>Translated by May Ka on "Twilight over Burma by Inge Sargent " #4

March 26, 2011

>

မြူတိမ်ဝေဝေ …  တောင်ခိုးဝေးဝေး – ၎
မေခ
မတ် ၂၆၊ ၂၀၁၁
မိုးမခ၏ အထူးကဏ္ဍ၊ ဘာသာပြန် အခန်းဆက် တင်ဆက်မှု
(Twilight over Burma by Inge Sargent ကို ဆီလျော်အောင် ဘာသာပြန်တာဖြစ်တယ်)
အခန်း ၃
             တိမ်ကင်းစင်သောဇန်န၀ါရီ နံနက်ခင်းတွင် စ၀်နှင့် သုစန္ဒာတို့သည်  ရန်ကုန်မှနေ၍ နောက်ဆုံးခရီးဖြစ်သော မန္တလေးအရှေ့မြောက်တွင်ရှိ သူတို့နမ့်ပန်းသို့ ထွက်ခွာခဲ့ကြလေသည်။ သူတို့ကို တင်ဆောင်လာသော ကားတန်းသည် မင်္ဂလာဒုံလေဆိပ်သို့ ဦးတည်သွားနေကြသည်။ ဒီစီ၃ ကုန်ပစ္စည်းနှင့် ခရီးသည်တင် လေယာဉ်ကလားရှိုးသို့ အရင်သွားရမည်။
မိန်းတိုင်းမြောက်ပိုင်းတွင် လားရှိုးသည် တခုတည်းသော လေဆိပ်ဖြစ်လေသည်။
‘ ဒီလေယာဉ်က အခုချိန်မှာတော့ စိတ်အချရဆုံးပဲ ‘
စ၀်က စိတ်လှုပ်ရှားနေသော သုစန္ဒာကို တည်ငြိမ်အောင် အားပေးလိုက်သည်။အင်ဂျင်နှစ်လုံးတပ်လေယာဉ်ကြီးသည် ကျယ်လောင်သော အသံကြီးမြည်ဟီး တုန်ခါပြီးမှ စတင်ထွက်ခွာသည်။
သူမ မျက်နှာ သွေးမရှိတော့။ တဆတ်ဆတ်လှုပ်ခါနေသော သူမ၏ လက်တွေက ထိုင်ခုံလက်တင်တန်းကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူမကြောက်ရွံ့တုန်လှုပ်နေသည်ကိုစ၀်က ကြည့်ပြီး သူပါ စိုးရိမ် မကင်းဖြစ်လာသည်။ သူမက မျက်လုံးကို ပိတ်ထားလိုက်သည်။ လေယာဉ်အတွင်း၌ လေဖိအားလျော့နည်းလာပြီး ဆူညံသံများကြောင့် စ၀်လည်း စကားမပြောနိုင်တော့ချေ။ လေယာဉ်သည် လေထဲတွင် တည်ငြိမ်သွားသော အခါမှ သူတို့ စိတ်ကိုလျော့ချလိုက်ပြီး လေယာဉ် ပြတင်းပေါက်မှ ငှက်မျက်လုံးတွေလို အောက်က မြန်မာပြည်၏ တောတောင်ရေမြေ အလှကို အသေအချာ ကြည့်ကြလေသည်။
စိမ်းစိုလှပ ကြီးမားကျယ်ပြန့်သော လယ်ကွင်းကြီးတွေ    တိုင်းယိုင်တောင်တန်းတွေဆီမှ စီးဆင်းလာသော ကောက် လိမ်နေသော မြစ်များ ၊ နှင့် တဖြည်းဖြည်း စိမ်းညှို့ နက်မှောင်နေသော မိန်းတိုင်းတောင်တန်းကြီးကို ဖြတ်ကနဲ တွေ့လိုက်ရလေသည်။သည်လောက်ဝေးကွာသော တောင်တန်းတွေမှာ လူတွေ နေနိုင်ပါ့မလား။ထူးဆန်း အံ့ဖို့ကောင်းလှသည်။
တခါမှာတော့ လေယာဉ်သည် မန္တလေးကိုကျော်ဖြတ်ခဲ့ပြီး ကြီးမားသော ဧရာဝတီမြစ်ကြီးပေါ် ပျံသန်းနေသည်။ စ၀်မှာ ဆောက်တည်ရာ မရဖြစ်လာသည်။ ပြတင်းပေါက်နား တိုးကပ်လာပြီး သူ့ပြည်နယ် အစကို ရှာကြည့်သည်။နောက်ဆုံးတော့ သူတို့ ဇာတိမြေသို့ ရောက်လေပြီ။ 

ဒီစီ၃ သည် ရုတ်တရက်ပင် ပေသောင်းကျော်မြင့်သော တောင်တန်းတွေပေါ် ကျော်တက်လိုက်သည်။ မေမြို့နားတ၀ိုက်ကတောင်တွေကိုမြင်လာရသည်။ မေမြို့ကို ဗြိသျှကိုလိုနီတွေက နွေရာသီ အပန်းဖြေ စခန်းအဖြစ် တည်ဆောက်ခဲ့ကြသည်။ စ၀်က ရထားလမ်းအစလေးကိုမြင်လိုက်ပြီး လက်ညှိုးထိုးပြသည်။ ရထားလမ်းလေးသည် မန္တလေးမှ နမ့်ပန်းသို့သွားသော လမ်းလေးဖြစ်ပြီး အရင်က စ၀် မကြာခဏ စီးခဲ့ ဖူးလေသည်။ ထို အမည်း စင်းရထားလမ်းကြောင်းလေးကို စ၀် မျက်ခြေမပြတ် လိုက်ကြည့်နေသည်။ ထိုလမ်းလေးတွင် မြန်မာပြည်နှင့် မိန်းတိုင်းကိုခွဲခြားထားသော ဂိတ်လေးရှိသည်။
