>Burmese Regime’s Luttaw Law Book sold out on the 1st day

>

လွှတ်တော် ဥပဒေ စာအုပ်များ ပထမနေ့မှာပင် ရောင်းမလောက်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၁၁၊ ၂၀၁၁
          နအဖ စစ်အစိုးရက ယမန်နေ့နေ့ခင်းက ကြေညာခဲ့သည့် လွှတ်တော်ခေါ်ယူခြင်းနှင့် ပတ်သက်သည့် နည်းဥပဒေများ ပါရှိသည့် စာအုပ် ၁၇ မျိုးကို ယနေ့စတင်ရောင်းချသော်လည်း နေ့လည်မတိုင်မီပင် ရောင်းကုန်သွားခဲ့သည်ဟု သိရှိရသည်။
          နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲကျင်းပပြီးနောက် ပထမဆုံးအကြိမ်လွှတ်တော်ကို လာမည့် ဇန်န၀ါရီ ၃၁ ရက်နေ့တွင်ခေါ်ယူမည်ဟု ယမန်နေ့က နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်မှတ်ရေးထိုး  ထုတ်ပြန်ခဲ့ပြီး ဥပဒေ နည်းဥပဒေ ၁၇ မျိုးကိုပါ စာအုပ်ထုတ်ဝေဖြန့်ချိမည်ဟု ကြေညာခဲ့သည်။
          ယနေ့ထုတ် သတင်းစာများတွင် ကြေညာချက် အကျဉ်းချုပ်ကိုသာ ဖေါ်ပြထားပြီး ဥပဒေ နည်းဥပဒေများကို စာပေဗိမာန်နှင့် ပြန်ကြားရေး ၀န်ကြီးဋ္ဌာန လက်အောက်ရှိ စာအုပ်ဆိုင်၊ ပြန်ဆက်ရုံးများတွင် ၀ယ်ယူနိုင်သည်ဟု ကြေညာခဲ့သည်။ စာအုပ် ၁၇ အုပ်ကို မြန်မာကျပ်ငွေ ၃ ထောင် ဖြင့် ရောင်းချသည်ဟု သိရသည်။
          သို့သော် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်သို့ သွားရောက် ၀ယ်ယူသူ တဦးကပြောရာတွင်
“လွှတ်တော်နည်းဥပဒေဆိုတော့ ဘာတွေပါမလဲလို့ စိတ်ဝင်စားတာနဲ့ သွားဝယ်တာ၊ ရောင်းကုန်သွားပြီတဲ့။ ဒီနေ့ပဲ ထွက်တာ ဒီနေ့ကုန်သွားတယ်ဆိုတော့ ဘာအဓိပ္ပါယ်လဲတော့ မသိဘူး” ဟုပြောသည်။
          ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ စာအုပ်ဆိုင်တွင်သွားရောက် ၀ယ်ယူရာတွင်လည်း ကုန်သွားပြီဖြစ်ပြီး နောက်နေ့မှ လာရန်ပြောသည်ဟု ဆိုသည်။ မည်သည့်အကြောင်းကြောင့်  စာအုပ်အလုံအလောက် မရောင်းချနိုင်သည်ကို စာအုပ်အရောင်းဆိုင် ၀န်ထမ်းများ အနေဖြင့် ပြောဆိုခြင်း မရှိဟုလည်း သွားရောက်ဝယ်ယူခဲ့သူက ပြောသည်။
          စစ်အစိုးရက ဦးစီးကျင်းပခဲ့သည့် နိုဝင်ဘာ ၇  ရွေးကောက်ပွဲတွင် လက်ရှိအာဏာရယူထားသည့် စစ်အစိုးရ၏ ပါတီဟု အများကနားလည်ထားကြသည့် ကြံ့ဖွံ့ပါတီ အနိုင်ရအောင် နည်းမျိုးစုံဖြင့်လုပ်ဆောင်ခဲ့ပြီးနောက် ကြံ့ဖွံ့ပါတီက ၇၆ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ပြီး ရက်၉၀ မပြည့်မီ ၁ ပတ်ခန့်အလိုတွင် လွှတ်တော်ကျင်းပရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
          ရန်ကုန်မြို့မှ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူတဦးက ပြောရာတွင်
“လွှတ်တော် ဥပဒေ၊ နည်းဥပဒေဆိုတာ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ဒါမှမဟုတ် ရွေးကောက်ပွဲ ပြီးတာနဲ့ကြေညာထားသင့်တာ၊ အခုလွှတ်တော်ခေါ်ဖို့ ၃ ပတ်အလိုမှ ကြေညာတာ မရိုးသားဘူးလို့ ကျွန်တော်တော့ နားလည်တာပဲ”
 ဟုဝေဘန်ပြောဆိုသည်။
          သတင်းစာဆရာတဦးက ကောက်ချက်ပေးရာတွင်
          “ဒီစာအုပ်တွေဟာ အစောကတည်းက ကြိုတင်ပြီး ရိုက်ထားပြီးသား ဖြစ်ပုံရတယ်။ အခုအချိန်ကိုက်ပြီးတော့ ထုတ်ရောင်းလိုက်တာနဲ့ တူတယ်။ သတင်းစာတွေထဲကနေ အချပ်ပိုတွေ ဘာတွေအဖြစ် နေ့စဉ် ထုတ်ပြန်တာမျိုးတွေ မလုပ်တော့ဘူး ဆိုတဲ့ သဘောပေါ့”
          ဟု ပြောကြားသွားသည်။

