>Translated by May Ka on "Twilight over Burma by Inge Sargent " #13

October 7, 2011

>

မြူတိမ်ဝေဝေ … တောင်ခိုးဝေးဝေး – ၁၃
မေခ
အောက်တိုဘာ ၇၊ ၂၀၁၁

အခန်း (၈)

ကလဲ့စားပြန်ချေသည့်သဘောဖြင့် နမ့်ပန်းတောင်တန်းတွေမှာ ပူသောရာသီက တဖန်ပြန်လည်အသားကျနေတော့သည်။ လူနှင့် တိရစ္ဆာန် တို့သည် ရက်စက်လှသော ပူလောင်သည့်နေရောင်ကို ကာကွယ်ဖို့ အရိပ်ရှိရာသစ်ပင်အမိုးတို့ကို ရှာကြည့်နေကြရသည်။ သူတို့၏အသက် ရှင်ဖို့ရာ ကြီးမားသော သစ်ရွက်နီအချပ်များ၊ တောင်များ၏နောက်ကျောဘက်မှ အနောက်အရပ်ဆီ ကြွေကျပျောက်ကွယ်သွားသည်အထိ စောင့်ဆိုင်းနေကြရသည်။ ထို့နောက် လှုပ်ရှားမှုတွေ ပြန်လည်နိုးကြားလာကြပြန်လေ၏။ ရယ်မောသံများလေထဲမှာ လွင့်မျော၊ မီးသွေးမီး ဖြင့်ချက်ပြုတ်ထားသော မွှေးပျံ့သောညစာဟင်းအနံ့တွေ ပတ်ဝန်းကျင်အနီးအနားကို ပျံသွား။ ရာပေါင်းများစွာသော ရဲရဲတောက်သော တော်ဝင်သစ်ပင်ကြီးပေါ်တွင် ဖူးပွင့်နေကြသော ထီးပုံ ကတ္တီပါလက်ပံပန်းနီနီလေးတွေ တမြို့လုံးအနှံ့ နီစွေးနေလျှင် နောက်တရက်တွင် တဖန်ပြန်ပူလာလိမ့်ဦးမည်ဆိုတာ လူတွေက သိနေခဲ့ကြသည်။

စ၀်နှင့် သုစန္ဒာတို့သည် အေးမြသောအရှေ့စံအိမ်တော်အတွင်းမှ အိမ်ရှေ့မြေပြင်ခုံးလေးဆီ စွန့်စားပြီးထွက်လာခဲ့ကြသည်။ သည်အချိန် သည် သူတို့ ကော့တေးသောက်ချိန်လည်းဖြစ်သည်။ ထိုအချိန်တွင် သူတို့သည် တနေ့တာအကြောင်းများကို ပြန်လည်ဆွေးနွေးပြီး အကြံ ဉာဏ်များ ဖလှယ်ကြသည်။ စ၀်က မာဘယ်လ်ကျောက်ကြမ်းပြင် သူတို့ခြေထောက်အောက်တွင် ထိုင်နေသော သူတို့၏ သဘောအကျဆုံး ဂျာမန် သိုးထိန်းဆန်တကို သီဟိုဠ်သရက်စေ့များကျွေးနေသည်။

“ကျမ မောင့်ကိုပြောစရာတွေ အများကြီးရှိတယ်” သုစန္ဒာသည် ရေခဲထည့်ထားသော သံပုရာရည်တငုံသောက်ပြီး စ၀်ကိုပြောလိုက်သည်။

“ဆိုစမ်းပါဦး။ အခုတလော မောင်က ကိုယ့်ရဲ့စိတ်ညစ်စရာတွေကိုတောင် မေ့နေတော့တယ်” စ၀်ကပြောရင်း သူ့ခြေထောက်ကို ဆန့်ထုတ် လိုက်ပြီး ကြိမ်ထိုင်ခုံကိုမ၍ သူမအနားရွေ့လိုက်သည်။ နားထောင်ဖို့ အသင့်ဖြစ်နေသည်။

“နမ့်ပန်းမှာ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းဖွဲ့ဖို့ ကျမကို လာမေးတယ်”

“ဘယ်သူကမေးတာလဲ” စ၀် တအံ့တသြကြည့်လိုက်သည်။

“အဆင့်မြင့် စွမ်းအင်ကိုယ်စားလှယ်အဖွဲ့က ဒေါက်တာဘဉာဏ်၊ ဒေါက်တာခွန်စောနဲ့ ၀န်ကြီးချုပ် ဦးသန်း”

“ပြီးတော့ရော အချစ်က ဘာပြန်ပြောလိုက်လဲ” စ၀်က ပြုံးနေသည်။ သူသဘောကျကြောင်း ဖော်ပြနေသည်။

“ကောင်းပြီလေ ကျမက မဖြစ်ဖူးလို့ ကျမ မပြောနိုင်ဖူး။ ဒီမှာရှိတဲ့ မိခင်နဲ့ကလေးတွေအတွက် အကူညီလိုတယ်လေ။ ကျမတို့ဆေးရုံက ကိုယ်ဝန်သည်မိန်းမတွေ ရိုးရိုးမွေးဖို့လာတာတောင် လက်မခံဖူးဆိုတာ ယုံနိုင်လား။ သူတို့က ၀မ်းဆွဲဆရာမကို သွားခေါ်ခိုင်းတယ်။ အဲဒီမှာ ရေပိုက်တောင်မရှိဖူး”

