>Kyaw Thu – FFSS Yangon Activity

November 14, 2011

>

ငြိမ်းချမ်းရေးပြယုဂ်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
နိုဝင်ဘာ ၁၄၊ ၂၀၁၁



မြန်မာနိုင်ငံတစ်ခွင် ဘုရားသခင်၏ သာသနာတော်အလင်းတွင် လူမျိုးမရွေး၊ ဂိုဏ်းကဏမရွေး တပည့်တော်အချင်းချင်း ကူညီထောက်ပံ့ အားပေးရန်၊ သာယာရွှင်လန်းစွာဝတ်ပြုနိုင်ရေးကို ရည်ရွယ်လျက် မြန်မာအစီအစဉ်ကို ဧမာနွေလ နှစ်ခြင်းအသင်းတော်၌စတင်ခဲ့ရာ ယနေ့ ၁၃.၁၁.၂၀၁၁ ရက်နေ့တွင် (၂၁) နှစ်မြောက် နေ့ကောင်းနေ့မြတ်တရက်ဖြစ်သည်။ ထို (၂၁) နှစ်မြောက် မဟာဓမ္မသဘင်ပွဲကို အမှတ် (၄၁၁)၊ မဟာဗန္ဓုလလမ်း၊ ရန်ကုန်မြို့တွင်ကျင်းပခဲ့ရာ ဧည့်ပရိသတ်ပေါင်းများစွာဖြင့် ဧမာနွေလနှစ်ခြင်း အသင်းတော်အဆောက်အဦး တခုလုံး ပြည့်လျှံသွားတော့သည်။

ယင်းအခမ်းအနားတွင် Doctor of Divinity (D.D) ဘွဲ့အား Sayamagyi Daw May May Khin, Doctor of Humane Social Services (D.H.S.S) ဘွဲ့အား U Kyaw Thu @ Kyaw Win (Free Funeral Service Society – Yangon), Master of Humane Social Services (M.H.S.S) ဘွဲ့အား Daw Peggy Gyaw၊ Daw Maw Maw @ La Min Aein (ဆရာချစ်စံဝင်း၏ ဇနီး), Daw Rowena Hein, Daw Myint Myint Khin Pe @ Shwe Zee Kwet တို့အား သိက္ခာတော်ရ သင်းအုပ်ဆရာတော်ကြီး Rev.Dr.Paul F. Johns မှ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဧမာနွေလနှစ်ခြင်း အသင်းတော်ကြီး၏ သိက္ခာတော်ရဆရာတော်ကြီး ဦးပေါလ်အက်(ဖ်) ဂျွန် (စ်) သည် ဦးကျော်သူအား ဒေါက်တာဘွဲ့ (D.H.S.S – Doctor of Humane Social Services) ဘွဲ့ ချီးမြှင့်ရခြင်းအကြောင်းရင်းအား “ဦးကျော်သူကို ဖာသာတို့က ဂုဏ်ထူးဆောင် ဘွဲ့ပေးအပ်ရတဲ့အကြောင်းရင်းက ဘာလဲဆိုရင် ဦးကျော်သူက လူမှုရေးလည်း လုပ်တယ်။ လူမျိုးမရွေး၊ ဘာသာမရွေး ကူညီမစတတ်တဲ့ လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ဦးကျော်သူကိုပေးအပ်ရတာဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်က လူတွေရဲ့မျက်ရည်သုတ် ပေးတယ်တဲ့။ အဲဒီတော့ လူတွေရဲ့မျက်ရည်ကိုသုတ်ပေးတဲ့လူတွေ အကုန်လုံးက ဘုရားသခင်ရဲ့အလုပ်ကိုလုပ်တာနဲ့ အတူတူပါပဲ။ သေခြင်းတရားတွေ့မှဘဲ လူတွေက မျက်ရည်ကျတာများတယ်လေ။ ဦးကျော်သူက အဲဒီလိုလူတွေကို မျက်ရည်သုတ်ပေးတာက တကြောင်း၊ ဆင်းရဲချမ်းသာမရွေး မှန်အခေါင်းလေးနဲ့ အသုဘပို့ပေးတယ်လေ။ ဘုရားသခင်လုပ်တဲ့အလုပ်ကို ကျော်သူကလုပ်တယ်။ ဒါကြောင့် ဘုရားသခင်အလိုတော်ရ ဒီဘွဲ့ကို ချီးမြှင့်ပေးခြင်းဖြစ်တယ်” ဟူ၍လည်းကောင်း၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်အား (M.H.S.S – Master of Humane Social Services) ဘွဲ့ ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ “ခင်ပွန်းဖြစ်သူနှင့်အတူ လူမှုရေးလုပ်ငန်းများကို မောင်တစ်ထမ်း မယ် တစ်ရွက် တက်တက်ကြွကြွဆောင်ရွက်ပေးသည့်အတွက် ချီးမြှင့်ရခြင်းဖြစ်တယ်” ဟူ၍ပြောကြားခဲ့ပြီးနောက် ဘွဲ့များအား အသီးသီးချီးမြှင့် ပေးခဲ့သည်။