  ကြည့်  ။အခု မောင်တို့ရဲ့ နမ့်ပန်း နယ်ကိုရောက်နေပြီ ‘
အသံတိုးတိုးဖြင့် သူပြောလိုက်သည်ကို  သံသယဖြင့် သူမကြားလိုက်ရသည်။  သူညွှန်ပြသော သူ့ဘိုးဘွားပိုင် နေရာကို ကြည့်လိုက်သည်။ သံစုံတီးဝိုင်းကြီးတခုတီးနေသလို သူစိတ်တွေ လှုပ်ခတ် မြူးတူး ပေါ့ပါးပျော်ရွှင်နေသည်။ သူတို့နေထိုင်ရမည့်နေရာ ရောက်တော့မည်ကို မျှော်တွေးကြည်နူးနေတော့သည်။ သူ့ ၀ါယာမျက်မှန်ကို ချွတ်လိုက်ပြီး မျက်ရည်စတွေကို သုတ်လိုက်သည်။ သွန်ကျလာသော မျက်ရည်တွေကို တားဆီးဖို့ သူ့ဟာသူ စိတ်ထိန်းနိုင်ဖို့လိုသည်။ စ၀်က သုစန္ဒာကို ခါးပတ် ပတ်ထားရင်းကပင် လှမ်းဖက်လိုက်သည်။ သူ့အတွက် သုစန္ဒာနှင့် အသားခြင်းထိထားဖို့လိုအပ်နေလေသည်။
သူသည်လေးနှစ်ကြာသောအခါ သူ့ရည်မှန်းချက်ကို အောင်မြင်ခဲ့ပြီဖြစ်သည်။    သူသည် မိုင်း အင်ဂျင်နီယာ အဖြစ် ကိုယ့်မွေးရပ်မြေသို့ ပြန်လာနိုင်ခဲ့ပြီဖြစ်သည်။
          သူ့ပြည်နယ်က လူတွေကို ကူညီရန်အတွက် မြေကြီးထဲမှာ မြုပ်ကွယ်နေသော သတ္တုများကိုတူးဖော်၍ အကျိုးရှိစွာ သုံးစွဲရပေတော့မည်။ သူသည် သူ့ဘိုးဘွား အမွေ အတိုင်း ခွန်မိန်း အရိုက်အရာကို ဆက်ခံပြီး ဆက်လက် အုပ်ချုပ်ရပေဦးမည်။    ထို့ထက်ပိုကဲ၍ သူသည် သူ့ကိုချစ်ဖို့ သူ့ကံကြမ္မာကို အထောက်အကူပြုပြီး ကူညီပေးမည့် သူ့စိတ်ကြိုက် ဇနီးလိမ္မာ ကို အိမ်ပါ ခေါ်ဆောင်လာခဲ့လေသည်။
မြန်မာပြည်နယ်စပ် နောင်ချိုမြို့လေးကို တဖြည်းဖြည်းရောက်လာသည်။ သူခုံနောက်ကို ပြန်မှီထိုင်လိုက်သည်။ သူနမ့်ပန်းမှ ထွက်လာတုန်းက သည်ရထားလမ်းသည် နမ့်ပန်းနှင့် ကုန်သွယ်ကူးလူးဆက်ဆံမှု ဘာမှ ပိုမို ထူးခြားလာခြင်းမရှိကြောင်း ပြောလေသည်။ သူ သူမထိုင်ခုံနား တိုးပြီး ပြတင်းပေါက်မှန်နား ကြည့်ဖို့ကပ်လိုက်သည်။ သူစိုးရိမ်သွားတာက စစ်တပ် အစု ဘန်ကာလေးတွေ အဆောက်အဦးလေးတွေကိုတွေ့လိုက်ရသောကြာင့်ဖြစ်လေသည်။ နမ့်ပန်းသည် တရုတ်နယ်စပ်နှင့် ဝေးကွာလှသော နေရာတွင် ရှိသည်။
           မြင့်မားသော မြောက်ဘက် တောင်ကုန်း အစွန်ကြီး၏ အပေါ်တွင် လွင်ပြင်ကျယ်ကြီးရှိနေသည်။ စ၀်က ထိုနေရာနားက  ရွာလေးကို ဖတ်ကနဲမြင်လိုက်သည်။ ထိုရွာလေးတွင် ဂျပန်ခေတ်က သူနှင့် သူအဖေ အကို မိသားစု များပုန်းအောင်းနေခဲ့ပြီး  ဂျပန်နှင့် လက်တွဲ၍ အလုပ်လုပ်ခဲ့ဖူးသော နေရာလေးဖြစ်လေသည်။   စ၀်သည် ဂဏာ မငြိမ်ဖြစ်လာသည်။ သူ့လက်တွေ လှုပ်လာသည်။ ထိုရက်တွေတုန်းက လေယာဉ်သံတွေ ကြောက်ရွံ့တုန်လှုပ်ခဲ့ရတာတွေ နှင့် နောက်ဆုံး အောင်မြင်မှုတွေကို ပြန်သတိရလာလေသည်။ ထိုနေရာမှာ နေခဲ့ရစဉ်က ဗေဒင်ဆရာတယောက်က သူသည် အလွန်ဝေးကွာသော နေရာသို့ ခရီးထွက်ခွာသွားရမည် ထိုတိုင်းပြည်က မိန်းမ သို့မဟုတ် အခြားတိုင်းပြည်က  မိန်းမတယောက်ကို သည်နေရပ်သို့ အပါခေါ်လာလိမ့်မည်ဟု ကြိုတင် ဟောထားခဲ့ဖူးလေသည်။
           စ၀်က ဗေဒင်နှင့်ကြိုတင်ဟောကိန်းတို့ကို နှစ်ပေါင်းများစွာကတည်းက ယုံကြည်ခဲ့ဖူးသည်ကို တွေးပြီး ပြုံးမိလေသည်။ သူသည်သူမကို ပျော်ရွှင်မှု အောင်မြင်မှု တို့ကိုသာမက ကြီးမားသော ဒုက္ခများ ဖြစ်လို့ အသက်ငယ်ငယ်မှာ အသက်ဘေးအန္တရာယ် ကြုံလာရင်တောင်မှ  သတို့သမီးသူမကို ထုတ်မပြောဖို့ ဆုံးဖြတ်ထားခဲ့လေသည်။
