>May Kha – Twilight over Burma.

January 12, 2012

>

မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး (၁၈)
မေခ
ဇန်န၀ါရီ ၁၂၊ ၂၀၁၂



သုစန္ဒာအတွက် မြင်တွေ့နေရတာတွေက လုံလောက်နေလေပြီ။ မွေးခန်းလေးမှသည် ခေတ်မှီပစ္စည်းကိရိယာအပြည့်အစုံရှိသော မိခင်နှင့် ကလေး စောင့်ရှောက်ရေး စင်တာဖြစ်အောင်တည်ထောင်ဖို့ သုစန္ဒာ လုံးဝ သန္နိဌာန်ချလိုက်ပြီဖြစ်လေသည်။ မက်ဂီ၊ အခြားအဖွဲ့ဝင်များနှင့် အတူ သုစန္ဒာသည် စဝ်ကိုတင်ပြသည်။ ပြီးနောက် အခြား ငွေကြေးတတ်နိုင်ကြသောအဖွဲ့အစည်းများကို လှူကြဖို့မေတ္တာရပ်လေသည်။ စဝ်၊ လက်ဖက်ပွဲစား၊ သစ်စက်ပိုင်၊ သားသတ်လိုင်စင်ရကန်ထရိုက်နှင့် အခြားစီးပွားရေးသမားများသည် အားတက်ကြွစွာဖြင့် ငွေရက်ရက်ရော ရော ပေးလှူကြလေသည်။အဖွဲ့သည် မြို့ထဲက အခြားလူမှုရေးအသင်းအဖွဲ့တွေနှင့်လည်းပေါင်းစည်းမိပြီး ရပုံငွေရရန် ရုပ်ရှင်ပြခြင်း၊ ဘော လုံးပွဲပြုလုပ်ပေးခြင်း၊ အပြေးပြိုင်ပွဲများပြုလုပ်ပေးခြင်းနှင့် ဂီတဖျော်ဖြေပွဲများပြုလုပ်ဖြင်းဖြင့် ရန်ပုံငွေက ပိုမိုတောင့်တင်းလာခဲ့လေသည်။ မိ ခင်နှင့်ကလေးအဆောက်အဦးသစ်ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး လူများစွာစည်ကားစွာတက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို လျှပ်စစ် မီးနှင့် ရေပိုက်ခေါင်းဖွင့်ပွဲများဖြင့် ကြိုဆိုခဲ့ကြသည်။ ဤအခမ်းအနားသည် နမ့်ပန်းတွင် ပထမဆုံးသောဖွင့်ပွဲတခု ဖြစ်ခဲ့သည်။ မိခင်ကလေး တိုက်လေးတွင် ရေပူရေအေးပိုက်ခေါင်းကို လက်ဆေးစင်တွင် စတင်ဖွင့်ချခြင်းဖြင့် အခမ်းအနားကိုဖွင့်ခဲ့ကြခြင်းဖြစ်လေ၏။

မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့သည် သုစန္ဒာ၏ညွှန်ကြားမှုအောက်တွင်ရှိနေပြီး တာဝန်ထမ်းဆောင်နေကြသူများကို လခပေးသည်။ အခြားလိုအပ်သောငွေများလည်းထောက်ပံ့ပေးသည်။ ထိုစဉ် မြို့ထဲက ကုလားဆရာဝန်သည် မိခင်ကလေးသို့ရောက်လာပြီး လိုအပ်သော ခက်ခဲသည့်မွေးလူနာများကို ကူညီမွေးပေးသည်။ သူ့အတွက် အလွန်အကျိုးများလှလေသည်။ သူသည် မွေးလူနာများကို အိမ်လိုက်မွေး ပေးနေစရာလည်းမလိုတော့ချေ။ ထို့ကြောင့် သူ့အဖို့ အချိန်လည်းကုန်သက်သာ အကျိုးလည်းများလေသည်။ သူ့အတွက်ကတော့ ရိုးရိုးပုံမှန် မွေးကြသော မွေးလူနာများအဖို့ အိမ်တွင်မွေးတာက ပိုကောင်းသည်ဟုယူဆလေသည်။

