>Ni Lwin Thwe (Dathanika) – Peace New Year of 2011

January 9, 2011

>

ငြိမ်းချမ်းရေးနှစ်သစ် နှစ်ထောင့်ဆယ့်တစ်
နီလွင်သွေး (ဒဿနိက)
ဇန်နဝါရီ ၉၊ ၂၀၁၁

နှစ်ထောင့်ဆယ့်တစ်
ပြည်သူ့ခေတ်ဦး
နွေဦးဆီ အရောက်သွားမှ
ငြိမ်းချမ်းရေးရလိမ့်မယ်။

လေးနဲ့မြားတွေကို
ပြတိုက်မှာထားလိုက်ကြဖို့။

နှစ်ငါးဆယ်ပြည်တွင်းစစ်နဲ့
စစ်ကျွန်အဖြစ်
နွံနစ်ခဲ့သမျှ ဘဝတွေကို
မှော်ကွန်းကမ္ပည်းထိုးခဲ့ကြ။

နှစ်ထောင့်ဆယ့်တစ်မှာ
ငြိမ်ချမ်းရေးတံခါးကို ဖွင့်လှစ်ဖို့
အသင့်အနေအထားနဲ့
ပင်လုံကိုသွားစို့ရဲ့။

ယိုယွင်းပျက်စီးနေတဲ့ အဆောက်အဦကို
တိုင်းရင်းသားစုံညီတဲ့ ပင်လုံနဲ့ဖြိုချမှရမယ်။

မိတကွဲဖတကွဲ အသိုက်အမြုံပျက်ဘဝတွေကို
မိသားစုလက်စုံကြဖို့။

စစ်ထွက်သူများကို
စစ်တန်းလျှားကိုပြန်ဖို့။

ကျန်းမာရေးချို့တဲ့နေသူတွေကို
ဆေးဝါးအပြည့်အစုံနဲ့ ဖေးမကူညီနိုင်ဖို့။

ငတ်မွတ်ခေါင်းပါးနေသူတွေကို
အစာရေစာ လုံလောက်အောင်ရရှိဖို့။

သဘာဝဘေးအန္တရာယ်ကို
စိမ်းလန်းရေးနဲ့ ပြုပြင်ဖို့။

တန်းတူရေးမရှိတဲ့ တိုင်းရင်းသားပြည်သူတွေကို
တန်းတူရေးပေးဖို့။

စစ်တန်းလျှားမှ
ထွက်ခဲ့ကြ။

စာသင်ခန်းမှ
ထွက်ခဲ့ကြ။

အလုပ်ရုံတွေဆီမှ
ထွက်ခဲ့ကြ။

ရိုးပြတ်တောမှ
ထွက်ခဲ့ကြ။

ပြည်သူ့ခေတ်ဦး
ပန်းတွေဖူးမယ့်ရာသီ
နွေဦးဆီအရောက်လှမ်းခဲ့။

ငြိမ်းချမ်းရေးအသံ
ခွပ်ဒေါင်းတမန်
ခွပ်ဒေါင်းအလံနဲ့
ပျံသန်းချီလှည့်။

ငြိမ်ချမ်းနှစ်သစ်
နှစ်ထောင့်ဆယ့်တစ် ဖြစ်လိမ့်မယ်။ ။

ဇန်နဝါရီ ၆၊ ၂၀၁၁ (ကြာသပတေးနေ့)
နေ့လည် ၁ နာရီ၊ ၁၅ မိနစ်

(ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ အနယ်နယ်အရပ်ရပ်မှ ဒီမိုကရေစီတိုက်ပွဲဝင် ရဟန်းရှင်လူ ကျောင်းသားပြည်သူများသို့ ဦးညွှတ်လျှက်)

သရုပ်ဖော် – အောင်ထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်