>Than Win Hlaing – Thakhin Lwin

August 29, 2011

>

သမိုင်းတကွေ့မှ သခင်လွင်
သန်းဝင်းလှိုင်
သြဂုတ် ၂၉၊ ၂၀၁၁

ကောက်ကြောင်းပန်းချီ – မောင်ငွေထွန်း

၁၉၄၅ ခုနှစ် မေလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်း၌ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ် ဆိုင်းဘုတ်ကြီး တရားဝင်ပေါ်ထွက်လာစဉ်မှာပင် ဆိုရှယ်လစ်ပါတီခေါင်းဆောင်များဖြစ်သည့် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ဦးဆောင်သော ‘ဗမာပြည်ဆိုရှယ် လစ်ပါတီ’ ဆိုင်းဘုတ် ထူထောင်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းခဲ့ကြသည်။ ဗမာပြည်ဆိုရှယ်လစ်ပါတီသည် ပြည်သူ့အရေးတော်ပုံ ပါတီအင်အားစုကိုအခြေတည်၍ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၁၉၄၅ ခုနှစ်တွင် ဖက်ဆစ်တော်လှန်ရေးအပြီး ဖဆပလအဖွဲ့ချုပ်ကြီးသည် မြေပေါ်တရားဝင် နိုင်ငံရေးတပ်ပေါင်းစုအဖွဲ့ချုပ်ကြီးအဖြစ် ရှေ့တန်းရောက်လာစဉ်တွင် ဆိုရှယ်လစ်ပါတီသည်လည်း ဖဆပလအတွင်း၌ အဓိကနိုင်ငံရေးအင်အားစုကြီးအဖြစ် နေရာရရှိလာခဲ့ သည်။ ထို့ကြောင့် ဖဆပလအစိုးရဟု နာမည်ခံယူထားသော်လည်း အဓိကအားဖြင့် ဆိုရှယ်လစ်ပါတီက အာဏာလက်ဝါးကြီးအုပ်ချုပ်ကိုင်ထားသည့်အတွက် ‘ဖဆ-ဆိုရှယ်’ အစိုးရဟု ခေါ်ဝေါ်ခဲ့ကြသည်။ ဤမျှအထိ ဆိုရှယ်လစ်များအာဏာ လက်စောင်းထက်ခဲ့ကြသည်။

သို့သော် ၁၉၅၀ ပြည့်နှစ်ကုန်ခါနီးအထိ ဗမာပြည်ဆိုရှယ်လစ်ပါတီအတွင်း၌ မာ့က်စ်လီနင်ဝါဒလက်ခံလိုလားသူများရော၊ ဆိုရှယ်ဒီမိုကရက် တစ်များပါ အတူတကွပူးပေါင်းတည်ရှိနေခဲ့သည်။ ယင်းနောက်များမကြာမီမှာပင် ကွန်မြူနစ်ဆန့်ကျင်ရေးခေါင်းမာသည့် အာဏာရဆိုရှယ် လစ်များကြောင့် ဆိုရှယ်လစ်ပါတီအတွင်း၌ ပြိုကွဲမှုကြီးပေါ်ပေါက်လာကာ ၁၉၅၀ ပြည့်နှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ၀ိဓူရသခင်ချစ်မောင်၊ သခင်လွင်၊ သခင်လှကျွေ၊ သခင်လူအေး စသည့် ဆိုရှယ်လစ်ပါတီဝင် (၄၃) ဦးတို့သည် အာဏာရဆိုရှယ်လစ်ပါတီကြီးအတွင်းမှ ခွဲထွက်၍ ‘ဆိုရှယ်နီ’ ပါတီ (ခေါ်) ဗမာပြည်အလုပ်သမားလယ်သမားပါတီကို ထူထောင်ခဲ့ကြသည်။ ဆိုရှယ်နီပါတီခေါင်းဆောင်များနှင့် အာဏာရ ဆိုလှစ်ပါတီတို့ သဘောထားကွဲခဲ့ရသည့်အဓိကအချက်များမှာ ကမ္ဘာအလုပ်သအားအစည်းအရုံးများအဖွဲ့ချုပ်(WFTU) ၀င်ရေး မ၀င်ရေး ကိစ္စ၊ ကိုရီးယားစစ်ပွဲနှင့်ပတ်သတ်သောအရေးကိစ္စများပင်ဖြစ်သည်။