အခြားဖတ်ချင်စရာ မိုးမခမီဒီယာ ...

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

Sponsored Ads

မိုးမခမှာ ကြော်ငြာပါ

Call home from MoeMaKa

ရန်လိုကျွဲရဲ့ အညွန်းစာများ



မြို့မငြိမ်း၏ နောက်ဆုံးတေး တိမ်လွှာမို့မိုလွင်
ရန်ဝင်း (တောင်တံခါး) 



ဘက်စုံ ထူးချွန်သော ကာတွန်းဆရာကြီး ဦးဘဂျမ်း
သန်းဝင်းလှိုင်



လျှပ်စစ်နှင့် လောင်စာရင်းနှီးမြှုပ်နှံမှု၊ တရုတ်ပြည် နမူနာယူနေသော မြန်မာ
ဇော်အောင် (မုံရွာ)



နေရောင်ခြည်နှင့် လေရဟတ် လုပ်ငန်းရှင်ကြီးများ
ဇော်အောင်(မုံရွာ) 





ဗမာပြည်အတွက် ဆဋ္ဌမမြောက် ဒုလ္လဘတရား
 ငြိမ်းချမ်းအေး



ကိုကိုကြီးနဲ့ မေးခွန်းတိုထွာ 



ဗမာ့ရွာမှာ ဘာတွေ ဘာတွေပေါ … 
ဟံသာဝတီ ဦးဝင်းတင် 

ဦးသိန်းစိန်ရဲ့ သွားရာလမ်း … တကြောင်းတည်းသော လမ်းတဲ့လား …
ဟံသာဝတီ ဦးဝင်းတင် 



ပေါက်လွှတ်ပဲစားတို့ရဲ့ မြစ်ဖျား
မောင်လူရေး 


လှည်းတန်း မြေပြဿနာ 



အလှနေရာ ပြောင်းကြမယ်
အရှင်ဥာဏိက 



မေလ ၁၇ က ထပ်မံလွတ်မြောက်ခဲ့ပုံ
နေမျိုးဇင် 



လွဲတတ်သော ကျွန်တော်နှင့် သူငယ်ချင်းများ
မောင်လူပေ 



ကော်နာထဲမှာ ဘဘတွန့်ကို ထားရစ်ခဲ့
ဂျော်ဒီး 



ဖွတ်ကလေး၊ နေပူတော်မှ အပ်ပုန်းများနှင့် အီကြောက်အော်၏ တရား
အီကြာအော် 

Twitter: moemaka