>Kan Tun Thit – Short Stories

June 15, 2011

>

အိပ်မက်လုပွဲ
ကံထွန်းသစ်
ဇွန် ၁၅၊ ၂၀၁၁
(ယခင်တပတ်မှ အဆက်)

(၆)

“သွားပဟေ့”

မော်မကြည့်အားပါ။ ဘယ်သူ့ အသံမှန်းမသိ။ သူ့ ချက်ကွက်မှ ရှောင်ကွက်စဉ်းစားရပြီ။ ခုနကလူပြောလိုက်သလို ဒါ ပွဲသိမ်းတိုက်ကွက်လား။ ကြည့်စမ်း။ သူ့ဘက်သားတွေက ထောင့်တိုင်းလို ပိတ်ဆို့လို့။ မည်သို့လုပ်ရပါ့။

တလျှောက်လုံး သူ့ချက်ကွက်တွေကို ပြေးရင်းရှောင်ရင်းနှင့် ငါ့“ကင်း”လည်း စစ်တလင်းအလယ် ကို ရောက်နေ သည်။ ငါ့မှာ ဇောခွေျးပြန် နေသလို ငါ့ကွင်းခမျာလည်း၊ ဟူး … ခွချက်မိမှာစိုးသဖြင့် အဝေးကကာကွယ်နေရေ သာေ ကြာင့် ငါ့ဘုရင်မလည်း သူ့ထက်မြက်မှုတွေ မသုံးသာ။

စောစောကတည်းကပါလေ။ သည်လူကြီး၏ ပိတ်ဆို့မှု၊ ချည်နှောင်မှုအောက်မှာ မလူးလွန့်သာခဲ့ပေ။ ထက်မြက် ပါဝါကြီးသည့် အလျားလိုက်၊ ဒေါင်လိုက် ကြိုက်သလို အစွမ်းပြနိုင်သည့် သူ့အဖို့ “ကင်း”ကို ကာကွယ်နေရ သည်မှာ ကိုယ့်ကိုယ်ပင်မငဲ့အား။ ခုတော့ သူ့ခမျာ…။ အနေအထားက မဟန်တော့။ ဖေဖေများ ကူညီနိုင် မလားဟု အားကိုးကြည့်မိသည်။ ဖေဖေက စစ်တုရင်ကွက်တွေကိုသာ စူးစိုက် ကြည့်နေ သည်။ ဘာမျှမပြော။ နည်းတူပင် ကျန်သူတွေကလည်း တိတ်ဆိတ်လျက်။ ငယ်စဉ်က မကြာခဏဆိုသလို ဂျူးသားအဖ နှစ်ယောက် အကြောင်းကို ပြောပြတတ်သောဖေဖေသည် မကူညီသည့်အပြင် သူများကို အားကိုးကောင်း လားဟုပင် ပြစ်တင်ဦးမည်။

“စဉ်းစား … စဉ်းစား။ တို့တော့ တစ်ရေးငိုက်လိုက် ဦးမယ်။ ဟ…ဟ”

သူက ပြောအားရှိပေပြီ။ အခြေအနေက တပန်းမကသာလျှက် မဟုတ်လား။ ခုတစ်ကွက်ရွှေ့ပြီးလျှင် အဖြေသ ည် သိသာစွာရှိသွားပြီ။ ဆက် ရွှေ့နေလျှင်လည်း သူက တက်လာသမျှပွန်းလေးတွေကို ကောက်စားနေရုံသာ။ အရှုံးပေးလိုက်မှ ထင်သည်။ ဟုတ်သည်။ အရှုံးပေးပြီး နောက်တပွဲ ပြန်စ။

အဲလိုဆို သူ့ဘက်ကရော ပြန်ကစားပါ့မလား။ အနိုင်နဲ့ပိုင်း။ အို… ဘာမှ အရှုံးပေးစရာမလိုဘူး။ နောက်ပြီး လွယ်လွယ်နှင့်အရှုံးပေးရ ကောင်း လားဆိုပြီး အိမ်ကျ ဖေဖေ့အကြည့်တွေနှင့် ရင်ဆိုင်ရမှာ။

