>Htain Linn – 79

October 13, 2010

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၇၉)
လူ့အခွင့်အရေးနေ့ သို့မဟုတ် ၈ လေးလုံး အရေးတော်ပုံ နိဒါန်း
ထိန်လင်း
အောက်တိုဘာ ၁၃၊ ၂၀၁၀

သမိုင်းစာမျက်နှာကို ပြန်ကြည့်ရင် ဖြစ်ရပ်ပေါင်းများစွာ၊ မှတ်တမ်းပေါင်းများစွာကို တွေ့ရမှာဖြစ်သလို လူပုဂ္ဂိုလ်တွေရဲ့ အကြောင်းခြင်းရာ မျိုးစုံကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီအထဲမှာ ကမ္ဘာကျော် ဖြစ်ရပ်ပေါင်းများစွာလည်း ပါဝင်နေပါလိမ့်မယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ တွေးမိတာက ပေါ်ပေါက်ရတဲ့အကြောင်းနဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေပါ။ ဆိုကြပါစို့ အရှိန်အဟုန်ကြီးမားတဲ့ ရုရှားတော်လှန်ရေး၊ ပြင်သစ်တော်လှန်ရေး ဆိုတာတွေက အဖိနှိပ်ခံ လူတန်းစားနဲ့ ဖိနှိပ်သူ လူတန်းစားတို့ရဲ့ နှစ်ရှည်လများ ပဋိပက္ခတွေကို မြစ်ဖျားခံခဲ့တာ ဖြစ်ပါတယ်။ ၂ ကြိမ် ဖြစ်ပွားခဲ့တဲ့ ကမ္ဘာစစ်ကြီးတွေမှာလည်း သေးငယ်တယ်လို့ ပြောနိုင်တဲ့ လတ်တလော ဖြစ်ရပ်တွေအပေါ်မှာ အရင်ကတည်းက ရှိခဲ့တဲ့ မကြေလည်မှုတွေ၊ မသင့်မြတ်မှုတွေ ပေါင်းစပ်ရာက အကြီးမားဆုံး စစ်ပွဲတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဥပမာတွေနဲ့ နိဒါန်းပျိုးလာရတဲ့ ရည်ရွယ်ချက်က မြန်မာပြည်က ဖြစ်ရပ်တွေကိုပါ ဆက်စပ်တွေးတော ကြည့်စေချင်လို့ ဖြစ်ပါတယ်။ အများသိကြတဲ့အတိုင်း မြန်မာပြည်မှာလည်း ခေတ်ပြောင်းတော်လှန်ရေးလို့ အမည်တပ်ချင် တပ်လို့ရနိုင်တဲ့ တော်လှန်ရေးပေါင်း မြောက်မြားစွာ ပေါ်ပေါက်ခဲ့ပါတယ်။ ခေတ်ပြောင်းတော်လှန်ရေး ဆိုတဲ့ အသုံးအနှုန်းက တော်လှန်ရေးကောင်စီ အသုံးအနှုန်း၊ မဆလ အသုံးအနှုန်း မဟုတ်ဘဲ တကယ့်ကို ခေတ်ကို ပြောင်းလဲစေတဲ့ တော်လှန်ရေးများကို ရည်ညွှန်းတာဖြစ်ပါတယ်။

မြန်မာပြည်နိုင်ငံရေးသမိုင်းထဲက ၁၃ဝဝ ပြည့်အရေးတော်ပုံ၊ အခြား လွတ်လပ်ရေး အရေးတော်ပုံတွေဟာ မလွတ်လပ်မှု၊ အခွင့်အရေး မညီမျှမှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးလိုမှုတွေကြောင့် တိုင်းတပါးလက်အောက်က လွတ်မြောက်ဖို့ တော်လှန်ကြတဲ့ ပြည်သူ့အုံကြွမှုတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်ရပ်တော်လှန်ရေးတွေက ကြီးမားထင်ရှားပြီး မမြင်နိုင်တဲ့ အကြောင်းရင်းပေါင်းများစွာက ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ ရှိနေပါတယ်။