အံ့သြဖို့ကောင်းတာက သူအင်ဂျင်နီယာကျောင်းတက်နေစဉ်က ဤလို သိပ္ပံနည်းမကျသော တိုင်းယိုင်တွေ၏ အတွေးအမြင်ကို ထုတ်ဖော်မပြခဲ့ဖူးချေ။
 လေယာဉ်သည် လားရှိုးလေဆိပ်သို့ ငြင်သာစွာ ထိုးဆင်းခဲ့လေသည်။ ထို့နောက် သီးခြားဆောက်လုပ်ထားသော သစ်သား အဆောက်အဦးလေးဆီ ဦးတည်ချည်းကပ်သွားသည်။ စ၀်က သူမကို အကြီးအကျယ်လာကြိုနေကြလိမ့်မည်ဟု ပြောလိုက်၍ လာကြိုနေကြသော လူအုပ်ကြီးကို သူမမြင်လိုက်ရသောအခါ အောက်နှုတ်ခမ်းကို ဖိ ကိုက်နေတာကို သူမြင်လိုက်သည်။ အတွင်းရေးမှူးက လေယာဉ်ပေါ်က ခရီးသည်များကို အရင် ဆင်းစေ လိုက်လေသည်။ သို့မှသာ ခွန်မိန်းနှင့် သူ၏ မဟာဒေ၀ီအား ကြိုဆိုသော အဖွဲ့ ကို အနှောက်အယှက် မဖြစ်မှာဖြစ်လေသည်။ စ၀်က သူမကို ဒီစီ၃ တံခါးပေါက်ဆီ ခေါ်သွားသည်။
သူတို့ ကောဇောနီခင်းထားသော လှေခါးပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာခဲ့ကြလေသည်။ဂုဏ်ပြု ရဲတပ်ဖွဲ့က ချီတက်လာသည်။ နမ့်ပန်းရဲတပ်ဖွဲ့က လက်နက်များကိုင်ဆောင်ထားပြီး စ၀်နှင့် သူမကို အလေးပြုသည်။ သုစန္ဒာက သူ့ဘေးနားမှာ ရပ်နေသည်။ နောက်မှာ မဟုတ်ပေ။ အရပ်မြင့်မြင့် ဂုဏ်သိက္ခာရှိရှိ သူတို့နှစ်ယောက်ကို ရာပေါင်းများစွာသောမျက်လုံးအစုံတွေက စူးစိုက် ကြည့်နေကြလေသည်။ စ၀်က ပြည်နယ် ၀န်ကြီးများ ဂုဏ်သရေရှိလူကြီးများနှင့် အသက်အရွယ်ကြီးသော လူကြီးများကို သူ၏ သတို့သမီးနှင့် မိတ်ဆက်ပေးသည်။ နွေးထွေးသော သူမ၏ လက်ကိုလှုပ်ရမ်းလျက်က မိတ်ဆက်ပေးသော လူများ၏ အမည်ကို ထပ်ခါထပ်ခါမေးနေတာ သူ သတိထားလိုက်မိသည်။
သူမ ဣနြေ္ဒ မဆယ်ပဲ မေးမြန်းနေတာကို လူတွေ ၀ိုင်းကြည့်နေကြလေသည်။ သို့သော်သူမကိုကြိုဆိုကြသော သူများသည် အမှန်တကယ် ရင်းရင်းနှီးနှီး နှုတ်ဆက်နေကြမှန်း စ၀်က နားလည်ပါသည်။  လူအုပ်ထဲတွင် စိတ်ဆိုးနေသော မျက်နှာမျိုးကို မတွေ့ရပဲ လာကြိုဆိုကြသော လူကြီးများ၏ သမီးတခိျု့က တောင်မှ သုစန္ဒာ၏ နေရာမှာ ၀င်နေရာယူချင်ကြပေလိမ့်မည်ဟု စ၀်တွေးလေသည်။ သူသည် တခါက မိန်းတိုင်းတွင် အကျော်ကြားဆုံး အရည်အချင်းအပြည့်အ၀ဆုံးသော သတို့သားတယောက် ဖြစ်ခဲ့လေသည်။
အစီး ၅၀ သော ကားတန်းကြီးသည်  ရစ်ပတ်လှည့်လည်လျက် လားရှိုးလေဆိပ်မှ ထွက်ခွာလာခဲ့ပြီး နမ့်ပန်းသို့သွားသော မိန်းလမ်းမကြီး ဆီ ဦးတည် သွားလေသည်။ များစွာသော လုံခြုံရေး အစောင့်တပ် ဂျစ်ကားများ စွာက ဦးဆောင်သွားသည်။ စ၀်နှင့် သူမတို့ကတော့ စိတ်လျော့ချလိုက်ပြီး ကားနောက်ခုံ တွင်ထိုင်ရင်းလိုက်ပါသွားသည်။
‘ မောင်တို့နားဖို့ မိနစ် ၂၀ လောက်အချိန်ရသေးတယ် ‘
စ၀်က သူမကိုပြောသည်။
‘ ပြည်နယ်ထဲဖြတ်တာနဲ့ လမ်းတလျှောက် မှာ သောင်းချီတဲ့ လူတွေက ကြိုနေကြလိမ့်မယ် ။ သူတို့ကလမ်းတဘက် တချက်မှာ ရပ်စောင့်ကြိုနေကြမယ် ပြီးတော့ သူတို့က အချစ်ကို ဖြတ်ကနဲ မြင်လိုက် ချင်တာပေါ့ ‘ 
သူမ စ၀်နားကို တိုးကပ်လိုက်ပြီး သူမလက်ကို သူ့လက်ထဲ ထည့်လိုက်သည်။ သူ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူတို့ ကိုလိုရာဒို က ဒန်ဘား ကို ပျားရည်ဆမ်းခရီး ထွက်ခဲ့ ပုံကို ပြန်တွေးနေမိလေသည်။
