Ko Yar Zar -ဦးဝင်းတင်နဲ့ နေထိုင်ခြင်း (၈)

June 23, 2013

ဦးဝင်းတင်နဲ့နေထိုင်ခြင်း ၈ 

ကိုရာဇာ၊ ဇွန် ၂၃၊ ၂၀၁၃ 

ဦးဝင်းတင်နဲ့ မိမိကိုယ်ကို စောင့်ရှောက်ရေး 

            လူတွေဟာ သာမန်အားဖြင့်ကြည့်ရင် မိမိကိုယ်ကိုယ် သိပ်ဂရုမစိုက်တတ်ဘူး ထင်ရတတ်ပါတယ်။ ဥပမာအားဖြင့် ကျနော်ဆို ဘယ်တော့မှ မှန်မကြည့်ပါ။ ဆံပင်ညှပ်ရင် ဘယ်လိုပုံလေး ညှပ်ပေးပါ ဆိုတာမရှိ၊ အ၀တ်အစားဆိုလည်း ကိုယ်နဲ့လိုက် ဖက်ခြင်းရှိသလား မရှိသလားဆိုတာလည်း မစဉ်းစားတတ်ပါဘူး။ အပေါင်းအသင်းအများစုက ကျနော့်ကို “ကလေက၀”လို သဘောထားကြပါတယ်။ ကျနော်ကလည်း ဘာကိုမှ ဂရုမစိုက်အချိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ဟိုးတစ်လောက ကျနော် ဖျားပါလေရောဗျာ။ ခေါင်း ဘယ်လိုမှ မထူနိုင်အောင်ဖြစ်လည်းလာရော “အမေတ” တော့တာပဲဗျာ။ ဆိုလိုတာက ကျနော်ဟာ မသိစိတ်မှာ အတော်လေး ကြောက်တတ်သူပါလားလို့ ဆင်ခြင်ပွားများမိပါတယ်။ ဒီလိုကိစ္စကို ထုံးစံအတိုင်း ကိုယ့်ဘဘ ဘယ်လိုများ နေထိုင်ဖြေရှင်းသလဲ ကြည့်ရအောင်ဗျာ။ 

             တစ်နေ့သား အဖွဲ့ချုပ်ရုံးမှာ လုပ်စရာအလုပ်က မရှိဆိုတော့၊ ကျနော်နဲ့ အဘနှစ်ယောက်သား စကားထိုင်ပြောနေ ကြတယ်။ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ထားတော့ ရုံးကို လူလည်း သိပ်မလာရဲကြတော့ လူအတော်လေးရှင်းနေတယ်။ (အဲ့ဒီတုန်းက ရုံးကို ဗွီဒီယိုမှတ်တမ်း မတင်ထားဖြစ်တာ နာလှသဗျာ။ တခြားတော့မဟုတ်ပါဘူး၊ အခုလူတွေကို ပြချင်တာပါ။ အဲ့ဒီတုန်းမှာ အဘနဲ့ သက်တူရွယ်တူ နိုင်ငံရေးသမားကြီးဦး … … … … ရောက်လာသဗျ။ သူလည်း စကားဝိုင်းထဲ ၀င်ပါ၊ လေကန်တော့တာပေါ့ဗျာ။ ပြောနေတုန်း သူက နာရီတကြည့်ကြည့်ဗျ။ နောက်တော့ “နှစ်နာရီထိုးပြီ၊ ဆေးသောက်ရတော့မယ်” ဆိုပြီး ရေထခပ် ဆေးသောက်ပေါ့။ ဒီမှာတင် သူက … “ကိုဝင်းတင်” တဲ့၊ “ခင်ဗျားကော ဆေးတွေ ဘာတွေ သောက်တာ မှန်သလား …” တဲ့။ အဘ ဆေးသောက်ပျင်းတာ သူလည်း သိတယ်။ အဘက ပြန်ဖြေတယ် “ဒီလိုပါပဲဗျာ…ကြုံသလို ကျသလိုပါပဲ” လူက ကိုယ့်ကိုကိုယ် အဲ့လောက် ဂရုမစိုက် မယုယနိုင်ပါဘူး။ 

                   နောက်နှစ်ရက်လောက်ရှိတော့ အဘအိမ်ကို အဘသူငယ်ချင်း နိုင်ငံရေးသမားကြီး ဒေါသတကြီးနဲ့ ရောက် လာတယ်။ “နေပါအုံး … ကိုဝင်းတင် …” အစချီပြီး၊ သူဟာ (တကသ)မှာ ဘယ်လို ခေါင်းဆောင်ခဲ့တယ် ဆိုတာတွေ။ သူဟာ ထောင်ထဲမှာ ထောက်လှမ်းရေး အဆိပ်ခတ် ခံရတာတွေ လာပြောနေတယ်။ အကြာကြီးပဲ။ လိုရင်း မရောက်ဘူး။ နှစ်နာရီလောက် ရှိတော့မှ အဘက “ဟေ့လူ၊ ခင်ဗျားက ဘာကိုဆိုလိုချင်တာလဲ” ဆိုတော့မှ၊ “ခင်ဗျား ဟိုနေ့က ရုံးမှာ ကျနော့်ကိုကြောက်တတ်တယ်လို့ ပြောလိုက်လို့ လာရှင်းပြတာ …” တဲ့။ ကျနော်တောင် ဘေးကနေ သူ့ကိုယ်စား မောသွားတယ်။ 