“မောင်သိတယ်။ နားလည်တယ်။ အချစ်ကိုယုံပါတယ်” စ၀်က သူမကို ငေးနေသည်။

“ပြီးတော့ မွေးကင်းစကလေးလေးတွေအများကြီး …” သုစန္ဒာဆက်သည်။ “အသက်ကြာကြာ မရှည်ကြဖူး။ ဒေါက်တာဘဉာဏ်ပြောတာက ကလေးတွေရဲ့ လေးပုံသုံးပုံက အသက်၂ နှစ် မတိုင်ခင် သေကြတယ်တဲ့” သူမ၏အသံက ပို၍ပို၍ကျယ်လောင်လာသည်။ သူမလက်တွေက စကားပြောနေသလို ဖြစ်လာသည်။ “ဒီလို ဆက်အဖြစ်မခံနိုင်ဖူး။ ကျမ ကူရမယ်”

“အချစ်မှာ အံ့သြစရာကောင်းလောက်အောင် စွမ်းဆောင်နိုင်တဲ့အရည်အချင်းရှိပါတယ်” သူမ၏ဆံစကို ပွတ်သပ်ရင်းက စ၀် ပြောလိုက် သည်။ “မောင်မကြာခင်ပဲ အချစ်က မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းကို ဖွဲ့စည်း။ ထိပ်ဆုံးကနေ ဦးဆောင်အကြံပေးနေတာ တွေ့ရ တော့မှာပေါ့”

“ဒါပေမဲ့ ကျမမှာ ဘာသင်တန်းမှ တက်ခဲ့ဖူးတာမဟုတ်ဖူး” သုစန္ဒာ၏ကန့်ကွက်သံကို သိပ်သဘောမကျပေ။ သူက သူမကို ယုံကြည်ပေးပြီး သူမ ဆံစလေးတွေကို ဖွဖွပွတ်သပ်ပေးနေလို့ သူမကျေနပ်သည်။ သူလုပ်ချင်သောအရာမှန်သမျှအားလုံးကို သူလုပ်နိုင်လေသည်။ သူ၏နူး ညံ့သိမ်မွေ့သောအချစ်က သုစန္ဒာနှင့် ဟိုဘက်အားလုံးဆီ ထိတွေ့နေလေသည်။

“အချစ်မှာ ဘာလိုနေသေးလို့လဲ။ ဖြတ်ထိုးဉာဏ်ရှိတယ်။ လူတွေအပေါ် စိုးရိမ်ပူပန်တတ်တယ်။ ဇွဲရှိတယ်။ အားလုံး သူ့ဟာနဲ့သူ အချိန်ကျရင် ဖြစ်လာမှာပါ”

နောက်တနေ့တွင် ခေါင်းဆောင်ပေးနိုင်မည့်သူ အဖွဲ့ ဖွဲ့စည်းဖို့ တက်တက်ကြွကြွဖြင့် ဦးဆောင်မည့်ကော်မတီဖွဲ့ဖို့ မြို့ထဲက အမျိုးသမီးများ ကို ဖိတ်ခေါ်လိုက်လေသည်။ အများအားဖြင့် တိုင်းယိုင်မြန်မာ အရွယ်အမျိုးမျိုးသော အမျိုးသမီး (၃၇) ယောက်သည် ပထမဆုံးသောအစည်း ဝေးတွင် တက်ရောက်ခဲ့ကြသည်။

သူတို့အားလုံးသည် မိခင်များဖြစ်ကြသည်။ သို့သော် သူတို့အထဲကနှစ်ယောက်သာ မွေးခဲ့သမျှသောကလေးတိုင်းကို ပြုစုပျိုးထောင်နိုင် လေသည်။ ၃၅ ယောက်သည် ကလေးဆုံးဖူးသော သူတွေချည်းဖြစ်ပြီး အသစ်စတင်ဖွဲ့စည်းမည့်အဖွဲ့သည် ကလေးသေနှုန်းကို လျော့ချ နိုင်လိမ့်မည်ဟု မျှော်လင့်နေကြလေသည်။

အဖွဲ့၏ပထမဆုံးသောအစည်းဝေး ပြီးသွားပြီးနောက်တနေ့တွင်ပင် သုစန္ဒာသည် အတွင်းရေးမှူးအရွေးခံရသော မက်ဂီကိုမေးသည်။ သူမ နှင့်အတူ မီးဖွားအိမ်သို့သွားကြည့်ဖို့ အဖော်စပ်လေသည်။ မက်ဂီသည် ဆွဲဆောင်မှုရှိသော အင်္ဂလိပ်မြန်မာ ကပြားမလေးဖြစ်ပြီး နမ့်ပန်းမြို့ တွင် နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့လေသည်။ သို့သော် သူမသည် နမ့်ပန်းအတွင်းက မွေးခန်းသို့တခါမျှ မရောက်ဖူးခဲ့ချေ။ မိန်းမနှစ် ယောက်သည် နောက်လိုက်နောက်ပါများမပါပဲ ဂျစ်ကားအိုကြီးဖြင့် အနှောင့်အယှက်မရှိပဲ ရောက်ရှိလာခဲ့ကြလေသည်။ ငြိမ်သက်တိတ် ဆိတ်နေသော ရိုးကုတ်ကုတ် တထပ်အဆောက်အဦးလေးထဲ သူတို့ဝင်သွားလိုက်ကြသည်။ သုစန္ဒာသည် ယခုလုပ်မည့်အလုပ်အတွက် မိမိကိုယ်ကို နှိမ်ချထားပြီး သူမ၏ပုဂ္ဂိုလ်ရေးဖြစ်သော မဟာဒေ၀ီအဆင့်တို့ကို သပ်သပ်စီခွဲခြားထားဖို့ ဆုံးဖြတ်ထားခဲ့သည်။

