်ငံမှာ ဆိုရင် Subway Graffiti, Bedroom Graffiti, Street Art ဆိုပြီး ရှိတယ်။ Subway Graffiti ဆိုရင် ရထားပေါ်တွေမှာ အုတ်တံတိုင်းတွေမှာ ဆွဲကြတယ်။ Graffiti ရဲ့ အဓိကက စာလုံး ပေါ့။ Graffiti က ၁၉၆ဝ ခုနှစ် ဝန်းကျင်လောက်က စပြီး ၁၉၇ဝ ခုနှစ်မှာ အရှိန်အဟုန် တက်လာတယ်။

အမေရိကန်၊ နယူးယောက်မြို့၊ Mangontan ရပ်ကွက်မှာ ၁၈၃ လမ်း ရှိတယ်။ အဲဒီမှာ Taki ဆိုတဲ့ ကပ္ပလီကောင်လေး တစ်ယောက် ရှိတယ်။ အဲဒီကောင်လေးက သူ့ရဲ့ နာမည်တွေကို နံရံတွေမှာ လျှောက်ရေးတယ်၊ Taki 183 ဆိုပြီး။ အဲဒီလို ရေးရင်းနဲ့ အရေးများလာတော့ သတင်းစာတွေမှာ အဲဒီအကြောင်း ရေးလာကြတယ်။ Taki 183 ကို ရထားတွေမှာ တွေ့ရတယ်။ အဲဒီလို လျှောက်ရေးရင်းနဲ့ Graffiti ကြီးထွားလာတယ်။

အဲဒီမှာ သူက နာမည်ကို ဒီဇိုင်းဆန်ဆန် ရေးလာတယ်။ ဒါကြောင့် Graffiti ရဲ့ နှလုံးသားက နာမည် ဖြစ်လာတယ်။ နောက်ပိုင်းမှာ Graffiti အရမ်း ကျယ်ပြန့်လာလို့ နယူးယောက်မြို့တော်မှာ Anti-Graffiti ဆိုပြီး ရဲတွေက စောင့်ဖမ်းလာကြတယ်၊ နံရံတွေ ညစ်ပတ်လို့ ဆိုပြီး။

Graffiti သမားတွေကလည်း မလျှော့ဘူး။ ကြွပ်ကြွပ်အိတ် အကြီးကြီးထဲမှာ ဆေးဘူးတွေထည့်၊ ပလာယာတွေ ယူပြီး ကာထားတဲ့သွပ်ဆူးကြိုးတွေကို ပလာယာနဲ့ ဖြတ်တယ်။ အဲဒီထဲကို ကြွပ်ကြွပ်အိတ်ကြီးတွေနဲ့ ဝင်ပြီး ရထားပေါ်မှာ ဆွဲကြတယ်။ မိုးလင်းရင် ရထား ဘေးလမ်းတလျှောက်မှာ ဆေးဘူးတွေ တန်းစီနေတာပဲ။ သူတို့ ညဘက် ဝင်ဆွဲသွားကြတာ။ စည်ပင်သာယာဘက်က ကြည့်ရင် မြို့ညစ်ပတ်မှု ဖြစ်ပေမဲ့ ညနေဘက် နေထိုးတဲ့အချိန် ရထားဖြတ်သွားရင် Graffiti က အရမ်းလှတယ်။ Graffiti က အရောင်တောက်တောက်တွေကို သုံးတယ်။ ပြီးမှ ဘေးက ပုံလေးတွေ ရံတာပေါ့။ တချို့က လူပုံတွေ၊ Micky Mouse ပုံတွေ၊ Comic ဆန်တဲ့ ပုံတွေကို ရေးကြတယ်။

Bedroom Graffiti ကျတော့ စာလုံးကို သေချာအောင် မဆွဲတော့ဘူး။ ရေချိုးခန်းထဲမှာ ဖြစ်သလို အမည်းသက်သက်နဲ့ ဆွဲကြတယ်။
Street Art ကျတော့ ပုံတွေကို အဓိက ထားတယ်။ စာလုံးက နည်းတယ်။ ကျွန်တော်က ကျွန်တော့ စိတ်ကူးထဲကဟာတွေကို Graffiti နဲ့ ရံတယ်။ Black Face 3 မှာ ဆိုရင် ကြယ်ပုံကို ဒီဇိုင်းဆွဲပြီး Graffiti ပုံစံ ရံတာပေါ့။ ကိုယ့်ပုံစံနဲ့ကိုယ် ရံတာပေါ့။ အောက်မှာ Expressive ဖြစ်တဲ့ စုတ်ချက်တွေနဲ့ ရံတယ်။ ခေါင်းစဉ်ကတော့ အားလုံး Black Face ။ အနောက်က Supporting ကတော့ Graffiti ။ ကျွန်တော် ကင်းဗတ်စ်ပေါ်မှာ Graffiti ဆန်တာကို လုပ်ချင်တယ်။ စာလုံးကိုတော့ အဓိက မထားပါဘူး။

