U Aye Than (1990 Election – MP) passes away
November 26, 2011
လူထုရွေးခဲ့တဲ့အမတ်တဦးကွယ်လွန်ခဲ့ပြီ
ဦးအေးသန်း ( ၁၉၄၂ – ၂၀၁၁)၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပေါင်းတည် (၂) ကိုယ်စားလှယ်
မိုးမခအထောက်တော်၀၀၇၊ နိုဝင်ဘာ ၂၆၊ ၂၀၁၁
                    ဦးအေးသန်း သည်  ၁၉၆၉ -၇၀  ရန်ကုန်တက္ကသိုလ် တတိယနှစ်  ကျောင်းသားဘ၀ တွင်အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပွဲတော် အရေးအခင်းနှင့်ပတ်သက်ပြီး  အင်းစိန်ထောင်တွင် ၁နှစ်ကျော် အထိန်းသိမ်းခံရပြီး ၁၉၇၁ ခုဇွန်လတွင်  ထောင်မှလွတ်မြောက်ခဲ့ပါသည်။  ၁၉၇၃-၇၄ တွင် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဖာဘွဲ့ ကို ရရှိ ခဲ့ ပါသည်။
                  မဆလ တပါတီခေတ် နိုင်ငံရေးအဖွဲ့အစည်းများတွင် ၀င်ရောက်ဆောင်ရွက်ခြင်း မရှိဘဲ၊ လူမှုရေးဘာသာရေး  အသင်းအဖွဲ့ များတွင်သာ  တက်တက်ကြွကြွ  ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင်ဦးဆောင် ပါဝင်ခဲ့ ပြီး  ပေါင်းတည်သပိတ်ကော်မတီဝင် အဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့်  ညှိနှိုင်းတိုင်ပင်ပြီး   မြို့ အခြေအနေ အရပ်ရပ်ကို ၀ိုင်းဝန်းထိန်းသိမ်း ပေးခဲ့ပါသည်။
               အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတင်ဖွဲ့ စည်းသောအခါ  ပေါင်းတည်မြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို  စတင်ဖွဲ့စည်းရာတွင်  ပါဝင်ခဲ့ပြီး  ၁၉၉၀ ရွေးကောက်ပွဲတွင် ပေါင်းတည်မဲဆန္ဒနယ် အမှတ်(၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံခဲ့ရာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ ပါသည်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဘ၀တွင်  အကြိမ်ကြိမ် ထိန်းသိမ်းခံရသော်လည်း  ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော   အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ဦးဆောင်မှုကိုခံယူရင်း ဒီမိုကရေစီ ရေးကို မမှိတ်မသုံ မသွေမဖယ် ဆောင်ရွက် ရပ်တည်ခဲ့ ပါသည်။
               သို့သော်  ၁၉၉၁ ဒီဇင်ဘာ ၁၆ရက်  ဒေါ်အောင်ဆန်းစုကြည် အားအမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှ ထုတ်ပယ်ခဲ့ခြင်းနှင့်အခြားနိုင်ငံရေးရပ်တည်ချက် များအပေါ် ပေါင်းတည်အမျိုးသားဒီမိုကရေချုပ်မှ စည်းမျဉ်းစည်းကမ်းနှင့်အညီ  ကန့်ကွက်တင်ပြမှုများကြောင့်   ပေါင်းတည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းကော်မတီဝင် အားလုံးနှင့် ပေါင်းတည်ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ် (၂)ဦးအား  အဖွဲ့ ချုပ်တာဝန်ရှိသူဦးအောင်ရွှေက ထုတ်ပယ်ခွင့်မရှိဘဲ ထုတ်ပယ်ခြင်းကို ခံခဲ့ရပါသည်။
ဒေါ်အောင်ဆန်းစုကြည်အထိန်းအသိမ်းခံရာမှ ပြန်လည်လွတ်မြောက်လာချိန်တွင် ပြန်လည်  လက်တွဲခေါ်ယူခဲ့ သော်လည်း  အကြောင်းကြောင်းကြောင့်   အဖွဲ့ ချုပ်ကိုအဝေးမှသာ ၀ိုင်းရံ အားပေးခဲ့ ပါသည်။ ကွယ်လွန်ချိန်အထိ  ပြည်သူများမှရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်အဖြစ်ခိုင်ခိုင် မာမာ ရပ်တည်သွားခဲ့ ပါသည်။
အစိုးရ၏ထိန်းသိမ်းရေးစခန်းများတွင် အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံရရာမှပြန်လည်လွတ်မြောက်လာစဉ်ကတည်းက ကျန်းမာရေးချို့ယွင်းနေခဲ့ပြီး နိုဝင်ဘာ ၂၄နေ့ ညရေဒီယိုသတင်းများ နားထောင်အပြီး ဦးနှောက်သွေးကြောပြတ်တောက် ကွယ်လွန်ခဲ့ပါသည်။
             ဦးအေးသန်း၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ် ကို နိုဝင်ဘာ ၁၆၊ ၂၀၁၁  နေ့ လည် ၃း၃၀ နာရီတွင်  ပေါင်းတည်မြို့သုဿန်တွင် မြှုပ်နှံသင်္ဂြိုလ်ပါမည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, လူများ၊ ရုပ်ပုံလွှာများ
Comments are closed.
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ကြပါစေ …
MoeMaKa Monthly July 2017 ထွက်ပြီ
မိုးမခမှာ ကြော်ငြာပါ
မိုးမခကို အိမ်အရောက် ပို့ပေးမည်
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ
By
မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...
Read more »
မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ
By
    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...
Read more »
စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်
By
  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...
Read more »
မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ
By
 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်