>USDA disbands

July 16, 2010

>

ကြံ့ဖွံ့အသင်းကို ဖျက်ပြီ၊ အသင်းပိုင်ပစ္စည်းအားလုံး ကြံ့ဖွံ့ပါတီ ရမည်
ဘီဘီစီ
ဇူလိုင် ၁၅၊ ၂၀၁ဝ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်


“နာမည်ကျော်” ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကြီးကို ဖျက်သိမ်းလိုက်ပြီး အသင်းပိုင်ပစ္စည်းများ အားလုံးကို ကြံ့ဖွံ့ပါတီသို့ လွှဲအပ်နေကြောင်း အသင်း ပြောခွင့်ရပုဂ္ဂိုလ်ဟု ဆိုသူ သူရ ဦးမြင့်ဦးက ဘီဘီစီ မြန်မာဌာနကို ပြောသည်။

ထိုအသင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

အသင်းဝင်ပေါင်း သန်း ၂၀ ကျော် ရှိသည် ဆိုသော အသင်းကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် နှင့် ကြာသပတေးနေ့က ဆက်သွယ် မေးမြန်း ထုတ်လွှင့်ချက် အသံဖိုင်ကို မိုးမခ ပရိသတ်များ ဖတ်ရှုနိုင်ရန် ကူးယူ ရေးသား ဖော်ပြလိုက်သည်။

မေး – ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကို ဖျက်မယ် ဆိုပြီး ပြောနေလို့။ အဲဒါ ဟုတ်ပါသလား။
ဖြေ – ကျနော်တို့ အသင်းက ဖျက်သိမ်းခွင့် တင်ပြီး၊ ဖျက်သိမ်းခွင့် ကျပြီး ဖြစ်ပါတယ်။

မေး – ၈ ရက်နေ့က တင်တယ် ဆိုတာ ဟုတ်ပါသလားခင်ဗျ။
ဖြေ – ကျနော်တို့ အသင်းကို ကျနော်တို့ ၆ ရက်နေ့က ဖျက်သိမ်းလိုက်ကြပြီ ဖြစ်ပါတယ်။

မေး – ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အနေနဲ့ ဆက်ပြီး ရပ်တည်မှာလား ဆိုတာ မရှင်းလို့ပါ။ အဲဒါ ရှင်းပြလို့ ရမလား။
ဖြေ – ဟုတ်ပါတယ်။ အသင်းဆိုတာ မရှိတော့ပါဘူး။ ကျနော်တို့ ပါတီအနေနဲ့ ဆက်လက် ရပ်တည်မှာ ဖြစ်ပါတယ်။

မေး – ပါတီကို ၁၇ ရက်နေ့ ဆိုင်းဘုတ်တင်မယ်လို့လည်း ကြားပါတယ်။ အဲဒါ ဟုတ်ပါသလား။
ဖြေ – အဲဒီဟာတော့ ကျနော်တို့ အတည်မပြုသေးပါဘူးခင်ဗျာ။

မေး – ပါတီရဲ့ ဖွဲ့စည်းပုံတွေရော ထွက်ပြီလား။ ဘယ်သူတွေက ဦးဆောင်မယ် ဘယ်သူတွေက တာဝန်ယူမယ် ဆိုတာ။
ဖြေ – အဲဒါတွေ မထွက်သေးပါဘူး။

မေး – ပါတီနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို ဘယ်အချိန်မှာ ထုတ်ပြန်နိုင်မှာလဲ ခင်ဗျာ။
ဖြေ – ဘယ်အချိန် ထုတ်ပြန်မလဲ ဆိုတာ ကျနော်တို့ ဒီမှာ ပါတီ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း အနေနဲ့ ထုတ်ပြန်တဲ့ အချိန် ကျရင်တော့ ကျနော်တို့ တရားဝင် ထုတ်ပြန်ပါမယ်။

မေး – ၆ ရက်နေ့က ကျပြီးပြီ ဆိုတော့ ဘယ်နေ့ တရားဝင် ဖျက်သိမ်းမှာလဲ။
ဖြေ – ကျနော်တို့ အခု ဖျက်သိမ်းဖို့ ပြင်ဆင်နေဆဲ ကာလ ဖြစ်ပါတယ်။ အခု အားလုံးလည်း ကျနော်တို့ သူ့အပိုင်းနဲ့သူ ဖျက်သိမ်းနေပြီ ဖြစ်ပါတယ်။

မေး – ဖျက်သိမ်းတဲ့ အခါမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ပိုင်တဲ့ ပစ္စည်းတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ဆီကို ကူးပြောင်းလိုက်မှာလား။
ဖြေ – အသင်းပိုင် ပစ္စည်း အားလုံးကို ပါတီကို လွဲပြောင်းပေးဖို့ အသင်း အဆင့်ဆင့်က အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ပြီး ဖြစ်ပါတယ်။

မေး – တရားဝင် လွဲပြောင်းတဲ့ အဆင့်ကို ရောက်ပြီလား။ ဒါမှမဟုတ် ဆုံးဖြတ်ချက် အဆင့်မှာပဲ ရှိသေးလား။
ဖြေ – ဆုံးဖြတ်ပြီး ဖြစ်တဲ့အတွက် အားလုံးက တရားဝင် လွဲပြောင်းပြီး ဖြစ်ပါတယ် ခင်ဗျ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်