>May Kha – Twilight over Burma

January 7, 2012

>

မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး (၁၇)
မေခ
ဇန်န၀ါရီ ၇၊ ၂၀၁၂


အခန်း (၈)

ကလဲ့စားပြန်ချေသည့်သဘောဖြင့် နမ့်ပန်းတောင်တန်းတွေမှာ ပူသောရာသီက တဖန်ပြန်လည် အသားကျနေတော့သည်။ လူနှင့် တိရိစ္ဆာန် တို့သည် ရက်စက်လှသော ပူလောင်သည့်နေရောင်ကိုကာကွယ်ဖို့ အရိပ်ရှိရာ သစ်ပင်အမိုးတို့ကို ရှာကြည့်နေကြရသည်။ သူတို့၏အသက်ရှင် ဖို့ရာ ကြီးမားသောသစ်ရွက်နီအချပ်များ၊ တောင်များ၏နောက်ကျောဘက်မှ အနောက်အရပ်ဆီ ကြွေကျပျောက်ကွယ်သွားသည်အထိ စောင့်ဆိုင်းနေကြရသည်။ ထို့နောက် လှုပ်ရှားမှုတွေပြန်လည်နိုးကြားလာကြပြန်လေ၏။ ရယ်မောသံများလေထဲမှာ လွင့်မျော၊ မီးသွေးမီးဖြင့် ချက်ပြုပ်ထားသော မွှေးပျံ့သော ညစာဟင်းအနံ့တွေ ပတ်ဝန်းကျင်အနီးအနားကိုပျံသွား။ ရာပေါင်းများစွာသော ရဲရဲတောက်သော တော်ဝင် သစ်ပင်ကြီးပေါ်တွင် ဖူးပွင့်နေကြသော ထီးပုံ ကတ္တီပါလက်ပံပန်းနီနီလေးတွေ တမြို့လုံးအနှံ့ နီစွေးနေလျှင် နောက်တရက်တွင် တဖန်ပြန် ပူလာလိမ့်ဦးမည်ဆိုတာ လူတွေက သိနေခဲ့ကြသည်။

စဝ်နှင့် သုစန္ဒာတို့သည် အေးမြသော အရှေ့စံအိမ်တော်အတွင်းမှ အိမ်ရှေ့ မြေပြင်ခုံးလေးဆီ စွန့်စားပြီး ထွက်လာခဲ့ကြသည်။ သည် အချိန် သည် သူတို့ ကော့တေးသောက်ချိန်လည်းဖြစ်သည်။ ထိုအချိန်တွင်သူတို့သည် တနေ့တာအကြောင်းများကို ပြန်လည်ဆွေးနွေးပြီး အကြံဉာဏ်များ ဖလှယ်ကြသည်။ စဝ်က မာဘယ်လ်ကျောက်ကြမ်းပြင် သူတို့ခြေထောက်အောက်တွင်ထိုင်နေသော သူတို့၏ သဘောအကျ ဆုံး ဂျာမန်သိုးထိန်း ဆန်တကို သီဟိုဠ်သရက်စေ့များကျွေးနေသည်။

“ကျမ မောင့်ကိုပြောစရာတွေ အများကြီးရှိတယ်” သုစန္ဒာသည် ရေခဲထည့်ထားသော သံပုရာရည်တငုံသောက်ပြီး စဝ်ကိုပြောလိုက်သည်။
“ဆိုစမ်းပါဦး။ အခုတလောမောင်က ကိုယ့်ရဲ့စိတ်ညစ်စရာတွေကိုတောင် မေ့နေတော့တယ်” စဝ်ကပြောရင်း သူ့ခြေထောက်ကိုဆန့်ထုတ် လိုက်ပြီး ကြိမ်ထိုင်ခုံကိုမ၍ သူမအနားရွေ့လိုက်သည်။ နားထောင်ဖို့အသင့်ဖြစ်နေသည်။

“နမ့်ပန်းမှာ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းဖွဲ့ဖို့ ကျမကို လာမေးတယ်”
“ဘယ်သူကမေးတာလဲ” စဝ် တအံ့တသြကြည့်လိုက်သည်။

