>News & Medai – Salai Ko Tin Maung Oo

>

အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့တဲ့ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ဇွန်လ ၂၆ ရက်နေ့အား မြန်မာပြည်နိုင်ငံရေးအကျဉ်းသားများနေ့အဖြစ်သတ်မှတ်
မိုးယံမခ
ရန်ကုန်၊ ဇွန် ၂၇၊ ၂၀၁၁


၁၉၇၆ ခုနှစ်၊ ဇွန်လ (၂၆) ရက် စနေနေ့ နံနက်လင်းအားကြီးအချိန်မှာ စစ်အစိုးရရဲ့ အင်းစိန်အကျဉ်းေ ထာင်ထဲက ကြိုးစင် ထက်မှာ ကြိုးပေးကွက်မျက်ခြင်းခံခဲ့ရတဲ့ ကျောင်းသားအာဇာနည် ဆလိုင်းတင်မောင်ဦး (၁၉၅၁ – ၁၉၇၆) ကျဆုံးခြင်း (၃၅) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့မှာ ဒီနေ့ နေ့လည်ပိုင်း က ကျင်းပခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှ ကျောင်းသားများနဲ့ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ က ဆောင်ရွက် ခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။ အခမ်းအနားမှာ အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းကို တ င်မောင်ဦးရဲ့ ကိုယ်ရေးအကျဉ်းနဲ့ ဂုဏ်ပြုကဗျာများ အပါအ၀င် အမှတ်တရစကားများ ဖော်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှတ်တရ စကားကတော့ …. ‘‘What happened to Salai Tin Mg Oo must not be allowed to happen to anybody else in Burma sa well’’ ဖြစ်ပါတယ်။

(၉၀) ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) မှ အတွင်းရေးမှူးဖြစ်တဲ့ တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာ အောင်ရဲ့ အမှတ်တရစကားက … ‘‘ဒီလိုကျောင်းသားလူငယ်ခေါင်းဆောင်တယောက်၊ တိုင်းရင်း သားလူငယ်ခေါင်းဆောင်တယောက်ကို တပါတီအာဏာရှင်စနစ်က ရက်ရက်စက်စက် သတ်ဖြတ်လိုကတဲ့ အတွက်ကြောင့် ကျနော်တို့ ယူကြုံးမရ ဖြစ်ရပါတယ်။ တဖက်ကလည်း တိုင်းပြည်နဲ့လူမျိုးအတွက် သူ့ရဲ့ကြိုးမ်းေ ဆာင်ရွက်ခဲ့မှု၊ စွန့်လွှတ်အနစ်နာခံမှုတွေအတွက် ဂုဏ်ယူအားရမိပါတယ်။ ပြီးတော့ ဒီလို ဆလိုင်းတင်မောင်ဦး လို တိုင်းရင်းသားလူငယ်ခေါင်းဆောင်တွေ အများကြီး ပေါ်ပေါက်လာဖို့အတွက် ကျနော်တို့ မျှော်လင့်တောင့် တပါ တယ်။’’

၇၄ – ၇၅- ၇၆ မျိုးဆက်ကျောင်းသားဟောင်းများရဲ့ “ကျောင်းသားခေါင်းဆောင် ရဲဘော်ဆလိုင်းကိုတင်မောင်ဦး ကျဆုံးခဲ့ တဲ့ (၃၅) နှစ်မြောက်နေ့ ဂုဏ်ပြုသ၀ဏ်လွှာ’’ မှာတော့ …. ‘‘ကျွန်ုပ်တို့သည် အောက်မေ့လွမ်းဆွတ်တ သမှုနှင့် တပြိုင်နက် တည်းမှာပင် ဖက်ဆစ်စစ်အာဏာရှင်တို့အပေါ် နာကြည်းဒေါသ မီးဟုန်းဟုန်းတောက် လျှက် ကျောင်း သားထုကိုယ်စား၊ ချင်းအမျိုးသားထုကိုယ် စားနှင့် မြန်မာပြည်သူလူထု ကိုယ်စား လက်စားချေတုန့်ပြန်ပြီး၊ ရဲဘော် ဆလိုင်းကိုတင်မောင်ဦး မျှော်မှန်းခဲ့သော ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအခွင့်အရေး ရရှိသည်အထိ ဆုံးခန်းတိုင်အောင် တိုက်ပွဲဝင် ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း သံန္နိဌာန်ပြုအပ်ပါသည်’’ ဟု ဖော်ပြထားပါသည်။

