>May Kha – Twilight over Burma.

January 20, 2012

>

မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး (၁၉)
မေခ
ဇန်န၀ါရီ ၂၀၊ ၂၀၁၂

အမည်လေးက လှပပြီး ခေါ်လို့လည်းကောင်းတယ်။ အမည်သည် ဗုဒ္ဓနိပါတ်တော်တွေက အမည်လည်းဖြစ်သည်။ ဗေဒင်ဆရာကလည်း သဘောကျ ကျေနပ်လေသည်။ အမည်ရှေ့က စဝ်ထည့်လိုက်တာနှင့်ပင် သမီးသည် အလိုလိုပင် တော်ဝင်ခွန်မိန်းမိသားစု ဝင်ဖြစ်သွားတော့ သည်။ တိုင်းယိုင်ထုံးစံအရ သည်အမည်သည် သူမ၏ ဘဝတလျှောက်လုံးတွင် ကျန်ရှိနေမည်ဖြစ်ပြီး လက်ထပ်ချိန်ရောက်သည့်တိုင်အောင် ပြောင်းလဲလို့ မရတော့ချေ။

ထိုအချိန်မှစ၍ မင်းသမီးလေးသည် အရှေ့စံအိမ်တော်တွင် အရေးအကြီးဆုံးသော သူတယောက်ဖြစ်လာသည်။ ကလေးထိန်းနာနီ နိုင်းနိုင်း က ဒုတိယအရေးကြီးသူဖြစ်လာလေသည်။ သူမသည် နာနီအလုပ်လျှောက်ကြသောသူတွေထဲမှ အရွေးခံထားရသူဖြစ်သော်လည်း သူမ သည် အသက် ခြောက်ဆယ့်ငါးနှစ်လောက်ရှိနေလေပြီ။ သူမသည် သင်တန်းဆင်းသူနာပြုဆရာမ ဝမ်းဆွဲဆရာမတို့လုပ်ကိုင်ဖူးပြီး သူမ၏ လင်ယောက်ျား၊ ကလေးတွေ၏ အသက်ရှည်အောင် သူမ၏ဘဝထက်ပိုပြီးအလေးထားလျက် လိုအပ်သမျှကို သူမတတ်နိုင်သ၍ လုပ်ကိုင် ပေးနေခဲ့သည်။ သူမသည် တိုင်းယိုင်နှင့် မြန်မာစကားကိုသာပြောပြီး အင်္ဂလိပ်လိုမပြောချေ။ သူမ သူနာပြုသင်တန်းတက်နေချိန်တွင် ဘက်တစ် ခရစ်ယံဘာသာသို့ ပြောင်းခဲ့လေသည်။ သို့သော်ငြားလည်း ဗုဒ္ဓဘာသာဝင်အိမ်တော်ကဝန်ထမ်းများသည် သူမ၏အသက် အရွယ်နှင့် အလုပ်ကိုလေးစားကြလေသည်။ သူတို့က သူမ၏ဘာသာရေးနှင့်ပတ်သက်သော ပေါင်းစည်းဆက်သွယ်မှုအပေါ်တော့ သံသယ ဖြင့် စောင့်ကြည့်နေကြလေသည်။ မွိုင်းက စိုးရိမ်ကြီးစွာဖြင့် သူမ၏ မယ်ဘုရားကို စုံစမ်းမေးမြန်းသည်။ နိုင်းနိုင်းကသူမတို့၏ မင်းသမီးလေးကို ခရစ်ယံဘာသာသို့ သွတ်သွင်းဖို့ကြိုးစားနေသလားဟု ပူပန်မိလေသည်။

