>Kan Tun Thit – Shor Stories

June 11, 2011

>

အိမ်မက်လုပွဲ
ကံထွန်းသစ်
ဇွန် ၁၁၊ ၂၀၁၁



(၁)

“ချက်”

အသံဖျားကို ပြင်းပြင်းပြောလိုက်သော သူ၏ အသံသည် မခံချင်စိတ်ကို ပို၍ ဖြစ်စေခဲ့သည်။

ရုတ်တရက် တုန်လှုပ်မိသွားသော်လည်း ခဏသာ။ ထောင့်တန်း ညာဘက် အကွက်သို့ ရောက်လာသော သူ၏ “ကွင်း”ကို ကြည့်လိုက်သည်။ ကွင်းရုပ်ကို မမြင်။ သူ၏ မထိတထိမျက်နှာကို မြင်လိုက်သည်။ သေချာသည်။

သူ၏ လာမယှဉ်နဲ့ဟူသော ပြုံးက သူ့မျက်နှာတွင်ရှိမည်မှာ ဧကန်။

ပွဲမှ စရုံရှိသေး အသာစီးယူဖို့ သူတိုက်စစ်ဆင်ပေပြီ။ ဒီတပွဲလည်း ရှုံးဦးမည် ထင်ပါရဲ့။ သူ၏တိုက်ခိုက်ရည်ကို ယှဉ်နိုင်သူက အရှားသား၊ ဖေဖေ့မိတ်ဆွေ ကိုကရင်ကြီးဆို ပွဲငါးဆယ်နီးပါး ထိုးခဲ့တာပင်မနိုင်ခဲ့။ အနည်းဆုံး သရေ ပွဲသာတဲ့။ စာဂျပိုး မျက်မှန်ထူနှင့် ဦးအိန်ဂျယ်ကြီးလည်း မယှဉ်နိုင်။ ကျန်သူ တွေဆို ဝေလာဝေး။ ကျနော့်လို ငချွတ်ကလေးကကော ဘာမို့လဲ။ သူ့ကို မှတ်မှတ်ရရ ရှုံးခဲ့သည်မှာ ဆယ့်နှစ်ပွဲရှိခဲ့ပြီ။ မထင်မရှား ပွဲတွေကတော့ နည်း မည် မထင်။

“ဘယ်လိုလဲချာတိတ် အိပ်ငိုက်နေလား။ ဟား … ဟား”

သူ့ပါးစပ်က ထွက်လာသောအသံအဆုံးမှာ ၀ဲဘက်မှပွန်းလေးကို ကောက်ကိုင်ကာ “ကင်း”၏ ရှေ့မှ ကာလိုက် သည်။

“ချက်”
ဒုတိယ သံဖျားပြင်းပြင်းသံ ထွက်လာပြန်သည်။

သူ့အသံအဆုံးနှင့် ညာဘက်မှ “ဘစ်ရှော့”သည် “ကင်း” ကို ရင်ဆိုင်လာသည်။ ဘစ်ရှော့ဆိုတာ ပါဝါကြီးတဦးပဲ။ အဖြူလမ်းက တပါး၊ အနက်လမ်းက တပါး သူတို့ပါဝါနဲ့ လှမ်းထောက်နိုင်ကြတာကလား။ အင်း ဘယ်လို တန်ခိုးပါဝါတွေ ကြီးပါစေ။ ငါ့အဖို့တော့ သူ့ဘက်သား မြင်းတို့ ရထားတို့လို ရန်သူပါပဲ။ ကိစ္စမရှိ။ မည်းကြုတ် ကြုတ် ဘစ်ရှော့ကို ငါ့ အဖြူရောင်ဘစ်ရှော့နဲ့ ပြန် ထောက်လိုက်ရုံ။ ဘစ်ရှော့နှစ်ပါးရင် ဆိုင်စေလိုက်သည်။