အသက်ကြီးကြီး အလုပ်သမားမိန်းမတယောက်သည် ကော်ရေဒါကြမ်းခင်းကျောက်ကို ရေ၀တ်ဖြင့်သုတ်နေသည်။ ထို့နောက် ရေစိုအ၀တ် ကိုပစ်ချထားခဲ့ပြီး တံခါးနောက်တွင် လျင်မြန်စွာဝင်ရောက် ပျောက်ကွယ်သွားခဲ့လေသည်။ နောက်မှ လှပနုပျိုသော မိန်းခလေးတယောက် ပြန်ရောက်လာသည်။ အပြာရောင်ချည်ထမီ အင်္ကျီအဖြူဝတ်ထားသော နန်းနွမ်းသည် သားဖွားဆရာမကြီးဖြစ်လေသည်။ သူမ၏ တာဝန် ချိန်လည်းဖြစ်နေသည်။ သူမသည်ပိန်ပါးပါး၊ အရပ်က လေးပေခွဲလောက်ရှိပေမည်။ သူမ၏ပြုမှုပြောဆိုပုံကို ကြည့်တာနှင့်ပင် သူမ၏ သြဇာ အာဏာကို သံသယဖြစ်စရာအကြောင်းမရှိပေ။ ဆရာမနန်းနွမ်းသည် ရောက်လာကြသောဧည့်သည်များကို မြင်လိုက်သည်နှင့် ဘယ်သူတွေ လဲဆိုတာသိပြီးဖြစ်၍ တခါတည်း လိုက်လံပြသလေတော့သည်။ အခန်း (၃) ခန်းတွင် အားလုံးပေါင်း ကုတင်ကျဉ်းကျဉ်းလေး (၁၂) လုံးရှိ သည်။ ကုတင်တလုံးစီဘေးတွင် ကလေးပုခက်အသေးလေး တလုံးစီရှိသည်။ လူနာ ကုတင် (၇) လုံးသာ အသုံးပြုလို့ရသည်။

သို့သော် ကလေးပုခက် (၆) လုံးသာအသုံးပြုနိုင်ပြီး ကလေးသေးသေးလေးတွေကို အနှီးဖြင့် တင်းတင်းကြပ်ကြပ် ထုပ်ထားလေသည်။

“ကလေးတယောက်လောက် ကျမချီကြည့်လို့ရမလား” သုစန္ဒာက နန်းနွမ်းကိုမေးလိုက်သည်။ သူမက မိန်းကလေး ငယ်ငယ်သေးသေးလေး ကို ချီပေးသည်။ နွေးနွေးလေးရှိသော ကလေးအထုပ်လေး၏မျက်နှာလေးသည် နုဖျော့နေသည်။ ဆံစစုတ်ဖွားနက်နက်လေးတွေက သုစန္ဒာ ၏ နှလုံးကို ထိနေလေသည်။ သူမအရင်က မွေးကင်းစကလေးကိုချီဖူးခဲ့လေသလား မမှတ်မိတော့ချေ။ သူမ၏ မိခင်စိတ်သည် နိုးကြားထကြွ လာသလို ခံစားရလေသည်။

ကလေး၏မိခင်သည် ၀တ်စုံပြည့်ဖြင့် ကုတင်ပေါ်တွင်ထိုင်နေသည်။ သူမ၏ကလေးကို ပွေ့ချီထားသူမှာ ကြီးမြတ်သောဂုဏ်သရေရှိသည့် မဟာဒေ၀ီဖြစ်နေတာကိုသိသဖြင့် လက်လေးကိုပိုက်ထားလေသည်။ သုစန္ဒာက မိတ်ဆက်နေစရာမလိုပေ။

သူမဘယ်နေရာသွားသွား သူမကို လူတွေသိနေကြသည်။ အရပ်မြင့်မြင့် ကော့ကေးစီအင်း အမျိုးသမီးနယ်ခံတွေလိုဝတ်ထားပြီး တိုင်းယိုင် စကားပြောသောသူသည် တတိုင်းပြည်လုံးတွင် သူမတယောက်တည်းသာရှိလေသည်။

“ရှင့် ကလေးနာမည် ဘယ်လိုခေါ်လဲ” သူမက ကလေးအမေကို မေးလိုက်သည်။

“ပယ်ဟစ်နော်” ကလေးအမေ မိန်းမငယ်လေးက သူမအခုထိမသိသေးကြောင်းပြောရင်း ပါးစပ်ကိုလက်ဝါးဖြင့်ပိတ်ကာ တခစ်ခစ်ရယ်နေ လေသည်။

သူမအဖြေကြောင့် နားမလည်သဖြင့် သုစန္ဒာသည် မက်ဂီဘက်သို့လှည့်၍ အင်္ဂလိပ်လိုမေးလိုက်လေသည်။

“ဘာလို့ ဒီကလေးအမေက သူ့ကလေးအရင်းရဲ့နာမည်ကို မသိရတာလဲ”

“အခု ရက်အပတ်လေးပဲရှိသေးတယ်။ အများအားဖြင့်ဆို ကျမတို့က လပိုင်းလောက်ရောက်မှ ကလေးနံမည်ပေးတတ်ကြတာ” မက်ဂီက ဖြေလေ၏။ ကလေးနာမည်ပေးတာ မွေးတဲ့အပတ်ရဲ့ ရက်ပေါ်မှာမူတည်နေတယ်။ ဗေဒင်ဆရာ၊ ဆွေမျိုးထဲကလူကြီးသူမတွေကလည်း ကလေးနာမည်ကို ရွေးပေးတတ်ကြတယ်”

သုစန္ဒာသည် စိတ်မပါ့တပါဖြင့် ကလေးကို ပုခက်အတွင်းသို့ပြန်ထည့်လိုက်သည်။

“မွေးခန်းကို ကြည့်ဦးမလား” နန်းနွမ်းကမေးရင်းက ကော်ရေဒါဘက် ပြန်လှည့်ထွက်လာခဲ့ကြလေသည်။

