>treasure of my life, poems from my heart -11

February 6, 2011

>

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁၁)
တင်မိုး
ဖေဖော်ဝါရီ ၅၊ ၂၀၁၁

(၁)
ငါတို့နိုင်ငံက တံခါးပိတ်ထားတဲ့နိုင်ငံ။ လွတ်လပ်မှုကိုကြောက်ပြီး တယောက်ထီးတည်း တနိုင်ငံထီးတည်း နေချင်တဲ့နိုင်ငံ၊ လွတ်လပ်စွာကုန်သွယ်ရမှာ ကြောက်တယ်။ ပညာတွေ၊ အတွေးအခေါ်တွေ၊ လွတ်လပ်စွာစီးဝင်လာမှာကို ကြောက်တယ်။
အသင်းတွေ၊ အပင်းတွေ၊ အပြိုင်းအရိုင်းပေါ်လာမှာကို ကြောက်တယ်။ လွတ်လပ်မှုကို မင်းမဲ့စရိုက်လို့ထင်နေတယ်။

ပြည်သူတွေဟာသိုးအုပ်တွေလို နေစေချင်တယ်။ စစ်တပ်လို အမိန့်ပေးတာနာခံပြီး ပြန်မပြောမှကြိုက်တယ်။ ဒီလိုနည်းနဲ့ လွတ်လပ်တဲ့ကမ္ဘာမြေမှာ ငါတို့တတွေ သိုးအုပ်၊ ဆိတ်အုပ် ဖြစ်ခဲ့ရတယ်။ ပညာတံခါးတွေ ပိတ်ခဲ့ရတယ်။ စီးပွားတံခါးတွေလဲ ဟဟမဖွင့်ရဲ။ တံခါးပေါက်က ကြောက်ကြောက်နဲ့ ချောင်းကြည့်ပြီး ရင်တမမဖြစ်နေရတယ်။ အကြောက်တရား လွှမ်းမိုးတဲ့နိုင်ငံ။

(၂)
တံခါးဖွင့်လိုက်ပါ
ကျယ်ဝန်းတဲ့ ကောင်းကင်ယံဆိုတော့
ငှက်တွေ ပျံလို့ရတာပေါ့။
ကျယ်ဝန်းတဲ့ပင်လယ်ဆိုတော့
ချောင်းငယ်၊ မြောင်းငယ်တွေ
စီးဝင်နိုင်တာပေါ့။
စိတ်တံခါးဖွင့်ထားရင်တော့
အတွေးအား၊ အလင်းအားတွေ
ဝင်လာနိုင်တာပေါ့။

တခန်းတံခါးပိတ်၊ မီးမှိတ်ထားသမျှ
လေကောင်းလေသန့်နဲ့
သင်းပျံ့တဲ့ ရနံ့တွေမရ။
အလင်းရောင်ကလဲ မ၀င်
မမြင်မျက်ကန်းနဲ့
လမ်းပျောက်ကုန်မှာပေါ့။

အထက်ပါကဗျာကလေး ချရေးမိတယ်။ တို့နိုင်ငံ လွတ်လပ်နှောင်ကြိုးတွေ ပြတ်မှဖြစ်မယ်။ နှောက်ကြိုး မပြေသမျှ ဘယ်မှာလွတ်လပ်စွာ လှုပ်ရှားနိုင်မှာလဲ။ လူဆိုတာ လွတ်လပ်မှုကိုချစ်တယ်။ အတင်းအဓမ္မ ကွပ်ညှပ်ခံနေရရင် အသက်ရှုကျပ်တယ်၊ အမောဆို့တယ်။ လွတ်လပ်မှုကိုတောင်းဆိုတဲ့ လူမှန်သမျှ ထောင်သွင်းအကျဉ်းချခံရတယ်။ လူတွေသိပ်ဒုက္ခရောက်ရတယ်။ အမိန့်ပေးသူ လူတန်းစားကတော့ သိပ်ကြိုက်၊ သိပ်မိုက်၊ သိပ်ခိုက်ပေါ့။ သူတို့လုပ်ချင်တိုင်းလုပ်ခွင့်ရတယ်။ သူတို့နှိုက်စားချင်တိုင်း နှိုက်စားလို့ရတယ်။ သူတို့အခွင့်အရေးတွေ လက်ကုန်နှိုက် ယူချင်တိုင်းရတယ်။ ဇိမ်ပဲပေါ့။
အမိန့်ပေးတဲ့ လက်တဆုပ်စာလူတန်းစားအဖို့တော့ လွတ်လပ်မှုလို့ အသံကြားရင် တီကောင်ဆားနဲ့တို့သလို ဖြစ်သွားမှာအမှန်ပဲ။ ကျွန်တော်တို့ပြည်သူအများစုကတော့ တောင်းဆိုရမှာပဲ။ “တံခါးဖွင့်လိုက်ပါ”။

(၃)
ကျွန်တော်ရောက်လေရာရာမှာ တက္ကသိုလ်ကြီးတွေ လျှောက်ကြည့်တယ်။ ငေးတယ်၊ အားကျတယ်။ လူငယ်ကလေးတွေ လွတ်လွတ်လပ်လပ် ပညာရှာနေကြတာ၊ စာကြည့်တိုက်တွေမှာ စာဖတ်နေကြတာ သွားရည်ယိုတယ်။ ကွန်ပျူတာကိုယ်စီနဲ့ ဆော့နေကြတာ၊ တီးဝိုင်းတွေ ကပွဲတွေနဲ့ မွေ့လျော်အပန်းဖြေ နေကြတာ၊ ပန်းခြံကြီးတွေ၊ ကဖီးဆိုင်တွေမှာဆွေးနွေးကြ၊ တိုင်ပင်ကြတာမြင်ရတာ အားကျတယ်။ စာသင်ခန်းတွေမှာ စာတမ်းတွေဖတ်ကြ၊ ငြင်းခုန်နေကြတာကို ကြည်နူးတယ်။ ဘော့စတွန်၊ ဟားဗဒ် တက္ကသိုလ်၊ MIT တက္ကသိုလ်မှာ၊ လန်ဒန်၊ အာရှ၊ အာဖရိကတက္ကသိုလ်၊ အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ၊ ဆစ်ဒနီတက္ကသိုလ်၊ ကင်ဘာရာနေရှင်နယ်တက္ကသိုလ်မှာ၊ တိုကျို၊ အိုဆာကာ၊ ကျိုတိုတက္ကသိုလ်မှာ … မှာ