ဦးကျော်သူမှ ဘွဲ့ချီးမြှင့်ခံရပြီးသည့်နောက် ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် “ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းအတွက် အံ့သြ၀မ်းသာ မိပါကြောင်း၊ အံ့သြရခြင်းမှာ မိမိတို့ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ချီးမြှင့်ခံရခြင်းမရှိဘဲ မိမိတို့နှင့်ဘာသာမတူသော ခရစ်ယာန်အဖွဲ့မှ ချီးမြှင့်ပေး သည့်အတွက် အံသြရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိဤဘွဲ့အားရရှိခြင်းမှာ မိမိတို့နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/ သားများ၏ ပေးဆပ်မှုများ၊ အလှူရှင်များ၏ လှူဒါန်းမှုများနှင့် ပါဝင်ပတ်သက်မှုကြောင်း၊ နိုင်ငံတော်အစိုးရ အား မိမိတို့ တစ်ဖက်တစ်လမ်း လူမှုရေးကူ ညီမှုများဖြင့် ပံ့ပိုးပေးခဲ့သလို၊ တိုင်းရင်းသားဒေသ၊ နယ်စပ်ဒေသများရှိ စစ်ပွဲများကိုလည်း အမြန်ဆုံးရပ်ဆိုင်းခွင့်ရရှိကာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေးသမားများအားလုံး လွတ်ငြိမ်းခွင့်ရရှိစေရန် ဘုရားသခင်မှ ကောင်းချီးပေးပါစေ” ဟူ၍ ပြောကြားသွားခဲ့သည်။ ထိုအတူ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှလည်း “ယခုကဲ့သို့ ဘွဲ့ချီးမြှင့်ခံရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ မိမိတို့လို ဘာသာခြားကို မုဒိတာထားနိုင်တဲ့ ဆရာတော်ကြီးတွေကို ကျွန်မ ကျေးဇူးအများကြီးတင်ပါတယ်။ ယခုကဲ့သို့ အသိအမှတ်ပြု ဂုဏ်ပြုချီး မြှင့်ခြင်းသည် နိုင်ငံတော်တွင် အထူးလိုအပ်နေသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှာ ဘာသာတွေကွဲပြားနေခြင်း၊ လူမျိုးများ ကွဲပြား နေခြင်းကို အမြန်ဆုံးစည်းလုံးညီညွတ်မှုကိုရနိုင်မယ့် ပြယုဂ်လေးတစ်ခုဖြစ်ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်။” ဟူ၍ ပြောကြားခဲ့သည်။ ထို့နောက် ဧမာနွေလဘုရားကျောင်းရှိ ဆရာတော်ကြီးများမှ ကောင်းချီးပေးခြင်း၊ ငြိမ်းချမ်းရေးဖယောင်းတိုင်နှင့် မွေးနေ့အထူးဖယောင်း တိုင်များ ထွန်းငြိ၍ဆုတောင်းခြင်း၊ ပရိသတ်များမှ ဓမ္မသီချင်းများ သီဆိုခြင်း၊ တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် UBS အဖွဲ့မှ ဓမ္မတေးများ သီဆိုဖျော်ဖြေခဲ့ကြကာ အခမ်းအနားအား အောင်မြင်စွာဖြင့် ပြီးဆုံးသွားခဲ့သည်။

အထက်ဖော်ပြပါဘွဲ့များကို IMMANUEL THEOLOGICAL INSTITUTE (ပင်မကျောင်းတော်ကြီး)၊ UNION BIBLICAL SEMINARY (ရန်ကုန်)၊ INTERNATIONAL SCHOOL OF THEOLOGY (ဘန်ကောက်)၊ ONLINE BIBLE COLLEGE INTERNATIONAL (သြစတြေးလျ)တို့မှ ပေးအပ်ချီးမြှင့် ဂုဏ်ပြုခြင်းဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုဆောင်ပုဒ်အတိုင်း လူမျိုးဘာသာမခြား ဆင်းရဲချမ်းသာမရွေးတို့အား ပေးဆပ်မှုများ ပြုလုပ် ပေးခဲ့သည်နှင့်အညီ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တော်မူသော “ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်” ဟူသော စကားအတိုင်း ယခုကဲ့သို့ လူမျိုးဘာသာကွဲတို့၏ အသိအမှတ်ပြုဂုဏ်ပြုချီးမြှင့်ခြင်းကို ခံရခြင်းဖြစ်သည်ဟု ယုံကြည်မိပါတော့သည်။ ယင်းကဲ့သို့ တိုင်းရင်း သား လူမျိုးဘာသာကွဲများ၏ လူသားချင်းစာနာထောက်ထားမှု၊ ပေးဆပ်မှု၊ ဂုဏ်ပြုမှု၊ ချီးမြှင့်မှုများသည် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးကို ရှေးရှုသော ပြယုဒ်တစ်ခုပင် ဖြစ်တော့သည်။















သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်