ကွန်မြူနစ်ပါတီနှစ်ခြမ်းကွဲစဉ်က အလံဖြူ (ဗကပ)၊ အလံနီ (ကွန်မြူနစ်ပါတီ-ဗမာပြည်) ဟု စာနယ်ဇင်းများက ကင်ပွန်းတပ်ခေါ်ခဲ့သလို၊ နှစ်ခြမ်းကွဲသွားသောဆိုရှယ်လစ်များကိုလည်း သခင်ချစ်မောင် (၀ိဓူရ)၊ သခင်လွင်၊ သခင်လှကျွေတို့ဦးဆောင်သော လက်ဝဲယိမ်းအလုပ်သမား၊ လယ်သမားပါတီဝင်များကို ‘ဆိုရှယ်နီ’ ဟူ၍လည်းကောင်း၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းဦးဆောင်သော လက်ျာယိမ်းဆိုရှယ်လစ်ပါတီဝင်များကို ‘ဆိုရှယ်ဖြူ’ ဟူ၍လည်းကောင်း ခေါ်ဝေါ်ခဲ့ကြသည်။

ဆိုရှယ်နီပါတီခေါင်းဆောင်တဦးဖြစ်သော သခင်လွင်ကို အဖဦးမောင်ကြီး၊ အမိဒေါ်သဲညွန့်တို့မှ သာယာဝတီခရိုင် ဇီးကုန်းမြို့၌ ၁၉၁၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း (၇) ယောက်ရှိသည့်အနက် နိုင်ငံကျော်နိုင်ငံရေးမားနှင့် ပြည်သူ့ဒီမိုကရေစီပါတီဥက္ကဌ သခင်သင်မှာ သခင်လွင်၏ အစ်ကိုရင်းဖြစ်သည်။

သခင်လွင်သည် လက်ပံတန်းမြို့အမျိုးသားအထက်တန်းကျောင်းမှ ဒသမတန်းနှင့် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့သည်။ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်ကြီးတွင် ခရိုင်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည်။ ၁၉၃၆ ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ဝင်ရာက်ခဲ့သည်။ ၁၉၃၇-၃၈ ခုနှစ်တွင် ရေနံမြေအလုပ်သမားအစည်းအရုံး၏အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ၁၉၃၈ တွင်ဖြစ်ပွားခဲ့သော ၁၃၀၀ ပြည့် အရေးတော်ပုံကြီးတွင် ထောင်လေးလကျခံခဲ့သည်။

သခင်လွင်၏ နိုင်ငံရေးပုံရိပ်ကို ဆရာဒဂုန်တာရာက သူ၏ ‘ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ’ စာအုပ်၌ …

“သခင်လွင်ကို သိသည်မှာကြာပြီ။ စစ်မဖြစ်မီခေတ်က ၁၃၀၀ ပြည့်အရေးတော်ပုံပြီးစ ၁၉၄၀ ပြည့်နှစ်ဖြစ်မည်။ ကျနော်ကလည်းကျောင်း သား၊ စတင်တွေ့သည့်နေရာက ကော်မရှင်နာလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊ ဒီးဒုတ်ဂျာနယ်တိုက်ရှေ့ ပလက်ဖောင်းပေါ်တွင်။ သူက တော့ နိုင်ငံရေးသမားဖြစ်နေပြီ။ သခင်တယောက်။ ကျနော်ကလည်း လက်ဝဲစာပေများဖတ်စ၊ သူနှင့်မာ့က်စ်ဝါဒဝေါဟာရများနှင့်ပတ်သတ် ၍ စကားစပ်သွားသည်။