          သူပြန်သွားတောမှ အဘက တခွီးခွီးရယ်တယ်။ 

“ငါ သူ့ကိုပြောတာက ကိုယ့်ကိုကိုယ် စောင့်ရှောက်တာ ကောင်းတယ်။ ယုယနေတာ မကောင်းဘူး၊ ပြောတာကိုကွာ၊ သူက သူ့ကို ကြောက်တတ်တယ်လို့ ပြောတယ် ထင်နေတာ။ အင်း ဒီလူ ဒီပုံအတိုင်းဆို သူငယ်ပြန်အုံးမယ်။ ဒီလိုကွ၊ ငါ ရှစ်ဆယ်ခုနှစ် အကျော်မှာ နှလုံးရောဂါရှိတာ စသိတယ်ကွ။ (ကျနော် အမှတ်မမှား ရင်တော့ ၁၉၈၄) ဒီလိုကွာ။ နေရထိုင်ရတာ ကြပ်လာတယ်ကွ ။ ငါလည်း ငါ့ကိုယ်ငါ တစ်ခုခုဖြစ်ပြီဆိုတာ သိလိုက်ပြီ။ အဲ့ဒါနဲ့အလုပ်သမားတွေကို ခေါ်ပြီးတော့ … ဟေ့ကောင်တွေ … ငါတစ်ခုခုဖြစ်ရင် ဆေးရုံကြီးသာပို့လို့ ပြောလိုက်ပြီးကတည်းက ပစ်လဲကျသွားတယ် ။ နောက်တော့ ငါသတိရလာတော့ မန္တလေးဆေးရုံကြီးပေါ်ကို ရောက်နေတယ်။ အဲ့ဒီတုန်းက ငါသာ အလုပ်သမားတွေကို မမှာထားဘူး ဆိုရင်၊ အလုပ်သမားတွေလည်း ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်း မသိဖြစ်ပြီး၊ ငါလည်း တစ်ခါတည်း သေမှာကွ။ ဆိုလိုတာက ငါ သတိကောင်းတယ်။ သတိထားတယ် ဆိုတာထက် ငါ့ကိုယ်ငါ စောင့်ရှောက်မှု ပေးတာပေါ့ကွာ။ လူဆိုတာ အဲ့လောက်တော့ ကိုယ့်ကိုကိုယ် စောင့်ရှောက်ဖို့ ကောင်းတာပေါ့ ။ ဒါပေမယ့် ဒီ့ထက်ကဲပြီး မင်းသိတယ်ဟုတ်လား လူတစ်ချို့ ၀က်ခြံပေါက် ပေါက်ပြန်ပြီ ။ ကိုယ်ပူ ပူပြန်ပြီ ။ ဟိုခါးနာလို့ … ဟာ….စုံစေ့နေတာပဲကွာ။ ယုယနေလိုက်တာ။ သူ့ဟာသူတင် တစ်ယောက်ထဲ ယုယနေတာ အကြောင်းမဟုတ်ဘူး။ ဘေးပတ်ဝန်းကျင်၊ အသိုင်းဝိုင်းရှိသေးတယ်ကွ။ ဘေးလူတွေက လိုက် လုပ်ပေးနေရတာ။ ဆရာဝန်ပဲ ပြေးခေါ်ရတော့မလိုလို၊ ဆေးရုံပဲ ပြေးတင်ရမလိုနဲ့ ။ ငါတော့ မကြိုက်ဘူးကွာ။ ယုယနေတာမျိုး ၊ သူများဒုက္ခများမယ့်ဟာမျိုး ၊ သူများအားကိုးနေရမယ့်ဟာမျိုး ၊ မလုပ်ချင်ဘူး။ ငါ သေစားရှိရင် ငယ်ငယ်လေးကတည်းက သေပြီ။ ငါ့ဖာသာ သတိကပ်လို့သာ ငါ ခုထိအသက်ရှင်နေတာ ။ သေခြင်းတရားအပေါ်တော့ ငါ ဒီလို သဘောထားတယ်ကွာ … ” 

           အဘပြောသလို ကျနော်လည်း ခုနောက်ပိုင်းတော့ ကိုယ့်ကိုကိုယ် သတိကပ်အောင် နေတတ်လာပါပြီ။ သို့သော် ယုယချင်စိတ်ကလေး၊ တနည်းဆိုရရင်တော့ သူများအရေးပေးခံချင်တဲ့ စိတ်ကလေးတော့ ရှိနေသးတယ်လို့ ခံစားမိနေတယ်။ အခုတစ်ပတ်တော့ အသက်ရှင်တာတွေ ရေးပြနေတာ၊ ရှင်ခြင်းဟာ ကောင်းပါတယ်။ အသက်ရှင်သန်နေလို့လည်း လူတွေဟာ ဆက်သွယ်မိနေကြသေးတာကိုး။ သေသွားရင်တော့ ဘာမှကို လုပ်မရတော့။ အသက်ရှည်တာ ကောင်းတယ်လို့ အဘဦးဝင်းတင်ကလည်း ခံယူပါတယ်။ ဘာလို့လဲ ဆိုတော့ နှစ်ပေါင်းငါးဆယ်ကျော်မှ ပြန်ရိုက်ခွင့်ရတဲ့ သူ့စာအုပ်တွေကို သူကိုယ်တိုင် ပြန်မြင်ခွင့်၊ တွေ့ခွင့်၊ ဖတ်ခွင့်ရနေလို့ပါပဲ။ 

နောက်အပတ်များကျမှပဲ ဦးဝင်းတင်နဲ့သေခြင်းတရားဆိုတဲ့ဟာလေး ရေးပြရသေး တာပေါ့။ အလုပ်တွေရှုပ်နေလို့ နေ့စဉ် မရေးပေးဖြစ်တာ နားလည်ပေးမယ်ထင်ပါတယ်။ 

 ကိုရာဇာ
(Photo – 2103, Burmese Thagyan, in front of NLD office, watching Thagyan Pwe)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Portraits, U Win Tin, ကိုရာဇာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်