သူက မြင်းနက်ကို ခုန်ထွက်စေလိုက်သည်။ သူ ဘယ်ကိုလာမှာလဲဟု သေ ချာကြည့်ရသည်။

“ငါ့သား တဖက်ကို မျက်စိရှင်ရှင်နဲ့ကြည့်။ ကိုယ့်ဘက်ကိုလည်း မျက်ခြည် မပြတ်စေနဲ့။ တချို့က တဖက်ကို နိုင်လိုဇောနဲ့ အတင်းရှေ့တက်တဲ့အခါ ကိုယ့် က်ကို သတိလစ်သွားတတ်တယ်”

ဖေဖေ့ စကားကို ပြန် ကြားယောင်မိသည်။ ထို့ကြောင့် နှစ်ဖက်မြင်ကွင်းကို သေချာ ကြည့်နေမိစဉ်။

“သိပ်..စဉ်းစားမနေပါနဲ့ ချွတ်တားလေးရာ။ မင်း အဖေတောင် ငါ့ကို မယှဉ်နိုင် ခဲ့တာ။ ဟဲဟဲဟဲ”

ဖျပ်ခနဲ မော်ကြည့်လိုက်သည်။ ကျနော့်မျက်လုံး အရောင်လက်နေတာကို သည်လူကြီး တွေ့သွားသည်။ အကြည့် ကို ချက်ချင်းမလွှဲလိုက်မိသည့်တိုင် ပွင့် ထွက်လုဆဲ နှုတ်ကိုတော့ ချုပ်လိုက်မိသည်။

(၂)

တကယ်တော့ သူ့ကို အနိုင်ရဖူးသူမှာ ဖေဖေတယောက်သာရှိကြောင်း ကျနော် ကြားဖူးသည်။ သည်အေ ကြာင်း ဖေဖေမှလွဲ၍ လူတော်တော် များ များက ပြောကြသည်။ ကျနော် တနှစ်သားလောက်က အဖြစ်အပျက်။ ဆယ့်ကိုး နှစ်၊ နှစ် နှစ်ဆယ်လောက်ပင်ရှိမည်။

မြောင်မြို့နယ် ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ လက်ရွေးစင် ရွေးပွဲမှာ နောက်ဆုံးဖေဖေ နှင့် သည်လူကြီး တို့ တွေ့ကြ သည်။ မြို့လူထုက ဖေဖေပဲ အနိုင်ရမည်ဟု ထင်ခဲ့ကြသည်။ တကယ်လည်း နိုင်ခဲ့သည်။ သို့သော် မြို့နယ် လက်ရွေးစင်မူ ဖေဖေမဖြစ်ခဲ့။

လူတော်တော် များများက မကျေနပ်ခဲ့ကြ။ ယနေ့တိုင် စစ်တုရင်ထိုးပွဲကြုံ လျှင် ပြောစမှတ် ပြုကြဆဲ။ တနေ့က ပင် ဖေဖေ့မိတ်ဆွေ ကျောင်းဆရာ ဦးမိုး ထွန်းက “ကွာ ..မဖြစ်သင့်တာပါ။ မင်းဖေဖေက အသာစီးနဲ့အကြိတ် အနယ် ယှဉ်ပြိုင်နေကြတယ်။ ဒါကို အကဲဖြတ်မယ့်ပုဂ္ဂိုလ်တွေက စည်းကမ်း ထိန်း သိမ်း ပေးရမယ့်အစား ခုတော့ တဖက်က ၀င်ပြောပေးနေတယ်။ အမူအရာနဲ့ ပြပေးနေတာကို တစ်ကြိမ်မက နှစ်ကြိမ်ဖြစ်လာတော့ မင့်ဖေဖေက “စစ် တုရင်ဆိုတာ အပေါ်ကစီးပြီး ဘေးက ကည့်သူကပိုမြင်တာမို့ ခုလို မပြုသင့် ကြောင်း၊ စဉ်းစားရတာလည်း အာရုံပျက်ကြောင်းပြောလိုက်တယ်။ အဲ ဒါကွာ ဒိုင်ကိုခံပြောတယ်။ စည်းကမ်းပိုင်း အား နည်းတယ်။ အချိန်ယူလွန်းတယ်။ ကန့်သတ်ချိန်နဲ့မညီဘူးဆိုတဲ့ မှတ်ချက်တွေနဲ့ စောရွှေကြီးကို အနိုင်ပေး လိုက် သတဲ့။ တို့ကွာ …ခံပြင်းလိုက်တာ မပြောပါနဲ့။ တကယ် အရည်အချင်းမှ မရှိတာ။ တိုင်းလည်းရောက်ရော ခွက်ခွက်ကို ရှုံးတာ။ ဘယ်မှာတို့ မြို့နယ် ကိုယ်စားပြုနိုင်လို့လဲ”

