>May Kha – Twilight over Burma – 14

October 13, 2011

>

မြူတိမ်ဝေေ၀ … တောင်ခိုးဝေးဝေး (၁၄)
မေခ
အောက်တိုဘာ ၁၃၊ ၂၀၁၁



(၆၄)
သုစန္ဒာပါဝင်ဆောင်ရွက်ခဲ့သော ကလေးမွေးခြင်းနှင့် မွေးကင်းစကလေးစောင့်ရှောက်ရေးသည် အလွန်သင့်တော်သောအချိန်အခါ ဖြစ်ခဲ့ သည်။

မွိုင်းသည် သုစန္ဒာတွင် ကိုယ်ဝန်လွယ်ထားရပြီဆိုတာကို သူများတွေမသိခင် အကြာကြီးကတည်းကပင် သိနေခဲ့သည်။ သူမသည် သူမ၏ တွေ့ရှိချက်ကို စံအိမ်တော်ကလူတွေအားလုံးအား ကျစ်ကျစ်လစ်လစ်လေး သိုသိုသိပ်သိပ်လေး ပေးသိစေသည်။

“ငါတို့အားလုံး မဟာဒေ၀ီမယ်ဘုရားကို ပြုစုစောင့်ရှောက်ကြရမယ်။ ဒါမှ မယ်ဘုရားက ကျန်းမာပြီးပျော်စရာကောင်းတဲ့ ကလေးမွေးပေး နိုင်လိမ့်မယ်” သူမက အားလုံးကိုပြောလိုက်သည်။ စားဖိုမှူးက မွိုင်းထံမှ အထူးညွှန်ကြားချက်အတိုင်းလိုက်နာပြီး စားစရာများကိုချက်ပြုတ် ရသည်။ ရှောင်ရှားစရာများကို ရှောင်ရှားရသည်။ လေးလံသောပစ္စည်းများ မမရ။ ချဉ်ဖတ်များ မစားရ၊ အမျိုးမျိုးသော ငှက်ပျောသီးများ မစားရ။ ထမင်းနှင့် ကြက်သားကတော့ အိုကေဟု သူမ ပြောသည်။ ဟင်းနုနွယ်ရွက်နှင့် အခြားနူညံ့သောအရွက်များကိုစားခွင့်ပြုသည်။

မွိုင်းသည် သူမ ပထမဆုံးသိရသည့် သည်ကိုယ်ဝန်ကိစ္စအတွက် မမေ့လျော့ပဲ စန္ဒကူးရှိ ဒိန်းမတ်ဆရာဝန် အားသူမ၏သံသယကို အတည် ပြု ခိုင်းသည်။

ညနေခင်းနေအေးချိန်၌် ၀ရံတာတွင် သူတို့ထွက်ထိုင်ကြပြီး မိဘနှစ်ယောက်အနေဖြင့် သူတို့ကလေးအတွက် မျှော်လင့်ချက်တွေ အိပ်မက် တွေကို ပြောနေကြလေသည်။ သူတို့နှစ်ယောက်သည် ကိုယ်ဝန်ရှိသည့်သတင်းကိုကြားလိုက်ရသောအခါ ထိတ်လန့်အံ့သြပြီး ပျော်ရွှင် သွားရသည်။ သူတို့နှစ်ယောက်ခံစားရသလို မည်သူတဦးတယောက်ကမျှ ခံစားကြလိမ့်မည်မဟုတ်ဟု ယုံကြည်မိကြလေသည်။

“မောင် သားလေးလိုချင်လား” သုစန္ဒာက စ၀်ကို ညနေခင်းမှာပဲ မေးလိုက်သည်။

“ဘာလေးပဲဖြစ်ဖြစ်ပါ။ အရေးကြီးတာက မောင်တို့ကလေး ကျန်းကျန်းမာမာမွေးနိုင်ဖို့ပဲ” စ၀်မျက်နှာမှာ သည်လိုအပျော်ဆုံးဖြစ်နေတာမျိုး တခါမှ မမြင်ဖူးခဲ့ချေ။

“ဒါပေမဲ့လေ သမီးလေးမွေးလာရင် ဘယ်လိုလုပ်မလဲ။ သူ့အတွက် အမွေဆက်ခံဖို့လေ” သူမ ပူပန်စွာဖြင့်တွေးမိသည်။ တကမ္ဘာလုံးက နန်း မွေဆက်ခံဖို့အတွက် သားယောက်ကျားလေးကိုသာ လိုချင်ကြသည်။

