>Than Shwe & Maung Aye no longer leading role in Burma

November 13, 2011

>

ဗိုလ်ချုပ်မှူးကြီးနှင့်ဒုဗိုလ်ချုပ်မှူးကြီး နေ့တဓူဝ ကိစ္စများတွင်ပါဝင် ပတ်သက်မှုမရှိတော့ဟု ဆို
မိုးမခ အထောက်တော်၊ရန်ကုန်။ နိုဝင်ဘာ ၁၃၊ ၂၀၁၁
မတ်လ ၃၀ ရက်နေ့က နအဖ အဖွဲ့ကိုဖျက်သိမ်းကာ အာဏာလွှဲအပ်ပေးခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့မှာ ယခုအခါ အစိုးရအဖွဲ့၏ နေ့တဓူဝကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း မရှိတော့ဟု ၎င်းခေါင်းဆောင်ဟောင်း ၂ ဦး၏နေအိမ်သို့ ၀င်ထွက်ခွင့်ရှိသူ လုပ်ငန်းရှင်ကြီးတဦး၏ အနီးကပ်ဝန်ထမ်းက ပြောသည်။
ယင်းခေါင်းဆောင် နှစ်ဦးမှာတာဝန်များမှ အနားယူသွားခဲ့သော်လည်း အာဏာရှိသူများနှင့် နီးစပ်သူ ၊မိသားစု၏ စီးပွားရေးပါ လုပ်ကိုင်ပေးနေသည့် လုပ်ငန်းရှင်ကြီးများကယခုချိန်ထိ အိမ်တော်ကိစ္စများ ကိုတာဝန်ယူထောက်ပံ့နေဆဲ ဖြစ်သည်ဟုလည်း သိရှိရသည်။
၎င်း ခေါင်းဆောင်နှစ်ဦး၏ လက်ရှိနေ့စဉ် လှုပ်ရှားမှု အနေဖြင့် မိသားစုနှင့် ပတ်သက်သည့် လှုပ်ရှားမှုမျိုးသာတွေ့မြင်ရကာအစိုးရအဖွဲ့သစ်မှ တာဝန်ရှိသူများ ၀င်ထွက်ခြင်း၊အစိုးရသစ်၏ နေ့တဓူဝ ကိစ္စများတွင် ညွှန်ကြားသည့် လက္ခဏာ တစုံတရာမတွေ့မြင်ရကြောင်း ယင်း ၀န်ထမ်းက ပြောသည်။
မြန်မာနိုင်ငံအား ၁၈ နှစ်နီးပါးအာဏာအရှိဆုံး ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူယင်းခေါင်းဆောင်နှစ်ဦး၏ နေအိမ်လုံခြုံရေး လုံခြုံရေးတပ်စိတ်များအား လဲလှယ်ခြင်းမရှိတော့ဟုလည်း ယင်းဝန်ထမ်းက ဖြည့်စွက်ပြောဆိုသည်။
ယင်း ခေါင်းဆောင်နှစ်ဦးသည်နေပြည်တော် ကြက်ပြေး နေပြည်တော်ဘက် အခြမ်းရှိအသစ်ဆောက်လုပ်ထားသည့် နေအိမ်အသီးသီးတွင် နေထိုင်လျက်ရှိပြီး စစ်ဘက်ယူနီဖောင်းဝတ်ဆင်သွားလာခြင်း မတွေ့ရဟုလည်း အဆိုပါ ၀န်ထမ်းက ပြောဆိုသည်။
၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကျင်းပပြီး နောက် ၅ လအကြာ ယခုနှစ်မတ်လမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၎င်းရွေးချယ်ခဲ့သည်ဟု ယူဆရသူ ဦးသိန်းစိန်ကို သမ္မတအာဏာ လွှဲအပ်ပေးပြီး လူမြင်ကွင်းမှ အနားယူခဲ့သည်။
၎င်းသည် ၁၉၉၃ ခုနှစ် န၀တ ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး စောမောင်ကို အနားယူစေပြီး အာဏာကိုရယူထိန်းချုပ်ခဲ့သူ ဖြစ်သည်။ မတ်လကုန်  အာဏာလွှဲ ပေးပြီးနောက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့်  သမ္မတ အဖြစ်တာဝန်ယူမည်  သို့မဟုတ် နိုင်ငံ ဥသျှောင်အဖွဲ့နဲ့အစိုးရအဖွဲ့ကို ချုပ်ကိုင်သွားမယ်လို့  နိုင်ငံရေးအကဲခတ်သူများက မှန်းဆခဲ့ကြသောလည်း ယခုအချိန်မှာတော့ လူမြင်ကွင်းမှပျောက်ကွယ်သွားခဲ့သည်သာမက လက်ရှိ အစိုးရအဖွဲ့ကို ညွှန်ကြားခိုင်းစေနေသည့် လက္ခဏာများလည်း ယခုချိန်ထိ မတွေ့မြင်ရဟု ဆိုကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)