>Maung Lu Yay – Blessing in Burma 13

November 5, 2010

>

မင်္ဂလာနှင့် နိုင်ငံရေး ၁၃
မောင်လူရေး
နိုဝင်ဘာ ၅၊ ၂၀၁၀
အနဝဇ္ဇမင်္ဂလာ=အပြစ်ကင်းသောအလုပ်တွေကို လုပ်ခြင်းမင်္ဂလာ။
“လင်္ကာဆရာက သန့်စင်ပြစ်မျိုး၊ လူထုကျိုး၊ သယ်ပိုးရွက်ဆောင်တာ မင်္ဂလာ” ဟု စာ သ သည်။
သန့်စင်ပြစ်မျိုး၊ လူထုကျိုး၊ သယ်ပိုးရွက်ဆောင်တာဟူသည် ဥပုသ်သီလစောင့်သုံးခြင်း၊ ဥယျဉ်ပန်းမာလ် သစ်ပင် စိုက်ပျိုးခြင်း၊ လမ်းခင်း လမ်းဖေါက် တံတားဆောက်ခြင်း၊ ပညာဒါနပြုခြင်း၊ သာမှုနာမှု ဗြဟ္မစိုရ်မှုတို့ကို ပြုလုပ် ခြင်းစသည်တို့လတည်း။
နိုင်ငံကောင်းသား၊ နိုင်ငံကောင်းသမီးဖြစ်ဘို့မှာ လူထုကျိုး သယ်ပိုးဘို့ လိုပေသည်၊ လူထုကျိုးသယ်ပိုးရန် ဘုရား ရှင်တိုင်းက ပေးထားသည့်နည်းလမ်းသုံးသွယ်ရှိသည်။ ယုတ်မာဆိုးသွမ်း ကိုယ်ကြမ်းနှုတ်ကြမ်း အရမ်းပတမ်း အမျိုးမျိုးမှ ရှောင်ကွင်းခြင်း၊ ကောင်းသော မြင့်သော မြတ်သောကိုယ်အမူအယာ နှုတ်အမူအယာတို့ကို ဆောင်ကျဉ်းခြင်း၊ စိတ်ညစ်စိတ်ပုတ် စိတ်နုပ်စိတ်သိမ် စိတ်ပိန်စိတ်ဖျင်း စိတ်ပင်းစိတ်ကန်း စိတ်သရမ်း စိတ်မသမာတို့ကို အပြောင်ရှင်းခြင်းတို့ပေတည်း။
ရှောင်ကွင်း၍ ဆောင်ကျဉ်းကာ အပြောင်ရှင်းခြင်းဟူသည် ဥပုသ်သီလ စောင့်သုံးခြင်းစသည်တို့ကိုဆိုသည်၊ ဥပုသ်သီလ အသာထား ငါးပါးသီလစောင့်ရုံမျှနှင့်ပင် လူထုကြီးခမျာ စိတ်ချမ်းသာ လက်ကျန်းမာ ရှိလှပါ ရော့မည်၊ အောက်ပါ တစ်ပါးသီလနှင့်ပင် စဉ်းစားကြည့်ပါ၊ သူများအကျဉ်းချရမှ ထမင်းဝသည့် ပါဏာတိပါတကို ဝေရမဏိလိုက်မည် ဆိုလျှင်ကို တတိုင်းပြည်လုံးသာမက တကမ္ဘာလုံး လူစိတ်ရှိသူမှန်သမျှ မည်မျှပျော်လိုက် ကြမည်နည်း။ ရှိသမျှ အကြိတ်အခဲတွေပြေ အကျပ်အတည်းတွေဖြေနိုင်မည့် စိတ်အခံတွေပါ တဖွားဖွားပေါ် ပေါက်လာပေမည်။
နောက်ထပ် ကာမေသုမိစ္ဆာစာရာကိုပါ ဆက်ပြီးဝေရမဏိမည်ဆိုလျှင်တော့ ပြည်နယ်တဝှမ်း အေးချမ်းရုံမက သာယာဝေစည် ရွှေတို့ပြည်ဖြစ်သွားနိုင်သည်။
ရွှေတို့ပြည်၌ မုဒိမ်းတန္တကား အပလိန်းအနန္တများလှချေ၏၊ အောက်မှာ ရှုပါလေ။
သူများမယား သူများသမီး အရှက်မီးလောင် အခက်ကြီးအောင် ဖျက်ဆီး စော်ကား လူသားမုဒိမ်း၊