အနိုင်ရရေးအတွက် ဓနအင်အား၊ မရိုးသားမှုအင်အားတို့ကို သုံးလေ့ရှိသော သည်လူကြီးကို တမြို့တည်း မို့ ဖေဖေ အလိုက်အထိုက် ဆက်ဆံ နေသော် လည်း ကျနော့်ကိုမူ သူနှင့်သွားသွားပြီး ခုလို စစ်တုရင်မထိုးစေ ချင်။ အ ပျော်ကနေအပျက်ဖြစ်တတ်သလို အကျီစားသန်ကလည်း ရန်ပွားတတ် သည်မို့တဲ့။ အတွေးကိုတန့်ကာ ကျနော့် ပွန်းရုပ်ဖြူလေးတခုကို ကောက်ပြီး သူ့ကွင်းကို မောင်းထုတ်ဖို့ ပြင်ရင်း…။

“ဖေဖေကတော့ ပြောသား။ ငါ့သား မင်း စောရွှေ ကြီးကိုနိုင်လို့ ဂုဏ်မတက် သလို ရှုံးလို့လည်း ဂုဏ်မပျက်ပါဘူး ကွာတဲ့”

သူ ကွင်းကိုကိုင်မည့် လက်တွန့်သွားသည်။ မော်ကြည့်လိုက်တော့ သည် တခါ မျက်လုံးတောက်သွားသူက သူ။

(၃)

“ပျင်းသေးတယ် x x x ပျင်းသေးတယ် x x x ပျင်းတောင် ပျင်းသေးတယ် x x x မင်းတို့မျက်ရည် မာ ယာ လောက်တော့ ပျင်းသေး တယ် x x x ပျင်းသေးတယ်”

နားစွဲခဲ့သော တွံတေး သိန်းတန်၏ သီချင်းကိုပင် နားကြားပြင်း ကတ်မိ သည်။ သူက ထပ်ကျော့ဆိုေ နသေး။ နေနှင့်ဦးပေါ့ကွာ။ မြင်းလေးကို ပြန်ဇက် တုံ့ကာ“ကင်း”၏ ရှေ့သို့ ကာကွယ်ရန် တပ်ချလိုက်ရသည်။ သည်လောက် ဆို လုံတန်ကောင်းပါရဲ့။ သူ ဘယ်လိုလာနိုင်သေးလဲ။ သူ့ မြင်းနက် တကောင် ကတော့ ချောင် ပိတ်နေပြီ။ ငါ့မြင်းကော။ ဟုတ်ပြီ။ ညာဘက် ဖေ့သားကို ရှေ့တကွက်ခုန်လိုက် ရင် နောက်တလှည့်ဆို ငါ့ “ကွင်း” ထွက်လို့ရပြီ…

“အလို… သိပ်မလန့်ပါနဲ့။ မိုးပေါ်ထောင်ပစ်တာပါ။ ဟဲဟဲ။ စဉ်းစားခန်း ၀င် တာ တယ်ကြာပါလား ဟရို့”

“စဉ်းစားဉာဏ်သုံးတာ ပညာရှိ အလုပ်လေ။ လက်ရုံး အားကိုးတာကတော့” စကားကို တမင် ဖြတ်ထားကာ တချက်ကြည့်လိုက်ပြီး။

“ဟဲ…ဟဲ…ဟဲ။ ဘယ်သူတွေ အလုပ်မှန်းမသိပါဘူးဗျာ”