ကိုယ့်နိုင်ငံတက္ကသိုလ်တွေရဲ့ ကျောင်းတံခါးတွေပိတ်နေတယ်။ ဂိတ်တွေမှာ စစ်တပ်ကစောင့်နေတယ်။ တက္ကသိုလ်တွေဟာ သင်္ချိုင်းရောက်လိုရောက်၊ ယာခင်းပြင်၊ လယ်ခင်းပြင်ထဲ ရောက်လိုရောက်နဲ့ လမ်းပျောက်နေတယ်။ ကျောင်းသားလူငယ်ကလေးတွေဟာ ခွပ်ဒေါင်းအလံကလေးပိုက်ပြီး အသက် ပျောက်သူပျောက်၊ ထောင်ထဲရောက်သူ ရောက်နေရတယ်။ ကျောင်းဆရာ၊ ကဗျာဆရာဖြစ်တဲ့ ကျွန်တော့ရင်ထဲမှာ ကလေးတွေအပေါ်မှာ ကရုဏာမပွားဘဲ နေနိုင်ပါတော့မလား။ သူတပါးနိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်တာ မုဒိတာပွားမိသလောက် ကိုယ့်နိုင်ငံသားတွေရဲ့ဘ၀မှာတော့ ကရုဏာရသ
လှိုင်းလိုထ။

ဒီတော့ “ရွှေဇီးကွက် အင်္ဂလန်” လို ကဗျာမျိုး ကလောင်ဖျားက စီးကျလာမိတော့တာပေါ့။

(၄)
ရွှေဇီးကွက် အင်္ဂလန်
ကျွန်းပင်ငယ်သော်လဲ
အ၀န်းကျယ်တဲ့ အင်္ဂလန်။
ကမ္ဘာအရပ်ရပ်က
ရတတ်သမျှ ပညာယူ
သူတို့လူ သူတို့အမျိုး
တန်ခိုးကြီးအောင် ပညာပေး
သူတို့အတွေး သူတို့အခေါ်
ကမ္ဘာမှာ ကျော်ပါပေ့
မော်ကြည့်ရတဲ့ အင်္ဂလန်။
နိုင်ငံတကာ သူနယ်ချဲ့
နေမ၀င်တဲ့ ဒီနိုင်ငံ
ပြိုင်စံရှားပါတဲ့ အင်္ဂလန်။
စက်မှု သိပ္ပံ ၀ိဇ္ဇာ မှန်သမျှ
မကျန်ရအောင် သူဆည်းပူး
ဆည်းပူးသမျှ သူဖြန့်ဖြူး
အညွန့်ခူးလို့ တံခွန်ထူ
လူသားဆန်တဲ့ အင်္ဂလန်။
ဒီလို ကျွန်းနိုင်ငံ ဂျင်ဂလယ်က
အမြင်ကျယ်ကျယ်နဲ့ ကမ္ဘာလျှမ်းတာ
ဘာဆန်းသလဲ။
တွေးကြည့် … တွေးကြည့် …
အရေးရှိရင် သတိနဲ့ပြည့်စုံ
ပညာဂုဏ်ကိုလဲ အလေးမြတ်ထား
ကြိုးစားလုံ့လ ဥဿဟလဲကောင်း
ဦးခေါင်း၊ ခြေလက် မကျန်ရ
သီလ သမာဓိ ဆောက်တည်တော့
သူတို့ပြည်ထွန်းကား
ကြီးပွားတာဘာဆန်းသလဲ။
မျက်ကန်းတွေမကြီးစိုး
အရိုးကိုအရွက်မဖုံး
မျက်လုံးကျယ်တဲ့ ရွှေဇီးကွက်
လက်မထောင်တဲ့ အင်္ဂလန်။
ဤအင်္ဂလန် အနှီအင်္ဂလန်ဟာ
စံနမူနာ ယူဖို့ကောင်းတဲ့
တက္ကသိုလ်ကျောင်း အင်္ဂလန်ပေပ။

ဒီလိုအင်္ဂလန်အဖွဲ့ကို ချီးကျူးရေးမိလို့ နယ်ချဲ့ဘုန်းတော်ဘွဲ့ ရေးရကောင်းလားလို့ တလွဲ ချော်မတွေးလိုက်ပါနဲ့။ ပညာမျက်စိကျယ်တဲ့ အင်္ဂလန်ကို ချီးကျူးတာပါ။ ကိုယ့်နိုင်ငံသားတွေ ကျဉ်းမြောင်းတဲ့စိတ်နဲ့ ချောင်ပိတ်နေတာကို သတိရစေချင်လို့ပါ။ ပညာတံခါးတွေပွင့်ပြီး နိုင်ငံ့ဂုဏ်ကျက်သရေ မြှင့်တင်နိုင်ကြ ပါစေ။ ။

တင်မိုး

မူရင်း – ခေတ်ပြိုင်ဂျာနယ် အတွဲ (၉၉)၊ သြဂုတ် ၂၀၀၁



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်