>Dismise of 2

May 14, 2011

>

အဝင်နဲ့ အထွက်
ကျော်သူ
မေ ၁၂၊ ၂၀၁၁
          ကမ္ဘာမြေပြင်ပေါ်သို့ ရောက်ရှိလာသူများရှိသလို၊ ကမ္ဘာမြေပြင်မှ ပြန်လည်ထွက်ခွာသွားသူများ သည်လည်း ဒုနဲ့ဒေး။ ကမ္ဘာမြေပြင်ပေါ်တွင် ရောက်ရှိပြီး သံသရာတွင်ကျင်လည် ကျက်စားကြရင်း သက်တမ်းမကုန်မီစပ်ကြား ပြန်လည်ထွက်ခွာသွားသူတို့သည်လည်း ဒုနဲ့ဒေး။      
 
 
၁၁.၅.၂၀၁၁ (ဗုဒ္ဓဟူးနေ့) နံနက် (၁၁း၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်၊ မဟာဆွေလမ်းရှိ နေအိမ်တွင် ကွယ်လွန်သွားသော စာရေးဆရာကြီး နတ်နွယ်(ခ) ဦးလှမြင့် အသက် (၇၈) နှစ်အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်၍ ကျန်ရစ်သော ရုပ်ကလပ် (အလောင်း) အား သယ်ဆောင်ကာ ရေဝေးသုဿန်အအေးခန်းသို့ နေ့လည် ၂း၀၀ နာရီတွင် ပို့ဆောင်ပေးခဲ့သည်။       
 
 
 
ယင်းနေ့ ၁၁.၅.၂၀၁၁ (ဗုဒ္ဓဟူးနေ့) နေ့လည် ၂း၀၀ နာရီအချိန်တွင်လည်း ရေဝေးသုဿန်၌ ၁၁.၁.၂၀၁၁ နေ့တွင် ကွယ်လွန်သွားပြီဖြစ်သော စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ၏ ဇနီး ဒေါ်ချိုချိုရီ အသက် (၅၉) နှစ်၏ ဈာပနအခမ်းအနား ကျင်းပချိန်လည်း ဖြစ်သည်။ စာပေ၊ ရုပ်ရှင်၊ ဂီတ အနုပညာရှင်များဖြင့် စည်ကားစွာ ဒေါ်ချိုချိုရီ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြသည်။
          ဆရာ နတ်နွယ်သည် ရေဝေးသုဿန်အအေးခန်းသို့ အဝင်၊ စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ၏ မဟေသီ ဒေါ်ချိုချိုရီသည် ရေဝေးသုဿန်ခန်းမမှ အထွက်ပင် ဖြစ်တော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)