>No Rights to live for former political prisoners – Press Conference told

November 5, 2011

>

 
နိုင်ငံရေးအကျဉ်းကျသူများ အသက်မွေးဝမ်းကျောင်းလိုင်စင်နှင့်ကျောင်းပြန်တက်ခွင့်ရရေး ရှင်းလင်း
မိုးမခ အထောက်တော်၊ ရန်ကုန်။ နိုဝင်ဘာ ၅၊၂၀၁၁
နိုင်ငံရေး ကြောင့် ဖမ်းဆီးခံရပြီးနောက်တွင် ၎င်းတို့ရဲ့အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်း လိုင်စင်တွေ ရုပ်သိမ်းခံရတာတွေ တက္ကသိုလ်ကျောင်း ပြန်မတက်ခွင့်မရတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ စာနယ်ဇင်းရှင်းလင်းပွဲတခုယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ အိုလမ်ပစ်တာဝါမှာ ကျင်းပခဲ့ပါတယ်။ 
ဦးသိန်းသန်းဥိး (တိုက်ပုံအနက်) ။ (ဦးကြည်ဝင်း(လပ္ဗတ္တာ)၊ ဒေါက်တာဇော်မြင့်မောင်)
ရှေ့နေများဖြစ်ကြတဲ့ ဦးအောင်သိန်း၊ ဦးရောဘတ်စန်းအောင်၊လပွတ္တာ ဦးကြည်ဝင်းနဲ့ ဦးခင်မောင်ရှိန် ၊ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် ၊ ဒေါက်တာမြင့်နိုင်စသူတို့ တက်ရောက် ရှင်းလင်းပြောကြားကြပါတယ်။
 
အခမ်းအနား သဘာပတိဖြစ်တဲ့ ဦးရောဘတ်စန်းအောင်က “ ဦးသိန်းစိန်အစိုးရက ကောင်းသော အစိုးရ၊ ကောင်းသော အုပ်ချုပ်ရေး အထိသွားမှာလို့ ယခုအဆင့်ထိ ကျွန်တော်တို့လက်ခံထားပါတယ်။ ဒါကြောင့် ဒီအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ်” လို့ပြောပါတယ်။ 

 သတင်းစာရှင်းလင်းပွဲမြင်ကွင်း
 ဒေါက်တာမြင့်နိုင်က သူ့အနေနဲ့ ၉၀ ခုနှစ်မှာ စင်ပြိုင်အစိုးရဖွဲ့တဲ့ ကိစ္စနဲ့ ၂၅ နှစ် ပြစ်ဒဏ်ချခံခဲ့ရပြီးနောက် ၁၄ နှစ်အကြာမှာ ၂၀၀၄ ခုနှစ်မှာ ထောင်ကလွတ်လာတဲ့ အကြောင်းရှင်းပြပါတယ်။ အဲလို လွတ်လာပြီးနောက် ဆေးကုချင်ပေမယ့် ဆေးကုခွင့်လိုင်စင်မရှိတာကြောင့်ထီရောင်းခဲ့ရတဲ့အကြောင်းကို ရှင်းပြပါတယ်။
ယခုရှင်းလင်းပွဲသို့ မလာရောက်နိုင်တဲ့ နိုင်ငံရေး အကျဉ်းသားများဖြစ်တဲ့ရှေ့နေများနဲ့ ဆရာဝန်များ စာရင်းများကိုလည်း အခမ်းအနားမှူးက ဖတ်ပြပါတယ်။ 
 
(မကြာသေးမီက လွတ်မြောက်လာသူ၊ လူငယ်နိုင်ငံရေးအကျဉ်းသား၊ အာကာဗိုလ်)
ကျောင်းတက်ခွင့်မရတဲ့ နိုင်ငံရေး အကျဉ်းသားများ အခြေအနေကိုလည်းကိုရဲမင်းဦးက ရှင်းပြခဲ့ပါတယ်။ လွတ်မြောက်လာပြီးနောက် ကျောင်းပြန်တက်ရောက်ဖို့ ကြိုးစားပေမယ့်လို့ကျောင်းဘက်မှ တိတိပပ ဖြေကြားပေးခြင်းမရှိတာတွေကိုလည်း ရှင်းပြသွားခဲ့ပါတယ်။
ဦးအောင်သိန်းက တရားရုံးတွေက အမိန့်ချထားပြီးသား ကိစ္စတွေကိုအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေနဲ့  ဆောင်ရွက်ခြင်းမပြုဘူးဆိုတာဟာ အဓိက အားနည်းချက်တခုဖြစ်တယ်လို့ထောက်ပြသွားခဲ့ပါတယ်။ စာနယ်ဇင်းရှင်းလင်းပွဲဟာ နေ့လည် ၁၂နာရီခွဲမှာ ပြီးစီးခဲ့ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)