>Messenger Jounral purnished for Suu’s picture

September 8, 2011

>

ဒေါ်စုဓါတ်ပုံဆိုက်ကြီး၍ မက်ဆင်ဂျာဂျာနယ်အား ကန့်သတ်ပြစ်ဒဏ်ခတ်

စက်တင်ဘာ၈၊ ၂၀၁၁
ခင်နှင်းလွင်၊ ရန်ကုန်
ယခုပတ် တနင်္ဂနွေနေ့ထုတ် မက်ဆင်ဂျာ ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏  ဓါတ်ပုံအား ခွင့်ပြုသည့် အရွယ်အစားထက် ချဲ့ပြီးဖေါ်ပြခဲ့ခြင်း နှင့် အင်တာဗျူးစာမူအား အတွင်းစာမျက်နှာတွင် ဖေါ်ပြရမည့် အစား မျက်နှာဖုံးသဖွယ်ဖေါ်ပြခဲ့ခြင်းတို့အတွက် စာပေစိစစ်ရေးမှ ကန့်သတ်ပြစ်ဒဏ် ပေးလိုက်ကြောင်း ယနေ့နံနက်တွင်အကြောင်းကြားခဲ့သည်။
ယခုလို စာပေစိစစ်ရေးမှ ကန့်သတ် ပြစ်ဒဏ်ပေး ခဲ့ခြင်းကြောင့်မက်ဆင်ဂျာ (Messenger News ) ဂျာနယ် အနေဖြင့် နောက်ဆက်တွဲ သတင်းရုံးတင်ခွင့်နှင့် မျက်နှာဖုံးတွင်နောက်ဆုံးရ သတင်းဦးများ ဖော်ပြခွင့်ကို တပတ်ပိတ်ပင်လိုက်သည် ဟုသိရသည်။
စက်တင်ဘာ ၄ ရက်နေ့တွင် ဖြန့်ချိသည့် မက်ဆင်ဂျာ ဂျာနယ်တွင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းစာမူ၌ စိစစ်ရေးမှ ဖေါ်ပြခွင့်ပြုသည့် ဓါတ်ပုံအရွယ်အစားထက်ကြီးမားပြီး ဖေါ်ပြခဲ့ခြင်း၊ စာစောင်၏ အတွင်းစာမျက်နှာတွင် ဖေါ်ပြခွင့်ပြုသည်ကို အချပ်ပိုအဖြစ်နှင့် မျက်နှာဖုံးသဖွယ်ဖေါ်ပြခဲ့ခြင်းတို့ကို ထောက်ပြပြီး စိစစ်ရေးမှ ယခုသီတင်းပတ်နောက်ဆက်တွဲ တင်ပြခွင့်မပေးကြောင်း နံနက် ၁၀ နာရီတွင် ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟုဂျာနယ်နှင့် နီးစပ်သူက ပြောသည်။
စာပေစိစစ်ရေး၏မူ အရ မျက်နှာဖုံး တွင် ဒေါ်အောင်ဆန်းစုကြည်၏ဓါတ်ပုံ ဖေါ်ပြလျင် ထည့်လျှင် ၃လက်မ သို့မဟုတ် လေးလက်မ ပတ်လည်သာ ခွင့်ပြုလေ့ရှိသည်ဟု  မော်နီတာဂျာနယ်မှာ ဖေါ်ပြဖူးကြောင်း  ပြည်တွင်း သတင်း အယ်ဒီတာတစ်ဦးက ပြောသည်။
တပတ်ပဲပိတ်တာပါ။ ဘာကြောင့်လဲဆိုတာ မသိပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကိုနောက်မျက်နှာဖုန်းမှာ အပြည့်ဖော်ပြခဲ့လို့လို့ သိရတယ်။  ခု ဖော်ပြတဲ့ ဓါတ်ပုံ အရွယ်အစားက ခွင့်ပြုတဲ့ အတိုင်းမဟုတ်ပဲပိုကြီးတာဖော်ပြတာကြောင့်လို့ ထင်တယ် ဟု မက်ဆင်ဂျာ ဂျာနယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခုသီတင်းပတ် ထွက်ရှိသည့် သတင်း ဂျာနယ်များအနက်  မက်ဆင်ဂျာဂျာနယ်နှင့် ပြည်သူ့ခေတ်ဂျာနယ်တို့တွင်ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးနှင့် အင်တာဗျူးတို့ ဖေါ်ပြခွင့်ရပြီး ရက်ပိုင်းအကြာ  ယခုကဲ့သို့ မက်ဆင်ဂျာ ဂျာနယ် နောက်ဆက်တွဲတင်ပြခွင့်တပတ် အပိတ်ခံရခြင်းဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်