မြန်မာ့သမိုင်းရဲ့ အကြီးမားဆုံး လူထုတော်လှန်ရေးကြီး ဖြစ်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာလည်း အခြေခံ အကြောင်းရင်းပေါင်းများစွာကို ဖြတ်သန်းပြီးမှ ဖြစ်ပေါ်လာခဲ့တဲ့ တော်လှန်ရေးကြီးပါ။ အလုပ်သမား အရေးအခင်း၊ ကျောင်းသားအရေးအခင်းတွေ တစ်ခုပြီးတစ်ခု ဖြတ်သန်းခဲ့ရ၊ တော်လှန်ပုန်ကန်သူတွေ အဖမ်းခံရ အသတ်ခံရပြီးမှ ပေါ်ပေါက်ခဲ့ရသလို အချိန်ကာလပေါင်းများစွာလည်း ကျော်ဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်စေတဲ့ အကြောင်းများစွာအနက် ‘မြန်မာပြည် လူ့အခွင့်အရေးနေ့’ လို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ သတ်မှတ်ထားတဲ့ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက် စက်မှုတက္ကသိုလ် အရေးအခင်းဟာ အထင်ကရ အဖြစ်အပျက်ဖြစ်သလို ကျောင်းသားလှုပ်ရှားမှုကနေ ပြည်သူ့အရေးတော်ပုံအထိ တွန်းပို့လိုက်တဲ့ အရာလည်းဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို ကြည့်တဲ့အခါ မဆလ အစိုးရ ပြောခဲ့သလို သာမန် အရပ်သားနဲ့ ကျောင်းသား ခိုက်ရန်ဖြစ်ပွားတဲ့ကိစ္စက စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ခိုက်ရန်ဖြစ်ပွားမှုကို ဖြေရှင်းမှု မမှန်ကန်တာ၊ အာဏာ ရှိသူတွေက အာဏာကို အလွဲသုံးစားလုပ်ပြီး ဖြေရှင်းတာတွေက နောက်ဆက်တွဲဖြစ်ရပ်တွေကို ပေါက်ဖွားစေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူလူထုအဖို့ အခြေခံအခွင့်အရေးတွေ ဘယ်လောက် ဆုံးရှုံးနေရပြီလဲ ဆိုတဲ့အချက်ကို မီးမောင်းထိုးပြလိုက်တာပါပဲ။ ဒါကြောင့် စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး ကွယ်လွန်ခဲ့ရတဲ့ စက်မှုတက္ကသိုလ် ပဉ္စမနှစ် ဓာတုအင်ဂျင်နီယာကျောင်းသား ကိုဖုန်းမော်၊ မေလ ၅ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ပဉ္စမနှစ် သတ္တုတူးဖော်ရေးအင်ဂျင်နီယာကျောင်းသား ကိုစိုးနိုင် တို့ဟာ လူ့အခွင့်အရေးဆုံးရှုံးမှုရဲ့ ပြယုဂ်ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုများနဲ့ပတ်သက်လို့ ရေးထားတဲ့ စာအုပ်တွေ မဆလခေတ် တလျှောက်လုံး မပေါ်ပေါက်ခဲ့သလို ခုနောက်ပိုင်းမှာလည်း ‘အရေးတော်ပုံ ၄ စောင်တွဲ’ လို စုစည်းဖော်ပြတဲ့ စာအုပ်တွေကလွဲလို့ ပြည့်ပြည့်စုံစုံ သီးခြားပြုစုထားတာ မရှိသေးပါဘူး။ လက်ရှိ စစ်အစိုးရ လက်ထက်မှာလည်း ဒီမိုကရေစီအရေးတော်ပုံမှတ်တမ်းတွေက စာတစောင်ပေတဖွဲ့ စုစုစည်းစည်း မထွက်လာသေးပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံ နိဒါန်းလို့ ပြောရမယ့် မတ်လ ကျောင်းသားလှုပ်ရှားမှုနဲ့ ပတ်သက်လို့လည်း ရှာဖွေဖတ်ရှုစရာ အနည်းအကျဉ်းပဲ ရှိပါတယ်။