“ဘာလဲ ပြောပါဦး” သုစန္ဒာက နက်နက်နဲနဲ တွေးပြီးပြောသည်။

“မောင့်သမီးက နောက်ဆက်ခံမဲ့ နမ့်ပန်းပြည်နယ်ရဲ့ ဘုရင်မ မဖြစ်ဖို့ အကြောင်းမရှိပါဖူး။ မိန်းကလေးတွေက ယောက်ကျားလေးတွေလို လုပ်နိုင်ကိုင်နိုင်ကြတယ်လို့ မောင်ယုံကြည်တယ်လေ။ မောင်တို့နားက မောင်းရိုင်းခွန်မိန်းကိုကြည့်လေ။ သူဆို အစောချည်းကတည်းက ကြေငြာထားတာလေ သူ့သမီး ရှစ်ယောက်ထဲက အကြီးဆုံးသမီးက သူ့အရိုက်အရာကိုဆက်ခံရမယ်လို့လေ”

“အဲဒါမှန်တယ်။ ကျမတို့ တိုင်းယိုင်လူ့အဖွဲ့အစည်းက အတော်ကြာနေခဲ့ပြီပဲ။ မောင့်ဦးလေး ဆာစ၀်စိန်အချိန်ကတည်းကဆိုရင်လေ” သုစန္ဒာ သည် သူမ၏ကံကောင်းခြင်းနှင့် သူမ၏လင်တော်မောင်၏ ပွင့်လင်းသောစိတ်ထားကို သိလိုက်ရလို့ ကျေးဇူးတင်မိလေသည်။

“မောင်ပွင့်ပွင့်လင်းလင်းပြောရရင် မောင်တို့သားစဉ်မြေးဆက် ပြည်နယ်ကိုအုပ်ချုပ်လာကြတာ မောင်တို့သမီးလက်ထက်အထိဆို အတော် ကို ကြာရှည်လုံလောက်နေပါပြီ”

သုစန္ဒာကတော့ ဘာမှပြန်မပြောတော့ပါ။ သူသည် ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင်မြှောက်ခံရပြီး အုပ်ချုပ်တာမျိုးကို ဘယ်လောက်ထိ နှစ်သက်သဘောကျလဲဆိုတာ သူမ အသိဆုံးဖြစ်လေသည်။ သို့ရာတွင် သည်နေရာတွင် အချိန်နှင့်အမျှ ပြောင်းလဲနေတာကို သူမ မနဲ နားလည်အောင် ကြိုးစားနေရသည်။ စ၀်၏ အိပ်မက်များ၊ မျှော်လင့်ချက်များ၊ တကယ်မပြနိုင်မှီတွင် ဆယ်စုနှစ်တခု ကုန်လွန်သွားနိုင်လေသည်။

တနေ့တွင် စ၀်က ကြေငြာလေသည်။ “မောင့်အတွင်းရေးမှူးကို မောင်တို့ကလေးအတွက် သင့်တော်မဲ့ နာနီတယောက် အရှာခိုင်းထားတယ်”

“သိပ်အလျင်စလို မဖြစ်လွန်းဖူးလား” သုစန္ဒာ မေးလိုက်သည်။ “ကလေးက နောက်ခြောက်လထိမွေးဦးမှာ မဟုတ်ဖူး”

သို့သော်ငြားလည်း စ၀်သည် သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကို အမြဲအေးချမ်း တည်ငြိမ်စွာတည်ဆောက်လေ့ရှိသည်။ သူသည် ဖခင်စိတ်ဖြင့် အလွန်အမင်း ကာကွယ်စိုးရိမ်စိတ်များဖြင့် ပြုလုပ်နေသည်ဟု သူမမြင်သည်။

(၆၅)
သူက သူမကို ပိုထိတွေ့ အကြံဉာဏ်များပေးသည့်အတွက် သူမ စိတ်ချမ်းမြေ့ပျော်ရွှင်မိလေသည်။

“အချစ် အားဆေးတွေပိုစားရမယ်နော်။
အိုဗာတင်းသောက်ပြီးပလား။
တင်းနစ်တွေ သိပ်မကစားသင့်ဖူးလို့မောင်ထင်တယ်။
ဒီနေ့ တရေး အိပ်ပြီးပလား။
အချစ်ကလည်းလေ ကိုယ်ဝန်ကြီးနဲ့ဟာ သိပ်အလုပ်လုပ်တာပဲ”