ကလိလိုက်ရ၍ ကျေနပ်မိသည်။ ပူစပ်ပူလောင်တော့ ဖြစ်မည်။ နည်းနည်း ပြင်းလျှင် ရှုးရှုးရှားရှားပေါ့။ သည်နည်းတွေဟာ ပြိုင်ဘက်တွေ အပေါ် သူသုံး ခဲ့သည့် နည်းတွေလေ။

“ချက်ကွာ”

သည်တစ်ခါတော့ အစဆုံးအသံကပင် ပြင်းထန်လာသည်။ အသံ ဆုံးသည်နှင့်တပြိုက်နက် လွတ်ေ နသော ထောင့်တန်းကွက်မှ “ကွင်း” ဖြင့် လာချက်ပြန်သည်။ ကာစယ်နှင့် ချိန်းရအောင်ကလည်း “ကွင်းခံနေ သည်။ မြင်းကွက်ကလည်း မမီ မကမ်း။ ဘယ်လို လုပ်ရပါ့။ ငါပွန်းလေးတွေကကော ရှစ် ကောင်ကနေ ငါးကောင်။ သူတို့လေးတွေကလည်း ငုတ်တုတ်။

“ဟိုမှာ ဘစ်ရှော့ ရှိတယ်လေ။ ရှေ့က ၀င်ထောက်လိုက်”

ဟာ ဟုတ်သားပဲ။ တကောင် ကျန်သေးတာပဲ။ မမြင်ဘူး။ စာကြည့်တိုက်မှူး ကိုစိုးမိုးသူကိုး။ ကျေးဇူးပဲ။

“ရပါတယ်ကွာ။ ဘယ်သူ ၀င်ပြောပေးပေး စောရွှေတို့က နောဧက နောပဲ။ ဘော်ဘီဖစ်ရှာတို့၊ ကတ်စပါးရော့တို့ ၀င်ပြောတောင် မမှုဘူး။ ဟဲ…ဟဲ”

အသာစီး ရချိန်မို့ သူလေချိုနေခြင်းပင်။ နို့မဟုတ်လို့ကတော့။ ဟင်း။
ဘာပဲပြောပြော လောလောဆယ်တော့ သူ့ “ကွင်း” ပြေးရပြီ။ ခုအချိန် ကိုယ့် “ကွင်းဖြူမ”ကို ရှေ့ချီခိုင်းမှ။ ကိုင်း အရှင်မ။

(၄)

“ကဲ…လမ်းရှင်းလိုက်ဦးမယ် ဖေ့သား”

သူ့မြင်းနက်သည် လွှားခနဲ ခုန်ထကာ ကျနော့် “ကင်း” ယာဘက်တစ်ကွက် ကျော်က ပွန်ဖြူလေးကို ကန်ေ ကျာက် ပစ်လိုက်သည်။ ကျနော့် နယ်ရုပ်လေး တခု ကျဆုံးသွားပြန်သည်။ လေးယောက်မြောက် ရဲဘော်လေးေ ရ သွားပေဦး တော့။ ကိစ္စမရှိ။ သူ့ဘက်သား ပွန်းမည်းနှစ်ကောင်ကလည်း ကျနော့်ဆီမှာ ကျနေပြီ။

“ရွှေဘို မြင်းရယ်လေ ခွာသံ၊ လျှာသံပြင်းတယ်လေလေ့”

သူက ပေါင်ကို စည်းပုတ်ကာ သီချင်းပင်ဆိုလိုက်သေး။ ဟား…သွားပြီ။ ငါ့ ရထားကျတော့မှာပါလား။ ဘစ်ရှော့ ကလည်း စစ်ကျွံနေတော့ မြင်းနက်ကို မ တိုက်သာပြီ။ ငါ့ကိုယ်က ညံ့တာ။ သတိထားနေတဲ့ကြားက။

“သားရဲ့ကစားရင် အမြဲတမ်း သတိနဲ့ဉာဏ်ယှဉ်ထားရတယ်။ စစ်တုရင် ဆို တာ စားပွဲပေါ် စစ်ခင်းတာ၊ စိတ်ချင်း ယှဉ်ပြီး ဦးနှောက်ချင်း စီးချင်းထိုးတာ သားရဲ့”