မတ်လ အရေးအခင်းနဲ့ ပတ်သက်လို့ မြန်မာလို အစောဆုံး ဖတ်ရှုနိုင်တဲ့စာအုပ်က ဘာတီးလ်လင့်တနာ (Bertil Lintner) ရဲ့ Outrage – Burma’s Struggle for Democracy စာအုပ်ကို စံဝင်းမောင် နှင့် မင်းမျိုးနိုင် မြန်မာပြန်ဆိုထားတဲ့ ‘ဒေါမာန်ဟုန် – ဗမာပြည်ဒီမိုကရေစီတိုက်ပွဲ’ စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်က ရှစ်လေးလုံး အရေးတော်ပုံအကြောင်း ရေးသားထားတဲ့စာအုပ်ဖြစ်ပြီး စာအုပ်ရဲ့ အခန်း (၁) မှာ ‘ရန်ကုန်ကို ကိုင်လှုပ်သော ထို ၇ ရက်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မတ်လ လှုပ်ရှားမှုအကြောင်း ဖော်ပြထားပါတယ်။ ၁၆ မျက်နှာရှိတဲ့ အဲဒီအခန်းမှာ မဆလ အစိုးရရဲ့ လွှတ်တော်အစည်းအဝေးတွေ ပြုလုပ်ဖို့ပြင်ဆင်နေပုံ၊ မတ်လ ၁၂ ရက် စက်မှုတက္ကသိုလ်ကျောင်းသားတွေနဲ့ အရပ်သားတွေ ခိုက်ရန်ဖြစ်ပွားမှု၊ မတ်လ ၁၃ ရက် ရပ်ကွက်အာဏာပိုင်တွေက အရပ်သားဘက်က ဘက်လိုက်တဲ့အတွက် ကျောင်းသားတွေ မကြေမနပ်ဖြစ်မှု၊ အဲဒီအပေါ် အာဏာပိုင်တွေရဲ့ တရားလက်မဲ့ ပြုကျင့်မှု စတာတွေကို မတ်လ ၁၈ ရက်နေ့အထိ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေရဲ့ ပြောပြချက်တွေကို ကိုးကားပြီး ရက်စွဲနဲ့ ခွဲခြားရေးသားထားပါတယ်။

၂ဝဝ၈ ခုနှစ် မတ်လမှာ ထိုင်းနိုင်ငံအခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ)က ထုတ်ဝေခဲ့တဲ့ နှစ် ၂ဝ ပြည့် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် သမဂ္ဂစာစဉ်မှာတော့ ကျောင်းသားဟောင်းတွေ ဖြစ်ကြတဲ့ မြင့်ဇော်၊ ကိုစိန်ဟန်၊ ကိုမင်းဇော်၊ ကိုမျိုးဝင်းတို့ရဲ့ ဆောင်းပါးနဲ့ ပြောပြချက်တွေ ကိုအောင်မျိုးမင်း၊ ကိုမင်းဇော် တို့နဲ့ အင်တာဗျူးတွေကို ဖော်ပြထားပါတယ်။ စာမျက်နှာ ၂၈ မျက်နှာပါဝင်တဲ့ အဲဒီစာစဉ်မှာ နောက်ဆက်တွဲအနေနဲ့ ‘လွတ်မြောက်ရေး၊ ဒီမိုကရေစီရေး တိုက်ပွဲများတွင် ကျဆုံးခဲ့ကြသော သူရဲကောင်းမှတ်တမ်းအချို့’ ခေါင်းစဉ်နဲ့ ဗိုလ်အောင်ကျော်၊ ဟယ်ရီတန်၊ ဆလိုင်းတင်မောင်ဦး၊ ဝင်းမော်ဦး၊ ၂ဝဝ၇ ခုနှစ် သံဃာ့အရေးတော်ပုံအတွင်း ကွယ်လွန်ခဲ့ရတဲ့ သက်ပိုင်စိုး၊ ကိုကိုဝင်း တို့အကြောင်း ဓာတ်ပုံများနဲ့ ဖော်ပြထားပါတယ်။

အဲဒီစာစဉ်မှာ ၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ်မှာပြုလုပ်တဲ့ ပထမဆုံး ‘မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့’ အခမ်းအနားအကြောင်းကိုလည်း ဖော်ပြထားပြီး ကိုဖုန်းမော် ကွယ်လွန်တဲ့နေ့ကို လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ဖို့ ဖြစ်ခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ကူးလို့ အများက ပြောဆိုကြသလို၊ တချို့ကလည်း ဒီလို သတ်မှတ်ဖို့ ဦးနုက ဦးဆောင်ခဲ့တယ်လို့ ပြောဆိုကြောင်း ဖော်ပြထားပါတယ်။