သည်လို အပြုအယုအယတွေကြောင့် သုစန္ဒာမှာ စိတ်အေးသက်သာ၊ ယုံကြည်မှုပြည့်၊ အတားအဆီးမရှိ အင်တွေအားတွေပြည့်လာလေ သည်။ သူမသည် မကျန်းမာသည့်ပုံ နည်းနည်းလုပ်သင့်ခဲ့သော်လည်း သူမက မလုပ်ခဲ့ချေ။ တကယ်တော့မူ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးမွေးသောအလုပ်တွေကို သူမ နေ့စဉ်ပုံမှန်ထိတွေ့နေရသည်။

သူမသည် အချိန်ပို သပ်သပ်ယူပြီး လက်တွေတိုက်ရိုက်လေ့လာသင်ကြားဖို့ အစီအစဉ်ဆွဲလေသည်။ သူမဖတ်ထားသော ကလေးမွေးတာ ကလေးပြုစုတာတွေကို ဒေါက်တာစပေါက်နှင့် ဆွေးနွေးငြင်းခုန်ဖို့လည်း ပြင်ထားလေသည်။
…. ….. ….

ထိုညသည် လန်ရှီ (စီ) လေးလမြောက်လပြည့်ည ဖြစ်သည်။ ခွန်မိန်း၏သမီးတော်လေးသည် ထိုညတွင်ရောက်ရှိလာလေသည်။ သုစန္ဒာ၏ အမေသည် ဂျာမဏီနိုင်ငံမှ ခေတ္တရောက်ရှိနေသည်။ စ၀်နှင့် သုစန္ဒာအမေက စိုးရိမ်တကြီးဖြင့် သုစန္ဒာကို ကားပေါ်တင်သည်။ ကားနှစ်စီးဖြင့် စန္ဒကူးဘော်တွင်း၌ ကိုယ်ပိုင်ဆေးရုံတွင်ရှိသော ဒိန်းမတ်ဆရာဝန်ထံသွားကြသေည်။ သူတို့သည် ကြိုတင်စီစဉ်ထားခဲ့ပြီး နမ့်ပန်းမှသွားလျှင် တနာရီခွဲလောက်သာ ကြာမည်။ နမ့်ပန်းမှ နှစ်မိုင်ခန့်အရောက်တွင် သုစန္ဒာက အော်ဟစ်ပြောတော့သည်။

“အခုချက်ခြင်းပြန်လှည့်ပါ။ ကျမ စန္ဒကူးထိ စောင့်မနေနိုင်တော့ဖူး”

သူတို့ကားသည် အရှေ့စံအိမ်တော်သို့ပြန်လှည့်လာခဲ့ကြသည်။ နန်းနွမ်း၏အကူအညီဖြင့် သူတို့၏သမီးဦးလေးကို နောက်နှစ်နာရီအကြာ တွင် မွေးဖွားသန့်စင်လိုက်ကြလေသည်။ သမီးလေးသည် ချောမောလှပပြီး အင်္ဂါအားလုံး ပြီးပြည့်စုံလေသည်။

နူးညံ့စိုစွတ်သော ဆံစအုပ်အုပ်လေးတွေသည် ပန်းနုရောင်မျက်နှာလေးပေါ် ဖုံးနေလေသည်။ စ၀်သည် စိုးရိမ်ပူစွာဖြင့် လက်ထဲတွင်အနှီး အထုပ်လေးကိုပိုက်ထားပြီး ကော်ရေဒါအပေါ်ထပ်တွင် ခေါက်တုန့်ခေါက်ပြန်လျှောက်နေတော့လေသည်။ သူတို့သည် သူတို့၏ တိုင်းယိုင် ခွန်မိန်းတယောက်သည် မွေးကင်းစကလေးကိုကောက်ချီဖူးသလား (သို့မဟုတ်) မွေးခန်းရှေ့တွင် နီးကပ်စွာနေဖူးသလားဆိုတာမျိုးကို မမှတ်မိ မတွေးတတ်ကြတော့ချေ။ သူတို့ကိုးကွယ်သော သက်တော်ရဆရာတော်ကြီးတပါးက ခွန်မိန်းကို မီးနေခန်းနား မကပ်ရ မွေးကင်းစ ကလေးကမချီရ။ ထိုသို့ပြုလုပ်လျှင် ခွန်မိန်းကိုအကာကွယ်ပေးထားသောတန်ခိုးများက ပျောက်ကွယ်သွားပြီး၊ မကောင်းဆိုးဝါးတွေကို မကာကွယ်နိုင်တော့ဟု မိန့်လေသည်။ စ၀်ကတော့မူ ထိုသတိပေးချက်များကို ပခုံးတွန့်ပြီးသာနေလေ၏။

