>Dr Maung Ba Chit – The Bark of the Dog

June 28, 2010

>

တခါ တခါတော့ ဟောင်ချင်သေးသည်
ဒေါက်တာမောင်ဘချစ်
ဇွန် ၂၈၊ ၂၀၁၀
          အေးချမ်းသောဆောင်းရာသီညချမ်းတွင် ကျွန်တော် မောင်ဘချစ်သည်ကံဆိုးလှစွာ ”နဂါးနီစားသောက်ဆိုင်” သို့ရောက်သွားမိရာမှ ဇာတ်လမ်း စတင်လာရသည်၊
          ” ဟေ့ … ဖိုးချစ် ။ မင်းမြန်မာပြည်က ဘယ်တုန်းကရောက်လဲ”
          ”ဟင် … ကိုကျော် ”
          လှည့်ကြည့်လိုက်သောအခါ မောင်ဘချစ်အား ဖိုးချစ်ဟု ခေါ်သော  အချစ်ဆုံးသူငယ်ချင်း ဟင်္သာတသား ကိုကျော့်ကို တွေ့ရလေသည်။ သူက မောင်ဘချစ် ထိုင်နေသောစားပွဲတွင် ဝင်ထိုင်ရင်း မေးလိုက်ခြင်းဖြစ်သည်၊
           ” ဟုတ်တယ် ကိုကျော် ။ ကျွန်တော် ရောက်တာ တစ်လလောက် ရှိပြီ”                                   ”အေး … ရောက်တုန်း ပေါက်တုန်း အေးအေးဆေးဆေးနေပေါ့”
          ကျွန်တော်တို့ စားကြ သောက်ကြသည်။ ကိုကျော်က အတော်လေး အပေါင်းအသင်းကောင်းသည်။ ကျွန်တော်တို့ခုံတွင် လူစုံလာသည်။
          တိုကျိုမြို့ညချမ်းသည်ကား အတော်လေး အေးလာသည်။
          ထိုနေ့သည်ကား သောကြာနေ့။ ထိုကြောင့် လူ အတော်ကျသည်။
          နဂါနီညချမ်းလည်း ယမကာများဖြင့် စိုပြေလာပြီဖြစ်သည်၊ ခုံနီးပါးချင်း မိတ်ဆွေ၊ သူငယ်ချင်းတွေလည်း မောင်ဘချစ်ကို ပွဲတောင်းကြသည်၊
          ”စာရေးဆရာရေ၊ ဒီမှာပဲ ဟောပြောပွဲဖြစ်အောင် လုပ်ပေတော့”
          သူတို့ကျွေးသမျှကိုစားပြီးသူတို့တိုက်သမျှကို သောက်ထားသော မောင်ဘချစ်သည် မည်သို့မျှ ငြင်းနိုင်စွမ်း မရှိတော့ပေ။
          မြန်မာပြည်တွင်လည်း မောင်ဘချစ်တို့သည် စာပေဟောပြောပွဲများထွက်ကာ ဒီလို လှည့်လည်စားသောက်ကာ လက်ဆောင်လေးများကို ဝမ်းသာအားရလက်ခံ ရယူလေ့ရှိသည်။
          ငါးချဉ်တစ်တွဲနှင့်လည်းဖင်ပြဲအောင် ဟောခဲ့သည်။
          ကပ်ကျေးတစ်လက်နဲ့ နှပ်ချေးထွက်အောင် ဟောခဲ့သည်။
          ပုဆိုးတစ်ကွင်းနဲ့မိုးအလင်း ဟောခဲ့သည်။
          ငါးခြောက်တစ်တွဲနှင့် သောက်တလွဲတွေလည်း ဟောခဲ့ပါသည်။
          ခုလည်း ဟောပါဦးမည်။
          ” အေးဗျာ ဘယ်လိုဖြစ်ဖြစ် ကျုပ် ပုံပြင်တစ်ပုဒ်ကို ပြောပြမယ်ဗျာ၊” ဟု အာမခံလိုက်ရသည်။
ကိုကျော်ကတော့  ”ဂျပန်ရောက်သူတိုင်း ဒီပုံပြင်လေးကိုတော့ မှတ်ထားသင့်တယ်” ဟု အားပေးရှာသည်။
          အားလုံး လက်ခုပ်တီးကြသည်။ 
          ကိုကျော်က မိတ်ဆွေတွေဖက်လှည့်ပြီး
          ” ဂျပန်ကို ကိုဖိုးချစ်ရောက်လာတာ တစ်လပဲ ရှိပါသေးတယ်ဗျ”
အားလုံးလက်ခုပ်တီးကြသည်။ မောင်ဘချစ် အားတက်စရာဖြစ်သည်။ ကိုကျော်က ဆက်ရှင်းသည်။   