ဒီအဆို ၂ ခုမှာ ပထမအဆိုက ပိုပြီး မှန်လိမ့်မယ်လို့ ယူဆမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကိုဖုန်းမော်ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့ပြီး အဲဒီအခမ်းအနားအတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့စကားတွေထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အများအပြား ထည့်သွင်းပြောခဲ့လို့ ဖြစ်ပါတယ်။ ဒီမိန့်ခွန်းကို ၁၉၉၅ ခုနှစ် ပြည်ပမှာ ထုတ်ဝေခဲ့တဲ့ ‘ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင်မိန့်ခွန်းများ’ စာအုပ်မှာ ဖော်ပြထားပြီး အစမှာတင် အခုလို ပြောဆိုခဲ့ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မောင်ဖုန်းမော် ကျဆုံးသွားတဲ့ နှစ်ပတ်လည်အချိန်ဟာ အခြေခံ လူ့အခွင့်အရေးများနဲ့ ပတ်သက်လို့ ပြန်ပြီးတော့ စဉ်းစားရချိန်၊ ဒီအခွင့်အရေးများ ရရှိဖို့အတွက် ပြန်ပြီးတော့ ကြိုးစားရချိန်ဆိုပြီးတော့ သတ်မှတ်လိုက်ခြင်း ဖြစ်ပါတယ်။ လူ့အခွင့်အရေးများဆိုတာ ဘာဖြစ်လို့ရှိသလဲ။ ဘာဖြစ်လို့ လူ့အခွင့်အရေးကို လိုချင်သလဲဆိုရင် အစီအစဉ် (၈) မှာ လူ့အခွင့်အရေးများ ကြေညာစာတမ်းမှာ ဖတ်ကြည့်လို့ရှိရင် တွေ့ပါလိမ့်မယ်”

ဒီလိုပြောကြားပြီးနောက်မှာ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ နိဒါန်းပိုင်းကို ဖတ်ပြရင်း အခွင့်အရေးတွေ လိုချင်တယ်ဆိုတာ ဒီအခွင့်အရေးတွေကို ခံစားချင်လို့ချည်း မဟုတ်ဘဲ ဒီအခွင့်အရေးတွေရှိမှ တိုင်းပြည်ရော ကမ္ဘာပါ ငြိမ်းငြိမ်းချမ်းချမ်း၊ တရားမျှမျှတတ ရှိနိုင်မယ်ဆိုတာ ယုံကြည်ရမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။
တကယ်တော့ ကျန်တဲ့အခွင့်အရေးတွေ မရခင် လူသားတိုင်း ရရှိရမယ့် မွေးရာပါ အခြေခံအခွင့်အရေးတွေ ရှိနေဖို့က ပိုပြီးအရေးကြီးတယ် မဟုတ်ပါလား။

မြန်မာပြည်သူများ အေးချမ်းတဲ့ အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။
ကျေးဇူးတင်ပါတယ်။

ထိန်လင်း (၈၊ ၃၊ ၂ဝ၁ဝ)

(မူရင်း – ဒီမိုကရက်တစ်မြန်မာ့အသံ – http://burmese.dvb.no)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly August 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

မိုးမခကို အားပေးကြပါစို့ …

ဖြန့်ချိရေး တာဝန်ခံ

PO Box 320-207, San Francisco, CA 94132-0207, USA
– editors @ moemaka.net ((510) 854-6501)။
HOME, ၅၈/၆၀ ဗိုလ်အောင်ကျော်အောက်လမ်း၊ ရန်ကုန်၊
စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။
(ဖုံး – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈)

အခြားရနိုင်သော စာအုပ်ဆိုင်များ

ဝ။ မြသရဖူစတိုး၊ (၃ရ၉) အောက်ပုဇွန်တောင်လမ်းမကြီး

၁။ စာပေလောက (၂၊၅၊၆)(ပန်းဆိုးတန်း၊လှည်းတန်း၊ရန်ကင်း)