၁၉၃၈ ဒီဇင်ဘာလတွင် ကျနော်တို့ကျောင်းသားများ အထက်အညာသို့ထွက်ကာ စည်းရုံးရေး ခြေဆန့်ခဲ့ကြသည်။ တရားဟောပွဲများကျင်းပ၍ ကျနော်တို့ စင်မြင့်ပေါ်သို့တက်ခဲ့ကြသည်။

ချောက်ရေနံမြေလူထုအစည်းအဝေးတွင် သခင်သင်က အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်သည်။ သခင်သင်ကလည်း သူ့လိုခပ် ပုပု၊ သူကလည်း ခပ်ပုပု။

စစ်ပြီးသောအခါ သခင်သင်သည် ပြည်သူ့ဒီမိုကရေစီပါတီ၏ဥက္ကဌဖြစ်သွားသည်။ သခင်လွင်ကတော့ ဗမာပြည်ဆိုရှယ်လစ်ပါတီဝင်တ ယောက်ဖြစ်သွားသည်။ လွတ်လပ်ရေးရသည့်နှစ်ကပင် ပထမဆုံးသောအစိုးရအဖွဲ့တွင် အလုပ်သမားဝန်ကြီးအဖြစ် သူ့နာမည်ကိုတွေ့ လိုက်ရသည်။ နောက်ပိုင်း ကျနော်က နိုင်ငံရေးလုပ်သည်မဟုတ်၍ ဆုံစရာအကြောင်းလည်း သိပ်တော့မရှိလှ။

ဗမာပြည်ဆိုရှယ်လစ်ပါတီမှာ စစ်ပြီးသောအခါ ဖွဲ့စည်းသောနိုင်ငံရေးပါတီကြီးဖြစ်သည်။ အာဏာရနိုင်ငံရေးပါတီဟုလည်း ဆိုနိုင်သည်။ လက်ဝဲပါတီဆိုပါတော့။ ၁၉၅၀ ပြည့် နှစ်ဆောင်းဦးပေါက်တွင် ‘ဗမာပြည်ဆိုရှယ်လစ်ပါတီ’ နှစ်ခြမ်းကွဲသွားသည်။ ဒါကတော့ သိပ်ဆန်းသည် မဟုတ်။ ကျနော်တို့ မြန်မာပြည်နိုင်ငံရေးရာဇ၀င်တွင် နှစ်ခြမ်းကွဲသွားသော ပါတီအဖွဲ့အစည်းများ မနည်းလှ။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်အလံနီကွန်မြူနစ်ပါတီဟု ကွဲသွားသည်။ ဗမာပြည်ဆိုရှယ်လစ်ပါတီကတော့ ၁၉၅၀ တွင် အလုပ်သမားလယ်သမားပါတီဟူ၍ အမည်သစ်ဖြင့် ပါတီသစ်ခွဲထောင်သွားသည်။ ယင်းပါတီသစ် ခေါင်းဆောင်ထဲတွင် သခင်လွင်ပါသည်ကို တွေ့လိုက်ရသည်” ဟူ၍ ရေးသားထားလေသည်။

သခင်လွင်သည် ၁၉၄၃-၄၅ ခုနှစ်တွင် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေးရဲဘော်များကို စည်းရုံးလှုပ်ရှားသည်။ ၁၉၃၉ခုနှစ် နိုဝင်ဘာလ ၁၈ရက်နေ့တွင် အမျိုးသားခေါင်း ဆောင်ကြီး သခင်မြဦးစီးတည်ထောင်ခဲ့သော ‘ပြည်သူ့အရေးတော်ပုံပါတီ’ (Peoples Revolutionary Party) တွင် သခင်လွင်သည် ၁၉၄၆ ခုနှစ်၌ ဗဟိုအလုပ်အမှုဆောင်အဖြစ် ရွေး ချယ်တင်မြှောက်ခံရသည်။

