>Ashin Pyinnar Nanda – Prisoner Monks

October 15, 2011

>

အညတရအကျဉ်းသားရဟန်းတော်များ (၇) ဥိးဝိမလ
အရှင်ပညာနန္ဒ
အောက်တိုဘာ ၁၅၊ ၂၀၁၁



အသားဖြူဖြူ ပိန်ပိန်သွယ်သွယ် မျက်မှန်ပါဝါထူထူတပ်ထားပြီး စကားပြောရင် အေးအေးလေးပြောတတ်တဲ့ ဦးဝိမလကို ၂၀၁၀ ခုနှစ်က အုန်းပျန့်ဒုက္ခသည်စခန်းမှာ တွေ့ ခဲ့ရတာပါ။

ဘယ်က ဘယ်လို သတင်းကြားသည်မသိ။ အာဂန္တုဘုန်းကြီးတပါးရောက်နေတယ်ကြားလို့ လာတွေ့တာပါတဲ့။ အလ္လာပ သလ္လာပ စကား ပြောကြရင်း ၁၉၉၀ ခုနှစ်၊ ရန်ကုန်မှာ ပတ္တနိကုဇ္ဇနကံဆောင်အပြီး ပုန်းအောင်း ရှောင်နေခိုက် ၁၉၉၁ ခုနှစ်မှာ အဖမ်းခံရကြောင်း စစ်ခုံရုံးက ထောင်ဒဏ် (၃) နှစ်ချမှတ်တာခံရကြောင်း ပြောပြပါတယ်။

သူပြောတဲ့ထောင်ကျခုနှစ်နဲ့ ခုအသက်အရွယ်ကိုတွက်မိလို့မေးကြည့်တော့မှ ကိုရင်ဘ၀ အသက် (၁၇) နှစ်မှာ အဖမ်းခံရတာဖြစ်ကြောင်း သိရပါတယ်။ တချို့ ကိုရင်လေးတွေက ဆယ်နှစ်လောက်ဘဲရှိသေးတယ်။ ဖမ်းလာပြီး ရဲစခန်းမှာ ငိုတဲ့ ကိုရင်ကငို အိပ်ပျော်တဲ့ကိုရင်က အိပ်ပျော်နေတာနဲ့ နောက်တော့ အရွယ်မရောက်သေးတဲ့ကိုရင်လေးတွေကို ဘုန်းကြီးကျောင်းပြန်ပို့ပေးလိုက်တယ်လို့ ပြောပြပါတယ်။

ဦးဇင်းတွေနဲ့ တပည့်တော်တို့ကိုတော့ ပတ္တနိကုဇ္ဇနကံဆောင်ပွဲအပြီးမှာ ဆူပူမှုဖြစ်အောင်လှုံ့ဆော်ပါတယ်ဆိုပြီး ပုဒ်မ (၅ / ည) တပ်ပြီး ဖမ်းတာပါဘဲ။ တကယ်တမ်း အမိန့်ချတော့ ပုဒ်မ (၅/ည) မဟုတ်တော့ဘဲ သာသနာညှိုးနွမ်းအောင်လုပ်တဲ့ ပုဒ်မ ၂၉၅ တပ်ပြီး ထောင် (၃) နှစ် ချလိုက်တယ်။ ဖမ်းတုန်းက ပုဒ်မကတမျိုး စီရင်ချက်ချတော့ ပုဒ်မကတမျိုးဘုရား။

သူတို့လုပ်ချင်သလိုလုပ်နေကြတာပါ။ ပြောလည်း ဘာမှထူးမယ်မထင်လို့ ပြောမနေတော့ဘဲ ဒီအတိုင်းဘဲ ပြစ်ဒဏ်ကျခံလိုက်တယ်လို့ စစ်ခုံရုံးရဲ့ တရားစီရင်ရေးအတွေ့အကြုံကိုပြောပြပါတယ်။

စစ်ကြောရေးစခန်းမှာ ကြုံတွေရတာနဲ့ပက်သက်ပြီးတော့လည်း အောက်ပါအတိုင်းပြောပြပါတယ်။ ပထမ ရန်ကုန်တိုင်းရဲက တပည့်တော် ကိုဖမ်းတော့ မျက်နှာတွေသင်္ကန်းနဲ့စည်းထားလို့ ဘယ်နေရာဆိုတာလည်းမသိဘူး။ တညလုံးစစ်နေတာ။ မင်းတို့ကို ဘယ်သူကခိုင်းတာလဲ မင်းတို့ခေါင်းဆောင်ကဘယ်သူလဲ။ ဘယ်ကျောင်းက ဘုန်းကြီးတွေပါသေးလဲနဲ့ စုံနေတာပါဘဲဘုရား။ တပည့်တော်က ငယ်လည်းငယ်သေး တယ်။ တကယ်လည်း ဘာမှသိတာမဟုတ်ဘူးလေ။ နောက်လိုက်အနေန့ ဦးဇင်းတွေ ခိုင်းတာလုပ်ပေးရတဲ့အဆင့်ပါ။

