>Gaw She – The Call of the Two Spirits

November 10, 2009

>

ဝိဥာဉ် ၂ ခုရဲ့ အသံ
ဂေါ်ရှယ်
နိုဝင်ဘာ ၉၊ ၂၀၀၉
ဇူလိုင်လက မြန်မာနိုင်ငံနဲ့ မြန်မာနယ်စပ်တလျှောက် မိုး သည်းကြီးမည်းကြီး ရွာချိန်ပေါ့။ လူကြီးတယောက်က သူရဲ့  နှစ်အရွယ် သမီးလေးနဲ့ ၅ နှစ်အရွယ် သားလေးကို သူနဲ့အတူ မျှစ်ချိုးသွားဖို့ ခေါ်လိုက်တယ်။ တောင်ရဲ့ တဖက်ခြမ်းမှာ … တဲ့။ ကလေး လေးတွေက မိုးရေထဲ ပြေးဆော့နေကြတယ်။  အခုသွားရမှာက အဖေနဲ့ အတူတူ နဲနဲလေး ဝေးမှာမို့ ကလေးတွေက အရမ်းကို ပျော်နေကြတယ်။
ကလေးနှစ်ယောက်က အဖေနဲ့အတူ ပျော်ရွင်စွာ လိုက်သွားကြတယ်။ တောနက်လာတဲ့နောက်မှာ  ကလေးနှစ်ယောက်က အဖေနဲ့ကွဲပြီး လမ်းပျောက်သွားတယ်။ သမီးကြီးက မောင်လေးရဲ့လက်ကို ကိုင်ထားပြီး အဖေ့ကို လိုက်ရှာလေတယ်။ အဖေ့ကို လိုက်ရှာလေ … မတွေ့တော့လေ ပဲ။  
 အဖေကိုယ်တိုင်က လမ်းစဖျောက်လိုက်တယ် ဆိုတာကို ကလေးနှစ်ယောက်က မသိလဲ မသိဘူး၊ တွေးထင် ရလောက်အောင်လည်း ဉာဏ်မီအုံးမှာ မဟုတ်သေးဘူး။ ဘာကြောင့်လဲ ဆိုတာကိုလည်း တွေးတတ်အုံးမှာ မဟုတ်ဘူး။
တကယ်တော့ မိထွေးက လင်ပါ သမီးနဲ့သားကို ဘယ်လိုမှ လက်မခံလို့ ဖခင်ဖြစ်သူက သမီးလေးနဲ့ သားကို တောနက်ထဲ သွားပစ်ထားခဲ့ရတာ။
ဒါဟာ ကြားဖူးနေကျ ဒဏ္ဍာရီပုံပြင်လို့ ထင်ကြမှာ။ ခုဟာက ၂၀၀၆ ဇူလိုင်လ က ထိုင်း-မြန်မာ နယ်စပ်ရွာက တကယ့်အဖြစ်မှန်ပါ။
ကလေးနှစ်ယောက်က အဖေ့ကို လိုက်ရှာရင်း အဖိုးကြီးတယောက်ကို တွေ့တယ်။
ကလေးက အားရဝမ်းသာနဲ့
“ဖိုးဖိုး ဘယ်ကိုပြန်မှာလဲ ဟင်?”
” သမီးတို့က — — — ရွာ၊ ဇုံ — — မှာ နေတယ်။ သမီးက  — — ကျောင်းမှာ ၂ တန်း ကျောင်းနေတယ်။ သမီးတို့ကို ပြန်လိုက်ပို့ပေးပါနော် လို့ …” တောင်းပန်ကြတယ်။
ကလေးလေး နှစ်ယောက်က မိုးသည်းထဲမှာ တုန်နေတယ်။ ချမ်းနေတာရော၊ ကြောက်နေတာရော ပေါ့။
အဖိုးကြီးက တွေးမိတယ်။
“ဒီလို တောနက်တဲ့နေရာမှာ ဘယ်ကလေး မှ မရောက်နိုင်ဘူး။ ဒါဟာ လူ ကလေးတွေ မဟုတ်နိုင်ဘူး။ ငါ့ကို တောခြောက်နေတာ။ ဒါဟာ နာနာဘာဝ သရဲ …”  ဆိုပြီး ထွက်ပြေးရော။
ကလေးနှစ်ယောက်ကလည်း အဖိုးကြီးနောက်ကို ပြေးလိုက်တယ်။  ဒါပေမဲ့ လိုက်မမီခဲ့ဘူး။  အဖိုးကြီး ရွာပြန်ရောက်သွားတယ်။ ၁ရက်၊ ၂ရက်၊ ၃ရက်… စိတ်ထဲမှာ မပျော်ဘူး။ ကလေးနှစ်ယောက်ကို မျက်စိထဲပဲ မြင်ယောင်နေတယ်လေ။ စိတ်ထဲ တမျိုးကြီး ဖြစ်နေတာမို့   ရွာက ရွာလူကြီးတွေကို ပြောပြတယ်။ 
တာဝန်ကျတဲ့ နယ်စပ်လူကြီးတွေနဲ့အတူ အဲဒီတောထဲကို သွားပြန်ကြည့်တော့ သစ်ပင်ကြီးကြီး တပင်အောက်မှာ လဲရက်နဲ့ အမဖြစ်သူက မောင်လေးကို ဖက်ထားရင်းနဲ့ နှစ်ယောက်စလုံး အသက် မရှိကြတော့ဘူး။
အခု ဖြစ်ရပ်မှာ လူသားမဆန်ဘဲ မိန်းမဘက်လိုက်တဲ့ ဖခင်ကို အပြစ်တင်မလား။
သွေးသားမဟုတ်လို့ လက်မခံနိုင်တဲ့ မိထွေးကို အပြစ်ပြောမလား။
လူမှန်း မသိ သရဲမှန်း မသိတဲ့ အဖိုးကြီးကိုပဲ အပြစ်ဖို့မလား။
ဘယ်သူက ဘာဖြစ်တယ် စသည်ဖြင့် အပြစ်ရှာနေမယ့် အစား၊ ခု … ကလေးလေး နှစ်ယောက်ရဲ့ ဝိဥာဉ်က အသနားခံ နေတယ်။ တောင်းဆိုနေတယ်။
ရွာကို ပြန်ပို့ပေးဖို့ မဟုတ်ဘူး။ အဖေ့အိမ်ကို ပို့ပေးဖို့ မဟုတ်ဘူး။
အသိတရား … မေတ္တာတရား  အကြင်နာတရား … အမှောင်ချခံထားနေရတဲ့ နေရာတွေမှာ … သူတို့နှစ်ယောက်လို အဖြစ်ဆိုးမျိုး ထပ်မဖြစ်ရလေအောင် ကူညီပေးကြဖို့ပဲ။
(မိုးမခမှတ်ချက် – စာဖတ်သူတွေ ရေးတဲ့စာ အဖြစ် ဖော်ပြပါတယ်။ အခုလိုပဲ စာဖတ်သူတွေက စာမူတွေ ပေးပို့လာမယ်ဆိုရင် အတတ်နိုင်စွမ်း အားပေးပြီး တည်းဖြတ်ဖော်ပြပေးပါ့မယ်။ မြန်မာမိသားစု အသိုင်းအ၀ိုင်းအားလုံးရဲ့ အသံ၊ ခံစားချက်၊ အတွေးအမြင်တွေကို မျှဝေပေးနိုင်ကြဖို့ပါ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်