>Burmese Junta started Voters Registerations for 2010 Election – under cover

December 18, 2009

>

၂၀၁၀ အတွက် မဲဆန္ဒရှင်များစာရင်း ရန်ကုန်မြို့တွင် စတင်ကောက်ယူပြီ
ဝင်းမြတ်၊ ရန်ကုန်
ဒီဇင်ဘာ ၁၈၊ ၂၀၀၉
လာမည့် ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ရပ်ကွက်အတွင်း လက်ရှိနေထိုင်သူများကို ရှိကောက် မိသားစုစာရင်း ဟု အမည်ပေးထားသည့် မဲစာရင်းကို စတင်ကောက်ယူနေပြီဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ မိသားစုတစုကပြောပြသည်။
တနေ့က အိမ်မှာ စာရွက်ပုံစံ တခု လာပေးပြီး လက်ရှိနေထိုင်နေသည့် သူများစာရင်းကို ဖြည့်သွင်း ပေးထားရန်နှင့် နောက်ရက်များတွင် လာပြန်ယူမည်အကြောင်းကို ရပ်ကွက် အေးချမ်းသာယာရေး ကောင်စီဝင်များက ပြောဆိုပြီး ပေးခဲ့သည်ဟု အဆိုပါနေထိုင်သူက ပြောသည်။
အဆိုပါစာရင်းတွင် အမည်၊ မိဘနှစ်ပါး၏ အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်နှင့် အိမ်ထောင်စု စာရင်း၊ ဧည့်စာရင်း သို့မဟုတ် ယာယီ အိမ်ထောင်စုစာရင်းတခုခုဖြင့် နေထိုင်သည်ကို ခွဲခြားဖေါ်ပြရန် ပုံစံချထားသည်ကို တွေ့ရှိရသည်။
၂၀၁၀ ရောက်ရှိရန် ရက်ပိုင်းသာ လိုတော့သည့် ယနေ့အထိ နအဖ အစိုးရမှ ရွေးကောက်ပွဲ ဥပဒေ ကိုလည်း မကြေငြာသေးသလို ရွေးကောက်ပွဲကို မည်သည့်အချိန်၊ မည်သည့်နေ့ရက်တွင် ကျင်းပမည်ဆိုသည်ကို မကြေငြာသေးပဲ နအဖ အစိုးရဖက်မှမူ ကြံ့ဖွံ့စည်းရုံးရေး မဲဆွယ်ခြင်းများနှင့် အခြားပြင်ဆင်မှုများကို ကြိတ်ပြီးလုပ်ကိုင်လျက်ရှိသည်ကို တွေ့ရှိရသည်။
ယမန်နှစ် မေလတွင်ပြုလုပ်ခဲ့သည့် အခြေခံဥပဒေ အတည်ပြုမဲဆန္ဒပေးပွဲတွင် ခြိမ်းခြောက်ခြင်း၊ မဲလိမ်ခြင်း၊ မလိမ့်တပတ်ဖြင့် ကြိုတင်မဲစာရင်းတွင် ထည့်သွင်းကာ ထောက်ခံမဲ အဖြစ်ရောက်စေခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ကြသည့် သာဓကများ နေရာများစွာတွင် တွေ့ရှိခဲ့ရပြီး လာမည့်ရွေးကောက်ပွဲတွင်လည်း ထိုသို့ပြုလုပ် လိမ့်မည်ဟု နိုင်ငံရေး အကဲခတ်သူများက တွက်ဆလျက်ရှိကြသည်။
ပြီးခဲ့သည့် အခြေခံ ဥပဒေ ဆန္ဒမဲပေးပွဲတွင် ၀န်ထမ်းမိသားစုများ တပ်မိသားစုများအား ထောက်ခံမဲပေးရန်၊ သိုမဟုတ် ကြိုတင်မဲပေးရန် ဖိအားပေးခဲ့သည်ကို တွေ့ရှိရပြီး နာဂစ်ဒဏ်ခံ ဧရာဝတီတိုင်း ကျေးရွာများတွင်မူ ကန့်ကွက်မဲများလျင်  နယ်မြေဖွံ့ဖြိုးရေးကိစ္စရပ်များကို နအဖ အစိုးရက လုပ်ဆောင်မပေးဟု ခြိမ်းခြောက် ပြီးထောက်ခံမဲ ထည့်စေခဲ့သည်ဟုလည်း ဧရာဝတီတိုင်း ဒေးဒရဲအပိုင်ကျေးရွာမှ ရွာသားများကပြောဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MAY 2016 ထွက်ပြန်ဘီ တဲ့.. မတ်နဲု့ ဧပြီ Free Download