ထို့နောက် သခင်ကျော်စိန်၊ သခင်စံရ၊ သခင်လှကျွေ၊ သခင်အေးမောင်တို့ ဦးဆောင်၍ ၁၉၄၅ ခုနှစ် မေလ (၂၄) ရက်နေ့တွင် ဖွဲ့စည်းတည် ထောင်ခဲ့သော အလုပ်သမားအစည်းအရုံးများအဖွဲ့ချုပ် (ဗမာနိုင်ငံ) ခေါ် Trade Union Congress (Burma) အတိုကောက် TUCB ၌ ၁၉၄၆ ခုနှစ်တွင် အထွေထွေအတွင်းရေးမှုးအဖြစ် ဆောင်ရွက်ခဲ့သည်။ တဖန် ၁၉၄၇ ခုနှစ် ဖဆပလအဖွဲ့ချုပ်၏ အလုပ်သမားဌာနမှုးကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၇ခုနှစ် ဧပြီလ ၉ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကိုကျင်းပခဲ့ရာ မကွေးမြို့ မဲဆန္ဒနယ်မှ အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။ ၁၉၄၇-၄၈ခုနှစ်တွင် အလုပ်သမားဝန်ကြီးဌာန ပါလီမန်အတွင်းဝန်အဖြစ် ရွေးချယ်ခန့်အပ်ခံရသည်။

၁၉၄၈ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖဆပလအစိုးရ အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ သို့သော် ၁၉၄၉ ခုနှစ် ဇန်န ၀ါရီလတွင် နှုတ်ထွက်ခဲ့သည်။

သခင်လွင်သည် ၁၉၄၈မှ၁၉၅၀အထိ အလုပ်သမားအစည်းအရုံး (ဗမာနိုင်ငံ) Trade Union (Burma) ၏ ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက် ခံရသည်။ ထို့နောက် ၁၉၅၁ ခုနှစ်တွင် တည်ထောင်ခဲ့သော ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) တည်ထောင်ခဲ့ရာ ဆရာကြီး သခင် ကိုယ်တော်မှိုင်းကို ဥက္ကဌအဖြစ်တင်မြှောက်၍ ဒုဥက္ကဌအဖြစ် သခင်လွင်ကိုတင်မြှောက်ခဲ့ကြသည်။ သခင်လွင်သည် ၁၉၆၄ ခုနှစ်အထိ ဒုတိယဥက္ကဌတာဝန်ကိုယူခဲ့သည်။

၁၉၅၀ ပြည့်နှစ် ဒီဇင်လာလ ၈ ရက်နေ့တွင် ဗမာပြည်အလုပ်သမား၊ လယ်သမားပါတီ (ဆို ရှယ်နီ) ကိုတည်ထောင်ခဲ့ရာ ကနဦးတည်ထောင်ခဲ့ သူ ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့သည်။ ဆိုရှယ်နီပါတီ၏ ဦးဆောင်မှုအောက်တွင် လူထုလူတန်းစားအဖွဲ့အစည်းတခုဖြစ်သည့် ဗမာပြည် အလုပ်သမားအစည်းအရုံးများအဖွဲ့ချုပ် (Burma Trade Union Congress- BTUC) ၏ ဥက္ကဌအဖြစ် ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၄ ခုနှစ်အထိ တာဝန်ယူခဲ့သည်။

