Saung Luu – My name is Maung Ba Nyunt (2)

June 7, 2013

ကျနော့်နာမည် မောင်ဘညွှန့် (၂)
ဆောင်းလူ
ဇွန် ၇၊ ၂၀၁၃


ဘ၀အထွေထွေရဲ့ ကွေ့တစ်ကွေ့မှာ
လူစားပြောင်းမှန်းမသိ …
နွားစားပြောင်းမှန်းမသိ..
စင်းရိုးပါ ထည့်ဝါးမိတဲ့အဖြစ်…။
ကျနော် မောင်ဘညွှန့်တို့ နာနာရိုက်ခဲ့ရတဲ့ မြေပေါ်မှာ … ပန်းမာလာမျိုးစုံထက် အသီးမာလာက ပိုမျိုးစုံပါတယ် …။ ကန်းစွန်း …။ ချဉ်ပေါင်၊ ပင်စိမ်း၊ ဗူး၊ ပြောင်းပေါ့ …။ တခြားအပင်တွေလည်းရှိပါတယ်။ ကန်စွန်းဆို လက်မလည်အောင်ကိုရိတ်ရပါတယ်။ ကန်စွန်းကလည်း ရိတ်လေ ထလေပဲ ..။
ကန်စွန်းဆိုမှ အဲ့တုန်းက ၀န်ကြီး ဦးသန်းစိုးမှာ သား ၂ ယောက်ရှိတယ်…။ မောင်ဘညွှန့်တို့ဆီမှာက အလှည့်ကျ ထမင်းဟင်းချက်ရတယ် .. ။ ကိုယ်ချက်တဲ့ရက်မှာ ဘာဟင်းချက်မယ်ဆိုတာ ရှာဖွေ ကြံဖန်ရပါတယ် …။ ၀န်ကြီးသား ၂ ယောက်က အဲ့ကန်စွန်းတွေကို တံဇဉ်နဲ့ မြက်ရိတ်သလို ရိတ်လာပြီး … ဓားနဲ့ လှီး .. ရေဆေးပြီး ကြော်ပါတယ်။ လူများတော့ ကန်စွန်းကို ထွင်နေရင် ပြီးမှာမဟုတ်တော့ပါဘူး …။
ထမင်းစားချိန်ရောက်တော့ … ကန်စွန်းနဲ့ထမင်းပေါ့ ..အဲ့မှာ စတာပဲ ..ရွေးထွင်ထားတာမဟုတ်တော့ .. ကန်စွန်းထဲမှာ မြက်လည်းပါတယ် …။ ပိုဆိုတာက သဲပေါ့ …။ သဲတရှပ်ရှပ်နဲ့ ကန်စွန်းရွက် …။ ၀န်ကြီးသား ၂ ယောက်က ကြော်ပြီးသား ကန်စွန်းကို ရေပြန်ဆေးပြီး .. ပြန်ကြော်ကျွေးပါတယ် ..။ မောင်ဘညွှန့်တို့တွေကလည်း ပြန်စားတာပါပဲ …။
ဒီမှာ နောက်တမျိုးက ပြောင်း …။ ပြောင်းဆိုတာ ဟိုပြုတ်စား၊ လှော်စားတဲ့ ပြောင်းမဟုတ်ပါဘူး ..။ နောက် ကော်လုပ်တဲ့ ပြောင်းလဲ မဟုတ်ဘူး …။ အဖိုးတန် .. ဘေဘီကွမ်းလေးတွေပါပဲ …။ ဘေဘီကွမ်းဆိုတော့ သိတယ်မလား ..လက်ညှိုးလောက် လက်မလောက်လေးတွေကို ဟင်းရွက်စုံတွေထဲမှာ ထည့်ကြော်တာ … စားကောင်းပါတယ်။
ဒီနေရာမှာ နောက်စိုက်ပျိုးရေးဝန်ကြီးပေါက်စ လက်ထောက်တယောက်ရှိတယ် … ယုံတဲ့သူကလည်း ယုံပါတယ်။ မောင်ဘညွှန့်တို့လည်း ယုံပါတယ် ..အားလည်းကိုးပါတယ် .. မကိုးလို့လည်း မရဘူးလေ .. လယ်ယာကိုင်းကျွန်းအလုပ်ဆိုတာ လွယ်တာမှတ်လို့ .. ဟဲဟဲ …။
