>The Geek – To Ko Zarganar – Election Letter

May 5, 2010

>

ကိုဇာဂနဖတ်ဖို့ ဟာသ
ပျော်တော်ဆက်သာဂိ
ရွေးကောက်ပွဲဆိုတာ ဂျိုနဲ့လား
မေ ၅၊ ၂၀၁၀
ကိုဇာဂနာရေ … စာရေးလိုက်ပြန်ပေါ့။ ကျနော့်စာတွေလည်း အကို ဖတ်ရမယ်လည်း မထင်ပါဘူး။ ကျနော်ကလည်း နင်းဂျားတွေလို တရုတ်ကွန်မန်ဒိုတွေလို ထောင်ထဲကို ၀င်ဖောက်ပြီး အကို့ကို ကယ်လည်း မထုတ်နိုင်။ တစစီ ကွဲကွာနေကြတဲ့ မိသားစုတွေနဲ့ အကျဉ်းထောင်တွင်းက ညီအကို မောင်နှမတွေကို ဘိုးတော်သိကြားမင်းလိုမျိုး အပ်ချလောင်း တချက်နဲ့ ပြန်လည် ဆုံဆည်းအောင်လည်း မလုပ်နိုင်တဲ့ ခပ်ချာချာလူဆိုတော့ သည်လို စာမျိုးလောက် ရေးနိုင်တာကိုပဲ အပြင်းအထန်ဂုဏ်ယူပြီး စိတ်ကြီးဝင်နေမိပေါ့လေ။ သည်စာတွေ ဖတ်ပြီးတော့ စစ်အာဏာရှင်တွေ အကြီးအကျယ် နောင်တတွေရပြီး ငိုကြီးချက်မနဲ့ မိဘပြည်သူတွေကို ခြေထောက်ဖက် တောင်းပန်ပြီးတော့ နက်ဖြန် သဘက်ခါလောက် ဒီမိုကရေစီပေးပါတော့မယ် ဆိုရင် ဘယ်လိုလုပ်ကြမလဲ ကိုဇာဂနာ ရယ် …
          ဟိုး ငယ်ငယ်က ကြည့်ခဲ့တဲ့ ဖိုးပါကြီးတို့သားအဖ ရုပ်ရှင်ထဲကလို လော်စပီကာသံ နားစွင့်ပြီး တွေ့သမျှ အလှူအိမ်လိုက်စားနေသလိုမျိုးနဲ့ နိုင်ငံရေးလုပ်နေပါတယ် ဆိုတဲ့ လက်တဆုပ်စာသော လူတချို့ကလည်း စားလက်စ တန်းလန်းနဲ့ဆိုတော့ “ခဏ နေပါဦး ခဏ နေပါဦး” လို့ပဲ ပြောကြလေမလား။
          ဟို လက်တဆုတ်စာ ဗိုလ်ချုပ် ၃ ကျိပ်မှာ ၃ ယောက်လျော့တဲ့ ရဲဘော်ကြံ့ဖွတ်ပါတီကြီး ထောင်မယ်လို့မှ ဘောင်းဘီချွတ်ပြီး ခါးတောင်းကျိုက်ခါစ ဗိုလ်သိန်းစိန်ကလည်း ခါးတောင်းကျိုက်တန်းလန်းနဲ့ဆိုတော့ “ဟဲ့ ဟဲ့ ရွေးကောက်ပွဲလေး ပြီးအောင် လုပ်ပါရစေဦး” လို့ မျက်ရည်ခံ ထိုးလေမလားတော့ မသိဘူးပေါ့လေ။
          အရင်အပတ်ကတော့ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်တဲ့နေ့တွေနဲ့ပဲ ကိုဇာဂနာ။ အမေရိကန်ပြည်၊ အယ်လ်အေမှာ မြန်မာတွေစုပြီး ပြည်သူ့ဂုဏ်ရည်ဆု ပေးတဲ့ အခမ်းအနား ကျင်းပကြတယ်။ မိတ်ဆွေတယောက်ကတော့ သောကြာတွေ တာစားတဲ့ ပွဲပဲလို့ မှတ်ချက်ချတယ်ဗျာ။ ကိုကျော်သူ၊ ဖြူဖြူသင်း၊ ကိုသူရ (ကိုဇာဂနာ)၊ ဦးဉာဏိသရ တို့က ဆန်ကာတင် ၅ ဦးထဲမှာ ၄ ဦး။ သောကြာနာမ်တွေ ပါတယ်လေ အကို။ ရှေ့နေကြီးဦးအေးမြင့် တဦးပဲ သောကြာနာမ် မပါတာ ရှိတယ်။