နောင်တွင် ပြုပြင်ဖွဲ့စည်းခဲ့သည့် ဗမာပြည်အလုပ်သမားပါတီ၊ ဗမာပြည်အလုပ်သမားညီညွတ်ရေးပါတီတို့တွင် ဗဟိုအလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊ ၁၉၅၁မှ ၁၉၆၄ခုနှစ်တွင် ပြည် သူ့လူငယ်အဖွဲ့ချုပ်(မြန်မာနိုင်ငံ) ၏ နာယကအဖြစ်လည်းကောင်း၊ ၁၉၅၁မှ ၁၉၅၄ ခုနှစ်အထိ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု၏ ဥက္ကဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ထို့နောက် ၁၉၅၅ခုနှစ် နိုဝင်ဘာလ ၁၈ရက်နေ့တွင် ငြိမ်းချမ်းရေး၊ အမျိုးသားလွတ်လပ်ရေး မြှင့်တင်ရေး၊ ဒီမိုကရေစီရေး စသည့်ရည်ရွယ် ချက်များဖြင့် ဖွဲ့စည်းခဲ့သည့် ပမညတခေါ် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (National United Front- NUF) ၏ သဘာပတိအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ပမညတတပ်ပေါင်းစုကြီးသည် ကနဦးစတင်ဖွဲ့စည်းစဉ်က (၁) ၀ိဓူရသခင်ချစ်မောင်၊ သခင်လွင်တို့ခေါင်းဆောင်သည့် အလုပ်သမားလယ်သမားပါတီ၊ (၂) သခင်သင်၊ သခင်ဗမောင်တို့ ဦးဆောင်သည့် တို့ဗမာအစည်းအရုံး(နောင် ပြည်သူ့ဒီမိုကရေစီပါတီ)၊ (၃) ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းဦးဆောင်သည့် ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့၊ (၄) ဦးသိန်း ဖေမြင့်၊ ဗိုလ်ထွန်းစိန် တို့ဦးဆောင်သည့် ပြည်သူ့ညီညွတ်ရေးပါတီ၊ (၅) ဒေါက်တာအေးမောင်ဦးဆောင်သည့် တရားမျှတမှုပါတီ၊ (၆) ဗမာပြည်အလုပ်သမားအစည်း အရုံးများအဖွဲ့ချုပ်၊ (၇) တောင်သူလယ်သမားညီညွတ်ရေးအစည်းအရုံး (တလညစ)၊ (၈) ပြည်သူ့လူငယ်အဖွဲ့ချုပ်၊ (၉) မွန်တိုင်းရင်း သားအစည်းအရုံး၊ (၁၀) မန်းထွန်းရင်ဦးဆောင်သည့် ကရင်အမျိုးသားအဖွဲ့ စသည့်နိုင်ငံရေးပါတီများနှင့် လူထုလူတန်းစား အဖွဲ့စည်း ပေါင်းစုံပါဝင်ခဲ့သည့် တပ်ပေါင်းစုကြီးဖြစ်သည်။

သခင်လွင်သည် နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သော်လည်း စာပေမွေ့သူတယောက်လည်းဖြစ်သည်။ သူသည် ၁၉၆၈ ခုနှစ်တွင် ရှုထောင့် ဂျာနယ် စတင်ထုတ်ဝေ၍ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ထို့ပြင် နိုင်ငံရေးဆိုင်ရာဆောင်းပါးများ၊ စာတမ်းများ၊ စာအုပ်များစွာကို လည်း ရေးသားပြုစုခဲ့သည်။ သူ၏ထင်ရှားသည့်စာအုပ်များမှာ အာဇာနည် အသျှင်ဦးဝိစာရ (၁၉၇၁)၊ ဦးဥတ္တမလက်ရွေးစင် (၁၉၇၂)၊ ဂျပန်ခေတ်ဗမာပြည် (၁၉၇၃)၊ မြန်မာနိုင်ငံအလုပ်သမား လှုပ်ရှားမှုသမိုင်း (၁၉၇၅) တို့ဖြစ်သည်။ အဆိုပါစာအုပ်သည် အမျိုးသားစာပေ ဆု (ဒုတိယဆု) ကိုရရှိခဲ့သည်။ နိုင်ငံရပ်ခြားပညာရှင်များကိုးကားရသည့်စာအုပ်ဖြစ်သည်။ ‘လီနင်ကဗျာ-၁၀၀’ စာအုပ်ကိုလည်း ဆရာမနုယဉ်၊ ဆရာတင်မိုး၊ ဆရာဒဂုန်တာရာတို့နှင့်အတူ စုစည်းရွေးချယ်၍ ထုတ်ဝေခဲ့သည်။