သူက အောင်ဘညို (ကဗျာဆရာအောင်ဘညိုမဟုတ်ပါ) … ။ မအေးအေးမွန် (နော်ဝေ)၊ မအေးအေးအောင် (အမေရိကား) တို့ရဲ့မောင် ..။
ဘေဘီကွမ်းတွေကိုကြည့် ..ပြောင်းဖူးလေးတွေက လက်တောက်လောက်လေးတွေဆိုတော့ မရသေးဘူး …နဲနဲကြီးအောင်စောင့်ပေါ့ … စောင့်ရင်းနဲ့ ဘေဘီကွန်းက အရိုးလေးတွေတွန်ပြီး ရင့်သံလေးပေးလာတယ် .. ။ မောင်ဘညွှန့်တို့လည်း .. ဘေဘီကွမ်းမှန်း ဘာမှန်းသိတာမဟုတ်ဘူး …။
(မှားချက်က နောင်များမှာလည်း မုန့်လာဥနီပင်တွေကို နံနံပင်အောက်မေ့ပြီး စိုက် …။ ၀ိုင်းပြောတဲ့သူတွေကလည်း ဒါ ရှမ်းမျိုးဆိုတော့ အဟုတ်မှတ်တာကိုး …။ ဥတွေက အောက်က မတက်သေးဘူး … နံနံရွက်နဲ့ တူတဲ့ မုန်လာဥနီရွက်တွေကို … ငါးဟင်းထဲ ထည့်ချက်လိုက် ..ပဲဟင်းထဲ ထည့်ချက်လိုက်နဲ့ … မသေကြတာပဲ ကံအလွန်ကောင်း)
အဲ့ ..ခုနဘေဘီကွမ်းတွေပေါ့ … အဲ့ဒီ ၀န်ကြီးပေါက်စ လက်ထောက်က ရင့်နေတဲ့ စဥ့်ရိုးတွေရော အကုန် ပါးပါးလှီးပြီး ကြော်တာပေါ့ …။ ဘေဘီကွမ်းဆိုတာ စဉ်းရိုးပါမကျန်စားရတဲ့အမျိုးကိုး …။ မောင်ဘညွှန့်တို့လည်း စားကြပါတယ် …။ ဒါပေမယ့် ခိုးလို့ ခုလုပေါ့ …။
……………

အသားနံ့ ကင်းတဲ့နေတွေမှာ
တစ်ဗူး (၁၀) ဘတ်တန် ရေသန့်ဗူးထဲက
ပိုးလောက်လန်းတွေခမျာ..
မနေတတ် မထိုင်တတ်နဲ့
မချိတင်ကဲ
စိတ်ဓာတ်တွေကို ကျလို့ …။
မောင်ဘညွှန့်တို့ဆီက လူလည်းများတယ် …။ နွေဘက်ဆို အရမ်းပူ ..ရေကလည်း အရမ်းငတ်ပေါ့ …။ လူများတော့ ရေသန့်ဖိုးမတတ်နိုင်တော့ဘူး …။ နောက်ဆုံး ဘယ်သူကကြံလိုက်တယ်မသိဘူး …။
ကျနော်ထင် ကိုစောထူး (သူက ဆွီဒင်မှာ .. ဆံထုံးနောက် ယောင်ပါသွားတာ။ ဒီမှာတုန်းကတော့ သူ့ညီ ဒီထူးနဲ့မောင်ဘညွှန့်ကို တနေ့ ၁၀ ဘတ် အားလေးလျှာလေးဆေးပေးခဲ့သူပေါ့) … မောင်ဝေယံလား (သူက အမေရိကားမှာ ..ခု သားလေးတယောက်နဲ့ ဆူရှီသူဌေးလုပ်နေတယ်။ နောက် မောင်ဘညွှန့်ရဲ့ဂရပ်ဖစ်ဆရာရင်းပေါ့။ နောက် အာလေးလျှာလေးဆေးများလေးလည်း ၀ယ်တိုက်ရှာပါတယ်) … နောက် ကိုငြိမ်းချမ်းလား …(သူလည်း အခု အမေရိကားမှာ … လေးအောက်အတွက် ကိုယ်ဖိရင်ဖိ ဆဲပြီး ၂ ရက်တာ သင်ပေးသွားခဲ့သူ ..။ လက်ဦးဆရာတဦးပဲ) …
