>Tu Maung Nyo – ငြင်းပယ်မရတဲ့ ပြည်ပကြွေး

February 3, 2012

>

ငြင်းပယ်မရတဲ့ ပြည်ပကြွေး
တူမောင်ညို။ ဖေဖေါ်ဝါရီလ ၃၊ ၂၀၁၂
ပြည်တွင်းပြည်ပကို “နိုင်ငံရေးအကျဉ်းသားမရှိဘူး” လို့မျက်နှာပြောင်တိုက် ငြင်းပယ်ကောင်း ငြင်းပယ်နိုင်ပါလိမ့်မယ်။  “ပြည်ပအကြွေး” ဆိုတာမှာတော့ မျက်စေ့စုံမှိတ်ပြီးငြင်းပယ်လို့မရပါဘူး။ ပွေးပုန်း ပေါင်မှာမနေသာဆိုသလို ဝန်ခံရပါပြီ။ ဒါပေမယ့် သူခိုးသေဖော်ညှိတယ်လို့ပြောရမလား။ထမင်းရည်ပူလာလျှာလွှဲတယ်လို့ဆိုရမလားမသိပါဘူး။ ကြွေးစာရင်းကို (မဆလ) နဲ့ (နဝတ-နအဖ) စစ်အစိုးရခေတ်ဆိုပြီး နှစ်ပိုင်းခွဲပြီးဝန်ခံပါတယ်။ (မဆလ) ခေတ်ကအကြွေးပိုများတယ်လို့ပြောချင်တာပါ။
အကြောင်းအရာ
(မဆလ) ခေတ်
(၁၉၈၈ မတိုင်မီ)
(နဝတ-နအဖ) ခေတ်
(၁၉၈၈ နောက်ပိုင်း)
စုစုပေါင်း
(အမေရိကန်ဒေါ်လာသန်းပေါင်း)
ပြည်ပကြွေးမြီ
၈၄၀၈.၃၄၈
၂၆၁၄.၉၅၀
၁၁၀၂၃.၂၉၈
           
            အထက်က ပြည်ပကြွေးမြီဇယားကိုကြည့်ပြီးအောက်ပါအချက်အတိုင်းလွယ်လွယ်ကူကူ ကောက်ချက်ချနိုင်ပါတယ်။
            (မဆလ) အစိုးရလက်ထက်မှာ အဆင်းရဲဆုံးနိုင်ငံ(LDC) ဘဝရောက်ခဲ့ရတယ်။
            (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာလည်း အဆင်းရဲဆုံးနိုင်ငံ(LDC) ဘဝကနေရုန်းမထွက်နိုင်ခဲ့ပါ။ ရုန်းမထွက်နိုင်ခဲ့ ကြောင်းကို (နဝတ-နအဖ) ခေတ်မှာထပ်မံတင်ရှိလာနေတဲ့ပြည်ပကြွေးမြီများက သက်သေခံနေပါတယ်။
ယခုအချိန်ထိ နိုင်ငံခြားရန်ပုံငွေမှာ အမေရိကန်ဒေါ်လာ၇၁၉၆.၄၅၄ သန်း ရှိတယ်လို့ဆိုတဲ့အတွက် အဆိုပါပြည်ပကြွေးမြီများ အကျေအလည်ပေးဆပ်နိုင်ဖို့အမေရိကန်ဒေါ်လာ ၃၈၂၆. ၇၅၈ သန်း လိုအပ်လျက်ရှိနေပါတယ်။ အကြွေးဆပ်လို့မလောက်ဘူးဆိုတဲ့သဘောဖြစ်ပါတယ်၊ ဒီတော့ ဆင်းရဲမြဲ၊ ကြွေးထူမြဲ။
            (မဆလ) တစ်ပါတီအာဏာရှင်အစိုးရက တိုင်းပြည်ဆင်းရဲပြည်သူမွဲ ဆိုသလို (LDC) အဆင်းရဲဆုံးနိုင်ငံဘဝရောက်အောင် ပို့ဆောင်ခဲ့ပါတယ်။ “လူလူချင်းသွေးစုပ်ဖိနှိပ်မှုကင်းသောဆိုရှယ်လစ်လောကသစ်”ဆိုတာ (မဆလ) ပါတီရဲ့ဖြီးလုံးဖြန်းလုံးနဲ့လိမ်ညာမှု မျှသာဖြစ်တယ်ဆိုတာ ပွင့်ကျခဲ့ပါတယ်။ (မဆလ) တစ်ပါတီအာဏာရှင်အစိုးရသက်တမ်းဟာ(၁၉၇၄ မှ ၁၉၈၈ ထိ ) ၁၄ နှစ်ကြာခဲ့ ပါ တယ်။    
