>
မိုးမခအထောက်တော် အမှတ် ၀၀၁
ဇန်န၀ါရီ ၁၃၊ ၂၀၁၂

မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ်ရာတွင် တက်ကြွစွာ ဦးဆောင်သူ အမေရိကန်နိုင်ငံရေးသမားတဦး တနင်္ဂနွေနေ့တွင် မြန်မာပြည်သွားမည်ဟု ဆိုသည်။
ထိုသူမှာ အထက် လွှတ်တော်အမတ် မစ်ခ်ျမက်ကောနဲလ် ဖြစ်သည်။
၎င်းသည် ရီပတ်ဘလစ်ကန်ပါတီ၏ အထက်လွှတ်တော် ခေါင်းဆောင်လည်း ဖြစ်သည်။
ဒဏ်ခတ်ပိတ်ဆို့ရာတွင် ရှေ့တန်းမှ ပါဝင်သူ နယူးယောက် ကိုယ်စားပြု လွှတ်တော်အမတ် ဂျိုးခရိုလီလည်း ရန်ကုန်တွင် ရောက်နေပြီး ယမန်နေ့က နိုင်/ကျဉ်း မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ပြီး တွေ့ဆုံပွဲ မှတ်တမ်းဓာတ်ပုံကိုပင် သူ၏ ၀က်ဆိုက်တွင် ချက်ချင်း ဖော်ပြလိုက်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်၊ နိုင်ငံခြားရေးဌာနက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံတမန် လူးဝစ်ဆီဒါဘက်ကာတို့လည်း မြန်မာပြည်တွင် ရှိနေသည်။
နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်လည်း နိုဝင်ဘာလက မြန်မာပြည်သို့ သွားရောက်ခဲ့ရာ နိုင်ငံတကာက အထူး အာရုံစိုက်ခဲ့သည်ကို တွေ့ရသည်။
ဟီလာရီ မတိုင်မီက ဇွန်လတွင် သွားရောက်ခဲ့သူမှာ မြန်မာ့အရေးတွင် နာမည်ကြီးသူ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ဖြစ်သည်။
မြန်မာပြည်သို့ သွားပြီး နေပြည်တော်ခေါင်းဆောင်တို့နှင့် ဆွေးနွေးနေသူများထဲတွင် ဥရောပနှင့် အာရှမှ ခေါင်းဆောင်များလည်း ပါဝင်သည်။
ထိုသူများ အားလုံး မြန်မာပြည်ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကြသည်။
Recent Comments