”ကျုပ်က ဖိုးချစ်ကို မြန်မာပြည်က အခြေအနေတွေကို မေးရတာပေါ့။ ဆီ ရှားလား။ ဆန် ရှားလား။ ရေ မီး ရှားသေးလား … စသဖြင့်ပေါ့ဗျာ။  ကျုပ် ဘာ မေး မေး။ သူက ကောင်းပါတယ်၊ မရှားပါဘူးချည်း အော်နေ တယ်။ ဒါပေမဲ့ ဘေးဘီကို အမြဲကြည့်တယ်။ ကျီးကန်း တောင်းမှောက်ဆိုတာ ဒီလိုမျိုးဆိုတာ ကျုပ်သတိထားမိတယ်”
          ”ဒါကတော့အကျင့်ပါနေလို့ပါ”
မောင်ဘချစ်က ကိုကျော့်ဝေဖန်ချက်ကို တုန့်ပြန်လိုက်သည်။
          ဤတွင် ဘေးခုံမှ တစ်ယောက်က မောင်ဘချစ်ကို တွယ်ပါတော့သည်။
          “ကိုဘချစ် … မြန်မာပြည်မှာ ရေရှားတယ် မဟုတ်လား”
          သတင်းစာထဲတွင် ရေပေးဝေနေရကြောင်း ဒီလောက် သတင်းတွေ ပါနေသည်။ ဒီလူက သက်သက်မဲ့ မောင်ဘချစ်ကို ချောက်တွန်းလို၍ မေးနေဟန်တူသည်။ ထိုကြောင့်မောင်ဘချစ်က တုန့်ပြန်လိုက်သည်။
          ”ရေသန့်အမျိုးပေါင်း တစ်ရာကျော်တယ် ဗျ”
”ဂိန်”
          ထိုသူ ဂိန် သွားတော့သည်။ ဒီတခါ နောက်တစ်ယောက်က ခပ်တည်တည်ဖြင့် ဝင်ပြောပြန်သည်။
”အားရိုရို ကမ္ဘာ့စံချိန် တင်သင့်တယ်။ ဒါပေမဲ့ ဆရာချစ်တို့ဆီ မော်တော်ကားတွေ တော့ ရှားတယ် မဟုတ်လား ”
          ”စက်မှုဇုံတွေက ကားထုတ်တဲ့စက်ရုံတွေ ရာချီရှိတယ်ကွ။ လက်နဲ့လုပ်တဲ့ ဟန်းမိတ် (Hand Made) တွေဗျ ”
          ”ဟာ… ဂျပန်မှာတောင် ကားစက်ရုံ သုံး လေး ရုံပဲရှိတာ။ ခင်ဗျားတို့ တယ်ဟုတ်နေပါလား။ ဝက်အူကော လုပ်လို့တတ်ပြီလား …”
          ”ဒါကတော့ ခင်ဗျားလွဲနေပြီ။ ရေဘူးပေါက်တာ မကြည့်နဲ့ ရေပါလာဖို့ပဲ လိုတယ်။ ဟဲဟဲ … ဗိုလ်ချုပ်တွေ ပြောတာဗျ။ ဟဲဟဲ …”
          မောင်ဘချစ်သည် အရိုက်ခံရမည်စိုးသောကြောင့် တဟဲဟဲဖြင့် မျက်နှာချိုသွေးနေရသည်။ ဆက်ပြီး  …
          ”ဝက်အူ မထုတ်လုပ်နိုင်ဘဲ ကားထုတ်နိုင်တယ် ဆိုကတည်းက တော်တယ်လို့ မှတ်ရမှာပေါ့”
          ”တော်ရင်တော်တယ် မမှတ်၊ တော်ရင်တော်တယ် မှတ်”
          သံကြပ်တွေ ဝိုင်းထိုးကြသည်။ မောက်ဘချစ် ပျော်သွားသည်။ ထိုသူ တယောက် ငိုင်သွားပြန်သည်။
          ” ဒါနဲ့ မီးတော့ မလာဘူး မဟုတ်လား”
           ဒီလိုမေးလို့ ကတော့ မောင်ဘချစ် ပျင်းတောင်ပျင်းသေးတယ်။
          ”မလာပေမယ့် ကျုပ်တို့ဆီမှာ မီး အများကြီးရှိတယ်”
          ”ဘာ။ မီးတွေ အများကြီးဟုတ်လား”
          သူခေါင်းကုတ်သည်။ နောက်တာ့လည်း မောင်ဘချစ်က မီး အမျိုးအစားတွေကို ပြောနေကြောင်း သူ ရိပ်မိ သွားဟန်တူသည်။
          ”ဟုတ်တယ်၊ ခင်ဗျားတို့ဂျပန်မှာ ဘယ်နှစ်မီးရှိလဲ၊ ဘယ်သူတွေလျှပ်စစ်မီး ပေးလဲ”