သူ့မျက်နှာမှာ အပြစ်ကင်းတဲ့ အပြုံးကို မြင်ရတာ သူမအလွန် စိတ်ချမ်းသာပြီး သူအလွန် ခန့်ချောကြောင်း ပြောခဲ့ဖူးလေသည်။
သူမအပေါ် ဂရုစိုက်ခဲ့ဖူးသူဆို လို့ တတိုင်းပြည်လုံးတွင် စ၀်တယောက်သာ ရှိခဲ့သည်ဟု တကယ်ပဲတွေးသည်။ သူသည် သူမ၏ ကံကြမ္မာကို သူ့လက်ခုပ်ထဲမှာ ထည့်ထားလိုက်လေပြီ။ သူမသည် သူနှင့် ရန်ကုန်မှာနေခဲ့ရသော အပတ်များအတွင်းမှာပင် သူမသည်သူ့အပေါ် ခိုင်ခိုင်မာမာ မှီခိုပြီး ကမ္ဘာ၏ တဘက်ခြမ်းတွင် သူတို့နေရတော့မည်ကို သိလိုက်ရလေသည်။
သူတို့ကား စဥ့်အင်ရှိ စန္ဒကူးမြစ် ကူးတံတား ပေါ်ဖြတ်ကူးလိုက်သောအခါ နမ့်ပန်း ပြည်နယ်ကို ရောက်ပြီဆိုတာ ထင်ထင်ရှာရှား သိလိုက်ရလေသည်။
ရာပေါင်းများစွာသောရွာသားတွေသည် ဒုတိယ ကမ္ဘာစစ် တုန်းက ဗမာလမ်းမကြီး ဟုခေါ်သောလမ်းဘေးက အတားအဆီးတွေကို ဆေးရောင်စုံ ခြယ်သပြီး စင်ပြုလုပ်ထားသည်။ လုံချည် တောက်တောက် ၀တ်ထားသော တိုင်းယိုင်မလေးတွေက ယိမ်းကနေကြသည်။ အိုးစည် ဗုံမောင်း လင်းကွင်း တီးခတ်ပြီး အင်းကွက်များ ထိုးထားသော တိုင်းယိုင် ယောကျာ်းနှစ်ယောက် ဓါးသိုင်းကနေကြသည်။   မျက်နှာဖုံးတပ်ထားသော ကိန္နရာ ငှက် က လိမ်ကောက်ကွေး လှည့်ပတ် ပြီး ကလေသည်။စ၀်နှင့် သုစန္ဒာတို့ ကားရပ်ပြီးကားပေါ်မှ ဆင်းလာကြသောအခါ ကနေကြသောသူများ ရပ်သွားကြသည်။
စဥ့်အင် ရွာလူကြီး သည်အရပ်ရှည်ရှည် ကြင်နာပုံရှိသော မျက်နှာ ညိုညို ၊ အဖြူတ၀က် အညိုတ၀က်ရောနေသော နှုတ်ခမ်းမွှေး နှင့် ဖြစ်သည်။ သူက ချည်းကပ်လာ၍ တိုင်းယိုင်လိုပြောပြီး သူမကို  ကြီးမားသော လက်ဆောင် ပန်းစည်းကို ပေးသည်။ သူမသည် ပန်းစည်းထဲက အရောင်လက်နေသော ပန်းတပွင့်ကို ရွေးဖြုတ်ယူလိုက်ပြီး ခေါင်းက ဆံစပေါ် ကလစ်ဖြင့်ထိုးလိုက်သည်။ ထိုအခါ လူအုပ်ထဲက တိုင်းယိုင်မတွေနှင့် ဆင်တူသွားလေသည်။ ထို သူ့အလိုလို ပြုလုပ်လိုက်မိခြင်းသည် အေးစက်နေသော ရေခဲတတုံးကို ခွဲပစ်လိုက်သလိုရှိလေသည်။
သူမဘေးတွင်ဝိုင်းဝိုင်းလည်နေကြသော ကလေးတွေ မိန်းမတွေ သည် ဟားကနဲ ရယ်လိုက်ကြလေသည်။ နောင်ဗိန်နောင် ဆိုင်းသံဗုံသံ လင်းကွင်းသံများနှင့် အတူ ပျော်ပျော်ပါးပါး ကလိုက်ကြတော့သည်။ ရွာလူကြီးက တိုင်းယိုင်ထုံးစံအရ ရေအပြည့်ထည့်ထားသော ငွေဖလားကို ကမ်းပေးသည်။သုစန္ဒာသည် လာကြိုကြသော လူအများနှင့် သူတို့ ၏ဖျော်ဖြေမှုတွေက သူမကို အညှို့ခံရသလိုဖြစ်နေတော့၏။ သို့သော် စ၀်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီးပြောသည်မှာ နောက်ထပ် သည့်ထက်ပိုတာတွေလာဦးမယ် ဟုဆိုလေသတည်း။
              လမ်းပေါ်မှာ ကားက မိနစ်အနည်းငယ် မောင်းသွားပြီးသောအခါတွင် စ၀်ဘာကိုပြောတယ်ဆိုတာ သုစန္ဒာ သဘောပေါက်သွားလေသည်။ ကြိုဆိုရေးက တဖန်ပေါ်လာပြန်ချေသည်။ ကျွန်းတောထဲတွင် ပုန်းအောင်းနေကြသော နောက် ရွာတရွာက  ပိုမို နုထွားသော ကျောင်းသူ တိုင်းယိုင်ပျိုဖြူလေးများ နှင့် ပိုမို အသက်ကြီးသော တိုင်းယိုင်မမ ချောများ လမ်းပေါ်တက်လာကြလေသည်။ ပိုမိုကသောတိုင်းယိုင်ပျိုဖြူများ  ပိုမိုသံစုံတီးသောတိုင်းယိုင်ကြီးများ  ပိုမိုလှသော ပန်းမျိုးစုံ နှင့် ပိုမိုချစ်ခင်နှစ်လိုဖွယ်ကောင်းသော ရွာလူကြီးတို့ လမ်းမပေါ်မှာရောက်နေကြလေသည်။ သူတို့ အကများ ၀ါးဖြင့်ဆောက်လုပ်ထားသောဂိတ်အလှများ လမ်းဘေးစင်များ နှင့် လှပသော အ၀တ်အစားများကို သူတို့ ကြိုတင် ပြင်ဆင်ခဲ့ကြပုံရလေသည်။ သို့သော်သူတို့စိတ်ခံစားပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကတော့ သူ့အလိုလို ရုတ်ချည်း ပေါ်ထွက် လာကြဟန်ရှိလေသည်။