မိုးမခမှာ ကြော်ငြာပါ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

ကြော်ငြာ … ကြော်ငြာ …

မိုးမခမာတိကာစဉ်

%d bloggers like this:

မိုးမခကို အားပေးကြပါစို့ …

ဖြန့်ချိရေး တာဝန်ခံ

နှင်းဆီဖြူ စာပေတိုက်
၇၊ ၅လွှာ။ အောင်ဇေယျလမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့
ဖုံး - ၀၁-၈၅၅- ၁၃၄၇

hninnsiphyu.mm@gmail.com

အခြားရနိုင်သော စာအုပ်ဆိုင်များ

၁။ စာပေလောက (၂၊၅၊၆)(ပန်းဆိုးတန်း၊လှည်းတန်း၊ရန်ကင်း)

၂။အမေ့အိမ်(ပန်းဆိုးတန်း)

၃၊အာရုဏ်သစ်စာပေ(ဗိုလ်ချုပ်လမ်း)

၎။ အင်းဝစာအုပ်တိုက် (လှည်းတန်း၊ပန်းဆိုးတန်း)

၅။ဝါမိုးအောင်စာပေ(ကုန်သည်လမ်း)

၆။သာလွန်စာအုပ်တိုက်(ကုန်သည်လမ်း)

၇။တူဒေးစာအုပ်တိုက်(ကုန်သည်လမ်း)

၈။ရာပြည့်စာအုပ်တိုက်(ပန်းဆိုးတန်း)

၉။ရန်အောင်စာပေ(ရန်ကင်းလမ်းမကြီး၊၁၂လုံးတန်း)

၁၀။ဖိုးတုတ်စာပေ (၃၁ လမ်း)

၁၁။ မီဒီယာကော်နာ (အနော်ရထာလမ်း မီးပွိုင့်ထောင့်)

၁၂။နန်းဦးစာပေ (မဟာဗန္ဓုလလမ်း)

၁၃။ ကိုလတ် စာပေ---၃၁လမ်း

၁၄။ ပစ်တိုင်းထောင်စာပေ-- ဗိုလ်ချုပ်လမ်း

၁၅။ ပါရမီ စာပေ-- ၂၉ လမ်း

၁၆။ စာပေဟင်းလေးအိုးကြီး-- လမ်း၃၀

၁၇။ ကျော်သိန်းစာပေ--၃၂ လမ်း

၁၈။ စောဦးစာပေ-- ၃၁ လမ်း

၁၉ ။ ရာပြည့် စာပေ-- ပန်းဆိုးတန်း အထက်လမ်း

၂၀။ စာပေလောက (၅)--ပန်းဆိုးတန်း အလယ်လမ်းတို့တွင်

ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မန္တလေး - နဂါးစာပေ၊ ထွန်းဦးစာပေ၊ ရာပြည့်စာပေ

အောင်ပန်း - လမင်းတရာ

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလ ၀န်ဇင်းတွင် ၀ယ်ယူရရှိနိုင်ပါပြီ

By

မိုးမခ မဂ္ဂဇင်း မေလ ၀န်ဇင်းတွင် ၀ယ်ယူရရှိနိုင်ပါပြီ (မိုးမခ) ဧပြီ ၂၈၊ ၂၀၁၆...

Read more »

မိုးမခ မဂ္ဂဇင်း မတ်နှင့်ဧပြီ လထုတ်များ မှာယူနိုင်ပါပြီ

By

မိုးမခ မဂ္ဂဇင်း မတ်နှင့်ဧပြီ လထုတ်များ မှာယူနိုင်ပါပြီ   မိုးမခ လစဉ်ထုတ် မဂ္ဂဇင်းများဖြစ်သည့်...

Read more »

မိုးမခ မတ်လ ပုံနှိပ်စာစောင် မတ်လကုန်မှာ ထွက်ပါတယ်

By

မိုးမခ မတ်လ ပုံနှိပ်စာစောင် မတ်လကုန်မှာ ထွက်ပါတယ် (မိုးမခ) ဧပြီ ၃၊ ၂၀၁၆...

Read more »

MoeMaKa ကို Android ဖုန်းမှာ Offline အနေ နဲ့ ဖတ်နိုင်ပါပြီ

By

MoeMaKa ကို Android ဖုန်းမှာ Offline အနေ နဲ့ ဖတ်နိုင်ပါပြီ (ချမ်းမြ)...

Read more »

Recent Comments

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

မိုးမခမှာ ကြော်ငြာပါ