ကားချောဆွဲ၊ လှည်းချောဆွဲ၊ လှေချောဆွဲ၊ ငွေချောဆွဲ၊ လူချောဆွဲ၊ လက်မှတ်ချောဆွဲ၊ လယ်သိမ်းမြေသိမ်း၊ ကုန်းသိမ်းယာသိမ်း၊ ဆိုင်သိမ်းကားသိမ်း၊ အင်းသိမ်းအိုင်သိမ်း၊ မြစ်သိမ်းချောင်းသိမ်း၊ လုပ်ပိုင်ခွင့်သိမ်း၊ ဆက်ဆံ ရေးသိမ်း သိမ်းပြီးရင်းသိမ်း သိမ်းချင်ရာသိမ်း စီးပွားမုဒိမ်း၊
အကူအညီပေးခြင်း ရိုင်းပင်းခြင်း ပျော်ပျော်နေခြင်း တင်းတိမ်ရောင့်ရဲခြင်းစသည့်  မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း များကို အမြစ်ကလှန်ပစ်လိုက်သည့် ယဉ်ကျေးမှု မုဒိမ်း၊
သာရေးနာရေး ဗြဟ္မစိုရ်ရေး ဘယ်အရေးမှ ခွင့်မပြုဘဲမရေးရသည့် လူမှုရေးမုဒိမ်း၊
အဆိုးအကောင်းမကွဲလို့ အကျိုးအကြောင်းခွဲပြရင် ထောင်သွင်းပြီး အလံမတူ အသံမတူရင် အပြောင်ရှင်းသည့် နိုင်ငံရေးမုဒိမ်းစသည်တို့တည်း။
မုဒိမ်းကင်းစင် မြန်ပြည်တစ်ခွင်ကို မြင်ရောင်ကြည့်လိုက်ပါ။ ချမ်းမြေ့သာယာ၊ ပြည်မြန်မာ၊ မခွာနေတော့မည် ဖြစ်သွားမည်၊ ဘယ်သူမှ ရပ်ပစ်ရွာပစ် အိုးပစ်အိမ်ပစ် ကျောင်းပစ်ကန်ပစ် ဆွေပစ်မျိုးပစ် သားပစ်မယားပစ် ယဉ်ကျေးမှုပြစ် ဓလေ့ထုံးတမ်းပစ် သွားချင်မည်မဟုတ်ပေ။
ယင်းသို့ ငါးပါးသီလအကြောင်း စကားစလိုက်သည်နှင့်တပြိုင်နက် အချုပ်မှုးကြီးမှသည် ဒရဝမ်အထိနိုင်ငံ့ ဝန်ထမ်းများအားလုံး၊ ထိုမှသည် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကောက်ရိုးပုံအစ ကင်းတဲအဆုံး တတိုင်းပြည်လုံး အုံးအုံးကျွက်ညံ အရေးပေါ် ငါးပါးသီလညီလာခံကြီးခေါ်ကြသောဟူ၏၊ ယင်ပျံမကျ စည်ကား လှဘိတောင်း။
ညီလာခံကြီးခေါ်ရသည့်အကြောင်းမှာ ငါးပါးသီလသည် အမြဲစောင့်ရမည့် ခါးဝတ်ပုဆိုး ခါးဝတ်ထမိန် ခါးဝတ် ဘောင်းဘီ ခါးဝတ်စကပ်ကဲ့သို့ သီလမျိုးတည်း၊ ထိုသီလအရေအတွက်ငါးပါးမှာ ဟိုအရင် မြန်မာ့ရေမြေနှင့် အဆင်ပြေကောင်းပြေခဲ့ပေလိမ့်မည်၊ အခုလက်ရှိ မြန်မာ့ရေမြေနှင့်တော့ ဘယ်လိုမှ သဟဇာတမဖြစ်တော့ မကိုက်ညီတော့သောကြောင့်တည်း၊ ထိုညီလာခံကြီးတွင် မြန်မာတို့စောင့်သုံးရမည့် နိစ္စသီလသည် ငါးပါးထိ ဆက်လက်ရှိသင့် မရှိသင့်နှင့် မရှိသင့်တော့ဘူးဆိုလျှင် ပယ်ဖျက်သင့်သည့်သီလများအကြောင်း အကြီးအကျယ် ဆွေးနွေးကြသည်။
