>Aung Tha Nge – Daw Khin Mar Aye Poem

April 12, 2011

>

ကောင်းရာ သုဂတိမှာ ခုထိ အမေ ပြုံးနေဆဲ…
အောင်သာငယ်
ဧပြီ ၁၂၊ ၂၀၁၁
တကယ်တော့
သည်နေ့ တနေ့ခင်းလုံးလုံး
ကျနော့်နှလုံးသားကို
မျက်ရည်များ ဖုံးအုပ်ထားတာပါမေမေ။
 ကျနော် မငိုချင်ဘူး
အမေ့လို သံမဏိချောင်းတချောင်း
ကျနော် ကောင်းကောင်း ဖြစ်ချင်ခဲ့တာပေါ့။
 ဒါပေမယ့်
အမေရယ်။
အမှန်တရားကို ချစ်တဲ့ အမေ့ အခါးတွေ
သား စဉ်းစားမိတိုင်း
ရင်မှာလှိုင်းထ။
 ချိုတဲ့ ရက်လေး ရောက်ချင်တဲ့ ကျနော့်အမေ
ချိုတဲ့ရက်ကလေး မရောက်ခင်
အသက်ပျောက်သွားခဲ့။
 နောက်ဘ၀များမှာတော့
အခါးတွေကြားထဲ မလာမိပါစေနဲ့ အမေ ရယ်
ကျနော်လေ
သည်နေ့ တနေ့လုံးလုံး ဆုတောင်းနေမိပေါ့။
 အမြဲ ပြုံးနေတတ်တဲ့ ကျနော့်အမေ
ရေကြည်အိုင်ထဲက
ငရဲ နေ့ ညတွေ
ကျနော့်ကို တကြိမ် တခါမှ မပြောပြခဲ့လေဘူး
သူ့ သားကလေး ရူးသွားမှာ စိုးလို့လား အမေ။
 သူတပါး ပြောပြမှ
ကျနော် သိရတဲ့ အမေ့ညတွေ
ကျနော့် သားလေးတွေကိုလည်း
ကျနော် မပြောပြရဲဘူးအမေ
သူတို့တွေ နာကျင်ကြေကွဲသွားမှာ
ကျနော်လည်း မလိုလားဘူးလေ။
ချိုတဲ့ရက်ကလေး မရောက်ခင်
အမေ လက်မြှောက်သွားတာ မဟုတ်ဘူး
အောင်မြင်မှုဆီ အမေ ရောက်ရှိသွားတာ။
 ခါးသည်းနေ့ရက်များကို
အမေ ကျောခိုင်းသွားတာ မဟုတ်ဘူး
ချိုမြသော မနက်ခင်းများဆီ
အမေ ပျော်ရွှင်ချီတက်သွားတာ။
 အမေ… ငြိမ်းချမ်းသွားတာ။
အမေ… လွတ်မြောက်သွားတာ။
အမေ… ငြိမ်သက်သွားတာ။
ဒါကိုပဲ ကျနော် အကြိမ်ကြိမ် … ပျော်ရွှင်နေမိပါရဲ့… မေမေ။
ကောင်းရာ သုဂတိမှာ
ခုထိ အမေ ပြုံးနေဆဲ
ဒါကိုပဲ ကျနော် အကြိမ်ကြိမ်…. ပျော်ရွှင်နေမိပါရဲ့… မေမေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်