ဗေဒင်ဆရာ ဆရာဘဟန်နှင့် ၀န်ကြီးချုပ် ဦးသန်းတို့သည် မွေးပြီးပြီးခြင်း မိနစ်အနည်းအတွင်း ရောက်ရှိလာကြသည်။ ဗေဒင်ဆရာသည် နမ့်ပန်းခွန်မိန်း၏ ပထမဆုံးသောသမီးတော်အတွက် ဇာတာဖွဲ့ရန် ထန်းလက်ရွက်ကို ထုတ်သည်။ မွေးစာရင်းစာရွက်ထဲက မွေးဖွားချိန်နှင့် အခြားလိုအပ်တာတွေကိုမေးမြန်းပြီး သမီးတော်၏ အနာဂတ်အတွက် တွက်ချက်နေတော့သည်။ သို့ရာတွင် တိုင်းယိုင်ထုံးစံအရ မိဘများ သည် ကလေးအမည်ပေးတာကို စောင့်ကြရလေသည်။ သုစန္ဒာကတော့ ရှေးထုံးအစဉ်အလာတွေအတိုင်းလုပ်ရတာကို သဘောမတွေ့ လှချေ။ သို့သော် သူမ၏သမီးအမည်ပေးတာကို သူမကဘာမှ ၀င်ရောက်ကန့်ကွက်ပြောဆိုခြင်းမပြုလုပ်ပဲ သမီးလေးက ကြာသပတေးသူ ဆိုတော့ အမည်အစတွင် ဘီ၊ အမ်၊ သို့မဟုတ် ပီတို့နှင့် စလျှင်ရပြီဟု တွေးနေမိလေသည်။ တပတ်လုံး နေ့တိုင်းပင် သူမရွေးထားသော အက္ခရာအစအတိုင်း အမည်များကို ရွေးပြီးပေးကြလေသည်။ သူမသည် သူ့သမီးလေး၏ လက်ဝါးလေးတွေ ခြေဖ၀ါးလေးတွေကိုကိုင်ကြည့် နေမိစဉ် ဆွေတော်မျိုးတော်များနှင့် အကြံပေးကြသူများက သမီးအတွက် သင့်တော်သော အမည်တခုကိုရွေးချယ်နေကြသည်ဟု အမှတ် တမဲ့ကြားနေရလေသည်။

“ကျမတော့ နိပါတ်တော်တွေထဲက ပပ၀တီဆိုတဲ့ နံမယ်ကိုကြိုက်တယ်” ၀မ်းကွဲ ညီမတယောက်ကပြောသည်။

“ထပ်မပြောနဲ့တော့” စ၀်က တုန့်ပြန်လိုက်သည်။

“တိုင်းယိုင်နံမယ် မောက်ခမ်းဆိုရင်ကော ဘယ်လိုသဘောရလဲ”

(၆၆)
“ဒါလည်း လုံးဝမကြိုက်ဖူး” ဘာဖြစ်လာမလဲဆိုတာ စ၀် သိလိုက်ပါသည်။ သူ့ဆွေမျိုး တိုင်းယိုင်လူမျိုးတွေက ထုံးစံအတိုင်း သူ့ဘ၀ကို ၀င် ရောက်ဖက်စွက်ကြတာမျိုးကို သူမနှစ်သက်ချေ။

“ငါနဲ့ သုစန္ဒာပဲဆုံးဖြတ်တော့မယ်” သူသည် ဆွေမျိုးတွေကို ကျောခိုင်းလှည့်လိုက်ပြီး သုစန္ဒာနှင့် သမီးရှိရာ အိပ်ခန်းတွင်းသို့ ၀င်ချသွားလိုက် လေတော့သည်။ သူတို့သည် နိပါတ်တော်တွေထဲက မာလာဆိုသောအမည်ကို ရွေးလိုက်ကြသည်။

အမည်လေးက လှပပြီး ခေါ်လို့လည်းကောင်းတယ်။ အမည်သည် ဗုဒ္ဓနိပါတ်တော်တွေက အမည်လည်းဖြစ်သည်။ ဗေဒင်ဆရာကလည်း သဘောကျ ကျေနပ်လေသည်။ အမည်ရှေ့က စ၀်ထည့်လိုက်တာနှင့်ပင် သမီးသည် အလိုလိုပင် တော်ဝင် ခွန်မိန်းမိသားစုဝင်ဖြစ်သွား တော့သည်။ တိုင်းယိုင်ထုံးစံအရ သည်အမည်သည် သူမ၏ဘ၀တလျှောက်လုံးတွင် ကျန်ရှိနေမည်ဖြစ်ပြီး လက်ထပ်ချိန်ရောက်သည့်တိုင် အောင် ပြောင်းလဲလို့မရတော့ချေ။