ကဲ … သည်တော့ ဘာလုပ်မလဲ။ စဉ်းစား၊ စဉ်းစား။ သူ့မှာပါဝါတွေက “ကွင်း” လည်းရှိသည်။ “ဘစ်ရှော့” လည်းရှိသည်။ ရထားလည်း ရှိသည်။ မြင်းလည်း အသင့်။ ပွန်းက သုံးကောင်။ ကိုယ့်မှာက ပွန်းလေးခုနှင့် ကွင်းနှင့် ရထားတစ်စင်း။ အင်အားက ကွာလှ၏။ လက်ရှိ အနေတွင်လည်း အ၀ိုင်း ခံထားရသည်။ ခွချက် ခံရသည်။ စောစောက သည်မြင်းနက်ကို မသုတ် သင်နိုင်ခဲ့တာကိုက အမှား။ အခုတော့။

မတတ်သာသည့် အဆုံး ကင်းကို ရထား အနက်ဆီ အသာချိန် ထားလိုက်ရသည်။ မတန်သော လဲလှယ်မှုကိုပြုလိုက်ရသည်။ “ကွင်း” သည် ရန်သူလက်တွင်း သက်ဆင်း ရပေပြီ။ သုံ့ပန်းဘ၀က ငါကယ်တင်နိုင်ကောင်းပါရဲ့။ ငါ့ပျော့ညံ့မှုကြောင့် ခုလိုဖြစ်ရတာ။

“ပွဲက ပြီးပါပြီ။ သွားကြစို့”

တချို့ပြန်ကြပြီ။ ထိုပြန်သူများမှာ ကိုယ့်ကို အားပေးနေသောသူများဖြစ်နေသည်။ ဘယ်လိုပါလိမ့်။ သူတို့က ငါ့ထက်ပိုပြီး စိတ်ဓာတ်ကျသွား ကြတာလား။ ဒါမှမဟုတ် ငါ့ကို အထင်သေးသွားတာလား။

(၇)

သင်းကြီးကတော့ အောင်ပွဲခံဖို့ ပြင်နေပြီထင်သည်။ “ချီတက်ကြစို့ တူပျော်ပျော်”ဆိုသည့် တေးသွား ကို လေချွန်နေသည်။ သူ့ကို တစုံတခု ပြောပစ်လိုက်ချင်သည်။ သို့သော် ဘာပြောရမှန်းမသိ။ နောက်ပြီး “ငါ့သား ဘယ်တော့မဆို ကိုယ့်ယှဉ်ပြိုင်ဘက်ကို လေးစားကွ။ ဒါမှ ဂျင် တဲလ်မင်း ပီသတယ်”ဆို သည့် ဖေဖေနှင့် ကစား တိုင်း ဖေဖေပြောနေကျ။ သည်စကားတို့က သတိကိုဖြစ်စေသည်လေ။ ထို့ကြောင့် မပြော လိုတော့။ ကိုယ်က မပြောလိုပေမယ့် ပြောလာသူက…။

“ဒီမယ်။ ကိုစောရွှေကြီး ခင်ဗျား ခုနကခုန်လိုက်တဲ့မြင်းဟာ တကွက်ကျော်ယူလိုက်တယ်ဗျာ့”

“အောင်မာ။ ကျောင်းဆရာက ၀င်ကူချင်ရင် ကိုယ်တိုင်ဝင်ထိုးကြည့်ပါဗျာ။ နံဘေးကနေ မဟုတ်တရုတ်တွေ ၀င်ရောက်မစွက်ပါနဲ့”

“ကျူပ် မဟုတ်တာဝင်ပြောတာမဟုတ်ဘူးဗျ။ ခင်ဗျား မြင်းကွက်ကို ပြန်ထားကြည့်လိုက် … ကျုပ်သက်သေပြ မယ်”

