>Burmese sexworkers dare not carry condom

December 28, 2010

>

ကွန်ဒုံး ဆောင်လျှင် ဖမ်းသဖြင့် ပြည့်တန်ဆာ တချို့ ဒုက္ခရောက်နေ
ခင်နှင်းလွင်၊ ရန်ကုန်
ဒီဇင်ဘာ ၂၇၊ ၂၀၁၀


ပြည့်တန်ဆာမှုတွင် ကွန်ဒုံးကို သက်သေခံပစ္စည်းအဖြစ် သတ်မှတ်ခြင်း မပြုရန် လွန်ခဲ့သည့် ၁၀ နှစ် ကတည်းက ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း ရဲတပ်ဖွဲ့ဝင် အများအပြားက လိုက်နာခြင်း မရှိဟု သိရသည်။

“ခုခံအားကျဆင်းရေး ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှာ ကွန်ဒုံးကို ပြည့်တန်ဆာများ ဖမ်းရာတွင် အသုံးမပြုရ ဆိုပြီး အမိန့်ထုတ်ထားပေမယ့် ရဲတွေကမလိုက်နာလို့ သူတို့ဋ္ဌာနတွင်း အရေးယူခဲ့တဲ့ အဖြစ်တွေ ရှိပေမယ့်လည်း အခုအချိန်ထိ ရဲတွေက ကွန်ဒုံးကို အမှုအရေးယူရမှာ သုံးနေဆဲပဲ။ နောက် ၂၀၀၁မှာ တစ်ကြိမ်၊ ၂၀၀၃ မှာ တကြိမ် စာ ထပ်ထုတ် ပေမဲ့ အခုထိ ရဲက ပြည့်တန်ဆာတွေ့ရင် ကွန်ဒုံးကြောင့် ဖမ်းပါတယ် ပြောတယ်။ ရုံးတင်တော့ ရုံးစာမှာ ကွန်ဒုံးတွေ့ရှိတာ မပါဘူး။ ဒါနဲ့ပဲ ပြည့်တန်ဆာ မိန်းကလေးတွေ ကွန်ဒုံး မဆောင်ရဲကြတော့ဘူး” ဟု ကျန်းမာရေးဌာနမှ ဆရာဝန် တစ်ဦးက ပြောပြခဲ့သည်။

ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေကို ၁၉၄၈ လွတ်လပ်ရေး ရအပြီးတွင် ထုတ်ပြန်ခဲ့သည်။ ကွန်ဒုံး အသုံးပြုပါက ဖမ်းဆီးနိုင်ကြောင်း မည်သည့်ဥပဒေ တွင်မှ ညွှန်ကြား မထားပေ။

`ကျမကို ရဲက ကွန်ဒုံးတွေ့လို့ ဖမ်းတယ်ဆိုရင် အဲဒီဖမ်းတဲ့ သက်သေခံမှာ ကွန်ဒုံးကို တင်ပါလို့ ကျမက ပြောတယ်။ အဲဒီလို သိနေတဲ့ လူမျိုးကျတော့ သူတို့တွေ ဖြုံတယ်လေ။ ကျမ ရောဂါပြနေကြ ဆရာတစ်ယောက်က ဆိုရင် ဒီလို ကွန်ဒုံးနဲ့ အကြောင်းပြပြီး ရဲက ဖမ်းရင် သူ လိုက်ရှင်းပေးမယ် ဆိုတဲ့အကြောင်း ဒီအလုပ် လုပ်စားတဲ့ ကလေးမတွေကို ကျမ ပြောပြတယ်´ ဟု ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်ခဲ့သူ တစ်ဦးက ဆိုသည်။

ကွန်ဒုံးကို အသုံးပြု မဖမ်းဆီးရန် ထုတ်ပြန်ထားသော စာကို အများ ပြည်သူ သိရန် ကြော်ငြာရန် လိုအပ်ကြောင်း၊ ပြည်တန်ဆာများ ကွန်ဒုံး ကျယ်ကျယ်ပြန့်ပြန့် သုံးလာခြင်းကြောင့် ခုခံကျ ရောဂါ ကူးစက်နှုန်းကို တားဆီးပေးနိုင်ကြောင်း အဆိုပါရောဂါကို လေ့လာသည့် ဆရာဝန်တစ်ဦးက ပြောသည်။

`ဒီလို ပြည့်တန်ဆာ အလုပ်တွေ ဆိုတာက ပျောက်သွားအောင် တားဆီးလို့ရတာ မဟုတ်ဘူးလေ။ လူတွေရှိသရွေ့ သွေးသားခန္ဒာကိုယ် ရှိသရွေ့ ဒီလုပ်ငန်းတွေ ရှိနေမှာပဲ။ ဒါကို တိုင်းပြည် အတွက် အရှက် ရစေတယ်၊ နစ်နာစေတယ် ဆိုပြီး ဆေးမြီးတိုနဲ့ ကြိတ်ကုနေလို့ကတော့ ဒီ ရောဂါမျိုးက အမြဲ ခေါင်းထောင်နေမှာပဲ” ဟု အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး အန်ဂျီအိုတစ်ခုမှ လုပ်သက်ရင့် ၀န်ထမ်းတစ်ဦးက ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်