quotes in April

May 6, 2013

မိုးမခရဲ့ ဧပြီလ စာကိုး စကားကိုးမေ ၆၊ ၂ဝ၁၃

ကျန်းမာရေးဝန်ကြီးဌာန၊ မွေးမြူရေးဝန်ကြီးဌာနတို့၏ ထောက်ခံချက်မပါသော ရယ်ဒီမိတ်အသားများ၊ မှောင်ခိုသားငါးများ စားသုံးခြင်းကို လုံးဝရှောင်ရှားရပါမည်။
ဈေးဖိုးထက် ဆေးဖိုးက ကြီးသွားပါမည်။
ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာနှင့် ဟော်မုန်းဆေးများ အလွန်အကျွံ သုံးထားသည့်၊ အမျိုးအမည် ခွဲရန်ခက်ခဲပြီး သာမန်ထက် ထူးကဲသန်စွမ်းနေသည့်၊ ရောင်းချသူကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်မှုကို ရေရာသေချာစွာ ရှင်းမပြနိုင်သည့် ဟင်းသီးဟင်းရွက်များကိုလည်း ရှောင်ရှားရပါမည်။
ထို့နောက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်ထားသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များကို အားပေးကြရန်သာဖြစ်ပြီး နောက်ဆုံး ကိုယ်တိုင်စိုက်ပျိုးစားသုံးခြင်းက အကောင်းဆုံးစားသုံးခြင်းသာ ဖြစ်ပါသည်။
သားငါးကို ရံဖန်ရံခါမှသာ စားသုံးကြသော်လည်း အသီးအရွက်ကိုတော့ နေ့စဉ် စားသုံးကြရမည်ဖြစ်ပါသည်။
မိမိတွင်ရှိသည့် မြေပို၊ မြေလွတ်ကလေးများတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ စိုက်ပျိုးစားသုံးခြင်းသည် ကျန်းမာရေးနှင့် ချွေတာရေးကို အထောက်အကူဖြစ်စေပါမည်။

ဝင်းလှိုင်ဦး
ကြေးမုံသတင်းစာ၊ ဧပြီ ၂၂

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

လွှတ်တော်ကိုယ်စားလှယ်အချို့က နည်းပညာနဲ့ပတ်သက်လို့ အားနည်းကြပါတယ်။
သူတို့တွေ နည်းပညာဥပဒေရေးဆွဲတာကို လွှတ်ထားလိုက်မယ် ဆိုရင် အဲဒီနည်းပညာဥပဒေက အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်တဲ့ ဥပဒေ ဖြစ်လာမှာကို စိုးရိမ်ရပါတယ်။
 အဲဒီဥပဒေက Black Cyber Crime တွေရဲ့ ရန်ကနေ ကာကွယ်ပေးရမှာဖြစ်သလို လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကိုလည်း မထိနိုင်အောင် လုပ်ပေးရပါမယ်။

နေဘုန်းလတ်
News Watch/စောင့်ကြည့်သတင်းဂျာနယ်၊ ဧပြီ ၁၆

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

၁၉၈၃ မှာပဲ မန္တလေးမှာ ဂျူးနဲ့ကျွန်မ တွဲမိကြတယ်။ ကျွန်မတို့ ၀တ္ထုတိုအကြောင်း ပြောဖြစ်ကြတယ်။
ဂျူးက ရေနံချောင်းမှာ ရေဘုံဘိုင်သွားပြီး စောင်လျှော်တာ မနက် ခုနှစ်နာရီကနေ နေ့ခင်း နှစ်နာရီအထိ တဲ့။
သူ့အမေ လိုက်လာတယ်။ ဂျူးက စောင်လျှော်လို့ မပြီးသေးဘူး။
စောင်ကို ဂျူးက ခြောက်လက်မစီ၊ ခြောက်လက်မစီ လျှော်နေတာလေ။ တစ်ခုချင်း အသေးစိတ်လုပ်တတ်တဲ့သဘာဝပေါ့။

ဖြူမွန်
Hot News ဂျာနယ်၊ ဧပြီ ၎

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

ပြည်သူတွေကို သတင်းမထိန်ချန်သင့်ဘူး။ မိတ္ထီလာမှာ ပြဿနာဖြစ်ဖြစ်ချင်း အစိုးရမီဒီယာတွေက မဖော်ပြခဲ့ဘူး။
အရင်အစိုးရဟောင်းလိုပဲ တစ်ခုခုဖြစ်ရင် တွေဝေနေလေ့ရှိတယ်။ အစိုးရမီဒီယာတွေဟာ အထက်အမိန့်ကို စောင့်နေရလေ့ရှိတယ်။
သတင်းအမှောင်ချတယ်၊ သတင်းထိန်ချန်တယ် ဆိုတာ ပြည်သူတွေကို လိုတာထက် ပိုပြီး တုန်လှုပ်ချောက်ချားစေတာ သိသင့်ပါတယ်။

ကောင်းဆက်နိုင်
Express Times ဂျာနယ်၊ ဧပြီ ၃

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
အသင့်စား မုန့်ဟင်းခါးထုပ်တွေ ပေါ်လာခဲ့တယ်။ အပျော်ဆုံးပဲ…။ အထုပ်တွေပေါ်မှာ ရေးထားတဲ့အတိုင်း ရေနွေးဆူဆူထဲကို ပါသမျှတွေ တခုပြီးတခု ဖေါက်ထည့်ပြီး မုန့်ဟင်းခါး ဖြစ်ပလိုက်တယ်။ မုန့်ဖတ်အတွက် အလွယ်ရတဲ့ ညှပ်ခေါက်ဆွဲဖတ်နဲ့ ကိစ္စပြီးတယ်။ ဆီချက် အကြော် နံနံပင်… အသာထား… တခါတခါ မုန့်ဖတ် ၀ယ်မရရင် ထမင်းနဲ့ မုန့်ဟင်းခါး ဟင်းရည်နဲ့တောင် စားခဲ့ဖူးတယ်။ မစားရတာ ကြာနေတော့ မုန့်ဟင်းခါးဆိုတဲ့ နာမည်နဲ့ အနံ့အသက်လေးဟာ ဆွေမျိုးမေ့စေတာပါပဲ…။