“ဒီမယ်။ ကိုယ့်လူတို့ နံဘေးကနေ ၀င်ဝင်မရှုပ်ပါနဲ့။ အာရုံနောက်တယ်။ သတိ္တရှိရင် ပြီးမှ ကြိုက်ကြေးနဲ့ထိုးမယ်”

“ကျုပ်က ရှုပ်တာမဟုတ်”

“လာပါ ကိုမိုးထွန်းရယ်။ ကိုယ့်ကြောင့် ပွဲပျက်သလိုဖြစ်နေပါ့မယ်။ ကဲ .. ကဲ …
ဆက်ကစားကြပါ။ သား … ကစား၊ ကစား”

ဖေဖေက သူ့သူငယ်ချင်းကိုခေါ်ကာ ထွက်သွားသည်။ ကျွန်တော် တော်တော်ဒေါသထွက်သွားသည်။ သည် လူကြီး သည်အကျင့်ရှိ တာသိပါလျက်နှင့် အမြင်လျှမ်းတာကို မကျေမနပ်ဖြစ်ရသည်။ ဆက်ပင်မကစား ချင်ေ တာ့။ သင်းကြီးကိုမော်ပြီး အတန်ကြာ ကြည့်ပစ် လိုက်သည်။

“ချက်ကွာ”

ကျွန်တော့်ကွင်း သူ့လက်တွင်း ကျရောက်သွားသည့်နောက်ပိုင်း သူ့တိုက်ကွက်တွေ ပိုပြီးပြင်းထန်လာသည်။ ကျွန်တော့်ကင်းသည် ရှေ့က ကိုယ်ရံတော်ပွန်းလေးနှစ်ခုကို ပတ်ကာပြေးနေရသည်။ ကင်း၏မောသံ သည် ဟော ဟဲလိုက်နေပြီဟု ထင်မြင်မိသည်မှာ ကျွန်တော် ကိုယ်တိုင် စိတ်မောနေရသောကြောင့် ဖြစ်မည်။ ခုနေ ဘုရင်မသာ ရှိနေလျှင်…။
“ဟာ .. ကောင်လေး။ ရှောင်တတ်၊ တိမ်းတတ်သားပဲ။ “အပ်” ကွက် ဖြစ်ရင်တောင်မဆိုးဘူး”

“အပ်”ကွက်။ ဘာလဲ အပ်ကွက်။ ရှေ့တိုးမရ နောက်ဆုတ်မရနှင့် ဘာလုပ်ဖို့လဲ။ တွေးရင်း အကဲခတ်လိုက်တော့ ဒါ ရှေ့နေအိုကြီး ဦးချို မင်းရဲ့စကား။ အဘိုးကြီးက လက်ရွေးစင်ဟောင်းကြီး။ စည်းစနစ်ကျ ကစားတတ်သူ။ သူသည် စကားပြောတာ အလကားမဟုတ်တန်ရာ။ သေချာကြည့်စမ်း။ ကြည့်စမ်း …

ခုထိ မထွက်ရသေးသောရထားနှင့် မလူးလွန့်သာဘဲ ရှေ့နောက်ဆင့်နေသော ပွန်းဖြူလေးနှစ်ေ ကာင်။ နောက် ပြီး ထိုအရုပ်တွေနှင့် ကင်း၏ ကျွန်းကိုင်းမှီ အညမညအနေအထား။ ဟူး … ။ ပင့်သက်မှုတ်ရင်း ပွန်းလေးေ တွ ကို သေချာကြည့်နေမိစဉ်။

“ငါ့သား။ ပွန်းလေးတွေကို ပါဝါငယ်တယ်ဆိုပြီး ဘယ်တော့မှအထင်မသေးနဲ့။ ညီညွတ်ခြင်းသည်အင်အားဆိုသလို ပွန်းလေးတွေ ရှေ့ နောက် အနေအထားမှန်ရင် တဖက်ကတိုးမပေါက်နိုင်ဘူး။ နောက်ပြီး တဖက်ကင်းကို ထိုးဖောက်ဝင်ရောက်နိုင်ရင် အဲဒီပွန်းက ကွင်းလည်း ဖြစ်လာနိုင်တယ်ကွ”