အထူးသဖြင့် ဝန်ထမ်းများက လစာနှင့်မစားလောက် မသောက်လောက်သည့်အတွက် မဖြစ်မနေ လာဘ်ယူ နေရသဖြင့် အဒိန္နာဒါနကို ဖြုပ်စေချင်ကြောင်း၊ သူတို့မှာ သားမယားနှင့် ရည်းစားကို မင်္ဂလာတရားတော် နှင့်အညီ လုပ်ကျွေးရင်း သီလတစ်ပါးအော်တိုမက်တစ်ပျက်ပြီး ငရဲကို အသက်အာမခံကြေးပေးနေရသည်နှင့် တူကြောင်းတင်ပြကြသည်။ သို့ ဝန်ထမ်းတို့က ဆိုချေသော် တိုင်းသားပြည်သူအပေါင်းတို့ကလည်း အသင်တို့ လာဘ်ယူမှုသည် အဒိန္နာဒါနဖြစ်ခဲ့လျှင် လာဘ်ယူမှုနှင့် ခေါင်းနှင့်ပန်းပမာဖြစ်သည့် အကျွန်တို့လာဘ်ပေးမှု သည်လည်း အဒိန္နာဒါနနှင့် အမှုတစ်တွဲထဲရှိသည့်အတွက် အကျွန်တို့လဲ ငရဲကို ကန်ထရိုက်ဆွဲရ သည်နှင့်တူကြောင်း၊ ထို့ကြောင့် အဒိန္နာဒါနကို ပလူတို သင့်ကြောင်းတင်ပြကြရာ ကန့်ကွက်မဲမရှိ အဒိန္နာဒါနကို ဗိုလ်ခင်ညွန့်နှင့် သူ၏ထောက်လှမ်းရေးများလုပ်ပစ်လိုက်ကြသည်။
ထို့နောက် မုသားမပါလင်္ကာမချောဆိုသည့်မြန်မာ့စကားပုံအတိုင်း အမှန်ပြောရင် ထောင်နှစ်တစ်သောင်းကျ၊ အမှားပြောမှ မန်မန်ဝသည့် ယနေ့ခေတ်အခါသမယတွင် ဘဝအလင်္ကာချောဖို့ မုသားကိုပြောနေရပေရာ မုသာဝါဒကိုလဲ ဖြုပ်သင့်ကြောင်း၊ အကယ်၍ ဒီသိက္ခာပုဒ်ဆက်ရှိနေလျှင် “သစ္စာလေးနက်၊ ပေါ်ဆီတက်က၊ နွယ်မြက်သစ်ပင်၊ ဆေးဘက်ဝင်” ဆိုသည်နှင့်မညီညွတ်ရကား မြန်မာ့အစားအစာအားလုံး အာဟာရဓာတ် လျော့နဲ ဆေးဘက်မဝင်တော့ဘဲဖြစ်သွားပြီး “ဗိုက်ပူနံကား မြန်ပြည်သား”ဟု အမဲစက်ကြီးထင်သွားနိုင်ကြောင်း အားလုံးက အဆိုတင်သဖြင့် ထောက်ခံမဲပင်မလို  ထောက်လှမ်းရေးလုပ်ဖို့ အတည်ပြုလိုက်ကြသည်။
ထိုသို့ဖြင့် ညီလာခံကြီးပြီးသောအခါ “မြန်မာ့နည်း မြန်မာ့ဟန်နိစ္စသီလ” အဖြစ် ပဉ္စသီလကို ဒွိသီလ လျော့၍ တိသီလဟု သတ်မှတ်လိုက်ကြသည်။ ညီလာခံအချိန်စေ့သွားလို့သာ၊ တော်တော်များများက သုရာမေရယ ကိုတောင် မျက်စောင်းထိုးနေကြပေပြီ။ မဲခွဲလျှင်လဲ ၎င်းတို့နိုင်ဘို့သေချာသလောက်ရှိသည်၊ ဒီပုံအတိုင်း ဆက်သွားလို့တော့ဖြင့် တဖြည်းဖြည်းနှင့် ဒွိသီလ၊ ထိုမှသည် ဧကသီလ၊ နောက် သုညသီလထိ ရောက်သွားနိုင် သည်လတည်း။