“ကြည့်မယ်။ ဒါပေမဲ့ အသုံးမပြုသေးခင်မှာပေါ့’”သုစန္ဒာဖြေလိုက်သည်။

‘မသုံးသေးခင်’ နန်းနွမ်းပြောသည်။ “ဒါပေမဲ့ ဆိုက်ကားနဲ့လာမလား၊ နွာလှည်းနဲ့လာမလား ကိုယ်ဝန်သည်က နောက်ဆုံးမွေးခါနီးကျမှ လာမှာလားဆိုတာ ကျမတို့ ဘယ်တော့မှမသိပါဖူး”

မွေးခန်းသည် လင်းနေသည်။ သို့သော် ဘာမှမရှိ။ ရှင်းနေသည်။ ခေတ်မှီပစ္စည်းကိရိယာ ဘာမှမရှိ။ သုစန္ဒာသည် သစ်သားမွေးကုတင်ကိုသာ မြင်ရသည်။ ရေဆေးဖို့စင်တခုရှိသည်။

အန်ဆွဲလေးထဲတွင် ကလေးညှပ်ဆွဲဖို့ ဖော့ဆက်နှင့် ကပ်ကြေးတစုံဟုသာ ထင်ရလေသည်။ အခန်းထဲတွင် ရေပိုက်မရှိ။ လျှပ်စစ်မီးမရှိ။ သည်လို ဘာမှမရှိသောအခန်းထဲတွင် ဘယ်လိုများ ကလေးမွေးကြပါလိမ့်ဟုတွေးပြီး သုစန္ဒာအံ့သြမိလေသည်။

“တလမှာ ကလေး ဘယ်နှစ်ယောက်လောက်မွေးလဲ” သူတို့ ကော်ရေဒါကိုပြန်လာကြသောအခါ မက်ဂီက သူနာပြုဆရာမကိုမေးလိုက်သည်။

“ကျမတို့ ပျှမ်းမျှဆို တလမှာ ၂၀ လောက်ရှိမယ်။ များသောအားဖြင့် လပြည့်နေ့နားတ၀ိုက် ပိုများတယ်” နန်းနွမ်းကပြုံးပြီး အမေးကို ဖြေလေ သည်။

“ဒါဘာဖြစ်လို့လဲ” သုစန္ဒာက အံ့သြပြီးမေးသည်။

“ကျမလည်းမသိဖူး။ ဒါပေမဲ့ ဒါတချက်ပဲလေ။ ကျမတို့ ဇယားဆွဲကြည့်တော့ ဒီလိုလပြည့်နားတ၀ိုက်တွေ့ရတာပဲ”

နန်းနွမ်းသည် စိတ်ကို လုံးလုံးလျော့ချလိုက်ပြီး ဆက်လက်ပြသဖို့ ထွက်သွားလေတော့သည်။

“ဆရာမမှာ သားဖွားဆရာမ၀န်ထမ်း စုစုပေါင်း ဘယ်နှစ်ယောက်ရှိလဲ” သုစန္ဒာကသိချင်လို့ မေးပြန်သည်။

“ကျမတို့မှာ သားဖွားဆရာမက နှစ်ယောက်ပဲရှိပါတယ်။ ကျမတို့ နောက်တယောက်လိုကို လိုပါတယ်။ ဒါပေမဲ့ ဆရာဝန်ကလည်း ဒီအ ဆောက်အဦးအတွက် နောက်ထပ် တယောက်မပေးနိုင်ဘူးဖြစ်နေတယ်။” နန်းနွမ်းက သက်ပြင်းရှည်ကြီးချပြီး ပြောပြလေသည်။

“မမွေးခင်နဲ့ မွေးပြီးမိခင်ကလေးတွေကို ဘယ်လိုပြုစုလဲ ဒီအကြောင်းပြောပြပါဦး” သုစန္ဒာမေးသည်။ “ဆရာမမှာရှင်းပြဖို့ အချိန်မရဖူးထင် တယ်။ ရရဲ့လား”

“မဟုတ်ပါဘူး” နန်းနွမ်းသည် မပီမသဖြေရင်းက သူမခေါင်းကို ခါရမ်းနေတော့လေသည်။ သူမကြည့်ရတာ ရှုပ်ထွေးနေပုံရပြီး သူမကိုမေး သောမေးခွန်းကိုလည်း လုံးလုံးနားလည်ဟန်မရှိချေ။

နောက်တနေ့တွင် သုစန္ဒာသည် မွိုင်းကိုမေးပြီး စန္ဒကူးမြစ်ကိုဖြတ်၍ မွိုင်း၏ရွာဖြစ်သော နမ်ရိုင်းသို့သွားကြလေသည်။ သူမက ကလေး အမေတွေ ဘယ်လိုနေထိုင်စားသောက်ကြသလဲဆိုတာကို ကိုယ်တိုင် တိုက်ရိုက် မြင်တွေ့လိုသည်။ သူတို့ဘယ်လိုနေထိုင် အလုပ်လုပ်ကြ လဲ။ ကလေးအမေဖြစ်လာတဲ့သူတွေ သူတို့ကလေးတွေကို ဘယ်လိုကျွေးမွေးပြုစုကြသလဲ သိချင်နေသည်။

သူတို့လင်းရိုဘာကားသည် ဘူမောင်းအိမ်ရှေ့မှာရပ်လိုက်သောအခါ များစွာသော လူငယ်လူကြီး ရွာသားများက သူတို့ကိုဝိုင်းရံပြီး အရိုအ သေပေးကြလေသည်။