သုစန္ဒာကတော့ နမ့်ခမ်းရှိ ဒေါက်တာဆီးဂရိတ်၏ဆေးရုံမှ သားဖွားဆရာမနှစ်ယောက် ထပ်မံငှားရမ်းပြီး အင်အားဖြည့်သည်။ သူမသည် မွေး လူနာအပြင် ပြင်ပမိခင်ကလေးဌာနအဖြစ်လည်း ထပ်မံဆောက်လုပ် ဖွင့်လှစ်ပြန်လေသည်။

လိုအပ်သော ထောက်ပံ့ရေးပစ္စည်းအသစ်များသည် ချက်ခြင်းတော့မရချေ။ မြို့ထဲက မိန်းမတချို့သည် မိခင်ကလေးကိုအနီးကပ်လာလေ့လာကြသည်။ သို့သော်သူတို့က ရှက်ရွံ့နေကြပြီး တောရွာတွေက ရိုးအသောမိန်းမများသည် ခပ်ဝေးဝေးမှာ နေကြလေသည်။ မိခင်ကလေး အစီအစဉ်များကို မြို့ပေါ်ကလမ်းတွေမှသည် တောရွာတွေအထိ ခရီးဆန့်ရမည်ဟု ဆုံးဖြတ်လိုက်သည်။

တမနက်ခင်းမတော့ မိခင်နှင့်ကလေးအဖွဲ့က လူများ သားဖွားဆရာမများသည် ဒါဇင်ကျော်ဂျစ်ကားများနှင့် လင့်ရိုဘာကားပေါ်အပြည့်နေရာ ယူထားပြီး နို့မှုန့်၊ ကလေးအနှီး၊ ဗိုက်တာမင်ဆေးများနှင့်များစွာသော လက်ဆောင်ပစ္စည်းများဖြင့် ရွာတွေဆီထွက်ခဲ့ကြလေသည်။ ဆေး ရောင်စုံလှပသော မိခင်ကလေးအဖွဲ့သည် စန္ဒကူးမြစ်၏တဘက်ကမ်း၌ရှိသော ဘိုင်းကောင်ရွာသို့ချီတက်ကြသည်။ ထိုရွာက ရာကျော်သော လူတွေသည် သတိထားပြီး စောင့်ကြိုနေကြလေသည်။ သုစန္ဒာက ခရီးဦးကြိုပြုသော ရွာလူကြီးကို အသိပေးပြောကြားပြီးနောက် ရွာရှိ ကိုယ်ဝန်သည်များ မိခင်ကလေးများအားလုံးကို ဆင့်ခေါ်ခိုင်းလိုက်သည်။ ထို့နောက် သူမသည် ကိုယ်ဝန်သည်များကို ကျန်းမာရေးအသိပညာ များပြောကြားပြီး တခါထဲ စမ်းသပ်မှုများပါလုပ်စေလေသည်။ အစပိုင်းတော့မှု တွန့်ဆုတ်တွေဝေနေခဲ့ကြပြီး တယောက်ကစလိုက်သောအခါ နောက်က ကိုယ်ဝန်သည်များ တန်းစီပြီးသားဖြစ်နေတော့လေသည်။