“နောက် ဗျူဟာကလည်းရှိရမယ်ဆိုပါတော့။ ပုစွန်လက်မပုံ စစ်ဆင်မယ်ဆို ရင် ကိုယ်ပိုင်တဲ့ ဘစ်ရှော့ဆို ဘစ်ရှော့ကို ကိုင်ပြီး ဘယ်တောင်ပံ ညာတောင် ပံက ညှပ်ပြီး “ကွင်း”ကို ဟိုဘက် ဒီဘက်ခြံရံပြီး လှုပ်ရှားရတယ်။ ဒါမှ အား ကောင်းတာ”

ခုတော့ ကျနော်က ပုစွန်လက်မလည်း မသိ။ အဲ စာအုပ်တွေ ဘာတွေ ဖတ်ရ ကောင်းမှန်းလည်း မသိ။ မခံချင်တာတခုတည်း သိသည်။

“နောက်ပြီး ၀က်ခေါင်း ထိုးစစ်ဆင်ရင်လည်း တနေရာတည်းကနေ ၀ိုင်း တိုက် ရတယ်။ ပါဝါတွေ ပြန့်ကြဲ မနေစေရဘူး။ ညီညွတ်ရတယ်”

ခဏခဏ ကြားဖူးပြီး နားဝ နေသော်ငြား ဒီသဘော တရားတွေကိုမူ နားမ ဆံ့၍ ထင့်။ ခုထိ တခါမှ လက်တွေ့ အသုံး မချတတ်သေး။ ခုမှ ကိုယ့်ဗျူဟာကို ပြန်ကြည့်တော့ ဟိုတယောက်၊ သည်တယောက် ကျဲပြန့်လို့။ တန်ခိုးရှင် “ကွင်း”ခမျာလည်း စိတ်ရှိတိုင်း ပါဝါမပြသာသေး။ သူ့ရှေ့မှာ မြင်းတပ်နှင့် ပွန်းခြေလျင် တပ်သားတွေက ပိတ်ဆို့လို့။ လမ်းဖွင့်ဖို့ မြင်းဖြူကို ခုန်ထွက်လိုက်စဉ် သူ့မြင်းနက်သည် ကျနော့်ရထားကို ကန်ကျောက် ဖျက် ဆီးလိုက်လေသည်။ ပါးကိုက် နားကိုက်မည်။ သူ ဘစ်ရှော့ကို စောစောက မျက်နှာချင်း ဆိုင်ထားသော ဘစ်ရှော့ဖြူနှင့် ပြေးစားလိုက်သည်။ မှားသွား ကြောင်း သူ့ဘစ်ရှော့မည်း လက်ထဲေ ရာက် စဉ်မှာပင် သိလိုက်ရသည်။ သူ့ “ကွင်း”၏ ပါဝါ ဧရိယာဝယ် ၀င်ရောက်မိလျက်သား။ သူ ဘုရင်မကို ကိုင်ကာ ဘစ်ရှော့ဖြူကို သတ်ဖြတ်လိုက်ပြီး။

“ချက်”

(၅)

“ဦးစောရွှေက မကြီးမငယ်နဲ့ ကလေးတွေကို ပညာပြနေတာပေါ့လေ”

“မဟုတ်ပါဘူး ဒေါ်ကောင်းမေရာ။ မျိုးဆက်သစ်တိုးတက်ရစ်ဖို့ပါ။ ဟဲ… ဟဲ… ဟဲ”

ကျနော်တို့ဆရာမကြီး အသံကြား၍ လှည့်ကြည့်မိရာမှ ကျနော်တို့ပွဲကို ၀ိုင်းကြည့်သူတွေ မနည်းတာကို တွေ့ရ သည်။ ထိုသူတွေထဲတွင် ကျနော် မမျှော်လင့်သော ဖေဖေ၊ သူ့မိတ်ဆွေ ဦးမိုးထွန်းနှင့်လာသည်ကိုထောက်၍ တမင်လာကြည့်ကြခြင်းများလား။ အင်း ဖေဖေလာကြည့်မှ ငါရှုံးရင် ဟူး… အရင်ပွဲတွေလည်း ရှုံးနေခဲ့တာ ပါပဲလေ။ အခုလည်း တောက်…အသုံး မကျ လိုက်သည့်ငါ။ စိတ်ဓာတ်ကျ လွယ်ရသည်ဟု ဖေဖေသာသိရင်။