သုစန္ဒာကတော့ သည်ကိစ္စကို စိတ်မပူချေ။ သူမအနေနှင့် သူမတို့နေထိုင်သောပတ်ဝန်းကျင်တွင် ကလေးများအလွန်များပြားလေရာ သူမ၏ သမီးကျန်းမာရေးအတွက် သူနာပြုလို မလိုလားအပ်သောအန္တရာယ်များမကျရောက်စေရန် ကောင်းစွာပြုစုစောင့်ရှောက်ပေးနိုင်ရေးကိုသာ တွေးလေသည်။ ကြောက်စရာကောင်းသော သေနိုင်သည့်ငှက်ဖျားရောဂါပိုးကိုသယ်ဆောင်သော ခြင်များ ၊သေစေသော ကင်မြီးကောက်များ နှင့် အခြားအဆိပ်ရှိသော ကင်းခြေများ စသည့်အကောင်တို့ကို ကလေးပုခက် ခြင်ထောင်အတွင်းမှာပင် တွေ့ရတတ်လေသည်။ သုစန္ဒာ တိတ်တိတ်အလစ်တွင် ကလေးအိပ်ခန်းအတွင်းသို့ အကြိမ်ပေါင်းများစွာ ညတိုင်း ဝင်ဝင်ကြည့်ရလေသည်။ နေ့ဆိုလျှင်လည်း သူမသည် စံအိမ်တော်ကိုလာကြသောဧည့်သည်များကို သံသယမျက်လုံးဖြင့် ဒေါက်ထောက်ကြည့်သည်။ သူတို့တွေက တီဘီ၊ ကျောက်ရောဂါ၊ လက်ပ ရိုစီ၊ တိုက်ဖွိုက်နှင့် အခြားကူးစက်တတ်သော ရောဂါတွေများသယ်လာလေမလား။ တခါတရံတွင်မူ သူမသည် ညလယ်ခေါင်ကြီးတွင် နိုးပြီး ထထိုင်နေတတ်သည်။ သူမသမီးလေးကို ဂျာမဏီမှာပဲ ကြီးပြင်းစေတာကောင်းမည်။ ဟိုမှာဆို ဒီလိုအန္တရာယ်တွေဘေးမှ ဝေးမည်။ ပြီးတော့ ကလေးအထူးကုဆရာဝန်နှင့်လည်း ပြလို့ရသည်။ နိုင်းနိုင်း၏စွမ်းရည်ကြောင့် သုစန္ဒာ၏သံသယများကြောက်စိတ်များကို တဖြည်းဖြည်း လျော့ကျသွားစေလေသည်။ သမီးတော်လေး ကျန်းမာပျော်ရွှင်စွာဖြင့် ပုံမှန်ကလေးတယောက်လိုကြီးပြင်းစေခြင်းဖြင့် သူမကိုပျော်ရွှင်လာ အောင် ကူညီပေးလေသည်။

ရှစ်လအရွယ်သို့ရောက်လာသောအခါ မာလာသည် သူမ၏မိဘများနှင့် ပထမဆုံး တရားဝင်အလုပ်များ စတင်လှုပ်ရှားလေသည်။

ဝန်ကြီးချုပ်က ဖိတ်စာကိုဖတ်ကြားသည်။ နမ့်ပန်းခွန်မိန်းစဝ်ခွန်ဖနှင့် မဟာဒေဝီစဝ်သုစန္ဒာတို့၏သမီးတော် မင်းသမီးလေး၏အမည်ပေး ကင်ပွန်းတပ် မင်္ဂလာပွဲကို အရှေ့စံအိမ်တော်၌ ၁၃၁၈ နတ်တော်လပြည့်ကျော် ၁၁ရက်နေ့ ၊ နံနက် ၁ဝ နာရီအချိန်တွင် ကျင်းပမည်ဖြစ်ပါသဖြင့် ကြွရောက် ချီးမြှင့်ကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။ လက်ဖွဲ့ခြင်းသည်းခံပါ။

ဂုဏ်သရေရှိလူကြီးများ၊ နမ့်ပန်းပြည်နယ်၏ ဝါတော်အကြီးဆုံး ဆရာတော်သုံးပါးနှင့် ဖိတ်ကြားထားသော ဧည့်ပရိသတ်တရာကျော်သည် အရှေ့စံအိမ်တော်၏ပထမထပ်နှင့် မြက်ခင်းပြင်တွင် ပြည့်လျှံသွားတော့သည်။ ခန်းမတခုလုံးက ပရိဘောဂများကိုထုတ်ပြီးကော ဇောအထူ များ ခန်းလုံးပြည့်ခင်းထားလိုက်သည်။ ဆွေမျိုးထဲတွင် အသက်အကြီးဆုံးဖြစ်သော အန်တီကြီးဘုရားသည်လည်း အခမ်းအနားတက်ဖို့ ဖိတ် ခဲ့ရလေသည်။ ကြီးမားသောငွေဖလားထဲတွင် ပွဲအတွက် အထူးမင်္ဂလာရှိသောပစ္စည်းများကိုထည့်ထားပြီး အန်တီကြီးဘုရားကကိုင်ထား သည်။ ဖလားထဲတွင် မွှေးကြိုင်သော နံ့သာရည်၊ နံ့သာဖြူ၊ ကရမက်၊ ရှင်မတောင် သနပ်ခါးများ သွေးထည့်ထားသည်။ ပန်းမျိုးစုံ ပွင့်ချပ်များ၊ ရေမွှေး၊ စိန်၊ ပတ္တမြား၊ နီလာ၊ မြ၊ ပုလဲ၊ ကျောက်စိမ်းနှင့် လွန်ခဲ့သောတပတ်လုံး စံအိမ်တော်ကလူတွေ တောထဲသွားရှာထားရသော မွှေးပျံ့ သောသစ်ရွက်များ ကိုထည့်ထားလေသည်။ သုစန္ဒာက သမီးလေးကို ချီမလာသည်။ သူမကို ပန်းနုရောင် ဇာဂါဝန်ရှည်လေးဝတ်ထားပေးသည်။

သုစန္ဒာငယ်စဉ်က ဂျာမဏီတွင် ဘက်ပတစ် ခရစ်ယံဘာသာဝင်စဉ်ကလိုဖြစ်လေသည်။ ဧည့်သည်များကြားမှ သူမဖြတ်သွားပြီး စင်မြင့်လေး ပေါ်ရှိပြင်ထားသော ဆိုဖာထိုင်ခုံပေါ်မှာထားလိုက်သည်။

သမီးလေးကို ဆရာတော်တွေ၏အောက်တွင်ချထားလိုက်ပြီးနောက် အန်တီကြီးဘုရားက သမီးတော်လေးကို စဝ်မာလာဟု အမည်ခေါ်တွင် လိုက်ကြောင်း ကြေငြာလိုက်လေသည်။ အန်တီကြီးဘုရားသည် အမွှေးနံ့သာများဖြင့်စိမ်ထားသော သစ်ရွက်လေးဖြင့် မြေးမတော်ကို ပက် ဖြန်းလိုက်ပြီး ဆုမွန်ကောင်းများတောင်းပြီး ချီးမြှင့်ပေးလေသည်။ ထိုသို့ပြုလုပ်ပေးခြင်းသည် မင်းသမီးလေးအတွက် အလွန်ကြီးမားလွန်းနေ သည်။ ပြီးနောက်သမီးတော်လေးကို သူကအခန်းဆီသို့ ပွေ့ချီသွားလေသည်။ လက်ဆောင်အဖြစ် ကျောက်မျက်ရတနာများ၊ မြင်းတကောင် နှင့် များပြားလှသော လိမ္မော်စိုက်ခင်းများကို သူမ၏အဖေက အသိမှတ်ပြုပေးအပ်နေသောအခါ သူမက ရှိမနေတော့ပါ။ ဆုတောင်းပေးနေသော အချိန်၊ ဧည့်သည်များ စားသောက်ပွဲနှင့် နာရီများစွာ အလုပ်ရှုပ်နေချိန်တွင်တော့ သူမက ပါဝင်ဆင်နွှဲနိုင်ခြင်းမရှိသေးချေ။

တနေ့တွင် တာပေါ့ရွာ မြောက်ပိုင်းကလူများသည် အလွန်လှပသော ကြက်တူရွေးအရှင်တကောင်ကို အထူးလက်ဆောင်အဖြစ် သုစန္ဒာ ဆီယူဆောင်ပေးလေသည်။ ငှက်လေး၏ခေါင်းသည် ခရမ်းရောင်ဖြစ်သည်။ ခေါင်းထိပ်က အမွှေးလေးသည် လှပကျက်သရေရှိနေပြီး အမြီး ကရှည်လေသည်။ သူ့နှုတ်သီးက နီရဲနေသည်။ တကိုယ်လုံးရှိအမွှေးနှင့်အတောင်သည် စိမ်းစိုဝင်းတောက်နေသည်။ အမြီးပိုင်း၏အောက်ပိုင်း သည် ရွှေရောင်ရဲရဲထနေသည်။ သူ့အတောင်တွေအဖြတ်ခံထားရတာကို သုစန္ဒာ ချက်ခြင်းသတိပြုလိုက်မိလေသည်။

“မင်းလက်ဆောင်အတွက် သိပ်ကျေးဇူးတင်ပါတယ်” သုစန္ဒာပြောလိုက်သည်။ ဒါပေမယ့် ဒီသိပ်လှတဲ့ ငှက်လေးကို ကျမက လက်ခံယုံပဲ လက်ခံတာပါ။ ပြီးတော့ သူ့ကို ကျမပြန်လွှတ်ပေးလိုက်မှာ။ ကျေးဇူးပြုပြီး နောက်ဘယ်တော့မှ ကျမဆီကို ဒီလိုအကောင်တွေယူမလာပါနဲ့တော့”