ဒီလိုပုံစံ ဆွဲဖို့ စိတ်ကူးရတာက ၂ဝဝ၈ ခုနှစ်မှပါ။ ကျွန်တော်က ကိုယ်ပိုင် စတူဒီယို ရှိတော့ Graffiti ကို ကိုယ်တိုင် စမ်းပြီး ဆွဲကြည့်တယ်။ အားလုံး အမြန် အနှေး၊ အထူအပါး တော်တော်ကြာကြာ လုပ်ဖြစ်တယ်။ ပြီးမှ ကင်းဗတ်စ်ပေါ် တင်တာပေါ့။ Graffiti နဲ့ သဟဇာတ ဖြစ်တာက အခရိုင်းလစ်။ ဆီဆေးနဲ့ ဆိုရင် အချပ်လိုက် ကွာကျလာတယ်။ ကျွန်တော် မှုတ်ပြီး ပြန်ခွာကြည့်တယ်။ အဲဒီလို ဖျက်ဆီးပစ်မှ ဘယ်ဟာ ရေရှည်ခံတယ် ဆိုတာ သိလာရတယ်။

Graffiti နဲ့ ပတ်သက်တဲ့ စာအုပ်တွေ တော်တော်များများကို ကျွန်တော် ဖတ်ဖြစ်တယ်။ သူတို့ ဘယ်နေရာမှာ လုပ်တယ် ဆိုတဲ့ လုပ်ချက်တွေကို ကြည့်တယ်။ Technique ကျတော့ ကိုယ်ပိုင်ဟန်ပေါ့။ ကျွန်တော် Graffiti ရဲ့ Heart ကို ရှောင်ပြီး အငွေ့အသက်ကိုပဲ ယူလိုက်တယ်။ ကျွန်တော်က Graffiti သမား သက်သက် မဖြစ်ချင်ဘူး။ သူများခေါင်းစဉ်အောက် ဝင်သွားမှာ စိုးလို့။ ကျွန်တော်က ကျွန်တော့်ရဲ့ စုတ်ချက်တွေကို မပစ်နိုင်ဘူး။ Graffiti ကို မထည့်ဘဲလည်း မနေနိုင်ဘူး။

ကျွန်တော် ဒီ Black Face ကို ၂ဝဝ၆ မှာ စပြတာပါ။ New Treasure မှာ အဲဒီတုန်းက မျက်လုံး၊ နှာခေါင်း၊ ပါးစပ် ပါတယ်။ ဒါပေမဲ့ အနက် များနေတယ်။ လုံးလုံး မပျက်သေးဘူး။ အခုမှသာ ပီပီပြင်ပြင် ဖျက်ပစ်လိုက်တာ။

ကျွန်တော် ပန်းချီစဆွဲတုန်းက ယောင်ယောင်ဝါးဝါးနဲ့ ကိုယ့်ကိုယ်ကိုယ် မတွေ့သေးဘူး။ တော်တော် ကြိုးစားယူရတယ်ဗျာ။ ဒီ Black Face ကို ၂ဝဝ၅ လောက်မှ စတွေ့တာပေါ့။ ကျွန်တော်က စိတ်ခံစားမှု အတိုင်း ရေးတာ များတယ်။ ဆွဲတာလည်း စုတ်ချက်က Expressive Power ဖြစ်တာကို သဘောကျတယ်။ Express Power ကို အခုထိ မဆွဲနိုင်သေးဘူး။ စုတ်ချက် မပါရင် ကိုယ့်လက်ရာကိုယ် ပန်းချီကားမဟုတ်သလို ခံစားရတယ်။ ။


[ မူရင်း – ပန် အနုပညာမဂ္ဂဇင်း၊ သြဂုတ် ၂ဝဝ၉ ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်