“အဆင့်မြင့် စွမ်းအင်ကိုယ်စားလှယ်အဖွဲ့က ဒေါက်တာ ဘဉာဏ်၊ ဒေါက်တာ ခွန်စောနဲ့ ဝန်ကြီးချုပ် ဦးသန်း”
“ပြီးတော့ရော အချစ်က ဘာပြန်ပြောလိုက်လဲ” စဝ်က ပြုံးနေသည်။ သူသဘောကျကြောင်း ဖော်ပြနေသည်။

“ကောင်းပြီလေ ကျမက မဖြစ်ဖူးလို့ ကျမ မပြောနိုင်ဖူး။ ဒီမှာရှိတဲ့ မိခင်နဲ့ကလေးတွေအတွက် အကူညီလိုတယ်လေ။ ကျမတို့ဆေးရုံက ကိုယ်ဝန်သည်မိန်းမတွေ ရိုးရိုးမွေးဖို့လာတာတောင် လက်မခံဖူးဆိုတာ ယုံနိုင်လား။ သူတို့က ဝမ်းဆွဲဆရာမကိုသွားခေါ်ခိုင်းတယ်။ အဲဒီမှာ ရေပိုက်တောင်မရှိဖူး။”
“မောင်သိတယ်။ နားလည်တယ်။ အချစ်ကိုယုံပါတယ်” စဝ်က သူမကိုငေးနေသည်။

“ပြီးတော့ မွေးကင်းစ ကလေးလေးတွေအများကြီး ..” သုစန္ဒာဆက်သည်။
“အသက်ကြာကြာ မရှည်ကြဖူး။ ဒေါက်တာဘဉာဏ်ပြောတာက ကလေးတွေရဲ့ လေးပုံသုံးပုံက အသက် ၂ နှစ် မတိုင်ခင် သေကြတယ်တဲ့။”
သူမ၏ အသံက ပို၍ပို၍ကျယ်လောင်လာသည်။ သူမလက်တွေက စကားပြောနေသလို ဖြစ်လာသည်။
“ဒီလို ဆက်အဖြစ်မခံနိုင်ဖူး ။ ကျမကူရမယ်”
“အချစ်မှာ အံ့သြစရာကောင်းလောက်အောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိပါတယ်” သူမ၏ ဆံစကို ပွတ်သပ်ရင်းက စဝ် ပြောလိုက်သည်။

“မောင်မကြာခင်ပဲ အချစ်က မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းကို ဖွဲ့စည်း၊ ထိပ်ဆုံးကနေ ဦးဆောင်အကြံပေးနေတာ တွေ့ရတော့ မှာပေါ့”
“ဒါပေမယ့် ကျမမှာ ဘာသင်တန်းမှ တက်ခဲ့ဖူးတာမဟုတ်ဖူး”

သုစန္ဒာ၏ ကန့်ကွက်သံကို သိပ်သဘောမကျပေ။ သူက သူမကိုယုံကြည်ပေးပြီး သူမ ဆံစလေးတွေကို ဖွဖွပွတ်သပ်ပေးနေလို့ သူမ ကျေ နပ်သည်။ သူလုပ်ချင်သောအရာမှန်သမျှ အားလုံးကို သူလုပ်နိုင်လေသည်။ သူ၏နူးညံ့သိမ်မွေ့သောအချစ်က သုစန္ဒာနှင့် ဟိုဘက်အား လုံးဆီ ထိတွေ့နေလေသည်။

“အချစ်မှာ ဘာလိုနေသေးလို့လဲ ။ ဖြတ်ထိုးဉာဏ်ရှိတယ်။ လူတွေအပေါ် စိုးရိမ်ပူပန်တတ်တယ်။ ဇွဲရှိတယ်။ အားလုံး သူ့ဟာနဲ့သူ အချိန်ကျရင် ဖြစ်လာမှာပါ”