သားဖွားဆရာမများသည် ရွာလူကြီး၏အိမ်ထဲတွင် ကိုယ်ဝန်သည်များ၏ မမွေးမှီနှင့်မွေးပြီး ပြုစုလိုက်နာကြရမည့် ကျန်းမာရေးပညာများကို သင်ကြားပြသပေးနေကြသည်။ သုစန္ဒာနှင့် မက်ဂီတို့ကတော့ ကားပေါ်တွင် ပစ္စည်းများဖြင့် အလုပ်ရှုပ်နေကြတော့သည်။ သူတို့သည် ဗိုက် တာမင်ဆေးစက်များတိုက်ပုံတိုက်နည်း၊ နို့ကောင်းစွာမထွက်သော ကလေးအမေတွေအတွက် နို့မှုန့်ဖျော်နည်းစသည်တို့ကို လက်တွေ့ပြသ နေကြသည်။ ထိုအချိန်က တိုင်းယိုင်တွေ၏ဓလေ့မှာ ရေကိုကျိုချက်၍ သောက်လေ့မရှိကြချေ။ ထို့ကြောင့် နို့မှုန့်ကို ရေအေးဖြင့်ဖျော် တိုက် ကြရာ အန္တရာယ်ရှိလေ၏။သုစန္ဒာမှာ မန္တလေးက ကြေကွဲဖွယ်သတင်းကြားဖူးတာကို သွားသတိရမိလေသည်။ အဖွဲ့တဖွဲ့က နို့မှုန့်များကို မိခင်များအားဝေငှပေးရာ ကလေးမိခင်တွေက စိတ်အားထက်သန်စွာဖြင့် သူတို့ကလေးတွေ ကျန်းမာရေးအတွက်တိုက်ကြသည်။ ထိုအခါ အကျိုးဖြစ်ရမည့်အစား ကလေးအမေများသည် မသန့်ရှင်းသော ရေအေးဖြင့် နို့မှုန့်ကိုဖျော်ပြီး ကလေးတွေကိုတိုက်ခဲ့ကြရာ ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါ၊ အူရောင်ငန်းဖျား တိုက်ဖွိုက်ရောဂါ၊ အသည်းရောင်ဝမ်းကိုက်ရောဂါနှင့် အခြားအူလမ်းကြောင်းဆိုင်ရာရောဂါများရကြပြီးနောက် ဖျားနာသေဆုံးကြရလေသည်။

ထို့ကြောင့် သုစန္ဒာသည် ကလေးအမေတွေကို ကောင်းကောင်းချက်ထားသော ထမင်းပေါ်တွင် နို့မှုန့်ဖြူးပြီး ကလေးတွေကို စားစေလေသည်။ သူမက ကိုယ်တိုင်ထမင်းပေါ် နို့မှုန့်ဖြူးနယ်ပြီးစားပြရာ အားလုံးကနှစ်ခြိုက်သဘောကျကြလေသည်။

သူတို့တွေကလက်ဆောင်တွေဝေငှပေးပြီး ပြန်ကြမည်လုပ်ကြသောအခါ ဘိုင်းကောင်ရွာသူရွာသားတွေက သူတို့ကိုမပြန်စေချင်ကြချေ။ မိခင်ခပ်ငယ်ငယ်လေးတွေက ဒီလို တက်ရောက်ရတာကို အလွန်ပျော်ရွှင်ကြလေသည်။ သူတို့က လက်ဆောင်ပစ္စည်းများလည်းရရှိကြပြီး မိခင်တွေပြုလုပ်ရမည့်ကိစ္စတွေကလည်း အလွယ်လေးတွေလို့ ထင်မြင်သဘောတွေ့ကြလေသည်။ သူတို့က နမ့်ပန်းရှိ မိခင်နှင့်ကလေး ဌာနသို့လာပြီး ဆရာမများ၏ ပြုစုညွှန်ကြားတာတွေကိုလက်ခံပါမည်။ ကလေးတွေအတွက်အားဖြစ်စေမည့် ဗိုက်တာမင်များနှင့် နို့မှုန့်များ လည်း လာယူကြပါဦးမည်ဟု ကတိပြုကြသည်။ အသက်ကြီးသော ကလေးမိခင်တွေကမူ သူတို့အရင်က မွေးခဲ့ဖူးသောကလေးတွေသည် သံသယအပြည့်ဖြင့် လိုအပ်ချက်ပေါင်းများစွာဖြင့်မွေးဖွားခဲ့ရသော အတွေ့အကြုံများရှိခဲ့ဖူးရာ ယခုလက်တွေ့လုပ်ကိုင်နေကြသော မိခင် ကလေးအဖွဲ့သည် သူတို့နှင့်ကလေးတွေအတွက် အလွန်ကောင်းသောအဖွဲ့ဟုမြင်ကြလေတော့သည်။ သုစန္ဒာကိုယ်တိုင် သူတို့ရွာသို့ လုံလုံလောက်လောက် လာရောက်ပြုစုလုပ်ကိုင်ပေးသဖြင့် သူတို့ကပိုလို့ပင် ဝမ်းမြောက်ဝမ်းသာရှိကြလေသည်။