စ၀်နှင့် သုစန္ဒာတို့သည် ပျော်ရွှင်ခြင်း ရယ်မောခြင်းနှင့် ၀မ်းမြောက်ဝမ်းသာဖြစ်ရခြင်းတို့ ၀ဲဂယက်ထဲတွင် နစ်မျောနေခဲ့ကြတော့၏။ မရေတွက်နိုင်သော လူအုပ်နှင့် ကြိုဆိုရေးအဖွဲ့စခန်းများ ကျင်းပကြသည်မှာ ၂၅မိုင်ခရီးလမ်းတလျှောက်လုံးတွင်ဖြစ်တော့သည်။သုစန္ဒာ၏ ချက်ပလက်ကားထဲတွင် မရေတွက်နိုင်သော ပန်းစည်းများ လှပမွှေးထုံသောပန်းများဖြင့် ပြည့်လျံနေတော့သည်။
 ၃နာရီခွဲမျှကြာသောအခါ သူတို့မော်တော်ကားတန်းသည် နမ့်ပန်းမြို့ဂိတ်သို့ရောက်လာသည်။ ရှစ်ရာကျော်မျှရှိသော ကျောင်းသူ ကျောင်းသားကလေးတွေက စ၀်နှင့် သုစန္ဒာတို့ကားဖြတ်သွားသောအခါ အိမ်အပြန်ကို ကြိုဆိုပါတယ် ဟု အင်္ဂလိပ်လို သံပြိုင်အော်ကြလေသည်။ များပြားလှသော လူသောင်းငါးထောင်က ကြိုဆိုရေး စခန်းများဆောက်လုပ်ထားပြီး မြို့ထဲကလမ်းတလျှောက်တွင် မဆုံးနိုင်သော အကများ တေးသီချင်းများ ဖြင့် ကြိုဆိုကြလေရာ မြို့ထဲတွင် အဓိကစခန်းကြီး ရှစ်ခုမျှ ရှိလေသည်။ ကြိုဆိုရေးစင်ကြီးတခု နှစ်ခုသည် အိမ်ကြီးလောက်ကြီးပြီးနောက်ခံကားအဖြစ် အရောင်စုံ လူအများပုံ ပန်းချီကားကြီးကိုရေးဆွဲထားသည်။
နောက်ဆုံးတော့ သူတို့သည် မြို့မြောက်ဘက်အပိုင်းကိုရောက်လာကြသည်။ စ၀်တို့ကို ပြုစုဖို့ ဆွေမျိုးများနှင့်  အိမ်နီးနားချင်းများကို ရွေးချယ်ထားကြသည်။ လမ်းကွေ့ချိုးလိုက်သောအခါ နှစ်ဆောင်ပြိုင် အဖြူရောင် အဆောက်ဦးကြီးကို ၀န်းကျယ်ကြီးအတွင်းတွေ့လိုက်ရလေသည်။ သုစန္ဒာက  ဒါ အရှေ့စံအိမ်တော်ပဲ သူတို့နေရမဲ့နေရာ ဟု ချက်ခြင်းပင်သိလိုက်သည်။သုစန္ဒာက ဘယ်တုန်းကမှ သည်လို အဆောက်အဦးပုံစံမျိုးကို စိတ်ကူးမကြည့်ခဲ့ဖူးချေ။
အဖြူရောင် အုတ်ဖြင့် နှစ်ထပ်ဆောက်ထားပြီး အုပ်ြွကပ်မိုးထားသည်။ ပြင်သစ်ဟန်ကြီးမားသော မှန်ပြတင်းပေါက်များ တံခါးများတပ်ထားသည်။ ၀ရံတာ နှင့် ဆင်ဝင်ပါရှိသည်။ အဆောက်အဦးကိုဝန်းရံလျက် လှပ သေသပ်သော ဥယျာဉ် ညီညာသော ပုဏ္ဏားရိပ် လှနုညက်သော မြက်ခင်းပြင် ဆေးရောင်စုံပန်းပွင့်များ နှင့် ထူးထူးဆန်းဆန်း သစ်ပင် စိမ်းစိုများရှိနေလေသည်။စ၀်က သူမကိုငဲ့စောင်းကြည့်လိုက်သောအခါ သုစန္ဒာက ဒါသူမအိမ်လိုခံစားရပါတယ် ဟု မျက်လုံးဖြင့်ပြောလိုက်လေသည်။ အိမ်အ၀င်ဝ လုံခြုံရေးဂိတ်တွင် လက်နက်ကိုင်အစောင့်များရှိသည်။
အိမ်တော်ရှိ ၀န်ထမ်းများနှင့် ဆွေမျိုးများက အင်္ဂလိပ်အိမ်ပုံစံကို တိုင်းယိုင်ဟန်စွက်ထားသောစံအိမ်တော်ရှေ့က အ၀င်လမ်းတဘက်တချက်စီတွင် တန်းစီရပ်ကြိုနေကြသည်။
ကရုဏာရှိသော ရည်မွန်သော လမ်းဘေးတလျှောက် တန်းစီရပ်နေကြသော လူများမှာ  သုစန္ဒာ၏ နှလုံးအိမ်တွင် စွဲငင်ဖမ်းစားခြင်းကို ခံလိုက်ရပြီးဖြစ်သည်။ သို့သော် သူမ အခု အိမ်ပြန်ရောက်နေသလို ခံစားလိုက်ရလေသည်။