နောက်တနေ့တွင် ခေါင်းဆောင်ပေးနိုင်မည့်သူ အဖွဲ့ဖွဲ့စည်းဖို့ တက်တက်ကြွကြွဖြင့် ဦးဆောင်မည့်ကော်မတီဖွဲ့ဖို့မြို့ထဲက အမျိုးသမီးများကို ဖိတ်ခေါ်လိုက်လေသည်။ အများအားဖြင့် တိုင်းယိုင်မြန်မာ အရွယ်အမျိုးမျိုးသော အမျိုးသမီး ၃၇ ယောက်သည် ပထမဆုံးသော အစည်း ဝေးတွင် တက်ရောက်ခဲ့ကြသည်။

သူတို့အားလုံးသည် မိခင်များဖြစ်ကြသည်။ သို့သော် သူတို့အထဲကနှစ်ယောက်သာ မွေးခဲ့သမျှသော ကလေးတိုင်းကို ပြုစုပျိုးထောင်နိုင်လေ သည်။ ၃၅ ယောက်သည် ကလေးဆုံးဖူးသောသူတွေချည်းဖြစ်ပြီး အသစ်စတင်ဖွဲ့စည်းမည့်အဖွဲ့သည် ကလေးသေနှုန်းကို လျော့ချနိုင်လိမ့် မည်ဟု မျှော်လင့်နေကြလေသည်။

အဖွဲ့၏ ပထမဆုံးသောအစည်းဝေးပြီးသွားပြီး နောက်တနေ့တွင်ပင် သုစန္ဒာသည် အတွင်းရေးမှူးအရွေးခံရသော မက်ဂီကိုမေးသည်။ သူမ နှင့်အတူ မီးဖွားအိမ်သို့သွားကြည့်ဖို့အဖော်စပ်လေသည်။ မက်ဂီသည် ဆွဲဆောင်မှုရှိသော အင်္ဂလိပ်မြန်မာ ကပြားမလေးဖြစ်ပြီး နမ့်ပန်းမြို့တွင် နှစ်ပေါင်းများစွာကြာအောင်နေထိုင်ခဲ့လေသည်။ သို့သော် သူမသည် နမ့်ပန်းအတွင်းက မွေးခန်းသို့တခါမျှ မရောက်ဖူးခဲ့ချေ။ မိန်းမနှစ် ယောက်သည် နောက်လိုက်နောက်ပါများမပါပဲ ဂျစ်ကားအိုကြီးဖြင့် အနှောင့်အယှက်မရှိပဲ ရောက်ရှိလာခဲ့ကြလေသည်။ငြိမ်သက် တိတ်ဆိတ် နေသော ရိုးကုတ်ကုတ် တထပ်အဆောက်အဦးလေးထဲ သူတို့ဝင်သွားလိုက်ကြသည်။ သုစန္ဒာသည် ယခုလုပ်မည့်အလုပ်အတွက် မိမိကိုယ် ကိုနှိမ်ချထားပြီး သူမ၏ပုဂ္ဂိုလ်ရေးဖြစ်သော မဟာဒေဝီအဆင့်တို့ကို သပ်သပ်စီခွဲခြားထားဖို့ဆုံးဖြတ်ထားခဲ့သည်။

အသက်ကြီးကြီး အလုပ်သမားမိန်းမတယောက်သည် ကော်ရေဒါကြမ်းခင်းကျောက်ကို ရေဝတ်ဖြင့်သုတ်နေသည်။ ထို့နောက် ရေစိုအဝတ်ကို ပစ်ချထားခဲ့ပြီး တံခါးနောက်တွင် လျင်မြန်စွာဝင်ရောက်ပျောက်ကွယ်သွားခဲ့လေသည်။ နောက်မှ လှပနုပျိုသော မိန်းခလေးတယောက်ပြန် ရောက်လာသည်။ အပြာရောင်ချည်ထမီ အင်္ကျီအဖြူဝတ်ထားသော နန်းနွမ်းသည် သားဖွားဆရာမကြီးဖြစ်လေသည်။ သူမ၏ တာဝန်ချိန် လည်းဖြစ်နေသည်။ သူမသည်ပိန်ပါးပါး၊ အရပ်က လေးပေခွဲလောက်ရှိပေမည်။ သူမ၏ ပြုမှုပြောဆိုပုံကိုကြည့်တာနှင့်ပင် သူမ၏ သြဇာ အာဏာကို သံသယဖြစ်စရာအကြောင်းမရှိပေ။ ဆရာမနန်းနွမ်းသည် ရောက်လာကြသောဧည့်သည်များကို မြင်လိုက်သည်နှင့် ဘယ်သူ တွေလဲဆိုတာသိပြီးဖြစ်၍ တခါတည်းလိုက်လံပြသလေတော့သည်။ အခန်း ၃ ခန်းတွင် အားလုံးပေါင်း ကုတင်ကျဉ်းကျဉ်းလေး ၁၂ လုံးရှိ သည်။ ကုတင်တလုံးစီဘေးတွင် ကလေးပုခက်အသေးလေးတလုံးစီရှိသည်။လူနာကုတင် ၇ လုံးသာ အသုံးပြုလို့ရသည်။

သို့သော် ကလေးပုခက် ၆ လုံးသာအသုံးပြုနိုင်ပြီး ကလေးသေးသေးလေးတွေကို အနှီးဖြင့်တင်းတင်းကြပ်ကြပ် ထုပ်ထားလေသည်။

“ ကလေးတယောက်လောက် ကျမချီကြည့်လို့ ရမလား” သုစန္ဒာက နန်းနွမ်းကိုမေးလိုက်သည်။ သူမက မိန်းကလေးငယ်ငယ်သေးသေးလေး ကို ချီပေးသည်။ နွေးနွေးလေးရှိသော ကလေးအထုပ်လေး၏မျက်နှာလေးသည် နုဖျော့နေသည်။ ဆံစစုတ်ဖွားနက်နက်လေးတွေက သုစန္ဒာ၏နှလုံးကို ထိနေလေသည်။ သူမအရင်က မွေးကင်းစကလေးကိုချီဖူးခဲ့လေသလား မမှတ်မိတော့ချေ။ သူမ၏ မိခင်စိတ်သည် နိုးကြားထကြွလာသလို ခံစားရလေသည်။

ကလေး၏မိခင်သည် ဝတ်စုံပြည့်ဖြင့် ကုတင်ပေါ်တွင်ထိုင်နေသည်။ သူမ၏ ကလေးကို ပွေ့ချီထားသူမှာ ကြီးမြတ်သော ဂုဏ်သရေရှိသည့်မဟာဒေဝီဖြစ်နေတာကိုသိသဖြင့် လက်လေးကိုပိုက်ထားလေသည်။ သုစန္ဒာက မိတ်ဆက်နေစရာမလိုပေ။

သူမဘယ်နေရာသွားသွား သူမကို လူတွေသိနေကြသည်။ အရပ်မြင့်မြင့် ကော့ကေးစီအင်းအမျိုးသမီးနယ်ခံတွေလို ဝတ်ထားပြီး တိုင်းယိုင် စကားပြောသောသူသည် တတိုင်းပြည်လုံးတွင် သူမတယောက်တည်းသာရှိလေသည်။

“ရှင့်ကလေး နာမယ် ဘယ်လိုခေါ်လဲ” သူမက ကလေးအမေကို မေးလိုက်သည်။
“ပယ်ဟစ်။ နော်” ကလေးအမေ မိန်းမငယ်လေးက သူမအခုထိ မသိသေးကြောင်းပြောရင်း ပါးစပ်ကို လက်ဝါးဖြင့်ပိတ်ကာ တခစ်ခစ်ရယ်နေ လေသည်။

သူမအဖြေကြောင့် နားမလည်သဖြင့် သုစန္ဒာသည် မက်ဂီဘက်သို့လှည့်၍ အင်္ဂလိပ်လိုမေးလိုက်လေသည်။

“ဘာလို့ ဒီကလေးအမေက သူ့ကလေးအရင်းရဲ့နာမယ်ကို မသိရတာလဲ”
“အခုရက် အပတ်လေးပဲရှိသေးတယ် အများအားဖြင့်ဆို ကျမတို့က လပိုင်းလောက်ရောက်မှကလေး နာမယ်ပေးတတ်ကြတာ” မက်ဂီက ဖြေလေ၏။ “ကလေးနံမယ်ပေးတာ မွေးတဲ့အပတ်ရဲ့ရက်ပေါ်မှာမူတည်နေတယ်။ ဗေဒင်ဆရာ၊ ဆွေမျိုးထဲကလူကြီးသူမတွေက လည်း ကလေးနာမယ်ကို ရွေးပေးတတ်ကြတယ်”

သုစန္ဒာသည် စိတ်မပါ့တပါဖြင့် ကလေးကို ပုခက်အတွင်းသို့ပြန်ထည့်လိုက်သည်။

“မွေးခန်းကို ကြည့်ဦးမလား” နန်းနွမ်းကမေးရင်းက ကော်ရေဒါဘက်ပြန်လှည့်ထွက်လာခဲ့ကြလေသည်။
“ကြည့်မယ်။ ဒါပေမဲ့ အသုံးမပြုသေးခင်မှာပေါ့” သုစန္ဒာဖြေလိုက်သည်။

“မသုံးသေးခင်” နန်းနွမ်းပြောသည်။ ဒါပေမဲ့ ဆိုက်ကားနဲ့လာမလား နွာလှည်းနဲ့လာမလား ကိုယ်ဝန်သည်က နောက်ဆုံးမွေးခါနီးကျမှလာမှာ လားဆိုတာ ကျမတို့ ဘယ်တော့မှမသိပါဖူး”

မွေးခန်းသည် လင်းနေသည်။ သို့သော် ဘာမှ မရှိ။ ရှင်းနေသည်။ ခေတ်မှီပစ္စည်းကိရိယာ ဘာမှမရှိ။ သုစန္ဒာသည် သစ်သားမွေးကုတင်ကို သာမြင်ရသည်။ ရေဆေးဖို့စင်တခုရှိသည်။

အံဆွဲလေးထဲတွင် ကလေးညှပ်ဆွဲဖို့ ဖောဆက်နှင့်ကပ်ကြေးတစုံဟုသာ ထင်ရလေသည်။ အခန်းထဲတွင် ရေပိုက်မရှိ။ လျှပ်စစ်မီးမရှိ။ သည် လို ဘာမှမရှိသောအခန်းထဲတွင် ဘယ်လိုများကလေးမွေးကြပါလိမ့်ဟုတွေးပြီး သုစန္ဒာ အံ့သြမိလေသည်။

“တလမှာ ကလေး ဘယ်နှစ်ယောက်လောက်မွေးလဲ” သူတို့ ကော်ရေဒါကိုပြန်လာကြသောအခါ မက်ဂီက သူနာပြုဆရာမကိုမေးလိုက်သည်။
“ကျမတို့ ပျှမ်းမျှဆို တလမှာ ၂ဝ လောက်ရှိမယ်။ များသောအားဖြင့် လပြည့်နေ့နားတဝိုက်ပိုများတယ်။” နန်းနွမ်းကပြုံးပြီး အမေးကိုဖြေလေ သည်။

“ ဒါဘာဖြစ်လို့လဲ” သုစန္ဒာက အံ့သြပြီးမေးသည်။
“ကျမလည်းမသိဖူး။ ဒါပေမဲ့ ဒါတချက်ပဲလေ။ ကျမတို့ ဇယားဆွဲကြည့်တော့ ဒီလို လပြည့်နားတဝိုက်တွေ့ရတာပဲ”

နန်းနွမ်းသည် စိတ်ကိုလုံးလုံးလျော့ချလိုက်ပြီး ဆက်လက်ပြသဖို့ထွက်သွားလေတော့သည်။

“ဆရာမမှာ သားဖွားဆရာမ ဝန်ထမ်းစုစုပေါင်း ဘယ်နှစ်ယောက်ရှိလဲ” သုစန္ဒာက သိချင်လို့မေးပြန်သည်။
“ကျမတို့မှာ သားဖွားဆရာမက နှစ်ယောက်ပဲရှိပါတယ်။ ကျမတို့ နောက်တယောက်လိုကိုလိုပါတယ်။ ဒါပေမယ့် ဆရာဝန်ကလည်း ဒီအ ဆောက်အဦးအတွက် နောက်ထပ်တယောက်မပေးနိုင်ဖူး ဖြစ်နေတယ်” နန်းနွမ်းက သက်ပြင်းရှည်ကြီးချပြီးပြောပြလေသည်။

“မမွေးခင်နဲ့ မွေးပြီးမိခင်ကလေးတွေကို ဘယ်လိုပြုစုလဲ ဒီအကြောင်းပြောပြပါဦး” သုစန္ဒာမေးသည်။ “ဆရာမမှာ ရှင်းပြဖို့အချိန်မရဖူးထင်တယ် ။ ရရဲ့လား”
“မဟုတ်ပါဖူး” နန်းနွမ်း သည် မပီမသဖြေရင်းက သူမခေါင်းကိုခါရမ်းနေတော့လေသည်။ သူမကြည့်ရတာ ရှုပ်ထွေးနေပုံရပြီး သူမကိုမေးသော မေးခွန်းကိုလည်း လုံးလုံးနားလည်ဟန်မရှိချေ။

နောက်တနေ့တွင် သုစန္ဒာသည် မွိုင်းကိုမေးပြီး စန္ဒကူးမြစ်ကိုဖြတ်၍ မွိုင်း၏ရွာဖြစ်သော နမ်ရိုင်းသို့သွားကြလေသည်။ သူမက ကလေးအမေ တွေ ဘယ်လိုနေထိုင်စားသောက်ကြသလဲဆိုတာကို ကိုယ်တိုင်တိုက်ရိုက် မြင်တွေ့လိုသည်။ သူတို့ဘယ်လိုနေထိုင်၊အလုပ်လုပ်ကြလဲ ကလေးအမေဖြစ်လာတဲ့သူတွေ သူတို့ကလေးတွေကို ဘယ်လိုကျွေးမွေးပြုစုကြသလဲ သိချင်နေသည်။

သူတို့ လင်းရိုဘာကားသည် ဘူမောင်းအိမ်ရှေ့မှာရပ်လိုက်သောအခါ များစွာသော လူငယ်လူကြီးရွာသားများက သူတို့ကိုဝိုင်းရံပြီး အရို အသေပေးကြလေသည်။

“ကျမ ဒီရွာက ရှင့်မိန်းမအပါအဝင် တရွာလုံးက ကလေးအမေမိန်းမတွေနဲ့ စကားပြောချင်တယ်။ သူတို့ အချိန်ရရင်ပေါ့” သုစန္ဒာရှေ့တွင် ဒူး တုပ်ခံစားလျက်ရှိသော နှုတ်ခမ်းမွှေးထူထူဖြင့် ရွာလူကြီးကိုပြောလိုက်သည်။

