>inter-pyet is going to die!

December 15, 2010

>

အင်တာပျက် သေပြီတော်
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဒီဇင်ဘာ ၁၅၊ ၂၀၁၀

ခင်မောင်တိုးရဲ့ ခင်မောင်တိုး
တောင်ဥက္ကလာမှာ နေတဲ့ ခင်မောင်တိုးရဲ့ ငယ်ဘ၀အကြောင်း ဖတ်စေချင်လို့ ထည့်ပေးလိုက်ပါတယ်။


ဒီဇင်ဘာ ၁၀ ရက်နေ့ထုတ် Bi-weekly က ယူတယ်။ မိုးမခ ၀က်ဆိုက်ကို ရောက်လာသူတွေထဲမှာ သူ့ပရိသတ်ကလည်း အများကြီး ရှိမယ် ထင်ပါတယ်။



ကာတွန်း
ကာတွန်းက တကွက်ထဲနဲ့ထိအောင်ဆွဲထားတာ ပြောင်မြောက်လို့။


ဒီကာတွန်းအကြောင်းတော့ ရန်ကုန်သားတွေက သိပ် သိတာပေါ့။ နိုင်ခြံငါး ရောက်နေတဲ့သူတွေ ဒီကာတွန်းကြည့်ပြီး မျက်မှောင်ကြုံ့နေမှာ စိုးလို့ ရှင်းပြရမယ် ဆိုရင် –

မိုးရွာရင် မြောင်းတွေရေလျှံလို့ ဒူးလောက် ပေါင်လောက် ရေတွေထဲ သွားရဖြတ်ရ နဲ့ရွေးစရာကို မရှိဘူး။ ကိုယ်တို့ တိုက်လဲ ထိနေပြီ။ တခါတလေ ကားတောင် ဘီးတ၀က် ရေထဲ မြုပ်လျက် ည သိပ်ထားကြရတာ။ မနက်ကျ ဘရိတ်တွေ လျှောလို့လေ။ အဲ မိုးကုန်တော့မယ် ဆိုရင် မီးက ပျက်ပါပြီ။ ခွဲတမ်းနဲ့ သုံးရတာမျိုး ဖြစ်ပြီ။ မီးစက်သံ ညံနေတာတော့ ပြောနဲ့တော့လေ။

အဲဒါကို လှောင်ထားပုံလေးက ကြည့်ပါဦး ညဖက်မှာ “မိုးကုန်မှဘဲ ရေကြီး ရေလျှံတဲ့ ဒုက္ခ အေးတော့တယ် ယောင်္ကျားရေ မီးခြစ် ဘယ်နားထားတုန်း” တဲ့။ ရေမလျှံတော့ မီးမလာတော့ဘူးလေ။ တစိမ့်စိမ့်ကို ရီနေမိ (သတ်ပုံကျမ်းထဲကလို ရေးရရင် ရယ်နေမိတော့တယ်) ကွာ။


လေဆိပ် လုံခြုံရေးတိုးတာလဲ သိရအောင်လို့ပါ။


နာရေး


သုခုမ ဒေါ်နန်းကွယ်လွန်တဲ့ သတင်း


သေပြီတော်
ဒီတပတ် 7DAY (ဒီဇင်ဘာ ၉) မျက်နှာဖုံးမှာပါလာတာက ကားတာယာနဲ့ ကွန်ကရစ်လမ်း။ ဒီသတင်းက ဒီဂျာနယ်တစောင်ထဲမဟုတ်ဘူးနော် အတော်များများမှာပါလာတာ။ တပြိုင်တည်းလိုလိုပါလာ တာ ဆိုတော့ တမင်ထည့်ခိုင်းတာ ဖြစ်နိုင်နေပြီလေ။

သေကြ ရေးကြ များလာတော့ နေပြည်တော်လမ်းက သေပြီတော်လမ်း အဲ သေမင်းတမန်လမ်းကြီး ဖြစ်လာနေတာကိုး။

ခင်းတဲ့လူတွေက ခိုးလွန်းလို့ ဒါမှမဟုတ် ဘိုင်ကျင့်ဘိုင်ကြံ ကြံလွန်းလို့ လမ်းကြီးဖြောင့်သလောက် ကွန်က၇စ်သားက ကြမ်းသွာတာပါ။ တကယ်ဆို အပေါ်က ကတ္တရာတထပ်အုပ်ပြီးခင်းရမှာကို မခင်းဘဲ ခိုလိုက် ပြန်တော့ ဘယ်လောက်ကောင်းတဲ့ တာယာ ဘဲ ဖြစ်ဖြစ် ကျိတ်ပြီးပွတ်မောင်းတဲ့အခါပွတ်မှုအားမြင့်လာပြီး မကြာခင်တာယာ ပူလာမှာဘဲ အရှိန်ကမြင့်လာရင် ပိုဆိုးပြီပေါ့ အတွင်းက လေပေါင်က တအား တက်လာပြိး တာယာပွင့်ထွက် သွားတော့တာလေ။ ခုတော့ ထုံးစံအတိုင်း ကိုယ်ခိုးတာမပေါ်အောင် နအဖ ထုံးစံအတိုင်း တာယာတွေက တိုက်ဆွေးမို့ ဟောင်းလို့မို့ နဲ့ လွှဲချလိုက်တာလို့ နားလည်ရပါတယ်။

အင်တာပျက်သတင်း
အင်တာနက်က အဆင်မပြေလှဘူး။ MPT က အဟက် ခံနေရပြန်သတဲ့။ ဒါကြောင့် တက်လိုက်ကျလိုက်နဲ့။ fb လည်း ရရင်ရတယ် ငါးမိနစ်အတွင်း ပြန်ပြုတ်ကျချင်ရင် ကျတယ်။ ဂျီမေး ကတော့ ပြောနဲ့တော့။


သတင်းကတော့ ဆာဗာတွေ အဟက်ခံ၇တဲ့ အကြောင်းလေး ရေးထားတာပါဘဲ။ သူတို့ပိုက်ပိုက် ကုန်သတဲ့။ ပညာရှင်ငှားမှတဲ့။ အင်တာနက်သုံးစွဲသူတွေ အတွက် ဘယ်လိုထိခိုက်တယ်ဆိုတာ မပါဘူး။ အသဲနာစရာ။

ဒါပဲကွာ
တော်သေပြီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)