ကျွန်းတံခါးမကြီး၏အပြင်ဘက် မာဘယ်ကျောက်ပြားခင်း လှေခါးထစ်တွင် ချွတ်ထားခဲ့ကြသော ဘိနပ်များကို သိမ်းဆီးပြီးနောက်ဆုံးမတော့ ဆွေမျိုးအပေါင်းသည် ထွက်ခွာသွားခဲ့ကြလေသည်။အိမ်တော်လူများကလွဲလို့ စ၀်နှင့် သုစန္ဒာသာကျန်ရစ်တော့သည်။ အစေခံများ စားပွဲထိုး စားဖိုမှူး မီးဖိုချောင်အကူ  ဒါဇင်ဝက်မျှသော အခြား အိမ်တော်လူများသည် ယခုတိုင် သခင်မ အသစ်၏ စီမံညွှန်ကြားမှုကို မရရှိကြသေးချေ။ 
လွန်ခဲ့သောနှစ် နာရီကျော်လောက်က မိသားစု ဆွေမျိုးသားချင်းများနှင့် မိတ်ဆက်စကား ပြောဆိုနေခဲ့ရသဖြင့် သူမမှာ နုံးခွေ အားကုန်နေလေသည်။  တွေ့နေကျ မဟုတ်သော လူတွေ၏အကြောင်းပေါင်းစုံကိုတွေ့လိုက်ရသော သုစန္ဒာမှာ မွှန်ထူရှုပ်ထွေးသွားရလေသည်။
သူမယောက္ခမကြီးသည် ယခုအခါ ရဟန်းဝတ်နေသည်။ သူသည် မယားအငယ်လေးနှင့် သားသမီးတို့၏ ဖခင်ထက် လောကုတ္တရာ အကြောင်းကို သာတွေးတောဆင်ခြင်နေတော့၏။ စ၀်တွင် ညီကိုမောင်နှမ ခုနှစ်ယောက်ရှိသည်။ ၂ယောက်က ကလေးအရွယ်သာရှိသေးသည်။ အဒေါ် ရှစ်ယောက်ရှိသည်။ မုဆိုးမ မယားများကိုပိုင်ဆိုင်သူဦးလေးတယောက်သည် တခါက မယားလေးဆယ်ယူခဲ့ဖူးလေသည်။
ဝမ်းကွဲညီတယောက်မှာတော့ ဘာအကြောင်းနှင့်မှန်း ကွဲကွဲ ပြားပြား မသိရဘဲ စံအိမ်တော်မှ မကြာသေးခင်ကပဲ မောင်းထုတ်ခြင်းခံထားရပြန်သည်။ ကြောက်စရာကောင်းသော အဒေါ်တယောက်ကတော့ သူမ၏ အတွေ့အကြုံဖြစ်သော ဘုရင်မကြီး ဗစ်တိုးရီးယား၏ နန်းတော်အကြောင်းပြောပြနေသည်။
ပြီးတော့ မရေတွက်နိုင်သော ၀မ်းကွဲညီအကိုများ၏ အကြောင်းတွေ စုံစီနဖာကို သုစန္ဒာ မမှတ်မိနိုင်တော့ပါ။ စ၀်၏ မောင်နှမအရင်းအချာတွေက သိသိသာသာပင် ပျောက်ချက်သားကောင်းနေကြသည်။ အကြောင်းပြတာကတော့ သူတို့က တခြားမြို့တွင်နေထိုင်သောကြောင့်ဟုဆိုလေသည်။
သုစန္ဒာက ဘာကိုမှ မလိုချင်တော့ပါသူမလိုချင်တာက အိပ်ရာ အိပ်ရာ သူမထိုးအိပ်လိုက်ချင်လေတော့သည်။
နောက်နေ့တွေမှာတော့ သူမကသည်လို ပုံမှန်တွေ့လေ့မရှိသော မိသားစုအကြောင်း သူ့အိမ်အကြောင်း သူ့အိမ်က အိမ်တော်ပါလူတွေအကြောင်း သူမ၏တာဝန်များ  ကိုသိရလို့ ပျော်ပါသည်။ သို့သော် သူမ၏ တာဝန်များက စောင့်မနေပါ။
ကျယ်လောင်သော မောင်းသံကြောင့် ဧည့်ခန်းက ဆိုဖာအိပေါ်ထိုင်နေသော သူမသည် အလွန်လေးလံစွာဖြင့် အိပ်ပျော်လု မျက်ခွံကို ဖွင့်ကြည့်ပြီး ထလိုက်ရလေသည်။သူမက တယောက်တည်း ။ ကျယ်ဝန်းလှသော ခန်းမကြီးကို သူမလှည့်ပတ်ကြည့်လိုက်သည်။ ကြီးမားသော အခန်းကျယ်ကြီးကို အခန်းငယ်သုံးခု သပ်သပ်စီ ခွဲကာတားသည်။ တခန်းစီတွင် သူ့ဟာနှင့်သူ သီးခြား လက္ခဏာ ဆောင်လေသည်။ သုစန္ဒာက အရှေ့ဘက်က အခန်းမှာ ရှိနေသည်။ ကျယ်လွန်း မြင့်မားလွန်းပြီး နီကြန့်ကြန့်ရောင်ရှိ ပြတင်းပေါက်ကြီးများရှိသည်။ ခေတ်နှင့် အညီ ဥရောပ က အိမ်ထောင်ပရိဘောဂများ ဆက်တီထိုင်ခုံများရှိနေသည်။ နုသက်သော နေရောင်လေးတွေ ခန်းဆီးလိုက်ကာကို ဖြတ်ပြီး အခန်းတွင်း ထိုးဝင် လျံကျနေသည်။