“ကျမ ဒီရွာက ရှင့်မိန်းမအပါအ၀င် တရွာလုံးက ကလေးအမေ မိန်းမတွေနဲ့စကားပြောချင်တယ်။ သူတို့အချိန်ရရင်ပေါ့” သုစန္ဒာရှေ့တွင် ဒူးတုပ်ခံစားလျက်ရှိသော နှုတ်ခမ်းမွှေးထူထူဖြင့် ရွာလူကြီးကိုပြောလိုက်သည်။

“မိန်းမတွေကိုပြောချင်တာနော် နားလည်ရဲ့လား” သုစန္ဒာက ထပ်ဖြည့်ပြောရင်းက ပြုံးပြလိုက်သည်။ ထို့နောက် သုစန္ဒာတို့သည် ရွာလူကြီး၏ မိန်းမ ပလမ်နောက်က လိုက်သွားကြသည်။ ၀ါးဖြင့်ဆောက်ထားသော ခြေတံရှည်အိမ်တခုပေါ်တက်ပြီး ဧည့်ခန်းကျယ်ကြီးထဲ ၀င်လိုက်ကြ သည်။ အခန်းကကျယ်ဝန်းပြီး လေကောင်းလေသန့်များများ ၀င်နိုင်လေသည်။ မြက်ဖျာချောများ ခင်းထားသည်။ အညိုရောင် ကူရှင်ထိုင်ဖုံး လေးတွေရှိသည်။ အနီရောင် ယွန်းစားပွဲပုလေးနှစ်လုံးရှိလေသည်။ အိမ်ရှင်မက သူ့သမီးနှစ်ယောက်ကို ကာရံထားသော နောက်ဘက်ခန်းက မီးဖိုချောင်မှ တိုင်းယိုင်လက်ဖက်ခြောက်ခတ် ရေကြမ်းအိုးကို သွားအယူခိုင်းလိုက်ပြီးနောက် ဧည့်သည်တွေကို ဧည့်ဝတ်ပြုလေသည်။ အ ခန်းထဲတွင် ကောင်မလေးတွေ မိန်းမကြီးအရွယ်စုံပြည့်နေပြီးနေ့လယ်ခင်းမှာ စကားပြောနေကြသည်။ ကလေးအမေ၏ နို့သီးခေါင်းနှင့်ပါး စပ်ပေါက်လွဲသွားသဖြင့် ကလေးက ၀ါးကနဲအော်ချလိုက်သောအခါ စကားများနေကြသောမိန်းမတအုပ်မှာ ခဏတော့ စကားပြောရပ် သွားကြလေသည်။

သူတို့က သူတို့၏ဘ၀နှင့် နေ့စဉ်အလုပ်တွေပါ ပြလေသည်။ သူတို့ခမြာ နောက်မှာကလေးတွေနှင့် ချာချာလည်ဒုံးချာရိုက်ပြီး ကလေးတခါ မွေးရပြန်ကာ သူတို့လေးတွေ ကြီးပြင်းလာဖို့ ပြုစုကြရပြန်လေသည်။ အသက်လေးငါးနှစ်အရွယ်ရောက်လာပြီဆိုလျှင် သူတို့သည် သူတို့၏ အောက်က ညီလေး ညီမလေးတွေကို ပြန်လည်ထိန်းပေးကြရလေသည်။ ထိုအချိန်တွင် သူတို့အမေလုပ်သူက ချက်ပြုပ် လျှော်ဖွပ် စားစရာ တွေ ပြင်ဆင်ကြရသည်။

(၆၂)
အချို့ကလေးအမေနှင့် မိန်းကလေးတွေသည် ရွာထဲကအိမ်တခုတွင် တောင်းရက်၊ စက္ကူလုပ်၊ အစားအစာထုတ်လုပ်၊ ကောက်စိုက် လုပ်ကြ ရသည်။ ရွာသူလေးတွေသည် အများအားဖြင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ကျကြပြီး အိမ်တလုံးသပ်သပ် (သို့မဟုတ်) အခြား မိဘ တွေနှင့် နေလေ့မရှိကြချေ။

ပလမ်တွင် အတူနေချွေးမနှစ်ယောက်ရှိသည်။ တယောက်က သားဦးကိုယ်ဝန်လွယ်ထားသည်။ နောက်တယောက်ကတော့ လက်မောင်းထဲ တွင် ပုခက်တွင်းကကလေးကို ချီထားပြီး နောက်လက်တဘက်ကမူ လေးဘက်သွားတတ်ခါစကလေးလက်ကို ဆွဲထားလေသည်။ သူမ၏ အပျိုရွယ် သမီးနှစ်ယောက်ကတော့ အိမ်ထောင်မကျသေးချေ။ သူမ ကလေး (၉) ယောက်မွေးခဲ့ရာ ကံကောင်းထောက်မပြီး (၄) ယောက် သာ အဖတ်တင်လေသည်။ တယောက်ကတော့ မွေးပြီးပြီးခြင်း ဆုံးသွားခဲ့သည်။ ကျန်လေးယောက်ကတော့ ကလေးဘ၀ ခပ်စောစောမှာပင် ဆုံးသွားခဲ့လေသည်။

သူမ၏ချွေးမ အေနောင့်ကတော့ ၁၉ နှစ်ရှိနေပြီး ရွာထဲက မိန်းကလေးတွေထဲတွင် ထူးခြားသော ကိုယ်စားလှယ်တယောက်ဖြစ်သည်။သူမသည် (၁၆) နှစ်အရွယ်တွင် အိမ်ထောင်ကျပြီးတာနှင့် ကိုယ်ဝန်ရှိလာသည်။ သူမအိမ်မှာပင် နောက် (၁၀) လအကြာတွင် ကလေးမွေး လေသည်။ သူမသည် ဆရာဝန် ဆရာမကို တခါမှ မတွေ့ဖူးခဲ့ချေ။

