>Saung Yun La – No Extra Lines and No Whiteout in this poem

November 11, 2010

>

အကြောင်းပိုတွေမပါသလို ငွေမင်လည်းသုတ်မထားဘူး
ဆောင်းယွန်းလ
နိုဝင်ဘာ ၁၁၊ ၂၀၁၀

ကဗျာကို ကဗျာလိုရေးထားခြင်းဖြစ်သောကြောင့်
ကဗျာကို ကဗျာလိုဖတ်ပါ
ကဗျာကို
ဖတ်ချင်တဲ့နေရာမှာ ဖတ်ချင်သလိုဖတ်ပြီး
ရပ်ချင်တဲ့နေရာမှာ ရပ်ချင်သလိုရပ်ထားနိုင်တယ်….

သန့်ရှင်းစင်ကြယ်သော လေကောင်းလေသန့်ရဖို့
စိတ်ရဲ့တံခါးပေါက်တွေကို တိုက်ချွတ်ဆေးကြောပါ

ကဗျာကို ကဗျာလိုဖတ်ပါ
ရပ်ချင်ရင်ရပ်ထားနိုင်သလို ဆက်ချင်ရင်ဆက်သွားနိုင်တယ်…

လေကို ချွေတာသုံးစွဲပြီး
အားထုတ္မႈကို ဂဲၾသေမၾတီသခ်ာၤတပုဒ္လိုတြက္ပါ..
လေပိုတွေဝင်လာတဲ့အခါ
နားရွက်ထဲ တံမြက်လှဲဖို့လည်းမမေ့စေနဲ့
အကြားတထောင်ကိုလည်း နားမယောင်မိစေနဲ့…
လမ်းတောင်းနေတဲ့ ခြေထောက်သစ်တစုံအတွက်
မျက်စိနှစ်ကွင်းကို မိုးလင်းဆိုင်လို ဖွင့်ထားဖို့လည်းလိုတယ်…
ဘဝကတိုတောင်းတယ်ဆိုပေမယ့်
လျှောက်နေရတဲ့ခရီးက အဝေးကြီးမဟုတ်လား
ပလက်ဖောင်းနှုတ်ခမ်းသားမှာထိုင်ပြီး
ဘေးတီး လက်ခေါက်မှုတ်ရုံလောက်တော့ လုံလောက်မှာမဟုတ်ဘူး …
အဆုတ်ထဲ လေဝင်လေထွက်ကောင်းအောင်
ပညာရှိတွေရဲ့ အမြတ်ဆုံးတရားကို
နှလုံးသားနဲ့ နားထောင်ပါ
ကိုယ့်ကိုကိုယ် သတိလက်လွတ်ဖြစ်မသွားအောင်
လမ်းပြဦးဆောင်ခဲ့ကြသူတွေရဲ့ လက်သုံးစကားကို
ဦးနှောက်နဲ့ မပြတ်ကြားယောင်ပါ…
အမှောင်ချခံထားရတဲ့ လမ်းမတွေကို
လင်းလာနိုးနိုးနဲ့ ဖက်တွယ်မထားမိစေနဲ့
ခလုတ်တိုက်မိတဲ့အခါ
၃၁ဘုံရှိ လူ နတ် ဗြမ္မာ သတ္တဝါတွေကို မေတ္တာပို့ပါ….
သန်းခေါင်ည တရေးနိုးထတဲ့အခါတိုင်း
ဘာလင်တံတိုင်းကြီး ဘယ်လိုပြိုကျခဲ့သလဲဆိုတာကိုတွေး
တန်ဖိုးရှိတဲ့သမိုင်းကို ရေးနိုင်အောင်
ညီညွတ်ရေးကို အသက်ကယ်ဆေးလို ဆောင်ထားပါ….

ကဗျာကို ကဗျာလိုရေးထားခြင်းဖြစ်သောကြောင့်
ကဗျာကို ကဗျာလိုဖတ်ပါ..

အမှောင်ပါးဝနေတဲ့ မျက်လုံးတွေကိုဖောက်ထုတ်လို့
ကျောက်ရုပ်လိုဘဝမျိုးကနေ ရုန်းထွက်ဖို့
ကိုယ့်ကိုကိုယ်လည်း သုံးသပ်နိုင်ပါစေ…

ဤနေရာတွင် ဤကဗျာကိုအဆုံးသတ်သည်။           ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်