ပြင်သစ်ဟန် ကြီးမားသောမှန်တံခါး၏ အောက်ခြေနှစ်ခုကို ငွေကွပ်ထားရာ နေခြည်ဖြာသော အခါလင်းလက်နေလေသည်။ထိုနေရာမှ မာဘယ်လ်ကျောက်ခင်း ဆင်ဝင်သို့သွားနိုင်သည်။ အလယ်ခန်းတွင် ရိုးရိုးသာပြင်ဆင်ထားသည်။ တိုင်းယိုင်ဧည့်သည်များလာသည့်အခါ တွေ့ဆုံဧည့်ခံသော နေရာလည်းဖြစ်ပြီး သူတို့သည် ရိုးရာ အစဉ်အလာအတိုင်း ကြမ်းခင်းပေါ်တွင် ဒူးတုပ်ထိုင်ကြရလေသည်။ ထူထဲသော တရုတ်ပိုးကောဇောကို ခန်းလုံးပြည့် ခင်းထားသည်။   အနည်းငယ်သော အိမ်ထောင်ပရိဘောဂပစ္စည်းထားရှိပြီး ခပ်နိမ့်နိမ့်ခုံ ဆိုဖာလေးကို မီးလင်းဖို ရှေ့မှာ ထားရှိသည်။ အနောက်ဘက်အကျဆုံး တတိယ အခန်းတွင် တခါက စာအုပ်တွေ အများကြီးစုထားရာနေရာဖြစ်သည် ။ဟာလာဟင်းလင်း အတန်းလိုက်နေရာသည် တရားစီရင်ရာနေရာဖြစ်ပြီး ကျွန်းသားစင်များ အံဆွဲလေးများ ပန်းပု ထုလုပ်ထားသောစာပွဲသေးသေးတွေကိုတွေ့ရသည်။  ကြီးမားလေးလံသောခန်းစီးများကို ပြတင်းပေါက်များတွင် တပ်ထားသည်။ ဒုတိအခန်းရှေ့ကဆင်ဝင်သာမှ လေတွေ ၀င်လာလေ့ရှိလေသည်။ 
‘ အခု ညစာ အချိန်ရောက်ပြီ အချစ် ‘
စ၀်ပြောလိုက်တာကို သုစန္ဒာကြားလိုက်ရပြီးနောက် သူမကို အခန်းတွင်းမှ ထမင်းစားခန်း သို့ခေါ်ဆောင်သွားသည်။ သူက သူမ၏ခါးလေးကိုဖက်ထားလိုက်ရင်းက သူမနား နားကပ်ပြီး သူမကိုသူဘယ်လောက်တောင်ချစ်လဲသိလား ဟု တိုးတိုးလေးပြောသည်။လှပစွာဆင်ယင်ထားသော ထမင်းစားခန်းတွင်းသို့သူတို့ဝင်လိုက်ကြသည်။
စားပွဲထိုး ကောလိန် က ကြီးမားသော မောင်းကြီးကိုထုလိုက်ပြန်သည်။ ထိုမောင်းကြီးကို ကြီးမား မြင့်မား စွာထုလုပ်ထားသော ဆင်ကြီးနှစ်ကောင်က ထမ်းမထားလေသည်။ ထမင်းစားခန်းတွင်းရှိစားပွဲ ထိုင်ခုံများသည် အလွန်လှပသော မဟော်ဂနီရောင်များဖြင့် ပြည့်နက်နေပြီး သူမအားလုံးကို မမှိတ်မိနိုင်တော့ ။ကျက်သရေရှိသော ထမင်းစားပွဲကြီး၏ ခြေတိုင်များကို ကွေးကာက်ကောက်ပုံဖော်ထားပြီး ချောမွတ်တောက်ပြောင်နေသည်။
‘ ဒီစားပွဲကြီးမှာ ပျောက်နေသလိုပဲ ကျမ ခံစားရတယ် ‘
သုစန္ဒာက ပြောလိုက်သောအခါ စ၀်က သူမကို ထိုင်ဖို့ ခုံရွေ့ပေးသည်။
သူမ နှလုံးတွေ ဘယ်လောက်တောင် ကျယ်ကျယ်လောင်လောင်ခုန်နေသလဲဆိုတာ သူ ကြားလောက်မည်ထင်သည်။   ယခု စားပွဲပေါ်က အစားအစာတွေ ကို စားပွဲထိုးက စီစဉ်ပြင်ဆင်ထားခြင်းဖြစ်ကြောင်းကို သူမ အားလုံးကို ခြုံပြီး သိလိုက်ရလေသည်။
‘ မောင်တို့ အဖော်တွေအများကြီးရှိလာမှာပါ အနည်းဆုံး သားသမီးလေးယောက်လောက်ပေါ့ ‘
စ၀်က ပြောင်လက်နေသော ငွေထည်များနှင့်ြွေကထည်များကို ကိုင်ကြည့်နေရင်းကပြောလိုက်သည်။ သူတို့ ပထမဆုံးသော ညစာ စားကြစဉ်က သူသည် ကြိုတင်မျှော်တွေးပြောခဲ့လေသည်။
စားပွဲထိုးက ထမင်းစားပွဲမှ တိတ်ဆိတ်စွာ ရွေ့သွားပြီး နောက်ဘက် စားဖိုခန်းသို့သွားလေသည်။ ထိုနေရာမှာ သူသည် နောက်ရက်တွေမှာ စားဖို့ ပြင်ဆင် အလုပ်လုပ်ရပေဦးမည်။
‘ တိုင်းယိုင်စာ အစစ်တွေ ကျမ မြည်းကြည့်ချင်တယ် ‘ 
ကောလိန်က အင်္ဂလိပ်အချိုပွဲ ချလာမပေးခင်မှာ သုစန္ဒာပြောလိုက်သည်။
ထိုအစာတွေက စပ်သည်။ အသားစွပ်ပြုပ်ရည်  ကို မြည်းသည် ။ ခံစားလို့မရ။ ကျန်သော အစာတွေကိုလည်း ဘာတခုကိုမှ မှတ်ချက်မပေး ။ နောက် အဓိက အစားအစာတွေချလာပေးရာ သူတို့နှစ်ယောက် တယောက်ကို တယောက်ကြည့်မိလိုက်ကြပြီး တုန်လှုပ် ခြောက်ခြား သွားကြလေသည်။   မာမာဆတ်ဆတ် သိုးသားတုံး ၊ အာလူးအရည်ကြဲ ၊ နှင့် အရောင်အဆင်းမွဲခြောက်ခြောက် ဟင်းသီးဟင်းရွက်တွေ ကို သူတို့ လုံးဝ မျှော်လင့် မထားခဲ့ချေ။