          ”ဂျပန်အစိုးရက ကန်ထရိုက်ပေးထားတဲ့ လျှပ်စစ်အဖွဲ့ ရှိတာပေါ့။ အဲဒီကပေးတယ်”
          ”တအိမ်မှာ မီး တခုထဲမဟုတ်လား”
          ”မီး တခုထဲပေါ့၊ဘာဖြစ်လို့လဲ ”
          ”ကျုပ်တို့မြန်မာပြည်မှာ အစိုးရမီးလည်း ရှိတယ်။ ကိုယ်ပိုင်မီးစက်လည်း ရှိတယ်။ ခင်ဗျားအိမ်တွေဆီမှာ ကိုယ်ပိုင်မီးစက် ရှိလား”
          ”မရှိဘူး …”
          ”မီးစက်သံတညံညံနဲ့ မြို့ထဲမှာ …”
မောင်ဘချစ်က ထိုသူ့အား တွံတေးသိန်းတန်သီချင်း တပုဒ်လောက် ‘ဟဲ’ ပြလိုက်သည်။ ”ဘတ်စကားပေါ်မှာ ရင်ချင်း အပ်ကာ … တိုးကာဝှေ့ကာ စီးခဲ့တာတွေ မေ့နိုင်ပါ့မလား … မင်းတို့ ငါတို့ သူငယ်ချင်းတွေ”
          ”သတိထားပါ မောင်ဘချစ်ရယ် … ဂျပန်ရဲတွေ ရောက်လာပါဦးမယ်”
          မောင်ဘချစ်တို့စာရေးဆရရာများသည် စာပေစင်မြင့်တွေမှာ သီချင်းဆိုတာ အကျင့်လိုဖြစ်နေသောကြောင့် ခွင့်လွှတ်ဖို့တောင်းပန်လိုက်ရသည်။
          ”နောက် ကျွန်တော်တို့မြန်မာနိုင်ငံမှာ အင်ဗာတာမီးလည်း ရှိသေးတယ်”
          ”ဗျာ …”
          ”အင်ဗာတာမီး ဆိုတာ မီးကို စုထားတယ်။ ဘက်ထရီထဲမှာ စု ထားတာပေါ့။ မီးလိုတဲ့အခါမှ သုံးတယ်။”
          အားလုံး တိတ်သွားသည်။ မောင်ဘချစ်တို့၏ စစ်ဗိုလ်ချုပ်များကို အလွန် အထင်ကြီးသွားဟန်တူသည်။ အသံသေးသေးမျှပင် မထွက်နိုင်ကြ။ (ညစ်ပတ်သော စာရေးဆရာများက အီးပေါက်သံမျှ မကြားရဟု ရေးလေ့ရှိသည်။ မောင်ဘချစ်က ဒီလိုအရေးအသားများကို ဆန့်ကျင်သည်။  စကားချပ်)
          အတန်ကြာမှ အသံသေးသေးလေးတခု ထွက်လာသည်။
          ”အားလုံးလဲ ကောင်းတယ်။ ရေမရှား မီးမရှား။ ဒါလောက်တောင် ပေါများနေရင် ခင်ဗျားက ဘာလို့ ဒီကို လာသေးသလဲ။”
          “၀ုတ်တယ် ၀ုတယ်တယ်။ အဲလေ … ဟုတ်တယ်၊ ဟုတ်တယ် …။  ဘာလို့ လာသေးလဲ၊ ဘာလို့ လာသေးလဲ ?? ”
          သူတို့ ဝိုင်းတွယ်တော့သည်။ မောင်ဘချစ်သည် အရှင်လတ်လတ် ရေကြည်အိုင် ရောက်သလို ဖြစ်နေသည်။ သောင်ပြင်တွင်လွှတ်ထားသော ဟင်္သာကို သတိရ နှိုင်းယှဉ်နိုင်သည်။
          ”ဒီတခါ  ဒဿနဆရာကြီး မောင်ဘချစ် ထွက်ပေါက် မရှိတော့ဘူး။ အတွယ်ခံလိုက်ရပြီ”
          သူတို့ တီးတိုး ရေရွတ်နေကြသည်။ ထွက်ပေါက်မရှိပြီဟု မောင်ဘချစ်ကို ထင်နေကြသည်။
          မြန်မာပြည်က နဝတတို့ နအဖတို့ရဲ့ ဖခင်ကြီးများ လိမ်နည်းပေါင်းစုံကို သိထားသော မောင်ဘချစ်သည် အပြုံးမပျက်ပဲ ဖြေလိုက်လေသည်။
          (အလွန်တော်သော မောင်ဘချစ်ဟု မှတ်တမ်းတွင် တွေ့နိုင်သည်)
           ”ဘာလို့ ဂျပန်ကို လာရသလဲ ဟုတ်လား။ ဒီအကြောင်းတွေကို ပုံပြင်လေး တပုဒ်နဲ့ တင်ပြမယ်”
