>Kamar Pale – Poem

December 12, 2011

>

မာယာကော့ဗ်စကီးနှင့် စကားပြောခြင်း
ကမာပုလဲ
ဒီဇင်ဘာ ၁၂၊ ၂၀၁၁



ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်သွားတဲ့
လမင်းကို
နက်နက်ရှိုင်းရှိုင်း မိုးတိမ်တွေကြား
ကြယ်စင်ကင်းစွာ
မြှုပ်နှံ သင်္ဂြိုလ်လိုက်ကြတယ် …
ဖြစ်တတ်ပါတယ်။

ဒီမယ် … မိတ်ဆွေကြီး
မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးကြားမှာ
မဖြစ်နိုင်တာ ဘာတခုမျှ မရှိဘူးတဲ့ဗျ
ခု
ခင်ဗျား လှလှပပ အသည်းကွဲနေပြီမလား
ဖြစ်တတ်ပါတယ် …။

ဒီမယ် … မိတ်ဆွေကြီး
တဆိတ် … မီးတတို့လောက်ဗျာ
ခင်ဗျား ရင်ဘတ်ထဲက အပူကို
ကျုပ်ဘဝထဲ ကူးစက်လောင်ကျွမ်းသွားအောင်လို့
အပြင်မှာ
နှင်းက
အပြင်းစားကြီး အေးခဲမာကျောနေ
ဖြစ်တတ်ပါတယ် …။

ဒီမယ် … မိတ်ဆွေကြီး
ခေတ်က
ကွဲကွာသွားတဲ့ ငယ်ရည်းစားကို
မှတ်မထင် …
ကြေကွဲလမ်းမ …
ပြန်လည်ဆုံတွေ့ကြရသလိုမျိုး
မျက်နှာ မထားတတ်လောက်အောင်
(အဲလိုလည်း … မဟုတ်သေးဘူးဗျ)
ဖြစ်တတ်ပါတယ်။

မာယာကော့ဗ်စကီး ခင်ဗျား …
ခင်ဗျားရဲ့ မာရီယာ ဒေဝီခမျာ
သူ့ကို
အဓမ္မ ခိုးယူသွားခဲ့သူတွေကိုမှ
သူက
အချစ်ကြီး ချစ်သွားရှာသတဲ့ …
အဲဒါ
သြဒက်ဆာမှာ
ဖြစ်ခဲ့ချင်မှ ဖြစ်ခဲ့မယ်
ဒီမှာတော့ အသေအချာကို
ဖြစ်ခဲ့ပြီ …။

ဒီမယ် … မိတ်ဆွေကြီး
ခင်ဗျားရဲ့အချစ်က
အောက်တိုဘာမှာ
လွတ်မြောက်တယ် …
အောက်ခြေလွတ်ခဲ့လေတော့
၂၀ ရာစု နှောင်းပိုင်းမှာ
နှင်းတွေလို အရည်ပျော်သွားတယ် …
ဒါပေမယ့်ပေါ့
မင့်ရဲ့ အချစ်သာ စစ်မှန်ခဲ့ရင်
ပြန်လည် ထမြောက် ရှင်သန်လာမယ် …
သေချာတယ်။

ဒီမယ် … မိတ်ဆွေကြီး
ခင်ဗျား ပြောခဲ့သလိုပါပဲ …
ခင်ဗျားတို့ ကျုပ်တို့ရဲ့အချစ်
လွတ်မြောက်မှု စစ်စစ်က
ကိုယ်စီ ပခုံးတွေပေါ်မှာ တည်ရှိတယ် …။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်