အဲဒီလိုနဲ့ စားလာလိုက်တာ တနှစ်ခွဲ နှစ်နှစ် ကြာလာတော့ အထုပ်တွေက မုန့်ဟင်းခါးအနံ့ကို ငြီးတတ်လာတယ်…။ အဲတော့ တောင်တွေး မြောက်တွေးနဲ့ နည်းတမျိုး ထွင်ကြည့်တယ်။ အဲဒါကတော့ အထုပ်ထဲက ငါးမွှေတွေကို ကြက်သွန်ဖြူများများနဲ့ ဆီသတ်တာရယ်၊ ဟင်းရည်အိုးထဲကို စပါးလင်နှစ်ချောင်းလောက် ထုထည့်လိုက်တာရယ်၊ အိမ်မှာရှိတဲ့ ငရုတ်ကောင်းစေ့ကို ကြက်သွန်ဖြူနဲ့ ထောင်းပြီး ထည့်တာရယ်…။ အဲဒီမှာပဲ ကိုယ့်အတွက် ပထမတန်းစား မုန့်ဟင်းခါးကို ရရှိသွားတယ်။ ပတ်ဝန်းကျင်က အထုပ်ဖေါက်ချက်သူ အပေါင်းအသင်းတွေကိုလည်း မမောနိုင် မပန်းနိုင် သတင်းပေးရသေးတယ်။ ခေါ်ကျွေးပြီးတော့လည်း သက်သေပြရသေးတယ်။

အခုတလောမှာတော့ အဲဒီလိုချက်ရတဲ့ မုန့်ဟင်းခါးကိုလည်း စိတ်တိုင်းမကျပြန်လူး။ အထုပ်ထဲက ငါးမွှေဆိုတာတွေကို တဖဲ့လောက် ယူစားကြည့်တဲ့အခါမှာ ငန်တူးတူး အရသာပြင်းပြင်းကြီး လျှာပေါ်ရောက်လာတယ်။ ငန်တာမှ တော်တော်ကြီးကို ငန်တာ…။ ကိုယ်လည်း မစားချင်၊ အိမ်သားတွေကိုလည်း သွေးတိုးမှာစိုးလို့ မကျွေးချင်…။ ဒီလိုနဲ့ အခုတလော မုန့်ဟင်းခါး မချက်ဖြစ်ဘူး။ ဒါပေမဲ့လည်း သိကြတဲ့အတိုင်း မျက်နှာစာအုပ်ပေါ်မှာက မုန့်ဟင်းခါးပန်းကန် မတွေ့ရတဲ့နေ့က မရှိဘူးရယ်…။ အဲဒီတော့ ဒါဏ်ရာဟောင်းက ပြန်နာလာတယ်။

ဘလော်ဂါ သက်ဝေ
http://thet-wai-blog.blogspot.com ဧပြီ ၂၂

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

စပွန်ဆာရှာတာများ လွယ်မှတ်လို့။ ကောင်မလေးတွေကို သွားမေးကြည့်၊ စပွန်ဆာ ရှာရတာ လွယ်သလား ဆိုတာ။
စပွန်ဆာရှာရင်း တချို့ဆို ကိုယ်ပဲအနာခံလိုက်ရတဲ့ စပွန်နာ တို့၊ ဘာတစ်ပြားမှ မထွက်တဲ့ စပွန်ချာတို့၊ ဘာမှ မရတဲ့အပြင် ကိုယ့်ဆီက ပြန်ခွာသွားတဲ့ စပွန်ခွာတို့နဲ့တွေ့ပြီး အကျိုးနည်းကုန်ကြတာ။

မာဂျေ
မြန်မာတိုင်းမ် ဂျာနယ်၊ ဧပြီ ၁၂

 ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
ကျွန်တော်တို့တစ်တွေက စစ်တပ်ကို ဘင်္ဂလားပင်လယ်အော်ထဲထိ တွန်းထုတ်ချင်တယ်။
သူ (ဒေါ်အောင်ဆန်းစုကြည်) က ကန်တော်ကြီး အထိပဲ တွန်းထုတ်စေချင်တယ် …
… ဒီလို ပြောတာနဲ့ ပတ်သက်ပြီး တချို့က ဦးဝင်းတင်ကို ပြဿနာလုပ်ချင်တဲ့အသံတွေလည်း ကြားရပါတယ်။
တကယ်တော့ ဒီစကားဟာ အလင်္ကာစကားပါပဲ။ တက္ကသိုလ်ဝင်တန်း ကျောင်းသားကလေးတောင် သိနိုင်တဲ့ အလင်္ကာစကားပါ။
အဲဒါ ဘာကြောင့် အချို့သော ၀ါရင့်နိုင်ငံရေးသမား ဆိုတဲ့ လူတွေ မသိကြတာလဲ။ အံ့သြစရာပါ။

ဇော်ဇော်အောင်
Newday သတင်းဂျာနယ်၊ ဧပြီ ၂၄

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)