“မိန်းမတွေကိုပြောချင်တာနော် နားလည်ရဲ့လား” သုစန္ဒာက ထပ်ဖြည့်ပြောရင်းက ပြုံးပြလိုက်သည်။ ထို့နောက်သုစန္ဒာတို့သည် ရွာလူကြီး၏ မိန်းမ ပလမ်နောက်ကလိုက်သွားကြသည်။ ဝါးဖြင့်ဆောက်ထားသော ခြေတံရှည်အိမ်တခုပေါ်တက်ပြီး ဧည့်ခန်းကျယ်ကြီးထဲဝင်လိုက်ကြ သည်။ အခန်းကကျယ်ဝန်းပြီး လေကောင်းလေသန့်များများဝင်နိုင်လေသည်။ မြက်ဖျာချောများခင်းထားသည်။ အညိုရောင် ကူရှင်ထိုင်ဖုံး လေးတွေရှိသည်။ အနီရောင် ယွန်းစားပွဲပုလေးနှစ်လုံးရှိလေသည်။ အိမ်ရှင်မက သူ့သမီးနှစ်ယောက်ကို ကာရံထားသော နောက်ဘက်ခန်းက မီးဖိုချောင်မှတိုင်းယိုင်လက်ဖက်ခြောက်ခတ် ရေကြမ်းအိုးကိုသွားအယူခိုင်းလိုက်ပြီးနောက် ဧည့်သည်တွေကို ဧည့်ဝတ်ပြုလေသည်။ အခန်း ထဲတွင် ကောင်မလေးတွေ မိန်းမကြီးအရွယ်စုံပြည့်နေပြီး နေ့လယ်ခင်းမှာ စကားပြောနေကြသည်။ ကလေးအမေ၏ နို့သီးခေါင်းနှင့် ပါးစပ် ပေါက်လွဲသွားသဖြင့် ကလေးက ဝါးကနဲအော်ချလိုက်သောအခါ စကားများနေကြသောမိန်းမတအုပ်မှာ ခဏတော့ စကားပြောရပ်သွားကြ လေသည်။

သူတို့က သူတို့၏ဘဝနှင့် နေ့စဉ်အလုပ်တွေပါပြလေသည်။ သူတို့ခမျာ နောက်မှာကလေးတွေနှင့်ချာချာလည်ဒူချာရိုက်ပြီး ကလေးတခါမွေးရ ပြန်ကာ သူတို့လေးတွေ ကြီးပြင်းလာဖို့ပြုစုကြရပြန်လေသည်။ အသက်လေးငါးနှစ်အရွယ်ရောက်လာပြီဆိုလျှင် သူတို့သည် သူတို့၏ အောက်က ညီလေး ညီမလေးတွေကို ပြန်လည်ထိန်းပေးကြရလေသည်။ထိုအချိန်တွင် သူတို့အမေလုပ်သူက ချက်ပြုပ်လျှော်ဖွတ် စားစရာ တွေ ပြင်ဆင်ကြရသည်။

အချို့ကလေးအမေနှင့် မိန်းကလေးတွေသည် ရွာထဲက အိမ်တခုတွင် တောင်းရက်၊ စက္ကူလုပ်၊ အစားအစာထုတ်လုပ်၊ ကောက်စိုက် လုပ်ကြ ရသည်။ ရွာသူလေးတွေသည် အများအားဖြင့် ငယ်ငယ်ရွယ်ရွယ်ဖြင့်အိမ်ထောင်ကျကြပြီး အိမ်တလုံးသပ်သပ် သို့မဟုတ် အခြားမိဘ တွေနှင့် နေလေ့မရှိကြချေ။

ပလမ်တွင်အတူနေ ချွေးမနှစ်ယောက်ရှိသည်။ တယောက်က သားဦးကိုယ်ဝန်လွယ်ထားသည်။ နောက်တယောက်ကတော့ လက်မောင်းထဲ တွင် ပုခက်တွင်းက ကလေးကိုချီထားပြီး နောက်လက်တဘက်ကမူ လေးဘက်သွားတတ်ခါစ ကလေးလက်ကိုဆွဲထားလေသည်။ သူမ၏ အပျိုရွယ် သမီးနှစ်ယောက်ကတော့ အိမ်ထောင်မကျသေးချေ။ သူမ ကလေး ၉ ယောက်မွေးခဲ့ရာ ကံကောင်းထောက်မပြီး ၄ ယောက်သာ အဖတ်တင်လေသည်။ တယောက်ကတော့ မွေးပြီးပြီးခြင်းဆုံးသွားခဲ့သည်။ ကျန်လေးယောက်ကတော့ ကလေးဘဝ ခပ်စောစောမှာပင် ဆုံးသွားခဲ့လေသည်။

