>Compassion finds a cure for Ma Wint

December 26, 2010
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ဘတ် ၃ သိန်း အကူအညီရသဖြင့် မြန်မာတဦး ဘန်ကောက်တွင် ကုသမှု ရယူနိုင်ခဲ့
မိုးမခအထောက်တော် အမှတ် ၀၀၆
ဒီဇင်ဘာ ၂၆၊ ၂၀၁၀


နယ်စပ်သို့ ရောက်လာစဉ်က ဖခင်နှင့်အတူတွေ့ရသည့် မ၀င့်ဝါသော်


ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဝေဒနာ ခံစားနေရသူ မြန်မာအမျိုးသမီးတဦးသည် အလှူငွေ ဘတ် ၃ သိန်း (ဒေါ်လာ တသောင်း) ရရှိသဖြင့် ဘန်ကောက်မြို့တွင် ကုသမှုခံယူပြီး ဝေဒနာ သက်သာသွားကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးထားသည်။

ကျန်းမာရေး ကောင်းမွန်လာသည့် မ၀င့်ဝါသော် ခံစားခဲ့ရသည့် ဝေဒနာ အမည်မှာ arteriovenous malformation ဖြစ်သည်။


ဝေဒနာ ခံစားရစဉ်က ပြင်းထန်စွာ ကိုက်ခံနာကျင်မှုကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှု ခံယူခဲ့ကြောင်း၊ ဆရာဝန်က ပြည်ပတွင် သွားရောက်ကုသရန် အကြံပေးခဲ့ကြောင်း သတင်းစာတွင် ရေးထားသည်။

မိဘများက ပြည်ပတွင် ကုသမှု ရနိုင်ရေးအတွက် ထိုင်းမြန်မာနယ်စပ်သို့ သွားရောက်ခဲ့သည်။ နယ်စပ်တွင် ကျန်းမာရေးဆိုင်ရာ အကူအညီပေးသည့် အဖွဲ့တဖွဲ့က ရန်ပုံငွေရရေး လှုံ့ဆော်ပြီး လအနည်းငယ်အကြာတွင် ကုသမှု ခံယူနိုင်ခဲ့သည်။



ကုသမှုခံယူစဉ် အသုံးပြုရမည့် မျက်နှာဖုံးနှင့် မ၀င့်ဝါသော်

CyberKnife system စက် အပြင်ဘက် မြင်ကွင်း နှင့် ကုသမှု ခံယူစဉ် မြင်ကွင်း


ဘန်ကောက်မြို့ Ramathibodi ဆေးရုံတွင် နောက်ဆုံးပေါ် နည်းပညာအကူအညီဖြင့် ကုသခဲ့ကြောင်း၊ CyberKnife နည်းစနစ်ဖြင့် ကုသသည့် ထိုဆေးရုံမှ စက်သည် ထိုင်းနိုင်ငံရှိ တခြား ဆေးရုံများတွင် မတပ်ဆင်ရသေးကြောင်း၊ တကမ္ဘာလုံးတွင် အရေအတွက် ၁၅၀ သာ ရှိကြောင်း သိရသည်။

ဆေးကုရန် လိုအပ်သည့် ရန်ပုံငွေရရေးအတွက် ကျန်းမာရေး အဖွဲ့တခုက အလှူခံခဲ့ရာ ကူညီသူ အများအပြား ရှိခဲ့သည်ဟု ဆိုသည်။ ထိုအထဲတွင် သြစတြေးလျရှိ ကျောင်းတကျောင်းမှ ရန်ပုံငွေ ဘတ် သုံးသောင်း ကောက်ခံပေးခဲ့သူ Martha Zwartz အမည်ရှိ အမျိုးသမီးငယ်တဦး၊ ရန်ပုံငွေ ရရေးအတွက် ၁၀ ကီလိုမီတာ ပြေးပွဲ ပြုလုပ်ခဲ့သူ ဘန်ကောက်အခြေစိုက် စာနယ်ဇင်းသမား Jim Pollard တို့လည်း ပါဝင်သည်။

“ကျမ အခု သက်သာလာပြီ။ တကယ့်ကို ကြောက်ကြောက် လန့်လန့် လုပ်ခဲ့ရတဲ့ စွန့်စားခန်းကြီးပဲ။ ခုတော့ အေးအေးဆေးဆေး အိပ်လို့ ရပြီ၊ ခေါင်းကိုက်တာတွေ မရှိတော့ဘူး၊ စားပြီး အန်တာတွေ ဘာတွေလည်း မဖြစ်တော့ဘူး။ ဟိုတုန်းကတော့ ဇက်ကြောတွေ တက်လိုက်တာ၊ ခုတော့ ဘာမှ မဖြစ်တော့ဘူး။ အရမ်း ပျော်တာပဲ။ ကျမ မိသားစုကို ကူလို့ ရပြီ၊ ကျမ ပတ်ဝန်းကျင်ကို အကူအညီ ပေးလို့ ရပြီ” ဟု မ၀င့်ဝါသော်က ပြောကြောင်း ဘန်ကောက်ပို့စ်တွင် ရေးထားသည်။



ဝေဒနာများ ပျောက်ကင်းအပြီး ဖခင်နှင့် တွေ့ရသည့် မြန်မာအမျိုးသမီးငယ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)