          ပရိသတ်တွေ လက်ခုပ်တီးကြသည်။ မောင်ဘချစ်သည်လည်း ဒုတိယအကြိမ် သွေးနားထင် ရောက်သွားလေ၏။
           ထိုကြောင့် (ဖတ်ထားသော) အောက်ပါပုံကို ခပ်တည်တည်နှင့် ပြောချလေသည်။
          ”တစ်ခါက။ ရုရှက သူဌေးခွေးတကောင်ဟာ အမေရိကန်ပြည်ထောင်စုကို ရောက်လာသတဲ့ ”
          ”ဘယ်လိုလာလဲ”
          ”မဖြစ်နိုင်တာ”
          ”ရေခဲနေတဲ့ အလက်စကာကနေ လာတာဖြစ်မှာပေါ့”
          ” ပရိသတ်များ နားထောင်ပါ။ ပုံပြင်ပါ ခင်ဗျား။ ပုံပြင်ထဲမှာ အဲဒီရုရှခွေးဟာ အမေရိကန်ခွေးနဲ့တွေ့ပြီး မိတ်ဆွေဖြစ်သွားကြသတဲ့။ အမေရိကန်ခွေးက ရုရှခွေးကို စတိတ်ဟောက်စ်လို့ခေါ်တဲ့ အမဲကင်တွေရောင်းတဲ့  အမေရိကန်စားသောက်ဆိုင်တဆိုင်မှာ မိတ်ဖြစ် ဆွေဖြစ် သွားစားဖို့ ခေါ်သွားတယ် ဆိုပဲ”              
          (ပရိသတ်များ လက်ခုပ်တီးကြသည်)               
          စားရင်း သောက်ရင်းနဲ့ အမေရိကန်ခွေးက ရုရှခွေးကို မေးသည် ။ 
          ”မင်းတို့ဆီမှာ အမဲသားတွေ ရှိလား”
          ”ရှိပါ့။ တောင်လိုပုံနေတာပဲ”
          ”အမဲရိုးကော”
          ”အစစ်တွေဗျ၊ အများကြီးရှိတယ် …”
          (မှတ်ချက်။။ အမေရိကန်နှင့် ဥရောပနိုင်ငံအများတွင် ပလပ်စတစ်အမဲရိုးအတုကို လုပ်ကာ ခွေးကို ကိုက်စေသည်၊ ခွေးများလည်းအာသာပြေစေ။ အိမ်လည်း မညစ်ပေစေရန် ဖြစ်သည်)
          ”ဒီလိုဆိုရင် ဒိန်ခဲတွေကော”
          ”ရှိပါ့ …”
          ”မလိုင်တွေကော”
          ”အများကြီးပဲ”
          ”တကယ်”
          ”တကယ်ပေါ့။ ငါတို့အိမ်က ချမ်းသာတယ်”
          ”သိုးသားကော …”
          “သိပ် သိပ် ရှိ”
          ‘”ဝက်သားကော …”
          ”ပလင်းတီး၊ အများကြီး”
          ”ဒါဆို ငါ မေးမယ်။ မင်း အမေရိကန်ကို လွယ်လွယ်လေး လာလို့ ရလား”
          ”ဘယ် လွယ်လွယ် လာရမလဲ၊ အခက်အခဲတွေ အများကြီးပေါ့ … သူငယ်ချင်းရာ။ အချို့ဆို လမ်းမှာ ဒုက္ခရောက်သေးတယ်။”
          ”မင်းတို့ဆီမှာ ဒီလောက် စားစရာပေါတာတောင် ဘာလို့လာချင်ရသေးလဲ သူငယ်ချင်းရယ်”
          ”ဒါတော့ …”
          ရုရှခွေးသည် အဝေးကို ငေးကြည့်နေသည်။
          သူ သက်ပြင်းချကာ ပြောလိုက်သည်။
          ”သူငယ်ချင်း …  ငါလည်း တခါတခါတော့ ဟောင်ချင်သေးတာပေါ့ကွာ …” တဲ့။
အားလုံးလက်ခုပ်တီးကြသည်။
          အရင်ခေတ်၊ မလွတ်လပ်ခင် ဆိုဗီယက်ယူနီယံမှ ပုံပြင်လေးသာ ဖြစ်သည်။
          မည်သူ့ ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက ခွင့်လွှတ်စေလိုပါသည်။      

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်