>Saung Yun La – Forgetfulness

January 15, 2011

>

မေ့ကွက်ကို (ရှာ) ကြည့်မိတော့
ဆောင်းယွန်းလ
ဇန်န၀ါရီ ၁၅၊ ၂၀၁၁
ကော်ဖီတွေကလည်း
အေးစက်ပေါ့သက်နေတော့တာပဲ…

အခြေအနေအရ
ဦးနှောက်ထဲ ရေပြတ်နေလို့
အခန်းနှစ်ခန်းထဲက
နံရံတွေပေါ်မှာ ကပ်ငြိနေတဲ့ ဇယားတွေကို
တကွက်ချင်းစီ ဆွဲခွာရွှေ့  ကြည့်နေမိတယ်….

ဘယ်လို ဇယားအငွေ့အသက်တွေက
လွင့်စင်ရွေ့  ထွက်သွားခဲ့ကြပြီး
ဘယ်လို ဇယားအပိုင်းအစတွေက

ကပ်ကျန်နေခဲ့ကြသလဲတော့ မသိဘူး..
မနက်ဖြန် (ဒါမှမဟုတ်) တရံတခါကျရင်တော့
အဲဒီအခန်းတွေထဲကို ပြန်ဝင်ကြည့်ဖြစ်မိဦးမှာပေါ့…

ဘုရားပန်းတွေကလည်း
တအားနွမ်းနေတော့တာပဲ…

အခြေအနေအရ

အခန်းနှစ်ခန်းကို လေးကန့်ခွဲထားရတော့
စကားလက်ဆောင်တွေအတွက်လည်း
ကျေးဇူးတင်စကား ဖုန်းတွေပြန်မဆက်အားသေးဘူး….

ဒီလိုပါပဲ
အေးစက်ပေါ့ပျက်နေတဲ့ ကော်ဖီတခွက်လို
တအားနွမ်းနေတဲ့ ဘုရားပန်းတွေလို…

မေမေရေ

နာရီတွေပေါ်က ပန်းချီကားကို
ဘယ်လိုနေရောင်က အရည်ဖျော်မြိုချသွားခဲ့တာလဲ…

အဲသလို အမေးဝါကျထဲမှာပဲ
ဘဝကိုနေပျော်အောင် စီရင်ချက်ချခဲ့တော့
တသက်စာ ကြိုးမိန့်ကျခဲ့သူဟာ
ကျနော်ပါ မေမေ…..
အခန်းနှစ်ခန်းထဲမှာ ဇယားကွက်တွေအပြည့်

ဘုရားပန်းတွေကပ်ဖို့ကိုတော့
ရက်ရွှေ့  နေခဲ့ရတုန်းပါပဲ … … … ။       ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments