fbpx

>Shwe Nya Wah Sayadaw send his petition letters to Regime’s monks authority

December 17, 2011

>

သာဓုကျောင်း၊ရွှေည၀ါဆရာတော်ဦးပညာသီလက ကြံ့ဖွံ့အစိုးရ၏ သံဃမဟာနာယကကို တောင်းပန်စာပို့
မိုးမခ၊ ဒီဇင်ဘာ ၁၆၊၂၀၁၁
ဒီဇင်ဘာ ၁၂ နေ့စွဲဖြင့်ဆုံးဖြတ်ချက်အရ ကြံ့ဖွံ့အစိုးရ၏ သံဃမဟာနာယကအဖွဲ့က ရန်ကုန်မြို့၊သာဓုကျောင်းတိုက်၊ ရွှေည၀ါဆရာတော် ဦးပညာသီဟအား ကျောင်းတိုက်မှ ဖယ်ရှားရန်၊အဆုံးအမကို ခံယူထိုက်သည့် သံဃာတပါးအဖြစ်မှ ဖယ်ရှားရန် ၊သာဓုကျောင်းတိုက်အတွင်း ကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်းမပြုရန် အရေးယူသည့်ထုတ်ပြန်ချက်ကို ကာယကံရှင် ရွှေည၀ါဆရာတော်က ကြံ့ဖွံ့အစိုးရ၏ သံဃမဟာနာယကဆရာတော်ကြီးများထံ အသနားခံ တောင်းပန်စာကို ဒီဇင်ဘာ ၁၅ ရက်စွဲဖြင့်ပြန်လည်ပေးပို့ လျောက်ထားလိုက်သည်ကို တွေ့ရသည်။
        ထေရ၀ါဒအဆိုအဆုံးမတွင် ကြီးစွာသောအပြစ်များသော်မှ တိုးလျိုးတောင်းပန်ပါက အပြစ်များပြေပျောက်၍ အကျိုးများသက်ရောက်ကြောင်း၊ မိမိက တောင်းပန်အသနားခံပါက မိမိ၏အပြစ်ဆိုသည်မှာလည်း လူထွက်၊ ထောင်ကျ အရေးယူလောက်သော ပြစ်မှုမဟုတ်သည့်အတွက်ဆရာတော်ကြီးများကလည်း သူတော်ကောင်းတရားနှင့်အညီ ကျင့်သုံးမည်ဟု ယုံကြည်ကြောင်း၊မိဘများသဖွယ်ဖြစ်သော် ဆရာတော်ကြီးများက သားသမီးများသဖွယ်ဖြစ်သောဘုရားတပည့်တော်များကို ဆိုဆုံးမပါရန်၊ ကျောင်းတိုက်တွင် ဆက်လက်နေထိုင်ခွင့်နှင့်သာသနာပြုခွင့်များ ပြန်လည်ပေးသနားပါရန် အသနားခံပါကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။
          အဆိုပါကြံ့ဖွံွှ့အစိုးရ၏ သံဃမဟာနာယကအဖွဲ့၏ အရေးယူသည့် အကြောင်းကြားစာကြောင့်ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေသော အတိုက်အခံနိုင်ငံရေးအစုအဖွဲ့များ၊ ကျောင်းသားလူငယ်များသာမက လူမှုရေး၊ ဘာသာရေး ထက်သန်သူ မြန်မာမိသားစုများအတွင်းတွင် ယခင်စစ်အာဏာရှင်နအဖ၊ န၀တခေတ်ကာလများကဲ့သို့ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးလွတ်လပ်ခွင့်များအကြမ်းဖက်ခံရမည့် ခြိန်းခြောက်မှုများ ပြန်လည်ထွက်ပေါ်လာမည်လားဟု စိုးရိမ့်ကြောင့်ကြမှုများဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)