ထိုစကားစုတို့ ပဲ့တင်ထပ်လာချိန်မှာတော့ ကျွန်တော့်ပွန်းလေးတွေကိုကာကွယ်ဖို့ ရထားကိုတဖက် နယ်လိုင်းဆုံး တွင် နေရာသွား စွဲထား လိုက်သည်။ ကျွန်တော့်ဗျူဟာကို သူခုမှ သဘောပေါက်သွားပြီထင့်။ တရကြမ်း ကင်းကိုတိုက်စစ်ဆင်မှုတန့်ကာ ပွန်းလေးတွေကို ချေမှုန်းဖို့ ကပ်လာသည်။ သူ့ကင်းကိုပါ တကွက်ချင်းေ ရွှ့လာ သည်။

သည်အချိန်ရောက်မှတော့ ကျွန်တော့်ပွန်းလေးတွေ အကျမခံနိုင်။ ကင်းနှင့်ကာ လျက် ရှေ့ကိုတက် ရ မည်။ ရှေ့က အမည်းကွက်ကို ကျော်လိုက်နိုင်လျှင် သုံ့ပန်းဖြစ်နေသောကွင်းကို ကယ်နိုင်မည်လေ။ အဟား ခုလိုဆိုတော့လည်း သူဝိုင်းလိုက်လို့ ပြေးရင်းလွှားရင်း စစ်ကျွံလာသည့်အဖြစ်က ခပ်ကောင်းကောင်း။

“ချက်”

ကိစ္စမရှိ။ ရှေ့ဆုံးပွန်းလေးကိုပန်းပြီး ရှေ့တက်လိုက်လျှင်ပင် ကိုယ်တိုင်တွက်လည်းကွယ်ပြီးသားဖြစ်သလို ပွန်းလေးတွက်လည်း ကာပြီးသား။ သူ့ကွင်း အဆုံးစည်းက ကြိုစောင့်မတိုက်နိုင်အောင် ရထားကနေရာယူပြီး သား။ သည်တော့ သူ့ဘုရင်ကြီး တကွက်ရွေ့သည်။ ပူးပြီး တိုက်မည့်သဘော။

“ချက်”

သည်တခါ ထိုအသံက ကျွန်တော့်ထံမှ ထွက်လာခြင်းပင်။ မထိရောက်မှန်းသိသော်လည်း သူ့ကင်းကိုတော့ တစင်းတည်းသောရထားနှင့် ဟန့်ထားနိုင်သည်။ ငါ့ကွင်းသာရှိနေလျှင်။

“တောက်”
သူ့ကင်းကို ရှောင်သည့်အချိန်မှာ။

(၈)

ဇက်ကို ဆတ်ခနဲခါလိုက်ရာ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သွားသည်။ ကျောရိုးတလျှောက် ညောင်းညာမှုက ပို၍တိုးလာသည်။ ဇောကြောင့် ဘာ ကိုမှ သတိမထားမိ။ မီးချောင်းအလင်းရောင်ကြောင့် အရုပ်တို့နှင့်အရိပ်ကို ကွဲပြားအောင်စူးစိုက်ရတာလည်းပါမည်။

“ဟား။ တယ်ဇွဲကောင်း ကြပါလား။ ခုထိ ပွဲမပြီးသေးဘူး”

“ဟုတ်တယ်ဗျို့။ ပွဲကကောင်းနေလို့ ကျုပ်ဆို ထမင်းကပျာကယာပြေးစားပြီး ပြန်လာခဲ့တာ”

အင်း …။ ဘယ်အချိန်က နေ၀င်သွားမှန်းတောင်မသိလိုက်။ အိမ်ကတော့ မျှော်နေမှာ။ အို ငါဘာလုပ်နေတယ်ဆိုတာ ဖေဖေသိပါတယ်။ ပြန်မလာတာ ပွဲမပြီးသေးတာကြောင့်ဆိုတာ။
“အေးအေးဆေးဆေးပါဗျာ။ ပွဲက မိုးလင်းထိက ပြမှာပါ။ ဇာတ်ဆရာဖြစ်တဲ့ ကျွန်တော့်ပေါ်မှာတည်ပါတယ်။ ဟဲ… ဟဲ…ဟဲ”

အလကား လူကြီး။ သူ့အခြေအနေမဟန်ဘူးဆိုရင် စဉ်းစားတာလိုလို ဘာလိုလိုနှင့် ရေထသောက် လိုက်၊ သေးထပေါက်လိုက်နဲ့ အချိန် ဆွဲ သည်။ ဟွန်း ..။

“ဒီအလုပ်က ဦးနှောက်အလုပ်ဗျာ့။ စဉ်းစားရတယ်။ ကမ္ဘာကျော် ဘောဘီဖစ်ရှာတို့ဆို တကွက်ရွှေ့ဖို့အရေး တလလောက်အချိန်ယူချင် ယူတာ။ ကျွန်တော်က တညလောက်ယူမှာပါ။ ဟဲ … ဟဲ … ဟဲ

တောက်။ ငါ စဉ်းစား တုန်းကတော့ ကြာသလေး ဘာလေးနဲ့။ တော်တော် ဉာဏ်နီဉာဏ်နက်များသည့် လူကြီး။ ငါ့အလစ်အငိုက်စောင့်တာ မသိဘူးများမှတ်လား။ ကြိုက်သလောက် အချိန်ဆွဲလိုက်စမ်း။ တက်လူနှင့်ကျလူပါ။ အချိန်က အဖြေပေးပါလိမ့်မည်။

“ဟေ့ … ဘယ်သူရှိလဲ ဟေ့။ ကော်ဖီမစ်လေး တခွက်လောက်လုပ်ခဲ့ပါကွ”

လုပ်ပြန်ပြီ။ အချိန်ကြာသည်။ ခုထက်ထိ သူ့ကင်းကိုမရွှေ့သေး။ အင်း။ ကော်ဖီနံ့ရမှ ဗိုက်ဆာလာသည်။ တခုတ ခုတောင်းဖို့က အားလုံးက သူ့လူတွေချည်းဆိုတော့။ နေပါစေတော့။ သူ့လက်သည် ကင်းကိုကောက် ကာ ရွှေ့ပြီးမှ ဘယ်အကွက်ကို မြင်ပြန်သည်မသိ။ ပြန်ရွှေ့ပြန်သည်။

“ကမ္ဘာကျော် စစ်တုရင်သမားကြီးတွေက စဉ်းစားဖို့အချိန်သာယူကြတာပါ။ ခုလို ရွှေ့ပြီးမှ ဘွာခတ်တာတော့ မရှိကြဘူးဗျ”

သူ ဘာမျှမပြောနိုင်။ အရှိုက်ထိမည်။ မသိသလို နေလိုက်သည်။ ထိုစဉ် မီးကင်းမှ ကင်းသံချောင်းသံကြား ရသည်။ စိတ်ဖြင့်ရေတွက် နေမိ စဉ်…။
“ဒီ သောက်သံချောင်းကလည်း”

မဆီမဆိုင် ကင်းသမားကို လှမ်းဆဲရေးသည်။ ကျိတ်ပြုံးနေလိုက်သည်။
“ဟောဗျာ။ ဆယ့်နှစ်နာရီတောင် ထိုးပြီ။ ပြန်ဦးမှ။ ပွဲက ကောင်းနေပေမယ့် မနက်အလုပ်ကရှိသေးတယ်”
ကိုယ့်အမာခံပရိသတ်ဖြစ်သော ဆိုက်ကားဆရာပင် လက်လျှော့သွားချေပြီ။ ပွဲက ဘယ်အချိန်မှ ပြီးမည်မသိ။ သင်းကြီးကို အနိုင်မခံချင်လို့ သာ။ ခုချိန်မှာဆို။ အိုအိပ်ရေးပျက်တော့ ဘာအရေးလဲ။ သူလည်း အတူတူပဲဟာ။ ကြိုက်သလောက် အချိန်ဆွဲလိုက်စမ်း။