ပလမ်နှင့် ရွာကသင်တန်းဆင်းမဟုတ်သော သားဖွားဆရာမတယောက်က ကူညီမွေးပေးခဲ့ကြလေသည်။ အမေနှင့်ကလေးများသည် ဆက် လက်ပြီး အတွေ့အကြုံများရရှိသွားတော့သည်။ အေနောင့်သည် သူမကလေး ဘယ်အချိန်မှာပဲငိုငို သူမထိန်းကျောင်းနိုင်သည်။ ကလေးကို နေ့စဉ်ရေချိုးပေးသည်။ ပြီးနောက် သူမမျက်စိအောက်မှကလေးကို အပျောက်ခံတာ နည်းလှချေသည်။ သူမ၏ကလေးတွေကို ဘာကာကွယ် ဆေးမှ မထိုးပေး။ တခါမှ ဆေးစစ်တာမျိုးမရှိ။ အမေနို့ကလွဲလို့ တခြားဘာအရည် ဘာအစာမျှ မတိုက်ကျွေခဲ့ကြချေ။ သို့ဖြစ်ငြားသော်လည်း ကလေးသည် ကြီးထွားပွားစီးလာပြီး အမေလုပ်သူမှာ နောက်ရှစ်လအကြာတွင် နောက်ထပ်ကိုယ်ဝန်ကို လွယ်ထားရပြန်လေသည်။ ထို အချိန်တွင် အမေနို့ကခမ်းသွားပြီး နို့စို့ကလေးမှာ နို့မစို့ရတော့ပဲ ရုတ်တရက် ချက်ခြင်းပင် ထမင်းပျော့ပျော့ကို ပြောင်းစားရတော့သည်။ ထို့ ကြောင့် အနည်းငယ်သာ စားနိုင်ရှာလေသည်။ အရင်ကတည်းက တိုင်းယိုင်တို့သည် နွားနို့နှင့် နို့ထွက်ပစ္စည်း အစားအစာများကို မကြိုက်နှစ် သက်ကြရာ ကလေးကို နွားနို့တိုက်ဖို့လည်း အဆင်မပြေ မတိုက်ကြတော့ပေ။

အသီးနှင့်အရွက်တို့သည် ဗိုက်နာစေသည်အခြားရောဂါများ ရနိုင်စေသည်ဟုယူဆကြသဖြင့် ကလေးငယ်တွေမှာ ဟင်းသီးဟင်းရွက်များ နှင့်လည်း ဝေးကြရပြန်သည်။ အနည်းငယ်မျှရွေးချယ်ပြီး ကျွေးကြသည်မှာ ဟင်းနုနွယ်ရွက်အနည်းငယ်နှင့် ရွှေဖရုံသီးတို့ကို တခါတရံ ထ မင်းနှင့် ရောနှောကျွေးတတ်ကြသည်။ ကလေးမှာ အဟာရချို့တဲ့ကာ ပိန်ဖျော့ဖျားနာနေပြီး နောက်ရောက်လာသော နို့စို့ကလေးနှင့် ထို ကလေးတို့သည် အမေ့နို့ရည်ကို ချို့တဲ့စွာ ချွေတာစွာ သောက်သုံးကြရတော့လေသည်။ နောင်ကောင်းစွာ ကြီးပြင်းလာဖို့ အေနောင့်၏ က လေးနှစ်ယောက်အတွက် မေးခွန်းထုတ်စရာဖြစ်နေလေသည်။ သို့သော် သူမမှာ ပိုပြီးဒုက္ခများလာတော့မှာကို သံသယဖြစ်နေစရာမလိုချေ။

သုစန္ဒာအတွက် မြင်တွေနေရတာတွေက လုံလောက်နေလေပြီ။ မွေးခန်းလေးမှသည် ခေတ်မှီပစ္စည်းကိရိယာ အပြည့်အစုံရှိသော မိခင်နှင့် ကလေးစောင့်ရှောက်ရေးစင်တာဖြစ်အောင် တည်ထောင်ဖို့ သုစန္ဒာ လုံးဝသန္နဌာန်ချလိုက်ပြီ ဖြစ်လေသည်။ မက်ဂီ၊ အခြားအဖွဲ့ဝင်များနှင့်အ တူ သုစန္ဒာသည် စ၀်ကိုတင်ပြသည်။ ပြီးနောက် အခြားငွေကြေးတတ်နိုင်ကြသော အဖွဲ့အစည်းများကို လှူကြဖို့ မေတ္တာရပ်လေသည်။ စ၀်၊ လက်ဖက်ပွဲစား၊ သစ်စက်ပိုင်၊ သားသတ်လိုင်စင်ရကန်ထရိုက်နှင့် အခြားစီးပွားရေးသမားများသည် အားတက်ကြွစွာဖြင့် ငွေရက်ရက်ရောရော ပေးလှူကြလေသည်။ အဖွဲ့သည် မြို့ထဲက အခြားလူမှုရေးအသင်းအဖွဲ့တွေနှင့်လည်းပေါင်းစည်းမိပြီး ရပုံငွေရရန် ရုပ်ရှင်ပြခြင်း၊ ဘောလုံးပွဲ ပြုလုပ်ပေးခြင်း၊ အပြေးပြိုင်ပွဲများပြုလုပ်ပေးခြင်းနှင့် ဂီတဖျော်ဖြေပွဲများပြုလုပ်ဖြင်းဖြင့် ရန်ပုံငွေကပိုမိုတောင့်တင်းလာခဲ့လေသည်။ မိခင်နှင့်ကလေးအဆောက်အဦးသစ်ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး လူများစွာစည်ကားစွာ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို လျှပ်စစ်မီးနှင့် ရေပိုက်ခေါင်းဖွင့်ပွဲများဖြင့် ကြိုဆိုခဲ့ကြသည်။ ဤအခမ်းအနားသည် နမ့်ပန်းတွင် ပထမဆုံးသော ဖွင့်ပွဲတခုဖြစ်ခဲ့သည်။ မိခင်ကလေးတိုက် လေးတွင် ရေပူရေအေးပိုက်ခေါင်းကို လက်ဆေးစင်တွင်စတင်ဖွင့်ချခြင်းဖြင့် အခမ်းအနားကို ဖွင့်ခဲ့ကြခြင်းဖြစ်လေ၏။

မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့သည် သုစန္ဒာ၏ညွှန်ကြားမှုအောက်တွင်ရှိနေပြီး တာဝန်ထမ်းဆောင်နေကြသူများကို လခပေးသည်။ အခြားလိုအပ်သော ငွေများလည်းထောက်ပံ့ပေးသည်။ ထိုစဉ် မြို့ထဲကကုလားဆရာဝန်သည် မိခင်ကလေးသို့ရောက်လာပြီး လိုအပ်သော ခက်ခဲသည့်မွေးလူနာများကို ကူညီမွေးပေးသည်။ သူ့အတွက် အလွန်အကျိုးများလှလေသည်။ သူသည် မွေးလူနာများကို အိမ်လိုက်မွေးပေး နေစရာလည်းမလိုတော့ချေ။ ထို့ကြောင့် သူ့အဖို့ အချိန်လည်းကုန်သက်သာ အကျိုးလည်းများလေသည်။ သူ့အတွက်ကတော့ ရိုးရိုးပုံမှန် မွေးကြသော မွေးလူနာများအဖို့ အိမ်တွင်မွေးတာကပိုကောင်းသည်ဟု ယူဆလေသည်။

၆၃

သုစန္ဒာကတော့ နမ့်ခမ်းရှိဒေါက်တာဆီးဂရိတ်၏ဆေးရုံမှ သားဖွားဆရာမနှစ်ယောက်ထပ်မံငှားရမ်းပြီး အင်အားဖြည့်သည်။ သူမသည် မွေး လူနာအပြင် ပြင်ပမိခင်ကလေးဌာနအဖြစ်လည်း ထပ်မံဆောက်လုပ်ဖွင့်လှစ်ပြန်လေသည်။

လိုအပ်သော ထောက်ပံ့ရေးပစ္စည်းအသစ်များသည် ချက်ခြင်းတော့မရချေ။ မြို့ထဲကမိန်းမတချို့သည် မိခင်ကလေးကို အနီးကပ် လာလေ့ လာကြသည်။ သို့သော် သူတို့က ရှက်ရွံ့နေကြပြီး တောရွာတွေက ရိုးအသောမိန်းမများသည် ခပ်ဝေးဝေးမှာနေကြလေသည်။ မိခင်ကလေး အစီအစဉ်များကို မြို့ပေါ်ကလမ်းတွေမှ သည်တောရွာတွေအထိ ခရီးဆန့်ရမည်ဟု ဆုံးဖြတ်လိုက်သည်။

တမနက်ခင်းမတော့ မိခင်နှင့်ကလေးအဖွဲ့က လူများ သားဖွားဆရာမများသည် ဒါဇင်ကျော်ဂျစ်ကားများနှင့် လင်းရိုဘာကားပေါ်အပြည့် နေ ရာယူထားပြီး နို့မှုန့်၊ ကလေးအနှီး၊ ဗိုက်တာမင်ဆေးများနှင့် များစွာသောလက်ဆောင်ပစ္စည်းများဖြင့် ရွာတွေဆီထွက်ခဲ့ကြလေသည်။ ဆေး ရောင်စုံလှပသော မိခင်ကလေးအဖွဲ့သည် စန္ဒကူးမြစ်၏တဘက်ကမ်း၌ရှိသော ဘိုင်းကောင်ရွာသို့ ချီတက်ကြသည်။ ထိုရွာက ရာကျော်သော လူတွေသည် သတိထားပြီး စောင့်ကြိုနေကြလေသည်။ သုစန္ဒာက ခရီးဦးကြိုပြုသောရွာလူကြီးကို အသိပေးပြောကြားပြီးနောက် ရွာရှိ ကိုယ်ဝန်သည်များ မိခင်ကလေးများအားလုံးကို ဆင့်ခေါ်ခိုင်းလိုက်သည်။ ထို့နောက် သူမသည် ကိုယ်ဝန်သည်များကို ကျန်းမာရေးအသိ ပညာများပြောကြားပြီး တခါထဲ စမ်းသပ်မှုများပါလုပ်စေလေသည်။ အစပိုင်းတော့မူ တွန့်ဆုတ်တွေဝေနေခဲ့ကြပြီး တယောက်က စလိုက် သောအခါ နောက်ကကိုယ်ဝန်သည်များ တန်းစီပြီးသားဖြစ်နေတော့လေသည်။