သုစန္ဒာသည်္လီကိစ္စကို အရင်ဆုံးရှင်းရှင်းသိအောင် လုပ်ထား မှ ဖြစ်မည်ဟု တွေးမိလေသည်။ သူမသည် ဘယ်တိရစ္ဆာန်ကိုမှ ဖမ်းဆီးချုပ်နှောင် မထားလိုပဲ သူတို့ မွေးရာပါအခွင့်အရေးအတိုင်း လွတ်လွတ်လပ်လပ် နေစေ့ချင်လေသည်။ သူမ၏အရင်က စဝ်အုံဆိုင်၏ မဟာဒေဝီသည် ဝက်ဝံလေးများကို ခြံခတ်ပြီး ကျုံးအနီးတွင်မွေးထားခဲ့ရာ သူတို့ကိုထိန်းကျောင်းပေးသောသူတွေက တကောင်စီကို နောက်ဆုံးတွင် သတ် ပစ်လိုက်ကြလေသည်။ သည့်မတိုင်ခင်ကလည်း အလွန်ဝေးကွာလှသော ပြည်နယ်တောင်ပေါ်ရွာဆီကရွာသားများသည် သုစန္ဒာအ တွက် ကျားသစ်ပေါက်လေးတကောင် ယူလာပေးဖူးသေးလေသည်။

သူမမှာ ကျားသစ်ကိုအစာကျွေးဖို့ကောင်းကောင်း မလုပ်နိုင်။ တောထဲပြန်လွှတ်ဖို့လည်းကောင်းကောင်း သန်မာမကြီးထွားလာနိုင်ပဲဖြစ်နေ လေသည်။ထိုအခါ သူမအတွက် ကြောက်စရာအတွေ့အကြုံကို ရလိုက်သည်။ အကူညီမဲ့လျက်နေရှာသော လှပသည့်ကျားသစ်ပေါက် လေးမှာ အားအင်ချိနဲ့လာပြီး ငေးမောငိုင်တွေနေတော့သည်။ မိုင်ရှစ်ရာအတွင်းတွင် တိရစ္ဆာန်ဆေးကုဆရာဝန်လည်းမရှိပဲ သူမ၏ ပြုစုမှု အောက်တွင် နောက်ဆုံး၌ ကျားသစ်ပေါက်လေးမှာ အစာငတ်ပြီးသေဆုံးသွားရတော့လေသည်။ သူမမှာ တုန်လှုပ်ဝမ်းနည်း ကြေကွဲခဲ့ရ သည်။ ထို့ကြောင့် အခုအခါတောကောင် အရိုင်းများ၏ပုံဆို လက်မခံနိုင်တော့ပဲဖြစ်နေလေသည်။ တာပေါ့ရွာသားများသည် ဒီလို ငှက်မျိုး အများကြီး အကြောင်းမလှစွာမထားခဲ့သည့်အတွက် တော်ပေသေးသည်။

ဘူကောင်းက ကြက်တူရွေးလေးကို စစ်ဆေးကြည့်ပြီးနောက် ဖြတ်ထားသောအတောင်လေးသည် အပတ်အနည်းအတွင်း ပြန်ပေါက်လာပြီး ငှက်လေးသည် တောထဲသို့ ပျံသွားနိုင်မည်ဖြစ်ကြောင်းကို သုစန္ဒာအား အာမခံပြီးပြောကြားလေသည်။ သူသည် ကြက်တူရွေးလေးကိုပြုစုဖို့တာဝန်ယူလိုက်ပြီး ဈေးသို့အမြန်သွားခါ ကြီးမားသောလှောင်အိမ်တခုနှင့် လတ်ဆတ်သော အသီးများကိုရှာဝယ်ခဲ့သည်။ နောက်ဖေး မီးဖိုချောင်အနီးက မာလကာပင်ကြီးကို ကြက်တူရွေးလှောင်အိမ်ထားဖို့အကောင်းဆုံးနေရာအဖြစ်ရွေးလိုက်သည်။ လူတယောက်က လှောင်အိမ်အနားတွင် အမြဲစောင့်ကြည့်နေပြီး ကြောင်လာလျှင် မောင်းလွှတ်ရလေသည်။ သစ်ပင်များ၏သစ်ရွက်အုပ်အုပ်များသည် ကြက် တူရွေးလေးအတွက်အရိပ်ရပြီး နေရောင်မှကာကွယ်ပြီးသားလည်းဖြစ်စေသည်။