၂။အမေ့အိမ်(ပန်းဆိုးတန်း)

၃၊အာရုဏ်သစ်စာပေ(ဗိုလ်ချုပ်လမ်း)

၎။ အင်းဝစာအုပ်တိုက် (လှည်းတန်း၊ပန်းဆိုးတန်း)

၅။ဝါမိုးအောင်စာပေ(ကုန်သည်လမ်း)

၆။သာလွန်စာအုပ်တိုက်(ကုန်သည်လမ်း)

၇။တူဒေးစာအုပ်တိုက်(ကုန်သည်လမ်း)

၈။ရာပြည့်စာအုပ်တိုက်(ပန်းဆိုးတန်း)

၉။ရန်အောင်စာပေ(ရန်ကင်းလမ်းမကြီး၊၁၂လုံးတန်း)

၁၀။ဖိုးတုတ်စာပေ (၃၁ လမ်း)

၁၁။ မီဒီယာကော်နာ (အနော်ရထာလမ်း မီးပွိုင့်ထောင့်)

၁၂။နန်းဦးစာပေ (မဟာဗန္ဓုလလမ်း)

၁၃။ ကိုလတ် စာပေ---၃၁လမ်း

၁၄။ ပစ်တိုင်းထောင်စာပေ-- ဗိုလ်ချုပ်လမ်း

၁၅။ ပါရမီ စာပေ-- ၂၉ လမ်း

၁၆။ စာပေဟင်းလေးအိုးကြီး-- လမ်း၃၀

၁၇။ ကျော်သိန်းစာပေ--၃၂ လမ်း

၁၈။ စောဦးစာပေ-- ၃၁ လမ်း

၁၉ ။ ရာပြည့် စာပေ-- ပန်းဆိုးတန်း အထက်လမ်း

၂၀။ စာပေလောက (၅)--ပန်းဆိုးတန်း အလယ်လမ်းတို့တွင်

ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မန္တလေး - နဂါးစာပေ၊ ထွန်းဦးစာပေ၊ ရာပြည့်စာပေ

အောင်ပန်း - လမင်းတရာ

မိုးမခနဲ့ ပတ်သက်သမျှ

လူငယ်သတင်းသမားတွေအနေနဲ့ သတင်းအချက်အလက်နည်းပညာတွေကို အသုံးချပြီး သတင်းရေးသားနိုင်ဖို့ ဆွေးနွေး

By

လူငယ်သတင်းသမားတွေအနေနဲ့ သတင်းအချက်အလက်နည်းပညာတွေကို အသုံးချပြီး သတင်းရေးသားနိုင်ဖို့ ဆွေးနွေး (MCN News) မိုးမခ ပြန်လည်ကူးယူဖော်ပြ၊...

Read more »

အိုင်တီနည်းနဲ့ စာနယ်ဇင်းအတတ် ဆွေးနွေးပွဲ မိုးမခနဲ့ ဖန်တီးရာတို့ ကျင်းပ

By

အိုင်တီနည်းနဲ့ စာနယ်ဇင်းအတတ် ဆွေးနွေးပွဲ မိုးမခနဲ့ ဖန်တီးရာတို့ ကျင်းပ (ဌေးအောင်) မိုးမခ၊ သြဂုတ် ၂၈၊...

Read more »

မိုးမခ မဂ္ဂဇင်း သြဂုတ်လထုတ် ထွက်ပြီ

By

  မိုးမခ မဂ္ဂဇင်း သြဂုတ်လထုတ် ထွက်ပြီ (မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၆မိုးမခ...

Read more »

မိုးမခ၏ ‘တာရာမင်းဝေ အမှတ်တရ စာစုများ’ ဝန်ဇင်းတွင် ရပြီ

By

မိုးမခ၏ ‘တာရာမင်းဝေ အမှတ်တရ စာစုများ’ ဝန်ဇင်းတွင် ရပြီ (မိုးမခ) သြဂုတ် ၆၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေလူ ကိုခေတ် ခက်ဦး စံပယ်ဖြူ ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည မင်းကိုနိုင် မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လက်ပံတောင်းတောင် လင်းခါး လင်းသက်ငြိမ် လင်းအေးထင် လှိုင်မျိုး သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်