အဲဒါကို နေပြည်တော်က မြန်မာအင်တာနှေးနဲ့ ၀က်ဆိုက်ကို လာကြည့်ရင်း နားစွန် နားဖျားနဲ့ ဗိုလ်သန်းရွှေတို့၊ ဗိုလ်သိန်းစိန်တို့ စတဲ့ ဗိုလ်ချုပ်တွေကလည်း ငါတို့လည်း သောကြာ တာစားတာပဲဆိုပြီး ကြိတ်ပြီးတော့ သူတို့များ ဆုရလေမလားလို့ မျှော်နေကြတာတဲ့။ ဆန်ဖရန်က မိုးမခ၀က်ဆိုက်တို့၊ ဟို ဓမ္မဒါန တရားခွေတွေ လိုက်ဗ်လွှင့်တဲ့ ၀က်ဆိုက်တို့ကနေများ ဆုပေးပွဲကို  လိုက်ဗ် လွှင့်မလား ဆိုပြီး ဂူးဂဲကနေ ရှာခိုင်းသေးတယ် ပြောတယ်။
နောက်တော့မှ ပြည်သူ့ဂုဏ်ရည်ဆိုတာက သူများတွေက ဆန္ဒပြုမှ စာရင်းဝင်တယ်၊ လူမှုအကျိုးတွေ ဆောင်ရွက်တာတွေကို အများက ပြောပြနိုင်ရမယ် စတဲ့ စည်းကမ်းတွေ ရှိတယ် ဆိုတာကို သောကြာတာစားခြင်း မရှိသူ ဗိုလ်မောင်အေးက ရှင်းပြတော့မှ စိတ်လျှော့သွားတယ်လို့ သိရတယ်ဗျာ။
အဲဒါကြောင့်မို့လို့ ဗိုလ်သန်းရွှေကတော့ လူကြီးရှက်တော့ တွေ့ရာလူ ဗုံးနဲ့ပစ် ဆိုသလို လက်ပစ်ဗုံးတွေနဲ့ ဟိုဟို ဒီဒီ လျောက်ဖောက်ပစ်လိုက်သတဲ့။ ဗိုလ်သိန်းစိန်လည်း ကြံရာမရဖြစ်ပြီးတော့ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ပြီး ၀င်မယ်လို့ ကိုယ့်ကိုယ်ကို ဆန္ဒပြုလိုက်ရရှာတယ် တဲ့။ ရွေးကောက်ပွဲ မှတ်ပုံတင်တဲ့နေရာမယ် အများပြည်သူလေးစားသူများထံက ထောက်ခံစာ ၁၀ စောင်လောက် ပြနိုင်မှ ပါတီမှတ်ပုံတင်လို့ ရမယ်သာ ဆိုလိုက်ရင် ဗိုလ်သိန်းစိန်က ၅ ပါးမှောက်တော့မှာကိုးလေ။ အခုဟာက ကိုယ့်ဖဲကိုယ်ချိုးပြီး ရွေးကောက်ပွဲဝင်တာကမှ တော်သေးဆိုပြီး လျောက်ပြောနေသေးတယ်ဗျ။ သနားစရာ။