ကြက်တူရွေးလေးသည် ပထမနေ့တွင် အစာကို ပျာယာခတ်ပြီးမစားချေ။ သူသည် ငှက်ပျောသီးနှင့် ဖရဲသီးအမှည့်များကို ကြိုက်လေသည်။ ဒုတိယနေ့သို့ရောက်သောအခါ မာလကာပင်ကြီးပေါ်တွင် သူ့ဧည့်သည်များရောက်ရှိလာကြသည်။ ခန့်မှန်းခြေ အကောင်ခြောက်ဆယ် လောက်ရှိသော ကြက်တူရွေးအုပ်ကြီးသည် သူ့ဆီကိုဦးတည်ပြီး အကိုင်းတွေပေါ်ဆင်းလာနားကြလေသည်။

သူတို့၏ နားကွဲလုမတတ် အပြိုင်အော်နေကြသောအသံကြောင့် စံအိမ်တော်တွင်ရှိသောလူတွေအားလုံး ဘာဖြစ်တာပါလိမ့်ဟု အောက်မေ့ပြီး ပြေးထွက်ကြည့်ကြလေသည်။

ဆူညံစွာအော်ဟစ်နေကြသော ကြက်တူရွေးအုပ်သည် မိနစ်အနည်းငယ်သာနေကြသည်။ ပြီးနောက်သူတို့သည် ဗြုန်းဆို အားလုံးထပျံပြေး ကြလေသည်။ ခဏနေတော့ ပြန်ပေါ်လာကြပြန်သည်။

“အရင်က ငါတခါမှ ဘယ်တုန်းကမှ ဒီလောက်များတဲ့ ကြက်တူရွေးတွေ အိမ်နားမှာ မမြင်ဖူးဘူး” ဘူကောင်းသည် အံ့သြစွာဖြင့် သူ့ခေါင်းကို သွင်သွင်ခါရမ်းပြီး ပြောလေသည်။

ကြက်တူရွေးအုပ်သည် မနက်တိုင်း အချိန်မှန်ပြန်လာသည်။ သူတို့ ဘာကြောင့်လာလဲဆိုတာကို ဘယ်သူကမျှ သံသယ ဖြစ်မနေတော့ပေ။ ဘူကောင်းကလည်းကြက်တူရွေးလေးကို ကြင်နာယုယစွာပြုစုပေးအပြီး အပတ်အနည်းငယ်ကြာသောအခါထိ သူ့ကြက်တူရွေး မိသားစုက လည်း လာမြဲလာနေဆဲရှိလေသည်။ သူ၏အတောင် ကောင်းစွာပြန်ပေါက်လာပြီး ပျံသန်းဖို့အဆင်သင့်ဖြစ်နေလေပြီ။ တမနက်ခင်းတွင် ကြက် တူရွေးအုပ်ကြီးမလာခင်အချိန်လေးတွင် ဘူကောင်းသည် စဝ်နှင့်သုစန္ဒာတို့ကိုအနီးနားတွင် စောင့်အကြည့်ခိုင်းပြီး ကြက်တူရွေးလှောင် အိမ်လေးကိုဖွင့်ထားလိုက်သည်။ ကြက်တူရွေးလေး လှောင်အိမ်တံခါးဝနား ချည်းကပ်လာတာကို သူတို့က စိုးရိမ်စိတ်စောစွာစောင့်ကြည့်နေမိကြသည်။ သူမထွက်ပေ။ တံခါးဖွင့်ထားသော သူ့အကျဉ်းထောင်လေးထဲမှာပဲ နားနေသည်။ သူနှင့်လူတိုင်းသည် မာလကာပင်အကိုင်းများပေါ်ကြက်တူရွေးအုပ်နောက်တကြိမ်ဆူညံစွာဖြင့် ပြန်ရောက်လာကြမှာကို စောင့်ကြည့်နေကြလေသည်။ ကြက်တူရွေးအုပ်ရောက် လာပုံမှာ အရင်အခေါက်တွေတုန်းကလိုပဲဖြစ်သည်။ တခုပဲကွာတာကတော့ ကြက်တူရွေးအုပ်ကြီး ထပျံသွားကြသောအခါတွင် သူတို့၏ သူငယ်ချင်းလည်း သူတို့နှင့်အတူ ထွက်ခွာသွားခဲ့ခြင်းပဲဖြစ်လေသည်။ထိုအခါစောင့် ကြည့်နေသူ ဘူကောင်းက ဝမ်းသာအားရအော်လေ သည်။

ပြီးနောက်တော့မူ ကြက်တူရွေးအုပ်ကြီးသည် အရှေ့စံအိမ်တော်ရှိ မီးဖိုချောင် ဝင်ပေါက်နားက မာလာကာပင်များဆီသို့ နောက်တခါ ထပ်ပြီး ဘယ်တော့မှ ပြန်မလာကြတော့ချေ။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်