တကျောင်းလုံးကိုဖမ်းလို့ တပည့်တော်လည်း ရောယောင်ပါလာတာ ရိုက်လိုက်မေးလိုက်နဲ့ သူတို့လိုချင်တဲ့အဖြေ မရမခြင်းစစ်တာ မသိ ဘူးပြောလိုက်တာနဲ့ ထိုင်ထလုပ်ခိုင်းတယ်။ ဖားခုန် ခုန်ခိုင်းတယ်။ နောက်တည ထပ်စစ်ပြန်တယ်။ ပိုကြမ်းလာတယ် ဘုရား။ မနက်မိုးလင်း တာနဲ့ ဘာမှမကျွေးဘဲစစ်တာ။

သူတို အဓိကသိချင်တာက ခေါင်းဆောင်ဘုန်းကြီး ဘယ်သူလဲဆိုတာသိချင်တာ။ နောက်ဆုံး မေးလို့မရတော့မှ မင်းတို့နိုင်ငံရေးလုပ်တယ် မဟုတ်လား။ ဟိုဘက်အခန်းက မင်းတို့အဖော်တွေက အကုန်ဖော်လိုက်ပြီ။ လိမ်မနေနဲ့။ အသားပိုနာရုံဘဲရှိမယ်၊ ဘာညာနဲ့ ခြိမ်းခြောက် တာတွေပါလာတယ်။ ဘယ်လိုပြောပြော ဘာမှလည်းထူးမှာမဟုတ်တော့လို့၊ ဟုတ်တယ်၊ နိုင်ငံရေးလုပ်တယ်လို့ပြောလိုက်မှ စစ်ဆေးတာ တွေရပ်ပြီး အချုပ်ခန်းတခုဆီကိုပြောင်းရွေ့လိုက်တယ်။ (နောက်မှသိရတာက စတီးဝပ်အချုပ်ခန်း) ထမင်းမကျွေး၊ ရေမတိုက်ဘဲထားတာ လေ။ နောက်နေ့ကျတော့ အင်းစိန်ထောင်ကိုပို့လိုက်တယ်။

ထောင်ရောက်တော့ ကြုံတွေ့ရတာတွေကို ခုလိုပြောပြပါတယ်။ ထောင်ရောက်တာနဲ့ ထောင်အချုပ်ရုံးမှာ မှတ်ပုံတင်ရတယ်။ ပြီးတော့ ပုံစံခန်းကိုခေါ်သွားတယ်။ ရောက်တာနဲ့ ထောင်ဝန်ထမ်းးက မင်းတို့က ဘာတွေလဲ၊ ဘုန်းကြီးတွေလား၊ ဘာမှုလဲနဲ့ မာရေ ကြောရေ မေးမြန်း တာကိုခံရသေးတယ်။

ပြောလည်းဘာမှမထူးတာမို့ ဘာမှမပြောဘဲနေလိုက်တယ်။ ပုံစံထိုင်နည်းတွေကို ထုရင်း ထောင်းရင်းနဲ့ သင်ပေးတယ်။ ပုံစံသင်ပေးပြီးတော့ဘယ်လိုမှစားလို့မရတဲ့ ထမင်းနဲ့ ငပိတတုံးကို ပုဂံပေါ်တင်ပြီးကျွေးတယ်။ သုံးရက်လောက်ထမင်းမစားခဲ့ရတာတောင် ထမင်းကိုမြင်ပြီး မစားချင်ဘူး။ အဲဒီညကတော့ ရေသောက်ပြီး အိပ်လိုက်တာ တုံးကနဲအိပ်ပျော်သွားတယ်။ သုံးလေးရက် ဆက်တိုက်ထမင်းမကျွေး ရေမတိုက်ဘဲ စစ်တာ။ ရိုက်လိုက် လက်သီးနဲ့ ထိုးလိုက်၊ ခြေထောက်နဲ့ကန်လိုက်နဲ့ ဘုရား၊ ဘယ်လိုခံစားရမယ်ဆိုတာ အရှင်ဘုရားဘဲစဉ်းစားကြည့်တော့လို့ မေးပြောပြောရင်း အတိတ်ကကြုံတွေ့ ခဲ့ရတဲ့ စစ်ထောက်လှမ်းရေးတွေရဲ့ လူမဆန်စွာ နှိပ်စက်ညှဉ်းဆဲခံခဲ့ရပုံတွေကို ၀မ်းနည်းကြေကွဲစွာ ပြောပြပါတယ်။