အာဇာနည်ခေါင်းဆောင် ဆလိုင်းတင်မောင်ဦနဲ့ မြန်မာပြည်နိုင်ငံရေးအကျဉ်းသားများနေ့ စာတမ်းအဖွင့်မှာေ တာ့ … ‘‘မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်။ ငါ့ရဲ့ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှာ ဒူထောက်မှာ မဟုတ်ဘူး ကွ’’ဟုဆိုပြီး ဆလိုင်းကိုတင်မောင်ဦးရဲ့ ကြိုးပေးခံရခါနီး နောက်ဆုံးပြောခဲ့တဲ့ သမိုင်းဝင် စကားကို ဖော်ပြထား ပါတယ်။

အဲ့ဒီစာတမ်းရဲ့နိဂုံးမှာတော့ … ‘‘အာဏာရှင်စနစ်နဲ့ အငြိုးအာဃာတကြီးမားမှု၊ ကောက်ကျစ်ယုတ်မာ ရက်စက် ကြမ်းကြုတ်မှု၊ ပြည်သူ့ဆန္ဒကို ဆန့်ကျင်နှိပ်စက်မှုတွေနဲ့ ရဲရင့်တဲ့အဖိနှိပ်ခံ ပြည်သူတွေရဲ့ မတရားမှုကို ခေါင်းငုံ့မခံမှု၊ ဇွဲ၊ လုံ့လ ၀ိရိယရှိမှု၊ ယုံကြည်ချက် ခိုင်မာစွဲမြဲမှုတို့ကို တချိန်တည်း တပြိုင်တည်းေ တွဖြစ် ခဲ့ကြတဲ့ ‘‘ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင် ဦး ကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အာဇာနည်ပီသစွာကျဆုံးခဲ့ရတဲ့ ဇွန် (၂၆) ရက်နေ့မှတပါး မြန်မာနိုင် ငံနိုင်ငံရေးအကျဉ်းသား များ နေ့အဖြစ် သတ်မှတ်သင့်တဲ့အခြားနေ့ မရှိဘူးလို့ ထင်မြင်ယူဆပါတယ်’’ ဟု ဖော်ပြခဲ့ပါတယ်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး (၃၅) နှစ်မြောက်ကျဆုံးခြင်းအထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့လည် လူစည်ကားရာနေရာများတွင်လည်း ကျောင်းသားများက ဆလိုင်းကိုတင်မောင်ဦးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းများကို ပြည်သူလူထုအား ဝေငှခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦးကျဆုံးခြင်း အောက်မေ့ဖွယ် လက်ကမ်းစာစောင်



၇၄ – ၇၅- ၇၆ မျိုးဆက်ကျောင်းသားဟောင်းတို့၏ ထုတ်ပြန်ကြေညာချက်



အခြားဖတ်ချင်စရာ မိုးမခမီဒီယာ ...

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

MOney Transfer to Burma with Western Union

Sponsored Ads

မိုးမခမှာ ကြော်ငြာပါ

မိုးမခနေ့စဉ် အီးမေးသတင်းလွှာ ရယူပါ

Subscribing to Moemakadaily
Your email address:

Your name (optional):

You may enter a privacy password below.
Create your PASSWORD here

Reenter password to confirm:


မိုးမခမှာ အသစ်တင်တိုင်း သင့်အီးမေးထဲကို အရောက်ပို့မယ်။

Join 531 other subscribers

မိုးမခမာတိကာစဉ်

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

စာဖတ်သူတွေ ကူတာ၊ လှူတာနဲ့ မိုးမခ ရပ်တည်ပါတယ်



$

Twitter: moemaka