သူတို့ထဲက တယောက်ယောက်စလိုက်ပုံရတယ် …။ ရေသန့်တွေနေရာမှာ မိုးရေတွေ ၀င်လာတာ … မောင်ဘညွှန့်တို့လည်း မသိပါဘူး ..။ ရွာက သူကြီးအဘိုးကြီးကလည်း စိတ်ကောင်းတယ် …။ လူတွေက များ .. စားစရာကမရှိဆိုတော့ … သနားတယ်ထင်ပါတယ် .. သူ့အိမ်မှာလှောင်ထားတဲ့ ရေအိုးကြီးထဲက မိုးရေတွေကို … အခမဲ့ သောက်ရေအဖြစ် ပေးသနားလိုက်တယ် …။ လာထားပေါ့ …။
ပင်တိုင်ရေထမ်းသမားတွေကတော့ .. ကိုငြိမ်းချမ်း၊ ဒီထူးနဲ့ ကျနော်မောင်ဘညွှန့်တို့ပါပဲ …။ လူတော်တော်များများကလည်း ပထမမသိပါဘူး ..။ ရေသန့်ပဲ ထင်တာကိုး …။ နောက်ပိုင်း .. မိုးရေဆိုတော့ သိတဲ့အတိုင်း ..သွပ်တံစက်မြိတ်က လာရ တာလေ …။ ၀ါကျင့်ကျင့်အရောင်လေး စပြောင်းလာတယ် …။ ဗူးကြောင့်ပေါ့ .. ဗူးမသန့်တာ …။ နောက် ၁ ရက်လောက် နေတော့ .. ပိုးလောက်လန်းလေးတွေ ရေးကူးနေတယ်ဗျာ …။ အဲ့နေ့က တော်တော်များများ ..ဗိုက်အောင့်ကုန်ကြတယ် …။
…………………….
ဟေ့ ..ပုလင်းတွေသာကုန်သွားမယ်
လေးဖက်မြင်မျက်လုံးနဲ့
အိမ်ပြေးတစ်ယောက်ရဲ့
အာခိလိ ပုံပြင်ကတော့
ဘယ်တော့မှဆုံးမှာမဟုတ်ဘူး …။
ဖနောင့်မှာ အားနည်းချက်ရှိတယ်ဆိုလို့
ကိုယ့်ဖနောင့်ကိုယ်တောင်
ဒီမြေကြီးပေါ် ရဲရဲ မနင်းရဲဘူး…။
တကယ်ပဲ ပုလင်းတွေသာကုန်သွားစေရမယ် ..လူကတော့ဗျာ …ပုံ့ပုံ့လေး ..ငုတ်တုတ်လေး …။ ကိုဖေသက်နီ .. (ခုက နော်ဝေးမှာ) …။ အိမ်ပြေးမင်းသား …။ ဇော်မိုးဝေက ဒိုင်ခံလာပို့တယ် …။ ဇော်မိုးဝေဆိုတာ မမော် (မမော်ဆိုတာလည်း မောင်ဘညွှန့်တို့ ရုံးနဲ့ သိပ်မစိမ်းဘူး … သူတို့ကောင်းမှုကြောင့်သာ .. အသားတွေ ငါးတွေ စားရတာ) တူ ..။ အဲ့တုန်းက အပေါင်းအသင်းက (အမှန်က ငယ်သေးတဲ့အချိန်ဆိုတော့ ဘယ်သူမှာ မောင်ဘညွှန့်တို့နဲ့ တွဲမသောက်ဘူး။ နောက်ပိုင်းမှသာ) လေးယောက်ပဲ .. ဒီထူး (နယူးဇီလန်)၊ သန်းထွန်းအောင် (အမေရိကား .. အဲန်အယ်လ်ဒီအယ်လ်အေ ဥက္ကဌ ဦးတင်အောင်သား အလတ်)၊ ဇော်မိုးဝေ (ခု နော်ဝေဂျီယံ)၊ နောက် မောင်ဘညွှန့် (ဗမာနိုင်ငံသား .. လောလောဆယ်လည်း ဗမာမှတ်ပုံတင်တခုပဲရှိလို့ပါ)…။
ကိုဖေသက်နီရောက်တဲ့ အဲ့ညကတော့ ဘာပြောကောင်းမလဲ …။ တာဝန်ခံအယ်ဒီတာ ဦးခင်လွန်းတို့ ..ဒီဇိုင်နာ ကိုမောင်ဦးတို့နဲ့ တပွဲတလမ်းသွားနွှဲလိုက်သေးတယ်ထင်တယ်။
