>FFSS Activities Weekly News Report

May 11, 2010

>

တပတ်အတွင်း နာရေးကူညီမှုအသင်း၏ လှုပ်ရှားမှုများ

မိုးမခက ပြန်လည်တင်ဆက်သည်
မေ ၁၁၊ ၂၀၁၀

 မျက်ကြည်လွှာလှူဒါန်းခြင်း
ဧပြီ ၂၇၊ ၂၀၁၀ – လူတစ်ယောက်အတွက် မျက်စေ့တစ်စုံသည် ကြီးမားသော တန်ဖိုးသတ်မှတ်မှု အရပ်ရပ်တွင် တစ်ခု အပါအ၀င် ဖြစ်သည်။ အထူးသဖြင့် ပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများ၊ စာသင်စာချ ရဟန်း သံဃာတော်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ကျောင်းဆရာ/မများ၊ ကာယလုပ်သား၊ ဉာဏလုပ်သား မည်သူမဆို လူ့အဖွဲ့အစည်းအတွင်းမှ လူထု လူတန်းစားအလွှာ အသီးသီးအတွက် မျက်စေ့ အမြင်အာရုဏ် ချို့ယွင်းမှုကြောင့် လူ့စွမ်းအား အရင်းအမြစ်များ အသုံးချရာတွင် တန်ဖိုးအနဲနှင့် အများတော့ ယုတ်လျော့စေတာ အမှန်ပင် ဖြစ်သည်။
          မွန်မြတ်သော ထိုကွက်လပ်ကို ဖြည့်ဆည်းခြင်း တရပ်အဖြစ် ဇမ္ဗူသီရိ သာသနာ့အကျိုးဆောင် ပရဟိတလူငယ်များအဖွဲ့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကုသိုလ်ထူး ဖြစ်စေရန် ရည်သန်၍ ပထမအကြိမ်အဖြစ် မျက်ကြည်လွှာလှူဒါန်းပွဲ မင်္ဂလာဒုံဥယျာဉ်မြို့တော် အတွင်းရှိ မဟာဂန္ဓာရုံကျောင်းတိုက်တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
၎င်း အခမ်းအနားကို နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် အသင်းသား အသင်းသူ (၅၂) ဦးတို့အပြင် ပြည်သူဂုဏ်ရည်ဆုရှင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ဆုရရှိခြင်း အထိမ်းအမှတ်အဖြစ်  မျက်ကြည်လွှာ လှူဒါန်းခဲ့ပါသည်။

ဈာပန ပို့ဆောင်ရေးသင်တန်း ၂/၂၀၁၀ ကျင်းပ
     မေ ၆၊ ၂၀၁၀ – “ ၂/၂၀၁၀ ဈာပန ပို့ဆောင်ရေးသင်တန်း” အား နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ အသင်းသား အသစ်များအား ၆ – ၅ – ၂၀၁၀ (ကြာသပတေးနေ့)တွင် နံနက် (၉း၀၀) နာရီမှ ညနေ (၃း၀၀) နာရီအထိ အသင်း၏ ဥက္ကဌ ဦးကျော်သူ၊ တွဲဖက်အတွင်းရေးမှူး ဦးဇင်ထွန်းအောင်၊ ပြန်ကြားရေးဌာနမှ ဒေါ်မေဇွန်ဦးနှင့် ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့မှ သင်ကြားပေးခဲ့ပါသည်။ ယင်း သင်တန်းအား (၁) လ တိတိ ပို့ချမည် ဖြစ်ပြီး၊ နောက် ဖျတ်ခနဲပေါ် ဆတ်ခနဲလုပ် (ဓါတ်ပုံသင်တန်း)နှင့် သရုပ်ဆောင် သင်တန်း (လူမှုဆက်ဆံရေးသင်တန်း)ကို ဆက်လက် တတ်ရောက်ရမည် ဖြစ်ပါသည်။