တကယ်တမ်းမှာတော့ ဗိုလ်သိန်းစိန် တဖြစ်လဲ မောင်သိန်းစိန်က ရေရှည်ကို မကြည့်လို့ပါ။ သည်အတိုင်း လက်နက်ပြပြီး တိုင်းပြည်ကို အုပ်ချုပ်နေရတာက ရွေးကောက်ပွဲ ဗန်းပြပြီး အုပ်ချုပ်ရတာထက် ပိုပြီး သက်သာလွယ်ကူသေးတယ်ဆိုတာကို ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ ပိုသိတာပေါ့။ သူတို့က ကြိတ်ပြီး ရဲဘော် ၃ ကျိတ် ၃ ယောက်လျော့ကို ပါတီစုံ ရွေးကောက်ပွဲ ကွင်းပြင်ထဲ တွန်းလွှတ်ပြီး ကြိတ် ရယ်နေကြတာတဲ့။
အဲသည်ထဲမှာ သူတို့လိုပဲ သီရိပျံချီတို့၊ သရေစည်သူတို့ ဘာတို့ ညာတို့ ဘွဲ့တွေ ကောက်ယူ တတ်ဆင်ထားတဲ့ တေဇတို့၊ ရွှေ့သွေးတို့ မိုးသောက်ပန်းတို့ဆိုတဲ့ စစ်ဗိုလ်တွေရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း သူတို့တွက်ရေးနဲ့ စက်သေဌေးဖြစ်နေကြတယ်လို့ သိရတယ် ကိုဇာဂနာ။ ထိုင်းနိုင်ငံက နေမ၀င်ဘောလုံးစီးပွားရေးလုပ်ငန်းရှင်ကြီး ၀န်ကြီးချုပ်ပြုတ် သတ်စခင်ကို ကြိတ်ပြီး ကြည်ညို အားကျ နေကြတယ် ဆိုတယ်။
သတ်စခင်ဟာ စစ်ဗိုလ်တွေ (အချို့) ကျောထောက်နောက်ခံနဲ့ ပြီးတော့ ရိုးသားတဲ့ တောင်သူလယ်သမားတွေကို ရှားပါးစာရိတ် (ပေါများစာရိတ် တဲ့ … အခုခေါ်ဝေါ်ပုံ) တွေ ထောက်ပံ့ကူညီခဲ့မှုတွေကြောင့် သြဇာကြီးဆဲဆိုတော့ ရွေးကောက်ပွဲက လွင့်စင်သွားရင်တောင်မှ ရှပ်နီတွေကို ဆင့်ခေါ်ပြီး တိုင်းပြည်ကို ကိုင်လှုပ်နိုင်ခဲ့တာ ကလား။ မြန်မာစစ်အာဏာရှင်ရဲ့ လုပ်ငန်းရှင်ကြီးတွေက သက်စခင်ကို အားကျပြီးတော့ ကျေးလက်တွေမှာ လယ်တွေစိုက်၊ ငါးကန်တွေ တူး၊ ငွေတွေ ချေး၊ သီးနှံတွေ ငွေကြိုပေးဝယ်၊ မြို့တွေပေါ်မှာ ဘောလုံးပွဲတွေ ထောင်ပြီး မြန်မာပြည်ကြီးကို ကိုင်လှုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေကြပြီးပြီ ဆိုပဲ။ ရှပ်ဝါတို့ ရွှေဝါရောင်တို့ကိုလည်း စစ်တပ်က ၂၀၀၇ ကတည်းက ကြိုတင် ဖိနှိပ်ထားပြီပြီ ဆိုတော့ သူတို့မှာ ရှပ်နီတပ်တွေ ထုတ်သုံးဖို့ပဲ ရှိတော့တာပေါ့လေ။ မသိနားမလည်တဲ့ မြန်မာဘောလုံးဝါသနာအိုးတွေကလည်း မန်ယူ မန်ယူ ဆီမန်းမန်းနေကြတော့ ရှပ်နီဝတ်ဖို့ဆိုတာ မခဲယဉ်းဘူးကိုလေ။ ကြိုတင်ဆင်ခြင်နိုင်ကြဖို့ ကျနော်က အမုန်းခံပြီး ပြောရတာပါလေ။ သွပ် သွပ် သွပ် …