ထိုအချိန်မှစ၍ မင်းသမီးလေးသည် အရှေ့စံအိမ်တော်တွင် အရေးအကြီးဆုံးသော သူတယောက်ဖြစ်လာသည်။ ကလေးထိန်းနာနီ နိုင်းနိုင်း က ဒုတိယ အရေးကြီးသူဖြစ်လာလေသည်။ သူမသည် နာနီအလုပ်လျှောက်ကြသောသူတွေထဲမှ အရွေးခံထားရသူဖြစ်သော်လည်း သူမ သည် အသက်ခြောက်ဆယ့်ငါးနှစ်လောက်ရှိနေလေပြီ။ သူမသည် သင်တန်းဆင်းသူနာပြုဆရာမ၊ ၀မ်းဆွဲဆရာမတို့လုပ်ကိုင်ဖူးပြီး သူမ၏ လင်ယောက်ကျား၊ ကလေးတွေ၏ အသက်ရှည်အောင် သူမ၏ဘ၀ထက် ပိုပြီးအလေးထားလျက် လိုအပ်သမျှကို သူမတတ်နိုင်သ၍ လုပ် ကိုင်ပေးနေခဲ့သည်။ သူမသည် တိုင်းယိုင်နှင့် မြန်မာစကားကိုသာပြောပြီး အင်္ဂလိပ်လိုမပြောချေ။ သူမ သူနာပြုသင်တန်းတက်နေချိန်တွင် ဘက်တစ် ခရစ်ယံဘာသာသို့ ပြောင်းခဲ့လေသည်။ သို့သော်ငြားလည်း ဗုဒ္ဓဘာသာဝင်အိမ်တော်က၀န်ထမ်းများသည် သူမ၏အသက် အရွယ်နှင့် အလုပ်ကို လေးစားကြလေသည်။ သူတို့က သူမ၏ဘာသာရေးနှင့်ပတ်သက်သော ပေါင်းစည်းဆက်သွယ်မှုအပေါ်တော့ သံသယဖြင့် စောင့်ကြည့်နေကြလေသည်။ မွိုင်းက စိုးရိမ်ကြီးစွာဖြင့် သူမ၏မယ်ဘုရားကို စုံစမ်းမေးမြန်းသည်။ နိုင်းနိုင်းက သူမတို့၏ မင်းသမီးလေးကို ခရစ်ယံဘာသာသို့ သွတ်သွင်းဖို့ ကြိုးစားနေသလားဟု ပူပန်မိလေသည်။

သုစန္ဒာကတော့ သည်ကိစ္စကို စိတ်မပူချေ။ သူမအနေနှင့် သူမတို့နေထိုင်သောပတ်ဝန်းကျင်တွင် ကလေးများ အလွန်များပြားလေရာ သူမ၏သမီး ကျန်းမာရေးအတွက် သူနာပြုကို မလိုလားအပ်သော အန္တရာယ်များမကျရောက်စေရန် ကောင်းစွာပြုစုစောင့်ရှောက်ပေးနိုင် ရေးကိုသာ တွေးလေသည်။ ကြောက်စရာကောင်းသော သေနိုင်သည့်ငှက်ဖျားရောဂါပိုးကိုသယ်ဆောင်သော ခြင်များ၊ သေစေသော ကင်မြီးကောက်များနှင့် အခြား အဆိပ်ရှိသောကင်းခြေများ၊ စသည့်အကောင်တို့ကို ကလေးပုခက်ခြင်ထောင်အတွင်းမှာပင် တွေ့ရတတ်လေ သည်။ သုစန္ဒာ တိတ်တိတ်အလစ်တွင် ကလေးအိပ်ခန်းအတွင်းသို့ အကြိမ်ပေါင်းများစွာ ညတိုင်း ၀င်ဝင် ကြည့်ရလေသည်။ နေ့ဆိုလျှင်လည်း သူမသည် စံအိမ်တော်ကိုလာကြသောဧည့်သည်များကို သံသယမျက်လုံးဖြင့်ဒေါက်ထောက်ကြည့်သည်။ သူတို့တွေက တီဘီ၊ ကျောက်ရော ဂါ၊ လက်ပရိုစီ၊ တိုက်ဖွိုက်နှင့် အခြားကူးစက်တတ်သော ရောဂါတွေများသယ်လာလေမလား။ တခါတရံတွင်မူ သူမသည် ညလယ်ခေါင်ကြီး တွင် နိုးပြီး ထထိုင်နေတတ်သည်။ သူမသမီးလေးကို ဂျာမဏီမှာပဲ ကြီးပြင်းစေတာကောင်းမည်။ ဟိုမှာဆို ဒီလိုအန္တရာယ်တွေဘေးမှ ဝေးမည်။ ပြီးတော့ ကလေးအထူးကုဆရာဝန်နှင့်လည်း ပြလို့ရသည်။ နိုင်းနိုင်း၏ စွမ်းရည်ကြောင့် သုစန္ဒာ၏သံသယများကြောက်စိတ်များကို တဖြည်းဖြည်း လျော့ကျသွားစေလေသည်။ သမီးတော်လေး ကျန်းမာပျော်ရွှင်စွာဖြင့် ပုံမှန်ကလေးတယောက်လို ကြီးပြင်းစေခြင်းဖြင့် သူမကို ပျော်ရွှင်လာအောင် ကူညီပေးလေသည်။