ခုထက်ထိ ညနေက အနေအထားကို သိသိသာသာ ပြောင်းလဲအောင် သူမရွှေ့နိုင်သေး။ ဒါကိုက ကိုယ့်အ တွက်။
“ကဲ။ ကျူပင်ခုတ် ကျူငုတ်မကျန်အောင် ရှင်းလိုက်မယ်”
သူ ပွန်းကလေးတွေကို စားဖို့ချောင်းပြီ။ အလဟဿ အစားမခံနိုင်။ အကောင်ငယ်ပေမယ့် သတ်္တိထည်သည့် သူရဲကောင်းလေးများ သူ စားနိုင်မလား။ စဉ်းစားစမ်း၊ စဉ်းစားစမ်း၊ စဉ်းစားစမ်း၊ စဉ်းစား။

(၉)

စဉ်းစားရင်း စဉ်းစားရင်း အရုပ်တွေကေ၀၀ါးလာသည်။ ခေါင်းကို မသိမသာခါလိုက်သည်။ ငိုက်လို့မဖြစ်၊ ငိုက်ခြင်းဟာ သည်လူကြီးကို ဦးညွတ်သလို ဖြစ်မည်။ ခုနေ လေးဖြူတစ်ပုဒ်လောက် ဟစ်လိုက်ရရင်။ ဟိုကောင်တွေ သည်ညဂစ်တာတီးဖြစ်ကြသေးလား။ ဒီရေကမ်းဝေး မုန်တိုင်းက ကြမ်းနေလို့။

အင်း …တီးဖြစ်လည်း ခုချိန်ဆိုအိပ်လို့ သိုးနေကြရော့မည်။ အင်း။ သူတို့ကတော့။ ငါနိုင်မှ သည်ကောင်တွေ ကို ကြွားပစ်လိုက်ဦး မည်။ ရှုံးရင်ကော။ ရှုံးရင်တော့ မိနန်းငါ့ကိုလှောင်လိမ့်မည်။ နင်သည်လူကြီးကို ယှဉ်နိုင်ပါ့မ လားဆိုတုန်းက “ဒီမယ် စပါတာတွေဟာ လူသုံး ရာတည်းနဲ့ သန်းချီနေတဲ့ ပါရှန်တွေကိုရင်ဆိုင် ခဲ့တာပါ ဟ”လို့ ပြောမိခဲ့သည်လေ။ အိုး ခုလည်း ပွဲပြီးသေးတာမှမဟုတ်တာ။

“ကိုရွှေ။ ခုထိ ဒီကောင်လေးကို အနိုင်မယူနိုင်သေးဘူးလား။ အိပ်ရေးပျက်ခံလို့။ မနက်မှဆက်ထိုးပါလား။ ခု ကြက်တွေတွန်နေပြီ”

သူ့မိန်းမကြီးရဲ့အသံ။ ကြက်တွန်နေပြီတဲ့။ ညနေ သုံးနာရီလောက်က စလိုက်သည့်ပွဲ။ ကြက်တွန်ပြီတဲ့။ လင်းကြက်လားမသိ။ လင်းကြက်ဖြင့် အတန်ဆော်ပြီ။ လင်းကြက်ဖြင့် အတန်ဆော်ပြီ။ အဘွားဆိုဆိုနေ ကျ တေးထပ်လေး။ ရှေ့ဆက်မရတော့။ နားထောင်လို့ သိပ်ကောင်းတာ။ စာသားထဲမှာ ဝေဘူတောင် တို့၊ ရွှေဂူချောင်တို့၊ ရသေ့တို့ ကိန္နရီတို့ပါတာကို အမှတ်ရသည်။ သြော် အဘွား၊ အဘွား။ ကွယ်လွန်တာ သုံးနှစ် တောင်ရှိပြီ။

