>Saffron Anniversary Protesters arrested at night

September 27, 2011

>

ရွှေဝါရောင်နှစ်ပတ်လည် ၀တ်ပြုဆုတောင်းပွဲဦးဆောင်သူ အချို့ဖမ်းဆီးခံရ

ခင်နှင်းလွင်၊ ရန်ကုန်
စက်တင်ဘာ ၂၆၊ (ည ၁နာရီ)
၎နှစ်မြောက်ရွှေဝါရောင်နှစ်ပတ်လည်နေ့တွင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက်ဆုတောင်းပွဲကို ဦးဆောင်ခဲ့သူ အချို့ကို ညပိုင်းတွင် လာရောက်ဖမ်းဆီးခဲ့သည်ဟုနီးစပ်သူများ၏ ပြောဆိုချက်အရ သိရသည်။  ဆူးလေဘုရားတွင် ၀တ်ပြုသည့် လှုပ်ရှားမှုများပြုလုပ်ခဲ့သော အင်္ဂါ ၀တ်ပြုဆုတောင်းသူများအဖွဲ့မှ  ဒေါ်နော်အုန်းလှနှင့် တွံတေးမှမစန္ဒာတို့ကို အာဏာပိုင်များက ယနေ့ ညတွင် လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု သိရှိရသည်။
“မစန္ဒာကို သူ့နေအိမ်မှာပဲ ညဘက်လာခေါ်သွားတယ်လို့သိရတယ်“ဟု နီးစပ်သူတစ်ဥိးကပြောပြသည်။
ဆုတောင်းပွဲတွင်ပါဝင်သူများအနက် မစန္ဒာနှင့် ဒေါ်နော်အုန်းလှ တို့ကိုသာ ခေါ်ဆောင်သွားသည် ဟု လည်းယနေ့ည သန်းခေါင်ချိန်အထိ ရရှိသည့် သတင်းများအရ သိရသည်။
“ကိုဝေလုကတော့ရှိတယ်လို့ သူ့အဖေက ပြောတယ်။ တောင်ဒဂုံက ဦးကြည်လင်းအိမ်ကိုတော့ရဲတွေဓါတ်ပုံလာရိုက်သွားတယ်” ဟုတောင်ဒဂုံရှိ ဆင်းရဲချို့တဲ့မှု တိုက်ဖျက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပြခဲ့သည်။
ဆူးလေတွင် ဦးဆောင် ၀တ်ပြုခဲ့သူ ကိုဟန်ဝင်းအောင်မှာမူ ဖုန်းပိတ်ထားသောကြောင့် အဆက်အသွယ်မရရှိ ဖြစ်နေသည်ဟု ကိုဟန်ဝင်းအောင်၏ မိတ်ဆွေ တစ်ဦးက ပြောပြခဲ့သည်။
တွံတေးအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် မစန္ဒာမှာ ၂၀၀၈ ခုနှစ်ကတာဝန်ဝတ္တရားနှောက်ယှက်မှုဖြင့် ထောင်ဒဏ် ၁၃ လ ချမှတ်ခံခဲ့ရပြီးနောက်ပိုင်းတွင်ပူတာအိုထောင်သို့ ပြောင်းရွှေ့ခြင်းခံခဲ့ရသည်။ 
 (မိုးမခ နောက်ဆက်တွဲ ပြင်ဆင်ချက် -ဒေါ် နော်အုံးလှ ထိန်းသိမ်းခြင်းမခံရကြောင်း သတင်းထောက်တဦးက ထပ်မံ ပြောကြားသဖြင့်၊ အထက်ပါ ဒေါ်နော်အုံးလှကို ဖမ်းဆီးသည်မှာ မဟုတ်ကြောင်း ပြင်ဆင်အပ်ပါသည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်