ထို့နောက် တစ်ချို့က ရွှေတို့ပြည်တွင် လက်ရှိ ပင်စင်ငါးမျိုးရှိနေသည်၊ ရာထူးတစ်ခုတည်းမှာပင် ပင်စင်ငါးမျိုးရှိ နေသည်မှာ ဖြစ်သင့် မဖြစ်သင့်၊ နောက်ပြီး ပင်စင်လစာမှာ လက်ဖက်ရည်တစ်ခွက်ဘိုးသာရှိနေပြီး ထိုပင်စင် သွားထုပ်ဖို့ လိုင်းကားခ ဆိုက်ကားခရှာရသည်မှာ အလွန်ခက်ခဲသည့်အတွက် ဝိုင်းဝန်းဖြေရှင်းပေးစေချင် ကြောင်းတင်ပြလာကြသည်တွင် ဤညီလာခံသည် ပဉ္စညီလာခံသာဖြစ်ကြောင်း၊ ပင်စင်ညီလာခံမဟုတ်ကြောင်း၊ ပင်စင်ကိစ္စသတ်သတ် ညီလာခံခေါ်မည်ဖြစ်ကြောင်း သဘာပတိကြီးများက အဆုံးသတ်ပေးလိုက်ကြသည်။
ဒုတိယသန့်စင်ပြစ်မျိုး လူထုကျိုးမှာ ဥယျဉ်ပန်းမာလ်သစ်ပင်စိုက်ပျိုးခြင်းဖြစ်၏၊ ၎င်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေရေး၊ ဖန်လုံအိမ်ဓာတ်ငွေ့လျော့ချရေးစသည်တို့ပေတည်း။
ရွှေတို့ပြည်၌ လျှပ်စစ်ထုတ်၏၊ သို့သော်လျှပ်စစ်မီးသီးကိုပင် မြင်နိုင်သည့်အလင်းရောင် မရှိ၊ ဂက်စ်ထွက်၏၊ သို့သော် ဂက်စ်နံ့ မရူရ၊ ဂက်စ်မီးဖိုမသုံးရကား ထင်းခုတ်၏၊ မီးသွေးဖုတ်၏၊ တောပြုန်းလေပြီ။ ပညာမရှိ၊ စက်ရုံ အလုပ်ရုံနှင့် ထုတ်ကုန်မရှိ၊ စည်းမရှိကမ်းမရှိ ယုတ်ကန်းရကား သစ်ခုတ်၏၊ သစ်ထုတ်၏၊ တောပြုပ်လေပြီ။ တောင်ကတုံးတွေ ဖြစ်ချေပြီ။ ရိပ်ကြီးရော ရိပ်သေးပါ ခိုစရာမရှိတော့၊ လူထုကတော့ ပူမှုဆယ့်နှစ်ရာသီနှင့် နှစ်ပါးသွားနေရပေပြီ၊ ခုတ်ထုတ်တွေကတော့ အဲယားကွန်းနှင့် နှစ်ပါးသွားနေကြသည်။
တတိယအချက်ဖြစ်သည့် လမ်းခင်းလမ်းဖေါက် တံတားဆောက်ကတော့ ဖေါက်ကြသည်၊ ဖေါက်သလောက်လဲ ရောက်ကြသည်၊ ( အိတ်ထဲ ) ဆောက်သလောက်လဲ ဆောက်ကြသည်၊ ( ကိုယ်ပိုင်တိုက်တာတွေ )။
ဤမင်္ဂလာမဲ့လျှင် လူများစုအကျိုးသည် သဲပြိုသလို တအိအိယိုကြသည်၊ နှစ်ပေါင်း နှစ်ဆယ်သုံးဆယ်ကြာလာ သည့်အခါ လောကနီတိတို့သည် အဝီစိ၌ ဂျိုးကပ်သွားလေတော့သည်၊ ယဉ်ကျေးမှုတန်ဖိုးတို့သည် ဆန်ဖိုး လောက် အရေးမကြီးတော့ချေ၊ မမြင်ဘူး မကြားဘူးသော သဘာဝဘေးဒဏ်တို့သည် ပြေးရန်ပင်အချိန်မရ၊ တမျိုးပြီးတမျိုး တမျိုး၏အကျိုးဆက် မပြီးခင်ပင် နောက်တစ်မျိုးထွက်လာချေတော့သည်။
 အော် သလို အများအကျိုးမဲ့ကြပြီဆိုလျှင်တော့  တစ်ဦးချင်း၏လူနေမှုသည်လည်း အပူတွေစုမည်သာ၊ အဘယ်လူထုအကျိုးမပြုသူမှ လူထဲသူထဲ လူလိုသူလို နေထိုင်သွားရသည် မကြားဘူးသေးချေတော့လတည်း။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်