“ကိုင်း …ရထားလေး ထွက်လိုက်ဦးမယ်။ ပေါ် ပေါ်”

“ကွင်း”နှင့် ကာစယ်တို့ကို နေရာချိန်းရင်း သူစစ်ပြင်ပြီ။ ဘာအကြံလဲ မ သိ။ အို ဘာကြံကြံ သူ့အလုပ်။ သူ့တိုက် စစ်ကို ခံနိုင်ဖို့က ငါ့တာဝန်။ တန်ပြန် တိုက်စစ် ဆင်မည်။ ငါ့ကွင်းဖြူကိုထွက်ကာ ရှေ့တည့်တည့်က သူ့ပွန်း မည်းကို စားမည်။ ပြီး မြင်းကို အကူယူ၊ ပွန်းဖြူလေးနဲ့ ထောက်ကာ သူ့ဘုရင် ကြီးကို ချောင်ပိတ်ဖမ်းမည်။

“ချက်”

ရထားနက်တစင်း ပြေးထွက်လာသည်။ နိုင်လိုဇောကြောင့် ဖြစ်မည်။ သူ မြင်ြး ဖူကို သတိမထားလိုက်။ ဇက်ခနဲ မြင်းကိုဆွဲကာ တိုက်လိုက်သည်။

“ဟား”

သူ့ အာမေဍိတ်။ တလျှောက်လုံး ပတ်ပြီးချက်လာတာလေ။ ဒီလောက် တော့ ခံဦးပေါ့။ အင်း သူမမြင်တာတော့ မဟုတ်နိုင်။ သင်းကြီးက ဉာဏ်ကြီး ဉာဏ်နက်ကများသား။ ထိုနောက်တော့ သူစစ်မကျွံတော့။ သတိထားကာ တိုက်လာသည်။ ကျနော်က ပတ်ပြေးနေရသည်။ မပြေးလျှင် ကာ မကာလျှင် ပြေးနှင့် ကျနော့်အရုပ်အင်အားကို ချိန်ကြည့်မိတော့ သူက ပါဝါ တွေများနေသည်။ ကွင်း၊ ဘစ်ရှော့-၁၊ မြင်း-၁၊ ရထား-၁၊ ပွန်း-၃၊ ကျနော်ဘက် ကတော့ ကွင်း နှင့် ရထား-၁၊ ပွန်းလေး လေးကောင်၊ အင်း… သည်တခါလည်း ကျနော်ရှုံးမည်ထင်ပါရဲ့။ အိမ်ရောက်ရင် ဖေဖေ ငါ့ကို ဘာ ပြောမလဲ။ ဘာမှတော့ ပြောမှာ မဟုတ်ပါဘူးလေ။ ကြည့်ရုံ ကြည့်နေမှာ။ အင်း… အဲသည် အကြည့်ကိုက… ဟူး။

“ချက်”
မြင်းနက်က ပတတ်ရပ်ကာ ခွာစုံပေါက်၍ လာချက် ပြီ။ တစ်ကွက် ဆုတ်လိုက်လျှင် သူ့ကွင်းနှင့် လှည့်တိုက် လာမည်။ ရှေ့ကို တိုးလျှင်ကော။ ဘစ်ရှော့က စောင့်လို့။ ဘယ်လို လုပ်ရပါ့။ ကဲ မတတ်နိုင်။ သည်တစ်နည်းပဲ ရှိတော့သည်။ ကင်းကို နောက်တစ်ကွက် ဆုတ်လိုက်သည်။ ထင်သည့် အတိုင်းပင် သူ “ကွင်း” ကို ကောက်ကိုင်လိုက်သည်။

ဆက်လက်ဖော်ပြပါမည်။
ရွှေအမြုတေ မဂ္ဂဇင်း ၊မေလ ၂၀၁၁ တွင် ဖော်ပြပြီးဖြစ်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်