ရှစ်လအရွယ်သို့ရောက်လာသောအခါ မာလာသည် သူမ၏မိဘများနှင့် ပထမဆုံး တရားဝင်အလုပ်များစတင် လှုပ်ရှားလေသည်။

ဝန်ကြီးချုပ်က ဖိတ်စာကိုဖတ်ကြားသည်။ “နမ့်ပန်းခွန်မိန်း စ၀်ခွန်ဖနှင့် မဟာဒေ၀ီ စ၀်သုစန္ဒာတို့၏သမီးတော် မင်းသမီးလေး၏အမည်ပေး ကင်မွန်းတပ် မင်္ဂလာပွဲကို အရှေ့စံအိမ်တော်၌ ၁၃၁၈ နတ်တော်လပြည့်ကျော် (၁၁) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပ မည် ဖြစ်ပါသဖြင့် ကြွရောက်ချီးမြှင့်ကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။ လက်ဖွဲ့ခြင်းသည်းခံပါ။”

ဂုဏ်သရေရှိလူကြီးများ၊ နမ့်ပန်းပြည်နယ်၏ ၀ါတော်အကြီးဆုံး ဆရာတော်သုံးပါးနှင့် ဖိတ်ကြားထားသော ဧည့်ပရိသတ် တရာကျော်သည် အရှေ့စံအိမ်တော်၏ ပထမထပ်နှင့် မြက်ခင်းပြင်တွင် ပြည့်လျှံသွားတော့သည်။ ခန်းမတခုလုံးက ပရိဘောဂများကိုထုတ်ပြီး ကောဇောအထူ များ ခန်းလုံးပြည့်ခင်းထားလိုက်သည်။ ဆွေမျိုးထဲတွင် အသက်အကြီးဆုံးဖြစ်သော အန်တီကြီးဘုရားသည်လည်း အခမ်းအနားတက်ဖို့ အဖိတ်ခဲ့ရလေသည်။ ကြီးမားသောငွေဖလားထဲတွင် ပွဲအတွက် အထူးမင်္ဂလာရှိသောပစ္စည်းများကိုထည့်ထားပြီး အန်တီကြီးဘုရားကကိုင်ထားသည်။ ဖလားထဲတွင် မွှေးကြိုင်သော နံ့သာရည်၊ နံ့သာဖြူ၊ ကရမက်၊ ရှင်မတောင် သနပ်ခါးများသွေးထည့်ထား သည်။ ပန်းမျိုးစုံ ပွင့်ချပ်များ၊ ရေမွှေး၊ စိန်၊ ပတ္တမြား၊ နီလာ၊ မြ၊ ပုလဲ ၊ ကျောက်စိမ်း နှင့် လွန်ခဲ့သောတပတ်လုံး စံအိမ်တော်ကလူတွေ တော ထဲသွားရှာထားရသော မွှေးပျံ့သော သစ်ရွက်များကို ထည့်ထားလေသည်။ သုစန္ဒာက သမီးလေးကို ချီမလာသည်။ သူမကို ပန်းနုရောင် ဇာဂါဝန်ရှည်လေး ၀တ်ထားပေးသည်။

(၆၇)
သုစန္ဒာငယ်စဉ်က ဂျာမဏီတွင် ဘက်ပတစ် ခရစ်ယံဘာသာဝင်စဉ်ကလိုဖြစ်လေသည်။ ဧည့်သည်များကြားမှ သူမဖြတ်သွားပြီး စင်မြင့်လေး ပေါ်ရှိ ပြင်ထားသောဆိုဖာထိုင်ခုံပေါ်မှာ ထားလိုက်သည်။