 မြောက်ဒဂုံရုံးသို့ ပထမအကြိမ် ဆံပင်ညှပ် ကုသိုလ်ယူခြင်း

မေ ၈၊ ၂၀၁၀ – နာရေးကူညီမှုအသင်း(ရန်ကုန်) မြောက်ဒဂုံရုံးသို့ ပထမအကြိမ်အဖြစ် Shun Cai (စွင့်ချိုင်) ဆံပင်နှင့် အလှပြုပြင်ရေး (၂၈ လမ်း) မှ ဆရာ ဂျွန်ဆင် ဦးဆောင်ပြီး ဆံပင်ညှပ်ဆရာ ၂၁ ဦး   တို့မှ မိမိတို့ တတ်ကျွမ်းသော ပညာရပ်ဖြင့် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ၊ အသင်းသား အသင်းသူများနှင့် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း တတ်ရောက်နေကြသော မျိုးဆက်သစ် ကလေးငယ်များတို့ကို ဆံပင်ညှပ်ခြင်းဖြင့် ကူညီပေးဆပ်ခဲ့ကြပါသည်။
          ယခင်ကလည်း ဆရာ ဂျွန်ဆင် ဦးစီးသော ဆံသဆရာများသည် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးဟောင်းတည်ရှိရာ သင်္ဃန်းကျွန်းနှင့် ရေဝေးရုံးခွဲတို့တွင်လည်း (၁၀) ကြိမ်မြောက် သည်အထိ လာရောက်ပြီး လုပ်အားပေး အသင်းသား အသင်းသူများ၊ ၀န်ထမ်းများကို လာရောက်ပြီး ဆံပင်ညှပ်ပေးခြင်း၊ ဆံပင်ဆေးဆိုးပေးခြင်း၊ ခြေသည်း၊ လက်သည်း သန့်စင်ပေးခြင်းတို့ဖြင့် ကူညီ ပေးဆပ် ခဲ့ဖူးပါသည်။ 


 အင်္ဂလိပ်စာအခြေခံ နွေရာသီသင်တန်း

မေ ၉၊ ၂၀၁၀ – ၂၀၁၀ ၊ မတ်လမှ စတင်ပြီး မျိုးဆက်သစ် လူငယ် လူရွယ် ကလေးငယ်များအား အင်္ဂလိပ်စာ တိုးတတ် စေလိုသော ဆန္ဒဖြစ် သင်ကြားပေးခဲ့သော အင်္ဂလိပ်စာ အခြေခံ နွေရာသီသင်တန်းသည် ယခုဆိုလျှင် (၃) လအတွင်းသို့ ၀င်ရောက်ခဲ့ပြီ ဖြစ်ပါသည်။
မေ ၈ နှင့် ၉ (စနေ၊ တနင်္ဂနွေ) သင်တန်း များတွင် အသင်းမှ ဆရာမ တစ်ဦးဖြစ်သော ဒေါ်ဧရာမောင်မောင်နှင့်အတူ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် အသင်းသူ အသင်းသားများထဲမှ ဆရာ ဆရာမများ အပြင် ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ညီမ ဖြစ်သူ ဒေါ်တင့်တင့်ခင်ဖေ (ခ) ရွှေပြည်စိုး (စင်ကာပူနိုင်ငံတွင် နေထိုင်သူ) မှလည်း  မြန်မာပြည်တို့ ခေတ္တ ခဏ ရောက်စဉ်ရောက်ခိုက် လုပ်အားပေး အင်္ဂလိပ်စာ သင်ကြားပေးခဲ့ပါသည်။
ယင်းနေ့ ၉ – ၅ -၂၀၁၀ (တနင်္ဂနွေနေ့)တွင် အင်္ဂလိပ်စာသင်တန်း ခေတ္တနားချိန် ကလေးများ ထမင်းစားအပြီးတွင် ဦးကျော်သူ၏ ငယ်သူငယ်ချင်းဖြစ်သူ ဦးဥာဏ်ဝင်း + ဒေါ်သန္တာအေး  တို့မှ WAA ရေခဲမုန့် (ပါရမီလမ်း)မှ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ၀န်ထမ်းများ၊ လုပ်အားပေး အသင်းသူ အသင်းသားများ၊ အလှူရှင်များ၊  လူနာများနှင့် မျိုးဆက်သစ် ကလေးငယ်များအား ဒါနပြုပြီး ရေခဲမုန့်များကို ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)