>Moe Nat Thar – Fools’ Government

>

ဖွတ်ဂါးဗားနင့် (Fools’ Government)
မိုးနတ်သား
မေ ၂၉၊ ၂၀၁၁


တမိနစ်နဲ့ လုပ်လို့ရတာတွေကို တနှစ်လုပ်ရအောင်၊ တနှစ်လုပ်ရမဲ့ဟာ တခေတ်လုပ်ရအောင်၊ တခေတ် လုပ်ရမဲ့ ဟာ တသက်လုပ်ရအောင်၊ တသက်လုပ်ရမဲ့ဟာ တကမ္ဘာလုပ်ရအောင်၊ တကမ္ဘာလုပ်ရမဲ့ဟာ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကြာအောင် ဆက်သွယ်ရေးဌာနက အထူး စီမံကိန်း ချမှတ်ဆောင်ရွက်နေဘီ။

သူတို့လို ဒေ၀ဒတ်များမရှိလျှင် ဘုရားမပွင့်နိုင်ဘူးထင်လို့များ ဒီလောက်ညစ်ပတ်စုတ်ပြတ်နေကြသလား မသိေ ပ။

တလုံး သုံးမတ်လောက်ရှိတဲ့ဖုန်းတွေကို သိန်းငါးဆယ်လောက်က စပြီးရောင်းလာခဲ့တာ ခုထိ ငါးသိန်းတန်နေေ သးသီ။ ဒါတောင် ကိုယ်ဝယ်ရပေမဲ့ ကိုယ်မပိုင် ငှားရမ်းသုံးစွဲခွင့်ပြုတယ်ဆိုသေးသီ။ အဲဒီလို တစက်ချီးမှ သုံးမ ရတဲ့ဥပေ ဒတွေ ကတော့ ကြက်ဆူပင်ထက် ပေါသေးသီ။

အိမ်နီးချင်းထိုင်းနိုင်ငံလောက်မှာပင် ဟောင်တဲ့ခွေးပေါက်ဖို့ ခဲမရှာတော့။ ခဲကလဲ မရှိပေ။ ဖုန်းနဲ့ ဘဲ ပေါက်ကြေ တာ့သီ။

ဖွတ်ကလိတို့ပြီမှာတော့ အင်တာနက်ဆိုသဟာလဲ အင်တာချက်ဘဲ လုပ်လို့ရသီ။ ကျန်တာတွေကတော့ အင်တာခက်ပင်။ အင်တာပျက်ပင် ပါလိုက်သေးသီ။

အဲဒီဆက်သွယ်ရေးဌာနမှာ အရူးတွေများ စုနေသလားမသိပေ။

ဘယ်အခွက်တွေနဲ့များ လူထဲသွားလို့လာလို့ရနေကြပါလိမ့်။ မြန်မာတွေနဲ့ မြန်မာပြည်မို့သာ။

အရှေ့အလယ်ပိုင်း သွားချထားလိုက်လို့ကတော့ တစစီဖြစ်သွားမှာသေချသီ။ ဆက်သွယ်ရေးပစ္စည်းများ သူထွင် တဲ့သူပိုင်ပစ္စည်းများထင်နေ လားမသိ။ သူလဲဝယ်သုံးတဲ့ပစ္စည်း။ သူတို့အစွမ်းအစနဲ့ဆိုလျှင် နို့ဆီခွက်ကို အပ် ချည်နဲ့ချည်တဲ့ဖုန်းဘဲ သုံးနေရအုံးမြီ။ ဒါတောင် ကလေးတွေ ထွင်ထားလို့ဖြစ်မြီ။

အင်တာနက်ဆိုင်ဆိုလျှင် ကင်မရာတပ်ရမယ်။ ဒရိုက်တွေ ဖြုပ်ထားရမယ်။ ယူအက်စ်ဘီပေါ့တွေ သတ်လျှို ထားရမယ်။ သုံးသူကို နည်းမျိုးစုံစိတ်အနှောင့်အယှက်ပေးရမယ်တဲ့ ဆိုပြန်သီ။

အပြင်မှာ ဒီလူတွေ စီးပွားရေးလုပ်လို့ကတော့ ထမင်းငတ်သေမှာ သေချာသီ။ ဂွတ်ဒ်ဂါးဗားနင့်တော့မဖြစ်ပေ၊ ဖွတ်ဂါးဗားနင့်ဖြစ်ချေသီ။

ဂျွန် ၆ ရက်မှာ မြန်မာအီးထွက် … အဲလေ အီးဂရက်ကလုပ်မဲ့ ဆိုရှယ်ဆိုင်းယင့် သင်တန်းမဟာကြီးတွင် ဂွတ်ဒ်ဂါးဗားနင့်ဘာသာရပ်သာပါ၏။ ဖွတ်ဂါးဗားနင့်မပါ။ ခေတ်မညီမပြည့်စုံတဲ့ ဆိုရှယ်ဆိုင်းယင့်သင်တန်းပါပေ။ အမှန်က ဖွတ်ဂါးဗားနင့်ဘာသာရပ်သီသာ ဖွတ်ကလိပြီမှာ အသုံးအလွန်ဝင်လေသီ။ လာရောက်ပို့ချ မဲ့ ဟောင်ကောင်မှ ပညာကျော်များသီလဲ မြန်မာ့ရေမြေမှာ ဖြစ်ထွန်းနေတဲ့ ဆိုရှယ်ကလိုင်းယင့်များ အကြောင်း ကို စေ့ငုမိဟန်မတူချေ။ မြန်မာ့အရည်အသွေး မြင့်မားရေးဂုတ်စီးများ အလေးအနက်ထား စဉ်းစားကြပါကုန်။

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

MOney Transfer to Burma with Western Union

Sponsored Ads

မိုးမခမှာ ကြော်ငြာပါ

MOney Transfer to Burma with Western Union

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Subscribing to Moemakadaily
Your email address:

Your name (optional):

You may enter a privacy password below.
Create your PASSWORD here

Reenter password to confirm:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 531 other subscribers

မိုးမခမာတိကာစဉ်

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Twitter: moemaka