မောင်သိန်းစိန်ကတော့ သူ့ပါတီကို ရှပ်စိမ်း ၀တ်ပေးမယ်လို့ ဆိုတယ်။ ပါတီဝင်အင်အားကို မနက်နဲ့ ညနေ အခြေခံပညာကျောင်းတွေ ကျောင်းတက် ကျောင်းဆင်းမှာ အင်အားထုတ်ပြမယ်လို့ ရောင်တော်ပြန်နဲ့ ရောလွှတ်မယ်လို့ ပြင်ထားတယ်။ မြန်မာပြည်မှာက ကျောင်းသားကလေးတွေက ကျောင်းစိမ်းတွေ ၀တ်တာဆိုတော့ အဲဒါကို သူ့အင်အားလို့ ထုတ်သုံးမယ်လို့ ပြောတယ်။ ပါတီင်္ဝင်တွေဆိုတာ အသက် ဘယ် နှနှစ် အငယ်ဆုံး သတ်မှတ်တယ်ဆိုတာ သူ့ပါတီ ကြံ့ဖွတ်မှာ မပါသေးဘူး ဆိုပဲတဲ့ဗျာ။
တကယ်တမ်း ကျနော်ကြားတာကတော့ ရွေးကောက်ပွဲက အကြီးအကျယ်ကြီး လုပ်မနေတော့ဘူးလို့ ဗိုလ်သန်းရွှေက ကြိုတင် အမိန့်ပေးထားပြီးပြီ ပြောတယ်။
“ရွေးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် တိုင်းပြည်က ဘာမှ ထူးသွားမှာမှ မဟုတ်တာပဲကွာ။ ဟို ပြည်သူ့ပါတီ အင်န်အယ်ဒီတောင် အဖက်လုပ်ပြီးတော့တောင် မ၀င်တဲ့နောက်မှတော့ ငါတို့ကလည်း အတင်းကာရော အကြီးအကျယ်လုပ်ပြမနေကြနဲ့။ ၂၀၁၀ ရွေးကောက်ပွဲကို အကျဉ်းရုံးပြီး လုပ်လိုက်ကြ။ ဗေဒင်ဆရာက ကောင်းတယ် ပြောတဲ့နေကျရင် သတင်းစာထဲကနေ ရေဒီယိုထဲကနေ မဲစာရင်းတို့၊ အမတ်စာရင်းတို့၊ အစိုးရအဖွဲ့တို့ကို အသင့် ဖတ်ပြလိုက်ကြ။ အဲဒါ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့် …” ဆိုပြီး အမှာစကား ထုတ်ထားပြီးပြီ တဲ့ ဗျ။
နောက်ပြီးတော့လည်း ပြည်သူလူထုရဲ့ မဲတွေက ၁၉၉၀ ရွေးကောက်ပွဲကတည်းက အင်န်အယ်ဒီပါတီကို ပေးထားခဲ့ပြီးသားဆိုတော့ အနှစ် ၂၀ ရှိပြီ ပြည်သူလူထုထံ ပြန်ရောက်မလာသေးဘူးလို့  ဆိုနေကြတယ်လေ။ ရွေးပြီးသားအမတ်တွေကို ပေးပြီးသားမဲတွေရောက်နေပြီးသား ဆိုတော့ အခု ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်က မဲတွေနဲ့ ပေးကြရမှာတုံးလို့ မေးလာရင် ဗိုလ်သန်းရွှေက ငါမသိဘူးကွာ … ဟို စောမောင်ကို သွားမေးဆိုပြီး ဘုတောချင်တိုင်း တောလို့ မဖြစ်ဘူးမဟုတ်လား။ ဆိုတော့ ပြည်သူလူထုရဲ့ မဲတွေ ဘာတွေ မပါဘဲနဲ့ ရွေးကောက်ပွဲကို အကျဉ်းရုံး ကျင်းပရတာက အကောင်းဆုံးပဲလို့ ဆုံးဖြတ်တာလဲ သူ့အရပ် သူ့ဇာတ်နဲ့ ကတော့ ဟုတ်နေတာပဲလို့ ဆိုရမှာပေါ့ ခင်ဗျာ။