သခင်လွင်သည် မြန်မာ-ဆိုဗီယက်မိတ်ဆွေဖြစ် အသင်းဥက္ကဌအဖြစ်လည်းဆောင်ရွက်ခဲ့သေးသည်။ သခင်လွင်သည် နိုင်ငံရေး၊ အလုပ် သမားရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးကိစ္စများအတွက် အိန္ဒိယ၊ ဗြိတိန်၊ တရုတ်၊ ဆိုဗီယက်၊ အမေရိကန်၊ သြစတြီးယား၊ ဂျာမနီ စသည့်နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့သည်။

သူ၏တသက်တာနိုင်ငံရေးဆောင်ရွက်ခဲ့မှုနှင့်လွတ်လပ်ရေးကြိုးပမ်းမှုကြောင့် နိုင်ငံတော်မှချီးမြှင့်သော လွတ်လပ်ရေးမော်ကွန်းဝင် (ပထမ ဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) တို့ကို ရရှိခဲ့ သည်။ သူသည် တရုတ်-မြန်မာ ချစ်ကြည်ရေးရွှေတံဆိပ်ဆု၊ ဆိုဗီယက်-မြန်မာချစ်ကြည်ရေး ရွှေတံ ဆိပ်ဆု၊ လီနင်ရာပြည့် ရွှေတံဆိပ်ဆုများကို ရရှိခဲ့သည်။

သခင်လွင်သည် ဒေါ်မြင့်မြင့်လွင်နှင့်လက်ထပ်ထိမ်းမြားပြီး သားဒေါက်တာ ဇော်ဝင်းလွင်၊ ဦးကျော်လင်းလွင်၊ သမီးအေဘယ်လ်လွင် (ခေါ်)ြ မင့်သက်ဆွေလွင် (ကွယ်လွန်) တို့ ထွန်းကားခဲ့သည်။

သခင်လွင်သည် အသက် (၈၃) နှစ်အရွယ် ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ဆိပ်ကမ်းသာလမ်း၊ တိုက်အမှတ် ၁၅၀၊ တတိယထပ်၌ကွယ်လွန်ခဲ့လေသည်။ သူကွယ်လွန်သောအခါ ဆရာကြီးဒဂုန်တာရာက …

“သခင်လွင်သည် နိုင်ငံရေးသမားထဲတွင် ချစ်စရာကောင်းသောသူတယောက်ဟု မှတ်သားခံစားထားမိသည်။ သူသည် ဒီမိုကရေစီနိုင်ငံရေး သမား။ အယူအဆတွင် ထပ်တူထပ်မျှတူစရာမလို။ သဘောထားကွဲလွဲလျှင်လည်း ညှိနိုင်သည်။ ဆွေးနွေးနိုင်သည်။ ယင်းသို့သော သဘော ထားမြင့်မြတ်သော နိုင်ငံရေးစိတ်ထားမျိုး သခင်လွင်တွင်ရှိသည်။ သူ့ကိုနားလည်ထား၍ ကျနော် သခင်လွင်ကို တန်ဖိုးထား၍ ခင်မင်မိခြင်း ဖြစ်သည်။ ကျနော်က နိုင်ငံရေးဆိုသည်မှာ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်သောအလုပ်ဟု နားလည်ထားသည်။ သခင်လွင်လိုလူမျိုးနှင့် နိုင်ငံရေးစကားပြောရသည်မှာ ကွဲလွဲရာ၌ ငြင်းခုံရသည်မှာချစ်စရာ။ ပြီးတော့ … နိုင်ငံရေးသမားထဲတွင် ချစ်စရာကောင်းသောသခင်လွင်…” ဟု ပြောပြလေသည်။

သခင်လွင်ကြွင်းကျန်သောရုပ်ကလာပ်ကို ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကြံတောသုဿန်သို့ ပို့ဆောင် မီးသဂြိုလ်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်