ဘိုင်းကောင်ရွာသို့ သူတို့သွားခဲ့သောသတင်းသည် တောမီးပမာပြန့်နှံ့သွားခဲ့ရာ အခြားရွာတွေကလည်း သူတို့ရွာတွေဆီ အလည်လာကြဖို့ ဖိတ်ခေါ်ကြလေတော့သည်။ ထို့ကြောင့် အဖြေကတော့ ခြောက်လအတွင်းတွင် မိခင်နှင့်ကလေးတွင် လာရောက်မီးဖွားကြသောနှုန်းသည် နှစ်ဆမြင့်တက်သွားခဲ့သည်။ မွေးခန်းသည် အမြဲပင် အလုပ်ရှုပ်နေပြီး၊ ရာပေါင်းများစွာသောကလေးတွေ ကာကွယ်ဆေးထိုးကြရသည်။ ပေါင်ထောင်ပေါင်းများစွာသောနို့မှုန့်များ ဝေငှပေးနိုင်ခဲ့သည်။ မိခင်နှင့်ကလေးစောင့်ရှောက်ရေးမရှိခင်ကထက် နမ့်ပန်းတနယ်လုံးရှိ မိခင် ကလေးများသည် ပိုမိုကျန်းမာလာကြပြီး ကလေးမွေးသေနှုန်းသည် သိသိသာသာပင် ထိုးကျသွားခဲ့လေသည်။

သုစန္ဒာပါဝင်ဆောင်ရွက်ခဲ့သော ကလေးမွေးခြင်းနှင့် မွေးကင်းစ ကလေးစောင့်ရှောက်ရေးသည် အလွန်သင့်တော်သောအချိန်အခါ ဖြစ်ခဲ့ သည်။

မွိုင်းသည် သုစန္ဒာတွင် ကိုယ်ဝန်လွယ်ထားရပြီဆိုတာကို သူများတွေမသိခင် အကြာကြီးကတည်းကပင် သိနေခဲ့သည်။ သူမသည် သူမ၏ တွေ့ရှိချက်ကို စံအိမ်တော်ကလူတွေအားလုံးအား ကျစ်ကျစ်လစ်လစ်လေး သိုသိုသိပ်သိပ်လေး ပေးသိစေသည်။

“ငါတို့အားလုံး မဟာဒေဝီမယ်ဘုရားကို ပြုစုစောင့်ရှောက်ကြရမယ်။ ဒါမှ မယ်ဘုရားက ကျန်းမာပြီးပျော်စရာကောင်းတဲ့ ကလေးမွေးပေးနိုင် လိမ့်မယ်” သူမက အားလုံးကိုပြောလိုက်သည်။ စားဖိုမှူးက မွိုင်းထံမှ အထူးညွှန်ကြားချက်အတိုင်းလိုက်နာပြီး စားစရာများကိုချက်ပြုပ်ရသည်။ရှောင်ရှားစရာများကို ရှောင်ရှားရသည်။ လေးလံသောပစ္စည်းများ မ,မရ။ ချဉ်ဖတ်များမစားရ၊ အမျိုးမျိုးသော ငှက်ပျောသီးများ မစားရ။ ထမင်းနှင့် ကြက်သားကတော့ အိုကေဟု သူမပြောသည်။ ဟင်းနုနွယ်ရွက်နှင့် အခြားနူးညံ့သောအရွက်များကို စားခွင့်ပြုသည်။

မွိုင်းသည် သူမ ပထမဆုံးသိရသည့် သည်ကိုယ်ဝန်ကိစ္စအတွက် မမေ့လျော့ပဲ စန္ဒကူးရှိ ဒိန်းမတ်ဆရာဝန်အား သူမ၏သံသယကို အတည်ပြု ခိုင်းသည်။

ညနေခင်းနေအေးချိန်၌ ဝရံတာတွင် သူတို့ထွက်ထိုင်ကြပြီး မိဘနှစ်ယောက်အနေဖြင့် သူတို့ကလေးအတွက် မျှော်လင့်ချက်တွေ အိပ်မက် တွေကို ပြောနေကြလေသည်။ သူတို့နှစ်ယောက်သည် ကိုယ်ဝန်ရှိသည့်သတင်းကိုကြားလိုက်ရသောအခါ ထိတ်လန့်အံ့သြပြီး ပျော်ရွှင်သွား ရသည်။ သူတို့နှစ်ယောက်ခံစားရသလို မည်သူတဦးတယောက်ကမျှ ခံစားကြလိမ့်မည်မဟုတ်ဟု ယုံကြည်မိကြလေသည်။

“မောင် သားလေးလိုချင်လား” သုစန္ဒာက စဝ်ကို ညနေခင်းမှာပဲမေးလိုက်သည်။
“ဘာလေးပဲဖြစ်ဖြစ်ပါ အရေးကြီးတာက မောင်တို့ကလေး ကျန်းကျန်းမာမာမွေးနိုင်ဖို့ပဲ” စဝ်မျက်နှာမှာ သည်လိုအပျော်ဆုံးဖြစ်နေတာမျိုး တခါမှ မမြင်ဖူးခဲ့ချေ။

“ဒါပေမဲ့လေ သမီးလေးမွေးလာရင် ဘယ်လိုလုပ်မလဲ သူ့အတွက်အမွေဆက်ခံဖို့လေ” သူမ ပူပန်စွာဖြင့်တွေးမိသည်။ တကမ္ဘာလုံးက နန်း မွေဆက်ခံဖို့အတွက် သားယောက်ကျားလေးကိုသာ လိုချင်ကြသည်။

“ဘာလဲ ပြောပါဦး” သုစန္ဒာက နက်နက်နဲနဲ တွေးပြီးပြောသည်။

“မောင့်သမီးက နောက်ဆက်ခံမဲ့ နမ့်ပန်းပြည်နယ်ရဲ့ဘုရင်မ မဖြစ်ဖို့အကြောင်းမရှိပါဖူး။ မိန်းကလေးတွေက ယောက်ကျားလေးတွေလို လုပ် နိုင်ကိုင်နိုင်ကြတယ်လို့မောင် ယုံကြည်တယ်လေ။ မောင်တို့နားက မောင်းရိုင်းခွန်မိန်းကိုကြည့်လေ။ သူဆို အစောချည်းကတည်းက ကြေငြာ ထားတာလေ သူ့သမီးရှစ်ယောက်ထဲက အကြီးဆုံးသမီးက သူ့အရိုက်အရာကိုဆက်ခံရမယ်လို့လေ။”
“အဲဒါ မှန်တယ်။ ကျမတို့ တိုင်းယိုင်လူ့အဖွဲ့အစည်းက အတော်ကြာနေခဲ့ပြီပဲ။ မောင့်ဦးလေး ဆာစဝ်စိန်အချိန်ကတည်းကဆိုရင်လေ။” သုစန္ဒာသည် သူမ၏ကံကောင်းခြင်းနှင့် သူမ၏လင်တော်မောင်၏ ပွင့်လင်းသောစိတ်ထားကိုသိလိုက်ရလို့ ကျေးဇူးတင်မိလေသည်။

