Kyaw Thu – FFSS Yangon Activity,

June 12, 2013

ပရိသတ်အားကျေဇူးဆပ်သည့် အနုပညာရှင်ဇနီးမောင်နှံ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇွန် ၁၂၊ ၂၀၁၃

 
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ စစ်ဘေးနှင့် သဘာဝဘေးများအား နေရာဒေသ၊ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး ကူညီဆောင်ရွက် ပေးနေသောအသင်းဖြစ်သလို အသင်းသို့လာရောက်လှူဒါန်းကြသော အလှူရှင်များသည်လည်း ဆင်းရဲ ချမ်းသာ၊ လူမျိုးဘာသာ၊ အလွှာမျိုးစုံတို့ပါဝင်လေသည်။ ယခုရက်ပိုင်းအတွင်း အနုပညာသမား တစ် ယောက်ဖြစ်ခဲ့သော ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အနုပညာလောကမှ ညီအစ်ကို မောင်နှမများလာရောက်၍ လှူဒါန်းမှုများကို ကြည်နူးဂုဏ်ယူဖွယ်ရာ မကြာခဏတွေ့မြင် မုဒိတာပွားနေရလေသည်။ ထိုသို့သောလှူဒါန်းမှုများကို ထိုအနုပညာရှင်များ၏ ပရိသတ်များ မြင်တွေ့ ကြားသိရပါကလည်း ကျွန်တော်တို့နည်းတူ ထပ်တူထပ်မျှ ကြည်နူးဝမ်းမြောက် သာဓုခေါ်နိုင်ကြမည် ဖြစ်ပါသည်။


၉.၆.၂ဝ၁၃ ရက်နေ့တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အနုပညာရှင် သရုပ်ဆောင် ကိုနေထူးနိုင်နှင့်ဇနီး တေးသံရှင် မမြသင်းချယ် (မိသားစု)တို့မှ နာရေးကူညီမှုနှင့်အခြားသော လူမှုရေးများ အတွက် အလှူငွေ ၃ဝဝဝဝဝိ/- (သုံးသိန်း) ကျပ်တိတိအား လာရောက်လှူဒါန်းခဲ့သည်။ ကိုနေထူးနိုင်သည် လွန်ခဲ့သော တစ်ပါတ်ခန့်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဗီဒီယို ဇာတ်ဝင်ခန်းတခုအား လာရောက် ရိုက်ကူးခဲ့ရာ အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အားပေးကူညီလိုစိတ်များ ဖြစ်ပေါ်ကာ ယခု ကဲ့သို ဇနီးဖြစ်သူ မမြသင်းချယ်၏ မွေးနေ့နှင့် ၁၄.၆.၂ဝ၁၃ သောကြာနေ့တွင် Central Hotel တွင် စီးရီး သီချင်းခွေ မိတ်ဆက်ပွဲပြုလုပ်မည့် သူမ၏ “မောင်အရင်လိုမဟုတ်တော့ဘူး” အမည်ရှိ CD, DVD KAEAOKE အခွေထွက်ရှိမည့် အထိမ်းအမှတ်အဖြစ် လာရောက်လှူဒါန်းခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ပရိတ်သတ်၏ အားပေးမှုဖြင့် အနုပညာလောကတွင်  လျှောက်လှမ်းနေကြသော အနုပညာရှင်များ အနေ ဖြင့် ယခုကဲ့သို့ အများပြည်သူအကျိုးလုပ်ငန်းများအား လှူဒါန်းခြင်းသည် ပရိသတ်အား ကျေးဇူးဆပ်ခြင်း ပင်ဖြစ်သည်ဟု ကျွန်တော်တို့ လူမှုရေးသမားများ ခံယူမိပါသည်။

ထိုကြောင့် ပရိသတ်များအတွက် ကျေးဇူးဆပ်သောအားဖြင့် နာရေးကူညီမူအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ငန်းများအတွက် လာရောက်လှူဒါန်းခဲ့ကြသော သရုပ်ဆောင် ကိုနေထူးနိုင်နှင့် တေးသံရှင် မမြသင်းချယ် မိသားစုတို့၏ မြင့်မြတ်သောအလှူဒါနအား အနုပညာချစ်သော ပရိသတ်တို့အား မျှဝေ မုဒိတာပွားစေရင်း အနုပညာရှင် ဇနီးမောင်နှံမိသားစုတို့ လျှောက်လှမ်းရာ အနုပညာလမ်းတလျှောက် သာယာဖြောင့်ဖြူးမှုများနှင့်အတူ အောင်မြင်မှုများ တိုးတက်ရရှိကာ ပရိသတ်၏ ကျေးဇူးအား ပိုမိုပေးဆပ် နိုင်ကြပါစေဟု ကျွန်တော်တို့၏ နာရေးကူညီမူအသင်း(ရန်ကုန်)မှ ဆုတောင်းမေတ္တာပို့သ လိုက်ရပါတော့ သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်