“ငါ့ မြေးရဲ့ ဘယ်နေရာမဆို ရှုံးတာ၊ နိုင်တာက ပဓာနမဟုတ်ဘူးကွယ့်။ မှန်တာ မှားတာက အခရာကျတာ။ တချို့ နိုင်တော့ နိုင်ပါရဲ့။”

အဘွား အသံတိမ်တိမ်လေးကို ကြားယောင်မိသည်။ သူ့ရှေ့တွင် အရုပ်ဖြူလေးများ ငိုက်မျဉ်းနေပြီထင်သည်။ မှန်း အဟားရယ်ရသည်။ သူ့ပုံကြီးကိုမြင်လျှင် ဟိုကောင်တွေဆို ဘယ်လောက်ဟားလိုက်ကြမလဲ။ ဟုတ်သည်ေ လ။ တဖွဲ့လုံးက သည်လူကြီးကို ရွံ့မုန်းကြတာလား။ အညောင်းဆန့်ရင်း ချောင်းကို ကျယ်ကျယ်လေးဟန့် လိုက်သည်။ သူ လန့်ဖျပ်သွားကာ…

“ဟား… လင်းရောင်တောင် ပြေးနေပြီ။ ငါ့အလှည့်လား”

“မဟုတ်ဘူး။ ကျွန်တော့်အလှည့်”

“မင်းကလည်း တကွက်ရွှေ့မယ့်အရေး …ရှီးတဲ့မှပဲ”

နှုတ်တုံ့ပြန်ရန် ရွယ်မိသည်။ ရှက်ရမ်းရမ်းတာပဲဟု နားလည်ကာ စစ်တုရင်ကွက်ကို အာရုံစိုက်လိုက် သည်။ နိုင်ခြင်း ရှုံးခြင်းထက် မှန် ခြင်း မှားခြင်းက ဂုဏ်သိက္ခာ။ တကယ်လို့ မတော်မတည့်နည်းနှင့် သူနိုင်သွား လျှင်တောင်မှ အားလုံးက သူဟာသူကိုင်ထားတဲ့ အရုပ်မည်း မည်းတွေလို။ အာရုံကို စုစည်းကာ တဖက်အခြေအနေကို ကြည့်လိုက်သည်။ ခေါင်းထဲတွင် လက်ခနဲဖြစ်သွားစဉ်…။

(၁၀)

“တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ xxx တို့ ပြည် xxx တို့မြေ”
ဟောဗျာ …ရေဒီယိုတောင်လာနေပြီ။ ဒါဆို မနက်ခုနစ်နာရီပေါ့။ ကြည့်စမ်း တော်တော်ကြာတဲ့ပွဲပါလား။ ဘာပဲဖြစ်ဖြစ် သည်လူကြီး တခါမှ ငါ့ကို သည်လောက်ကြာအောင် မထိုးခဲ့ရပေ။ နောက်ပြီး သူ့တိုက်စစ်ကလည်း အားမရှိတော့။ ဘေးကလူတွေလည်း သေချာကြည့်နေ တော့ သူ ကောက်ကျစ်ရဲမှာမဟုတ်တော့ဘူး။

“များလူခပ်သိမ်း အေးငြိမ်းစေဖို့ ခွင့်တူညီမျှ xxx ၀ါဒ xxx”
ရှေ့က ပွန်းလေးကို ကောက်ကိုင်လိုက်သည်။ လက်ထဲတွင် စီးစီးပိုင်ပိုင်ရှိလှသည့်ဖြစ်ခြင်း။ ရှေ့က အဖြူကွက်ေ ပ်ါခြေချမိသည်နှင့် ထိုပွန်း ကလေးသည်…။

“xxx ကမ္ဘာမကြေ xx ဗမာပြည် xxx

ပြည်ထောင်စုကို အသက်ပေးလို့ xxx”။

ရွှေအမြုတေ မဂ္ဂဇင်း ၊မေလ ၂၀၁၁ တွင် ဖော်ပြပြီးဖြစ်ပါသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်