တပည့်တော်တို့ကတော့ သာမန် ကိုရင် ဦးဇင်းလေးတွေဖြစ်လို့ထားပါတော့။ တိပိဋကဆရာတော်၊ မေဒိနီဆရာတော်၊ အင်းစိန်ရွာမဆရာ တော် စတဲ့ဆရာတော်ကြီးတွေကိုလည်း ဒီလိုဘဲ နှိပ်စက်ညှဉ်းပန်းစစ်ဆေးတယ်ဆိုတာသိရလို့ တပည့်တော် အတော်လေးထိတ်လန့် မိတယ်ဘုရား။ တကယ့်ကို အပြစ်မကြောက်တဲ့သူတွေပါဘုရား။ သူတို့မို့ လုပ်ရဲတယ်။ ပြောရင်း ကြက်သီးတောင်ထမိတယ်ဘုရားလို့ တကယ့်ကို ကြောက်ရွံ့ထိတ်လန့်စွာပြောပါတယ်။

ဦးဇင်း ထောင်သုံးနှစ်ကျတာ ဘယ်နှစ်နှစ်နေခဲ့ရတုန်းလို့ မေးကြည့်မိပါတယ်။ တပည့်တော် တနှစ်လောက်ရှိတော့ တနေ့မှာ ထောင်ရုံးက လာခေါ်ပါတယ်။ အယူခံဝင်တာနိုင်လို့ လွတ်တော့မယ်လို့ပြောတယ်။ နောက်နေ့မနက်မှာ ထောင်ထွက်လက်မှတ်ပေးပြီး လွတ်လိုက်တာပါ ဘုရား။ တပည့်တော်အကြောင်းကတော့ သိပ်ပြီးအထူးအထွေပြောစရာမရှိပါဘူးဘုရား။ ထောင်ကျတော့ အသက်လည်းငယ်သေးတယ် နိုင် ငံရေးတွေ ဘာတွေလည်း နားလည်သေးတာမဟုတ်ပါဘူး။

ထောင်ထဲမှာ တနှစ်တာနေပြီး သိခဲ့ရတာတွေကတော့ စစ်အာဏာရှင်တွေဆိုတာ တကယ့်ကိုယုတ်မာပက်စက်တဲ့သူတွေဆိုတာ သေချာ သိခဲ့ရတာပါ။ တချို့သူတွေဆို ဘာမှမလုပ်ဘဲနဲ့ အမှုဆင်ပြီး အဖမ်းခံရလို့ နှစ်ရှည်ထောင်ဒဏ်ကျနေသူတွေရှိတယ်ဘုရား။ တကယ့် ကို ရင်နာစရာ ကြေကွဲစရာတွေ အများကြီး ထောင်ထဲမှာကြုံတွေ့ ခဲ့ရပါတယ်။

အော် … အရှင်ဘုရားရေ မေ့လို့ …။ ထောင်ကထွက်တော့ သံဃတက္ကသိုလ်ဆက်တက်ခဲ့သေးတယ်ဘုရား။ ရွှေဝါရောင်ဖြစ်တော့လည်းပါလိုက်သေးတယ်။ အရေးအခင်းအပြီး ဘုန်းကြီးကျောင်းတွေကို စစ်တပ်က၀င်စီးပြီး ဘုန်းကြီးတွေကိုဖမ်းတော့ တပည့်တော်လည်း ရန်ကုန် မှာမနေရဲတော့ဘူး။ ရှောင်ရင်း တိမ်းရင်း နယ်စပ်ကိုရောက်လာတာပါဘဲဘုရား။ ငရဲပြည်က ပြန်လာခဲ့ဘူးသူဆိုတော့ ငရဲကိုတော့ ပြန်မသွား ချင်တော့ဘူးဘုရား လို့ ရီရီမောမော ပြန်ပြောလိုက်တာကို အနားမှာနားထောင်နေတဲ့ဦးဇင်းတွေက ဘာတွေစဉ်းစားမိတယ်မသိ တ၀ါးဝါး တဟားဟားနဲ့ လွတ်လပ်စွာ ရယ်မောနေကြပါတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်