အရင် မောင်ဘညွှန့်တို့လို ချာတိတ်တွေနဲ့ အတူတူသောက်ခဲပါတယ်။ ဒါပေမယ့် အဲ့ည ဘယ်လိုဖြစ်တယ်မသိဘူး …။ုပြန်လာတော့ ဆက်ဝိုင်းဖွဲ့နေကြတာ ..။ အပေါ်ထပ်က ဦးဖုန်းခေါ် ဦးအောင်ဖုန်းမြင့် (ခုတော့ အမေရိကားထင်တယ်) .. သူ့အိပ်ရာဘေးလေးမှာ …။
ဝိုင်းဖွဲ့နေတာက ကျနော် မောင်ဘညွှန့်ရယ် …သန်းထွန်းအောင်ရယ် ..ကိုကျော်ဇင်ဦး (ဦးတင်အောင်သားအကြီး) သူတို့နဲ့ … နောက် ကိုဖေသက်နီ …။ အရက်ကလည်းကုန် .. ကိုဖေသက်နီရဲ့ အာခိလိပုံပြင်ကလည်း လိပ်ပတ်တွေကိုလည်လို့ .. ကျနော်တို့လည်း ကွဲကွဲလေးတွေ .. ငေးငေးငူငူလေးတွေပေါ့ … အသံကလည်း တိုးတိုးပြောရတာ .. မတော် ညကြီး မင်းကြီး မိုးကြိုးတွေပစ်မှာဆိုးရသေးတယ် …။
လိပ်ပတ်တွေလည်ရင်း ထပ်သောက်ချင် … ထပ်သောက်ချင်တော့ သန်းထွန်းအောင်ကို ဆိုင်ကယ်ခိုးခိုင်းရတယ် …။ ဆိုင်ကယ်သော့တွေမှန်သမျှက အယ်ချုပ်ကြီးရဲ့ ခြင်ထောင်ကြိုးအောက်မှာ …။(သော့ ခိုးပုံခိုးနည်း နောက်မှ ပြောပြတော့မယ်) အဲ့အချိန်က ဆိုင်ကယ် ၂ စီးပဲရှိတယ် ..တစီးက လယ်ထဲဆင်းဖို့ ..တစီးက မြို့ထဲသွားဖို့ပေါ့ …။ မြို့ထဲသွားတဲ့ဆိုင်ကယ်ကိုခိုး .. ရပီဆိုတော့ ၂ ယောက်သား ရှာပုံတော်ဖွင့်ပေါ့ .. အာခိလိပုံပြင်ကိုလည်း ဒါနဲ့မှ အဆုံးသတ်လို့ရမှာကိုး …။
မြို့ထဲရေးရာကျွမ်းကျင်သူ …သန်းထွန်းအောင် (အဲ့အချိန် ဒီကောင်က အယ်ချုပ်ရဲ့ ညာလက်ရုံးလား ဘယ်လက်ရုံးလား မသိဘူး) နောက်မှာ အရက်ဖိုးလေးကိုင်ပြီး ..ယောင်တောင်တောင် ပေါင်တောင်တောင်နဲ့ …. ကိုဖေသက်နီရဲ့ အာခိလိပုံပြင်ကို ဆက်နားထောင်လိုက်ဦးမယ်ပေါ့ … သူရောက်တုန်းခဏ .. အနီလေး ဘာလေးဆွဲရတာဆိုတော့ …။ ၀ီရိယတွေ ကောင်းနေကြတာ …။
နောက်နေ့မနက် … ဖနောင့်နဲ့ အပေါက်မခံရဖို့ကိုလည်း လုပ်ရဦးမယ် …။ ဘာပဲပြောပြော အယ်ချုပ် နားစွင့်နေမှာတော့ ကျိမ်းသေတယ် …။ မသိချင်ယောင်ဆောင်နေတာ ဖြစ်ဖို့များတယ် …။

ဆက်လက်ရေးပါဦးမည် …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဆောင်းလူ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်