>Aung Way – Hangman Poem

>

 ကြိုးစင်ပေါ်က နှလုံးသားများ
အောင်ဝေး
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၁
တယောကို
ဘီလူးထိုးတယ်။
ဘိုးတံက
ညှီလို့ ။
ပွတ်ဆွဲလိုက်တိုင်း
ကြိုးတချောင်းတည်း။
သူ့ ဘက်က
ဂီတမဟုတ်တဲ့
ဂီတအတု။
ရပ်နေတဲ့
ရေတံခွန်။
ကိုယ့်ဘက်က
နာကျည်း
ခံပြင်းမှု။
ဆူညံတဲ့တေး
စီးနေ။
ဘယ်တော့မှ
ဦးမညွှတ်ဘူး။
ဘယ်တော့မှ
ဦးမညွှတ်ဘူး။
ဘယ်တော့မှ
ဦးမညွှတ်ဘူး။
တယောကြိုးအပြတ်က
လည်ပင်းကို
လာရစ်တယ်။
“အချစ်ရေ
ဆက်ပြီးတိုက်ပွဲဝင်ပါ“
တယောကို
ဘီလူးချိုးလိုက်ပေါ့ ။       
အောင်ဝေး
ဖေဖော်ဝါရီ ၂၅၊၂၀၁၁
[ တပ်မတော်ခေါင်းဆောင် ဗိုလ်ကြီးအုန်းကျော်မြင့် နဲ့  ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး တို့ ကို သတိရပြီး၊ဒီကဗျာရေးဖြစ်သွားတာပါ။ ပြောချင်တာက ဘယ်လိုပင် ကြိုးပေးသတ်သတ်၊တော်လှန်ရေးကတော့ လူလည်းသေမသွား၊ စိတ်ဓာတ်လည်း သေမသွားဆိုတဲ့ အချက်ပါ။ ဒီနေ့ ခေတ်မျိုးဆက်သစ်လူငယ်တွေ၊ မဆလအစိုးရ လက်ထက် (၁၉၇၆)က၊ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ဒီသူရဲကောင်းနှစ်ယောက်ကို မေ့မထားကြစေချင်ပါ ]

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

MOney Transfer to Burma with Western Union

Sponsored Ads

544333_Huge Savings on All Android Tablets & Accessories!

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Subscribing to Moemakadaily
Your email address:

Your name (optional):

You may enter a privacy password below.
Create your PASSWORD here

Reenter password to confirm:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 531 other subscribers

မိုးမခမာတိကာစဉ်

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Twitter: moemaka