“မောင်ပွင့်ပွင့်လင်းလင်းပြောရရင် မောင်တို့သားစဉ်မြေးဆက် ပြည်နယ်ကိုအုပ်ချုပ်လာကြတာ မောင်တို့သမီးလက်ထက်အထိဆို အတော် ကို ကြာရှည်လုံလောက်နေပါပြီ။”

သုစန္ဒာကတော့ ဘာမှ ပြန်မပြောတော့ပါ။ သူသည် ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင်မြှောက်ခံရပြီး အုပ်ချုပ်တာမျိုးကို ဘယ်လောက်ထိ နှစ်သက် သဘောကျလဲဆိုတာ သူမ အသိဆုံးဖြစ်လေသည်။ သို့ရာတွင် သည်နေရာတွင် အချိန်နှင့်အမျှပြောင်းလဲနေတာကို သူမ မနဲ နားလည်အောင် ကြိုးစားနေရသည်။ စဝ်၏အိပ်မက်များ၊ မျှော်လင့်ချက်များ တကယ်မပြုနိုင်မှီတွင် ဆယ်စုနှစ်တခု ကုန်လွန်သွားနိုင်လေ သည်။

တနေ့တွင် စဝ်ကကြေငြာလေသည်။ “မောင့်အတွင်းရေးမှူးကို မောင်တို့ကလေးအတွက် သင့်တော်မယ့်နာနီတယောက် အရှာခိုင်းထားတယ်”
“သိပ်အလျင်စလိုမဖြစ်လွန်းဖူးလား” သုစန္ဒာမေးလိုက်သည်။ “ကလေးက နောက်ခြောက်လထိမွေးဦးမှာ မဟုတ်ဖူး”

သို့သော်ငြားလည်း စဝ်သည် သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကို အမြဲအေးချမ်း တည်ငြိမ်စွာတည်ဆောက်လေ့ရှိသည်။ သူသည် ဖခင်စိတ်ဖြင့် အလွန်အမင်းကာကွယ် စိုးရိမ်စိတ်များဖြင့် ပြုလုပ်နေသည်ဟု သူမမြင်သည်။

သူက သူမကိုပိုထိတွေ့ အကြံဥာဏ်များပေးသည့်အတွက် သူမ စိတ်ချမ်းမြေ့ပျော်ရွှင်မိလေသည်။

“အချစ် အားဆေးတွေပိုစားရမယ်နော်”
“အိုဗာတင်းသောက်ပြီးပလား”
“တင်းနစ်တွေ သိပ်မကစားသင့်ဖူးလို့မောင်ထင်တယ်”
“ဒီနေ့ တရေးအိပ်ပြီးပလား”
“အချစ်ကလည်းလေ ကိုယ်ဝန်ကြီးနဲ့ဟာ သိပ်အလုပ်လုပ်တာပဲ”

သည်လိုအပြုအယုအယတွေကြောင့် သုစန္ဒာမှာ စိတ်အေးသက်သာ၊ ယုံကြည်မှုပြည့်၊ အတားအဆီးမရှိ အင်တွေအားတွေ ပြည့် လာလေ သည်။ သူမသည် မကျန်းမာသည့်ပုံ နည်းနည်းလုပ်သင့်ခဲ့သော်လည်း သူမက မလုပ်ခဲ့ချေ။ တကယ်တော့မူ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးမွေးသော အလုပ်တွေကို သူမနေ့စဉ် ပုံမှန်ထိတွေ့နေရသည်။

သူမသည် အချိန်ပိုသပ်သပ်ယူပြီး လက်တွေ့တိုက်ရိုက်လေ့လာသင်ကြားဖို့ အစီအစဉ်ဆွဲလေသည်။ သူမဖတ်ထားသော ကလေးမွေးတာ ကလေးပြုစုတာတွေကို ဒေါက်တာစပေါက်နှင့် ဆွေးနွေးငြင်းခုန်ဖို့လည်း ပြင်ထားလေသည်။