သူတို့ပြောတာလည်း ဟုတ်တာပဲ ကိုဇာဂနာ။ ရွေးကောက်ပွဲကို အဲသည်လိုသာ အချိန်အခါ ကျရောက် သင့်မြတ်တဲ့အခါ အဆင်သင့် ဖတ်ပြလိုက်ရုံ ဆိုမှတော့ ကျနော်တို့လို ခြောက်တီးခြောက်ချက် စာနယ်ဇင်းအဖွဲ့ကလည်း သတင်းလိုက်ဖို့ အတော်စာရိတ်သက်သာသွားမယ်လေ။ ဘယ့်နှယ် – သတင်းအဖွဲ့တွေ၊ အထောက်တော်တွေ၊ ဂြိုလ်တုတွေ ဘာတွေနဲ့ ရွေးကောက်ပွဲသတင်းလိုက်ဖို့ဆိုတာ နည်းတဲ့စာရိတ်လားဗျာ။ အခုတလော အလှူတို့ ဆွမ်းကျွေးတွေကလည်း ရှားပါးတော့ သတင်းထောက်တွေကို ထမင်းစာရိတ်ထုတ်မပေးဘဲ အလှူတွေ နားစွင့်ပြီး စားကြကွာလို့ ပြောဖို့ကလည်း ရက်စက်ရာ ကျမယ်လေ။ ခုလိုမျိုး ရွေးကောက်ပွဲကို ကြေညာချက် ထုတ်ပြီး ကျင်းပလိုက်ရင် ပြီးရောဗျာ။
ဗိုလ်သန်းရွေှ့က သမ္မတ၊ ဗိုလ်မောင်အေးက ဒုသမ္မတ၊ ၀န်ကြီးချုပ်က မောင်သိန်းစိန် … အင်း လွှတ်တော်အမတ်တွေကလည်း စစ်တပ်က ဗိုလ်ချုပ်တွေနဲ့ ဗိုလ်ချွတ် ၃ ကျိတ် ၃ ဦးလျော့ကို ထည့်လိုက်။ ဟို ရွေးကောက်ပွဲမှာ အမတ်ကလေးများ ဖြစ်မလားလို့ ပါတီတွေ လျောက်၊ အလံတွေ ဟိုခိုး ဒီခိုး လုပ်တဲ့သူတွေလည်း အမောဆို့ပြီးသာ အသက်ကုန်သွားမယ်။ သူတို့အတွက် အရိုးတောင် ကိုက်ရမယ် မဟုတ်ဘူးဆိုတာ ကြိုသိကုန်ကြမယ်သာ ဆိုရင် – အားလုံးကလည်း အထက်ကပြောသလို ၂၀၁၀ ရွေးကောက်ပွဲကို အကျဉ်းရုံး ကျင်းပ ထုတ်ပြန်လိုက်ရုံဆိုတာကို ခေါင်း တငြိမ့်ငြိမ့် ဖြစ်ကုန်ကြမယ် ထင်ပါရဲ့။ ပြီးရင်တော့ ရီးတီးရားတား လုပ်လာတဲ့သူတွေကို ရှပ်နီတွေ ရှပ်စိမ်းတွေ ၀တ်ပြီး လမ်းမပေါ်ထွက် အင်အားတွေသာ ပြလိုက်ကတော့ဗျာ … အင်း … ဘာပြောကောင်းမလဲ။ ဘာမှ ပြောမကောင်းဘူး ဖြစ်ကုန်တော့မယ်။
အိုဘဲ့ ကိုဇာဂနာ …
ကျနော်တော့ သည်တောင် မကျော်နိုင်တော့ဘူး ထင်တယ်။ ဟိုဖက်တောင်မှာ အလှူတို့ ဆွမ်းကျွေးတို့ ရှားပါးတယ် ပြောသံကြားတယ်။ အို ဘာပဲ ဖြစ်ဖြစ် … ထုံးစံအတိုင်း …
အရေးတော်ပုံ အောင်ပါစေ … ပေါ့။        ။        

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်