သမီးလေးကို ဆရာတော်တွေ၏အောက်တွင် ချထားလိုက်ပြီးနောက် အန်တီကြီးဘုရားက သမီးတော်လေးကို စ၀်မာလာဟုအမည်ခေါ် တွင် လိုက်ကြောင်းကြေငြာလိုက်လေသည်။ အန်တီကြီးဘုရားသည် အမွှေးနံ့သာများဖြင့် စိမ်ထားသော သစ်ရွက်လေးဖြင့် မြေးမတော်ကို ပက်ဖြန်းလိုက်ပြီး ဆုမွန်ကောင်းများတောင်းပြီး ချီးမြှင့်ပေးလေသည်။ ထိုသို့ပြုလုပ်ပေးခြင်းသည် မင်းသမီးလေးအတွက် အလွန်ကြီးမား လွန်း=နေသည်။ ပြီးနောက်သမီးတော်လေးကို သူကအခန်းဆီသို့ ပွေ့ချီသွားလေသည်။ လက်ဆောင်အဖြစ် ကျောက်မျက်ရတနာများ၊ မြင်းတကောင်နှင့် များပြားလှသော လိမ္မော်စိုက်ခင်းများကို သူမ၏အဖေက အသိမှတ်ပြုပေးအပ်နေသောအခါ သူမက ရှိမနေတော့ပါ။ ဆုတောင်းပေးနေသောအချိန်၊ ဧည့်သည်များ စားသောက်ပွဲနှင့် နာရီများစွာ အလုပ်ရှုပ်နေချိန်တွင်တော့ သူမက ပါဝင်ဆင်နွှဲနိုင်ခြင်း မရှိ သေးချေ။

တနေ့တွင် တာပေါ့ရွာ မြောက်ပိုင်းကလူများသည် အလွန်လှပသော ကြက်တူရွေးအရှင်တကောင်ကို အထူးလက်ဆောင်အဖြစ် သုစန္ဒာ ဆီယူဆောင်ပေးလေသည်။ငှက်လေး၏ခေါင်းသည် ခရမ်းရောင်ဖြစ်သည်။ ခေါင်းထိပ်က အမွှေးလေးသည်လှပ ကျက်သရေရှိနေပြီး အမြီး က ရှည်လေသည်။ သူ့နှုတ်သီးက နီရဲနေသည်။ တကိုယ်လုံးရှိ အမွှေးနှင့်အတောင်သည် စိမ်းစိုဝင်းတောက်နေသည်။ အမြီးပိုင်း၏ အောက်ပိုင်းသည် ရွှေရောင်ရဲရဲထနေသည်။ သူ့အတောင်တွေအဖြတ်ခံထားရတာကို သုစန္ဒာ ချက်ခြင်းသတိပြုလိုက်မိလေသည်။

“မင်းလက်ဆောင်အတွက် သိပ်ကျေးဇူးတင်ပါတယ်” သုစန္ဒာပြောလိုက်သည်။ “ဒါပေမဲ့ ဒီသိပ်လှတဲ့ငှက်လေးကိုကျမက လက်ခံယုံပဲလက် ခံတာပါ။ ပြီးတော့ သူ့ကို ကျမပြန်လွှတ်ပေးလိုက်မှာ။ ကျေးဇူးပြုပြီး နောက်ဘယ်တော့မှ ကျမဆီကို ဒီလိုအကောင်တွေ ယူမလာပါနဲ့တော့”

သုစန္ဒာသည် ဒီကိစ္စကို အရင်ဆုံးရှင်းရှင်းသိအောင်လုပ်ထားမှဖြစ်မည်ဟု တွေးမိလေသည်။ သူမသည် ဘယ်တိရစ္ဆာန်ကိုမှ ဖမ်းဆီး ချုပ်နှောင်မထားလိုပဲ သူတို့ မွေးရာပါအခွင့်အရေးအတိုင်း လွတ်လွတ်လပ်လပ် နေစေ့ချင်လေသည်။ သူမ၏အရင်က စ၀်အုံဆိုင်၏ မဟာ ဒေ၀ီသည် ၀က်ဝံလေးများကိုခြံခတ်ပြီး ကျုံးအနီးတွင်မွေးထားခဲ့ရာ သူတို့ကိုထိန်းကျောင်းပေးသောသူတွေက တကောင်စီကို နောက်ဆုံး တွင် သတ်ပစ်လိုက်ကြလေသည်။ သည့်မတိုင်ခင်ကလည်း အလွန်ဝေးကွာလှသော ပြည်နယ်တောင်ပေါ်ရွာဆီကရွာသားများသည် သုစန္ဒာ အတွက် ကျားသစ်ပေါက်လေးတကောင် ယူလာပေးဖူးသေးလေသည်။