ထိုညသည် လန်ရှီ (စီ) လေးလမြောက် လပြည့်ညဖြစ်သည်။ ခွန်မိန်း၏သမီးတော်လေးသည် ထိုညတွင်ရောက်ရှိလာလေသည်။ သုစန္ဒာ၏ အမေသည် ဂျာမဏီနိုင်ငံမှ ခေတ္တရောက်ရှိနေသည်။ စဝ်နှင့် သုစန္ဒာအမေက စိုးရိမ်တကြီးဖြင့် သုစန္ဒာကိုကားပေါ်တင်သည်။ ကားနှစ်စီးဖြင့် စန္ဒကူးဘော်တွင်း၌ ကိုယ်ပိုင်ဆေးရုံတွင်ရှိသော ဒိန်းမတ်ဆရာဝန်ထံသွားကြသေည်။ သူတို့သည် ကြိုတင်စီစဉ်ထားခဲ့ပြီး နမ့်ပန်းမှသွားလျှင် တနာရီခွဲလောက်သာ ကြာမည်။ နမ့်ပန်းမှ နှစ်မိုင်ခန့်အရောက်တွင် သုစန္ဒာက အော်ဟစ်ပြောတော့သည်။

“အခုချက်ခြင်းပြန်လှည့်ပါ။ ကျမ စန္ဒကူးထိ စောင့်မနေနိုင်တော့ဖူး။”

သူတို့ကားသည် အရှေ့စံအိမ်တော်သို့ပြန်လှည့်လာခဲ့ကြသည်။ နန်းနွမ်း၏အကူအညီဖြင့် သူတို့၏ သမီးဦးလေးကို နောက် နှစ်နာရီအကြာတွင် မွေးဖွားသန့်စင်လိုက်ကြလေသည်။ သမီးလေးသည် ချောမောလှပပြီး အင်္ဂါအားလုံး ပြီးပြည့်စုံလေသည်။

နူးညံ့စိုစွတ်သောဆံစအုပ်အုပ်လေးတွေသည် ပန်းနုရောင်မျက်နှာလေးပေါ်ဖုံးနေလေသည်။ စဝ်သည် စိုးရိမ်ပူစွာဖြင့် လက်ထဲတွင် အနှီး အထုပ်လေးကိုပိုက်ထားပြီး ကော်ရ္လေါအပေါ်ထပ်တွင် ခေါက်တုန့်ခေါက်ပြန် လျှောက်နေတော့လေသည်။ သူတို့သည် သူတို့၏တိုင်းယိုင်ခွန်မိန်းတယောက်သည် မွေးကင်းစကလေးကိုကောက်ချီဖူးသလား သို့မဟုတ် မွေးခန်းရှေ့တွင် နီးကပ်စွာနေဖူးသလားဆိုတာမျိုးကို မမှတ်မိ မတွေးတတ်ကြတော့ချေ။ သူတို့ကိုးကွယ်သော သက်တော်ရဆရာတော်ကြီးတပါးက ခွန်မိန်းကို မီးနေခန်းနားမကပ်ရ မွေးကင်းစကလေး က မချီရ။ ထိုသို့ပြုလုပ်လျှင် ခွန်မိန်းကိုအကာကွယ်ပေးထားသော တန်ခိုးများကပျောက်ကွယ်သွားပြီး မကောင်းဆိုးဝါးတွေကို မကာကွယ်နိုင် တော့ဟု မိန့်လေသည်။ စဝ်ကတော့မူ ထိုသတိပေးချက်များကို ပခုံးတွန့်ပြီးသာနေလေ၏။

ဗေဒင်ဆရာ ဆရာဘဟန်နှင့် ဝန်ကြီးချုပ်ဦးသန်းတို့သည်မွေးပြီးပြီးခြင်း မိနစ်အနည်းအတွင်းရောက်ရှိလာကြသည်။ ဗေဒင်ဆရာသည် နမ့် ပန်းခွန်မိန်း၏ပထမဆုံးသော သမီးတော်အတွက် ဇာတာဖွဲ့ရန် ထန်းလက်ရွက်ကိုထုတ်သည်။ မွေးစာရင်းစာရွက်ထဲက မွေးဖွားချိန်နှင့် အခြား လိုအပ်တာတွေကိုမေးမြန်းပြီး သမီးတော်၏အနာဂါတ်အတွက် တွက်ချက်နေတော့သည်။ သို့ရာတွင် တိုင်းယိုင်ထုံးစံအရ မိဘများ သည် ကလေးအမည်ပေးတာကို စောင့်ကြရလေသည်။ သုစန္ဒာကတော့ ရှေးထုံးအစဉ်အလာတွေအတိုင်းလုပ်ရတာကို သဘောမတွေ့လှချေ။ သို့သော် သူမ၏သမီးအမည်ပေးတာကို သူမက ဘာမှဝင်ရောက်ကန့်ကွက်ပြောဆိုခြင်းမပြုလုပ်ပဲ သမီးလေးက ကြာသပတေးသူဆိုတော့ အမည်အစတွင် ဘီ၊ အမ်၊ သို့မဟုတ် ပီတို့နှင့် စလျှင်ရပြီဟုတွေးနေမိလေသည်။ တပတ်လုံးနေ့တိုင်းပင် သူမရွေးထားသော အက္ခရာအစ အတိုင်းအမည်များကို ရွေးပြီးပေးကြလေသည်။ သူမသည် သူ့သမီးလေး၏ လက်ဝါးလေးတွေ ခြေဖဝါးလေးတွေကိုကိုင်ကြည့်နေမိစဉ် ဆွေ တော်မျိုးတော်များနှင့် အကြံပေးကြသူများက သမီးအတွက် သင့်တော်သောအမည်တခုကိုရွေးချယ်နေကြသည်ဟု အမှတ်တမဲ့ကြားနေ ရလေသည်။

“ကျမတော့ နိပါတ်တော်တွေထဲက ပပဝတီဆိုတဲ့ နံမယ်ကိုကြိုက်တယ်” ဝမ်းကွဲ ညီမတယောက်ကပြောသည်။
“ထပ်မပြောနဲ့တော့” စဝ်က တုန့်ပြန်လိုက်သည်။

“တိုင်းယိုင်နံမယ် မောက်ခမ်းဆိုရင်ကော ဘယ်လိုသဘောရလဲ”
“ဒါလည်း လုံးဝမကြိုက်ဖူး” ဘာဖြစ်လာမလဲဆိုတာ စဝ်သိလိုက်ပါသည်။ သူ့ဆွေမျိုး တိုင်းယိုင်လူမျိုးတွေက ထုံးစံအတိုင်း သူ့ဘဝကို ဝင် ရောက်ဖက်စွက်ကြတာမျိုးကို သူမနှစ်သက်ချေ။

“ငါနဲ့ သုစန္ဒာပဲ ဆုံးဖြတ်တော့မယ်” သူသည် ဆွေမျိုးတွေကိုကျောခိုင်းလှည့်လိုက်ပြီး သုစန္ဒာနှင့် သမီးရှိရာအိပ်ခန်းတွင်းသို့ ဝင်ချသွားလိုက် လေတော့သည်။ သူတို့သည် နိပါတ်တော်တွေထဲက မာလာဆိုသောအမည်ကိုရွေးလိုက်ကြသည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly February 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ

By

 မိုးမခမဂ္ဂဇင်း အောက်တိုဘာကို အိမ်အရောက် မှာယူပါ  (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ “အ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) လောကပါလ သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်