>open letter of Burma’s HR commission

October 11, 2011

>

အကျဉ်းသားတချို့ကို လွှတ်ရန် မြန်မာလူ့အခွင့်အရေးကော်မရှင် အစိုးရကို တောင်းဆိုပြီ
မိုးမခအထောက်တော် အမှတ် ၀၀၁
အောက်တိုဘာ ၁၁၊ ၂၀၁၁


ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများအနက် တချို့ကို ပြန်လွှတ်ရန် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တနင်္လာနေ့ရက်စွဲဖြင့် သမ္မတသံ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများတွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးကော်မရှင်သည် ယခင်က ထိုသို့ တောင်းဆိုမှုများ ပြုလုပ်ခဲ့ဖူးခြင်း မရှိပေ။ နိုင်ငံရေးသမားတချို့ ရက်ပိုင်းအတွင်း ပြန်လွတ်လာဖွယ်ရှိကြောင်း သတင်းများ ထွက်နေချိန်တွင် ဤအိတ်ဖွင့်ပေးစာကို ပေးလိုက်ခြင်း ဖြစ်သည်။

“တည်ဆဲဥပဒေကို ချိုးဖောက်သဖြင့် အပြစ်ဒဏ်ကျခံနေရသူများဖြစ်သည် ဟူသော နိုင်ငံတော်အစိုးရ၏ ရပ်တည်ချက်ကိုလည်း ကော်မရှင်အနေဖြင့် လက်ခံ သဘောပေါက်ပါသည်” ဟု ပေးစာတွင် တွေ့ရသည်။

ထိုအထဲမှ အန္တရာယ်မရှိသော အကျဉ်းသားများကို လွှတ်ရန် တောင်းဆိုထားသည်။

“ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ” ဟူသော ဝေါဟာရကို သုံးလေ့ရှိသည့် အဖွဲ့မှာ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး ဖြစ်သည်။

သတင်းလုပ်ငန်း လုပ်ကိုင်စဉ် ထိန်းသိမ်းခံလိုက်ရသော သတင်းထောက်များ ခွန်ထွန်းဦးကဲ့သို့သော တိုင်းရင်းသား ခေါင်းဆောင်များ၊ မင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းများ စသူတို့ကို အဖွဲ့ကြီးက ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ အဖြစ် သတ်မှတ်ထားသည်။

မြန်မာပြည်မှ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ၀န်းကျင်အနက် အများအပြားကို ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ အဖြစ် အဖွဲ့ကြီးက သတ်မှတ်ထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်