သူမ၏ချွေးမ အေနောင့်ကတော့ ၁၉ နှစ်ရှိနေပြီး ရွာထဲကမိန်းကလေးတွေထဲတွင် ထူးခြားသောကိုယ်စားလှယ်တယောက်ဖြစ်သည်။ သူမ သည် ၁၆ နှစ်အရွယ်တွင် အိမ်ထောင်ကျပြီးတာနှင့် ကိုယ်ဝန်ရှိလာသည်။ သူမအိမ်မှာပင် နောက် ၁ဝ လအကြာတွင် ကလေးမွေးလေသည်။ သူမသည် ဆရာဝန် ဆရာမကိုတခါမှ မတွေ့ဖူးခဲ့ချေ။

ပလမ်နှင့် ရွာကသင်တန်းဆင်းမဟုတ်သော သားဖွားဆရာမတယောက်က ကူညီမွေးပေးခဲ့ကြလေသည်။ အမေနှင့် ကလေးများသည် ဆက်လက်ပြီး အတွေ့အကြုံများရရှိသွားတော့သည်။ အေနောင့်သည် သူမကလေး ဘယ်အချိန်မှာပဲငိုငို သူမထိန်းကျောင်းနိုင်သည်။ ကလေးကို နေ့စဉ်ရေချိုးပေးသည်။ ပြီးနောက် သူမမျက်စိအောက်မှ ကလေးကို အပျောက်ခံတာနည်းလှချေသည်။ သူမ၏ကလေးတွေကို ဘာကာကွယ်ဆေးမှ မထိုးပေး၊ တခါမှ ဆေးစစ်တာမျိုးမရှိ၊ အမေနို့ကလွဲလို့ တခြား ဘာအရည် ဘာအစာမျှ မတိုက်ကျွေးခဲ့ကြချေ။ သို့ဖြစ်ငြားသော်လည်း ကလေးသည် ကြီးထွား ပွားစီးလာပြီး အမေလုပ်သူမှာ နောက်ရှစ်လအကြာတွင် နောက်ထပ်ကိုယ်ဝန်ကို လွယ်ထား ရပြန်လေသည်။ ထိုအချိန်တွင် အမေနို့ကခမ်းသွားပြီး နို့စို့ကလေးမှာ နို့မစို့ရတော့ပဲ ရုတ်တရက်ချက်ခြင်းပင် ထမင်းပျော့ပျော့ကိုပြောင်း စားရတော့သည်။ ထို့ကြောင့် အနည်းငယ်သာ စားနိုင်ရှာလေသည်။ အရင်ကတည်းက တိုင်းယိုင်တို့သည် နွားနို့နှင့် နို့ထွက်ပစ္စည်း အစားအစာများကို မကြိုက်နှစ်သက်ကြရာ ကလေးကို နွားနို့တိုက်ဖို့လည်း အဆင်မပြေ၊ မတိုက်ကြတော့ပေ။

အသီးနှင့်အရွက်တို့သည် ဗိုက်နာစေသည်၊ အခြားရောဂါများရနိုင်စေသည်ဟု ယူဆကြသဖြင့် ကလေးငယ်တွေမှာ ဟင်းသီး ဟင်းရွက်များနှင့် လည်း ဝေးကြရပြန်သည်။ အနည်းငယ်မျှ ရွေးချယ်ပြီးကျွေးကြသည်မှာ ဟင်းနုနွယ်ရွက်အနည်းငယ်နှင့် ရွှေဖရုံသီးတို့ကို တခါတရံ ထမင်းနှင့် ရောနှောကျွေးတတ်ကြသည်။ ကလေးမှာ အဟာရချို့တဲ့ကာ ပိန်ဖျော့ ဖျားနာနေပြီး နောက်ရောက်လာသော နို့စို့ကလေးနှင့် ထိုကလေးတို့ သည် အမေ့နို့ရည်ကို ချို့တဲ့စွာ ခြွေတာစွာ သောက်သုံးကြရတော့လေသည်။ နောင်ကောင်းစွာကြီးပြင်းလာဖို့ အေနောင့်၏ကလေး နှစ်ယောက်အတွက် မေးခွန်းထုတ်စရာဖြစ်နေလေသည်။ သို့သော် သူမမှာ ပိုပြီးဒုက္ခများလာတော့မှာကို သံသယဖြစ်နေစရာမလိုချေ။
ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်