သူမမှာ ကျားသစ်ကိုအစာကျွေးဖို့ ကောင်းကောင်း မလုပ်နိုင်။ တောထဲပြန်လွှတ်ဖို့လည်းကောင်းကောင်း သန်မာမကြီးထွားလာနိုင် ပဲဖြစ်နေ လေသည်။ထိုအခါ သူမအတွက် ကြောက်စရာအတွေ့အကြုံကို ရလိုက်သည်။ အကူညီမဲ့လျက် နေရှာသော လှပသည့်ကျားသစ်ပေါက်လေးမှာ အားအင်ချိနဲ့လာပြီး ငေးမောငိုင်တွေနေတော့သည်။ မိုင်ရှစ်ရာအတွင်းတွင် တိရစ္ဆာန်ဆေးကုဆရာဝန်လည်းမရှိပဲ သူမ၏ ပြုစုမှုအောက်တွင် နောက်ဆုံး၌ ကျားသစ်ပေါက်လေးမှာ အစာငတ်ပြီးသေဆုံးသွားရတော့လေသည်။ သူမမှာ တုန်လှုပ် ၀မ်းနည်း ကြေကွဲခဲ့ရသည်။ထို့ကြောင့် အခုအခါ တောကောင်အရိုင်းများ၏ပုံဆို လက်မခံနိုင်တော့ပဲဖြစ်နေလေသည်။ တာပေါ့ရွာသားများသည် ဒီလိုငှက်မျိုး အများကြီး အကြောင်းမလှစွာ မထားခဲ့သည့်အတွက် တော်ပေသေးသည်။

ဘူကောင်းက ကြက်တူရွေးလေးကို စစ်ဆေးကြည့်ပြီးနောက် ဖြတ်ထားသောအတောင်လေးသည် ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်ပေါက်လာပြီး ငှက်လေးသည် တောထဲသို့ ပျံသွားနိုင်မည်ဖြစ်ကြောင်းကို သုစန္ဒာအား အာမခံပြီးပြောကြားလေသည်။ သူသည် ကြက်တူ ရွေးလေးကိုပြုစုဖို့ တာဝန်ယူလိုက်ပြီး ဈေးသို့ အမြန်သွားကာ ကြီးမားသော လှောင်အိမ်တခုနှင့် လတ်ဆတ်သော အသီးများကိုရှာဝယ်ခဲ့သည်။ နောက်ဖေး မီးဖိုချောင်အနီးက မာလကာပင်ကြီးကို ကြက်တူရွေးလှောင်အိမ်ထားဖို့ အကောင်းဆုံးနေရာအဖြစ် ရွေးလိုက်သည်။ လူ တယောက်က လှောင်အိမ်အနားတွင် အမြဲစောင့်ကြည့်နေပြီး ကြောင်လာလျှင်မောင်းလွှတ်ရလေသည်။ သစ်ပင်များ၏သစ်ရွက်အုပ်အုပ် များသည် ကြက်တူရွေးလေးအတွက် အရိပ်ရပြီး နေရောင်မှ ကာကွယ်ပြီးသားလည်းဖြစ်စေသည်။

ကြက်တူရွေးလေးသည် ပထမနေ့တွင် အစာကို ပျာယာခတ်ပြီးမစားချေ။ သူသည် ငှက်ပျောသီးနှင့် ဖရဲသီးအမှည့်ျားကို ကြိုက်လေသည်။ ဒုတိယနေ့သို့ရောက်သောအခါ မာလကာပင်ကြီးပေါ်တွင် သူ့ဧည့်သည်များရောက်ရှိလာကြသည်။ ခန့်မှန်းခြေ အကောင်ခြောက်ဆယ် လောက်ရှိသော ကြက်တူရွေးအုပ်ကြီးသည် သူ့ဆီကိုဦးတည်ပြီး အကိုင်းတွေပေါ်ဆင်းလာနားကြလေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly December 2016 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ

By

  စက်တင်ဘာ လမကုန်ခင်မှာ မိုးမခမဂ္ဂဇင်း (စက်တင်ဘာ) မှာယူနိုင်ပါပြီ (မိုးမခ) စက်တင်ဘာ ၂၅၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မင်းကောင်းချစ် မာမာအေး မိုးသွင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်ကုသလသာမိ (အတည်မဲ့) အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ကျောက်ကျောက် ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်