စ၀်က တခုကို လှမ်းယူ ၀ါးကြည့်ပြီး
‘ ငါ ဒါကို မစားနိုင်ဖူး အတော်ဆိုးတာပဲ ‘
‘ ကျမမျှော်လင့်ထားတာကလေ ဒီလိုမျိုးတိတိ ကျကျတော့ မဟုတ်ဖူးလေ ‘
သုစန္ဒာက ပြောသည်။
‘ ဒါပေမဲ့ စားဖိုမှူးက သူအကောင်းဆုံးချက်ထားတာနေမှာပါ  ကျမတော့ စားမှာပဲ ‘
သူမက ဟင်းတိုင်းကိုတခုစီလိုက်မြည်းကြည့်နေသည်။ စ၀်ကသူ့ စားဖိုမှူးကိုခေါ်လိုက်ပြီး တိုင်းယိုင်လို ပြောနေလေသည်။
‘ ဘယ်အချိန်မှာ မင်း ချက်လို့ ပြုပ်လို့ပြီးလဲ ကျမလည်း သူ့ကို စကားနည်းနည်းပြောချင်တယ် မောင် ဘာသာပြန်ပေးမလား ‘
သူမ မေးလိုက်သည်။
‘ ကောင်းပြီ  ဟုတ်တယ်ပြောပေါ့ ဒါမှ သူ့ရဲ့ညစာဟာ မောင်တို့နှစ်ယောက်လုံး ဘယ်လောက် စိတ်ပျက်သွားလဲ ဆိုတာ သိရအောင် မောင် ဘာသာပြန်ပေးမယ် ‘
သူမ၏ စကားကို စ၀်က မသိလိုက်သလိုရှိလေသည်။ 
‘ မင်းအခုလို ကြိုးစားပမ်းစား ချက်ထားတဲ့ အစာတွေအတွက် အလွန်ကျေးဇူးတင်ပါတယ် ‘
 စ၀်က စိတ်မသက်မသာဖြင့် စားဖိုမှူးကို ဘာသာပြန်ပေးလိုက်သော အခါ စားဖိုမှူးက မခိုးမခန့် ပြုံးနေလေသည်။ သုစန္ဒာ ကဆက်၍ 
‘ ကျမ တကယ်ကျေးဇူးတင်တာပါ မောင် ကျမကို ကိုယ့်အိမ်လိုတကယ်ခံစားစေချင်ရင် မောင် ဟင်းတွေ ရွေးပေးလေ ။ကျမက ဒီမှာလာနေတော့ မောင့်လို လူတယောက်ဖြစ်ချင်တာပေါ့  ။ပြီးတော့ ကျမကတိုင်းယိုင်စာ ဟင်းချက်နည်းတွေ သင်ကို သင်မယ်  မင်းက ငါ့ကို  အကောင်းဆုံး တိုင်းယိုင်ဟင်းချက်နည်း အားလုံး ချက်ပြပါလား ‘
သူမပြောတာကို ဘာသာပြန်ပေးလိုက်သောအခါ စားဖိုမှူးအပြုံးက နားနှစ်ဘက်မှာ သွားချိတ်နေလေသည်။သူ မနက်ဖန်ပဲ စလုပ်ပါမယ် ဟုပြန်ပြောလေသည်။ သုစန္ဒာ ထိုညနေမှာပင် သစ္စာရှိသော နောက်လိုက် နှစ်ယောက် ရလိုက်သည်။ စားဖိုမှူးနှင့် စားပွဲထိုး တို့နှစ်ယောက်ကို သူမ နားလည် စောင့်ရှောက်နိုင်ခဲ့လေသည်။    အဆင်သင့် ဖြစ်ဖြစ် မဖြစ်ဖြစ် သုစန္ဒာကတော့ သူမသည် တအိမ်လုံးကို ကိုင်တွယ်လိုက်သော အိမ်ရှင်မအဖြစ် စတင် ပြသလေတော့သည်။
သူသည် ဇာတ်ကောင်သစ်အနေဖြင့် သူ့ကိုသူသိလိုက်လေသည်။ သူ့စကားသည် သည်နေ့တနေ့သာနောက်ဆုံးဖြစ်တော့လေသည်။
သို့သော် သူမက သည်လို ချက်ရေးပြုပ်ရေးကို ကိုင်တွယ်လိုက်တာ သူသဘောကျလေသည်။ ဒီ လိုလွတ်လွတ်လပ်လပ် အပြုအမူကို သူ မကြာခဏ စိုးရိမ်တာတွေတော့ရှိလေသည်။ သို့သော် အေးအေးဆေးဆေးနေတတ်သော ဂျာမန်သူက အရှေ့စံအိမ်တော်ဘ၀တခုလုံးကို ဘယ်လိုများ ကိုင်တွယ်နိုင်ပါ့မလဲ  ဒီလောက်ကြီးကျယ်တဲ့ စံအိမ်တော်ကြီးကို ဘယ်လို ထိန်းချုပ်စီစဉ်နိုင်မလဲ ထို့ထက် သူတို့အပေါ်မှီခိုနေကြသော လူအများကို သူမ ဘယ်လို ကိုင်တွယ်မလဲ ။
          သူတို့ လက်မထပ်ခပ်က နှစ်ဦးသဘောတူ ကြေငြာထားတာတခုရှိခဲ့သည် ။ထိုအရာမှာ တမိုးအောက်ထဲတွင် မည်သူ့ဆွေမျိုးသားချင်းနှင့်မျှ အတူ မနေဘူး ဆိုတာပဲဖြစ်လေသည်။ဒါကို အခု စံအိမ်တော်ထုံးစံအရ ဖျက်ဆီးလိုက်ရတော့သည်။
(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်