သားဖွားဆရာမများသည် ရွာလူကြီး၏အိမ်ထဲတွင် ကိုယ်ဝန်သည်များ၏မမွေးမှီနှင့်မွေးပြီး ပြုစုလိုက်နာကြရမည့် ကျန်းမာရေးပညာများကို သင်ကြားပြသပေးနေကြသည်။ သုစန္ဒာနှင့်မက်ဂီတို့ကတော့ ကားပေါ်တွင် ပစ္စည်းများဖြင့် အလုပ်ရှုပ်နေကြတော့သည်။ သူတို့သည် ဗိုက် တာမင်ဆေးစက်များ တိုက်ပုံတိုက်နည်း၊ နို့ကောင်းစွာမထွက်သော ကလေးအမေတွေအတွက် နို့မှုန့်ဖျော်နည်း စသည်တို့ကို လက်တွေ့ ပြသနေကြသည်။ ထိုအချိန်က တိုင်းယိုင်တွေ၏ဓလေ့မှာ ရေကိုကျိုချက်၍ သောက်လေ့မရှိကြချေ။ ထို့ကြောင့် နို့မှုန့်ကို ရေအေးဖြင့်ဖျော် တိုက်ကြရာ အန္တရာယ်ရှိလေ၏။ သုစန္ဒာမှာ မန္တလေးက ကြေကွဲဖွယ်သတင်းကြားဖူးတာကို သွားသတိရမိလေသည်။ အဖွဲ့တဖွဲ့က နို့မှုန့် များကို မိခင်များအားဝေငှပေးရာ ကလေးမိခင်တွေက စိတ်အားထက်သန်စွာဖြင့် သူတို့ကလေးတွေ ကျန်းမာရေးအတွက် တိုက်ကြသည်။ ထိုအခါ အကျိုးဖြစ်ရမည့်အစား ကလေးအမေများသည် မသန့်ရှင်းသောရေအေးဖြင့် နို့မှုန့်ကိုဖျော်ပြီး ကလေးတွေကိုတိုက်ခဲ့ကြရာ ကလေး တွေမှာ ၀မ်းပျက်ဝမ်းလျောရောဂါ၊ အူရောင်ငန်းဖျား တိုက်ဖွိုက်ရောဂါ၊ အသည်းရောင်ဝမ်းကိုက်ရောဂါနှင့် အခြားအူလမ်းကြောင်းဆိုင်ရာ ရောဂါများရကြပြီးနောက် ဖျားနာသေဆုံးကြရလေသည်။

ထို့ကြောင့် သုစန္ဒာသည် ကလေးအမေတွေကို ကောင်းကောင်းချက်ထားသော ထမင်းပေါ်တွင် နို့မှုန့်ဖြူးပြီး ကလေးတွေကို စားစေလေသည်။ သူမက ကိုယ်တိုင်ထမင်းပေါ်နို့မှုန့်ဖြူးနယ်ပြီးစားပြရာ အားလုံးက နှစ်ခြိုက်သဘောကျကြလေသည်။

သူတို့တွေက လက်ဆောင်တွေဝေငှပေးပြီး ပြန်ကြမည်လုပ်ကြသောအခါ ဘိုင်းကောင်ရွာသူရွာသားတွေက သူတို့ကိုမပြန်စေချင်ကြချေ။ မိခင်ခပ်ငယ်ငယ်လေးတွေက ဒီလိုတက်ရောက်ရတာကို အလွန်ပျော်ရွှင်ကြလေသည်။ သူတို့က လက်ဆောင်ပစ္စည်းများလည်းရရှိကြပြီး မိခင်တွေပြုလုပ်ရမည့်ကိစ္စတွေကလည်း အလွယ်လေးတွေလို့ ထင်မြင်သဘောတွေ့ကြလေသည်။ သူတို့က နမ့်ပန်းရှိ မိခင်နှင့်ကလေးဌာနသို့ လာပြီး ဆရာမများ၏ပြုစုညွှန်ကြားတာတွေကို လက်ခံပါမည်။ ကလေးတွေအတွက် အားဖြစ်စေမည့် ဗိုက်တာမင်များနှင့် နို့မှုန့်များလည်း လာယူကြပါဦးမည်ဟု ကတိပြုကြသည်။ အသက်ကြီးသော ကလေးမိခင်တွေကမူ သူတို့အရင်က မွေးခဲ့ဖူးသောကလေးတွေသည် သံသယ အပြည့်ဖြင့် လိုအပ်ချက်ပေါင်းများစွာဖြင့် မွေးဖွားခဲ့ရသောအတွေ့အကြုံများရှိခဲ့ဖူးရာ ယခုလက်တွေ့လုပ်ကိုင်နေကြသော မိခင်ကလေး အဖွဲ့သည် သူတို့နှင့်ကလေးတွေအတွက် အလွန်ကောင်းသော အဖွဲ့ဟုမြင်ကြလေတော့သည်။ သုစန္ဒာကိုယ်တိုင် သူတို့ရွာသို့ လုံလုံ လောက် လောက် လာရောက်ပြုစုလုပ်ကိုင်ပေးသဖြင့် သူတို့က ပိုလို့ပင် ၀မ်းမြောက်ဝမ်းသာရှိကြလေသည်။

ဘိုင်းကောင်ရွာသို့သူတို့သွားခဲ့သောသတင်းသည် တောမီးပမာပြန့်နှံ့သွားခဲ့ ရာအခြားရွာတွေကလည်း သူတို့ရွာတွေဆီအလည်လာကြဖို့ ဖိတ်ခေါ်ကြလေတော့သည်။ ထို့ကြောင့် အဖြေကတော့ ခြောက်လအတွင်းတွင် မိခင်နှင့်ကလေးတွင်လာရောက်မီးဖွားကြသောနှုန်းသည် နှစ်ဆမြင့်တက်သွားခဲ့သည်။ မွေးခန်းသည် အမြဲပင် အလုပ်ရှုပ်နေပြီး ၊ရာပေါင်းများစွာသောကလေးတွေ ကာကွယ်ဆေးထိုးကြရသည်။ ပေါင်ထောင်ပေါင်းများစွာသောနို့မှုန့်များဝေငှပေးနိုင်ခဲ့သည်။ မိခင်နှင့်ကလေးစောင့်ရှောက်ရေးမရှိခင်ကထက် နမ့်ပန်းတနယ်လုံးရှိ မိခင်နှင့် ကလေးများသည် ပိုမိုကျန်းမာလာကြပြီး ကလေးမွေးသေနှုန်းသည် သိသိသာသာပင် ထိုးကျသွားခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်