            (နဝတ-နအဖ) စစ်အစိုးရက သက်တမ်းက (၁၉၈၈ မှ၂၀၁၁ ထိ) ၂၃ နှစ်ကြာခဲ့ပါတယ်။ (မဆလ) ထက် သက်ဆိုးရှည်ပါ တယ်။ ဒါပေမယ့် (မဆလ) တစ်ပါတီအစိုးရဆွဲချသွားခဲ့တဲ့ဆင်းရဲတွင်း (LDC) ဘဝကမတက်နိုင်ခဲ့တဲ့အပြင်ဖွတ်သထက်ညစ်ခဲ့ရပါတယ်။
“အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီး”ဆိုတာ (နဝတ-နအဖ) စစ်အစိုးရ ကြွားလုံးထုတ်မှုမျှသာဖြစ်တယ် ဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။
အပြောင်းအလဲဆိုလို့ (မဆလ)ခေတ်ရဲ့အဓိကမြီရှင်ဟာ ဂျပန်နိုင်ငံဖြစ်ပြီး၊(နဝတ-နအဖ)ခေတ် မြီရှင်က တရုတ်နိုင်ငံဖြစ်လာ တယ်ဆိုတဲ့အချက်သာဖြစ်ပါတယ်။ အခု (IMF) ကိုမျက်နှာချိုသွေးနေပါတယ်။
(နဝတ-နအဖ) စစ်အစိုးရကပေးအပ်ခဲတဲ့ “အခြေခံကောင်းအမွေခံကောင်း”ဆိုတာတွေထဲမှာ အဲဒီပြည်ပကြွေးမြီတွေလည်း ထည့်သွင်းရမှာပါ။ ဘာကြောင့် ဒီလိုပြည်ပကြွေးမြီသံသရာကနေရုန်းမထွက်နိုင်ခဲ့ရတာလဲဆိုတဲ့ အကျိုးအကြောင်းအချက်အလက်ကို  သမ္မတဦးသိန်းစိန် စစ်တပိုင်းအစိုးရက ပြည်ထောင်စုလွှတ်တော်မှာအကျယ်တဝင့်ရှင်းပြသင့်ပါတယ်။ ရှင်းပြရန်တာဝန်ရှိပါတယ်။
လူပြဿနာလား/မူပြဿနာလား။ စီမံခန့်ခွဲမှုပြဿနာလားဆိုတာကိုလွှတ်တော်ကိုယ်စားလှယ်ကြီးတွေ ရှင်းရှင်းလင်းလင်း သိ ရှိလာရတဲ့ အခါမှာ အတွေ့အကြုံနဲ့သင်ခန်းယူနိုင်ပါလိမ့်မယ်။
တကယ်တော့ သမ္မတကြီးဦးသိန်းစိန်ဟာ ယခင်(နအဖ) စစ်အစိုးရလက်ထက်မှာ ဝန်ကြီးချုပ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ယခုပြည်ပကြွေးမြီးကိစ္စတွေကိုပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုလွှတ်တော်မှာတင်ပြနေတဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှထွန်းဟာလည်း (နအဖ)စစ်အစိုးရလက်ထက်မှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ဝန်ကြီးတာဝန် ယူခဲ့သူဖြစ်ပါတယ်။ ဒီတော့ ပြည်ပကြွေးမြီကိစ္စတွေဘာကြောင့်ဘယ်လိုဆိုတဲ့အကျိုးအကြောင်းဇစ်မြစ်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ကြီးများနဲ့တကွတိုင်းပြည်ကရှင်းလင်းစွာသိရှိနိုင်အောင် တာဝန်ယူရှင်းလင်းတင်ပြနိုင်လိမ့်မယ်လို့ယူဆပါတယ်။
ရေနံနဲ့သဘာဝဓါတ်ငွေ့ရောင်းရငွေတွေ၊ကျောက်မြက်ရတနာရောင်းရငွေတွေ၊ သစ်တောထွက်ပစ္စည်းရောင်းရငွေတွေ၊ ရေလုပ်ငန်းထွက်ပစ္စည်းရောင်းရငွေတွေနဲ့ နယ်စပ်ကုန်သွယ်ရေးရငွေတွေကိုလည်းဘယ်လိုဘယ်လောက်ရရှိပြီး ဘယ်လိုကဏ္ဍတွေမှာ ဘယ်လိုစနစ်နဲ့ စီမံခွဲဝေသုံးစွဲခဲ့တယ်ဆိုတာ တိတိကျကျရှင်းပြဖို့လည်း လိုအပ်ပါတယ်။
ပေ ၁၈၀အထက်တံတားကြီးတွေ၊ ၆ လမ်းသွားအမြန်လမ်းမကြီးတွေ၊ ဆည်မြောင်းတာတမံတွေ၊ရေအားလျှပ်စစ်ဓါတ်အား ပေးစက်ရုံတွေစတဲ့ အခြေခံအဆောက်အဦးတွေ အရမ်းကာရောတည်ဆောက်ခဲ့ကြလို့အကြွေးတင်ရတာလား။အဲဒီလိုအခြေခံအဆောက်အဦတွေ ဆောက်လုပ်ခဲ့ပေမယ့်ပြည်သူတွေရဲ့စားဝတ်နေရေးကုန်ဈေးနှုန်းတွေနဲ့ ခရီးသွားလာရေးစရိတ်စကတွေကတော့ ကျဆင်းသွားတယ်ရယ်လို့မရှိခဲ့ပါဘူး။ ဘာကြောင့်ပါလဲ။
စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု(Sanction)ကြောင့် အခုလို ပြည်ပကြွေးမြီတွေမဆပ်ခဲ့နိုင်တာလား။
စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု(Sanction) ဟာ အစိုးရကိုမထိခိုက်ဘူး ပြည်သူတွေကိုသာ ထိခိုက်ခဲ့ပါတယ်လို့ ပြောထားခဲ့လေတော့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု(Sanction)ကိုလည်းတရားခံစာရင်းထဲ ထည့်သွင်းလို့မရနိုင်ပါဘူး။
အသေအချာပြောနိုင်တဲ့အချက်ကတော့(မဆလ)အစိုးရထက်(နဝတ-နအဖ) စစ်အစိုးရလက်ထက် အုပ်စိုးသူတွေဟာ ကျိကျိတက် ချမ်းသာကြွယ်ဝနေတဲ့အချက်ပါပဲ။သူတို့ဘာကြောင့်ဒီလောက် ချမ်းသာကြွယ်ဝနေကြရတာလဲ။
တိုင်းပြည်နဲ့ပြည်သူကတော့ကုန်းကောက်စရာမရှိအောင်ဆင်းရဲမွဲတေနေပြီး၊ အုပ်စိုးသူတွေကတော့ ထားစရာမရှိအောင် ချမ်းသာနေကြတဲ့အချက်ကတော့ ဘယ်ခေတ်မှာမှမရှိခဲ့ဖူးတဲ့ ယနေ့ (နဝတ-နအဖ)စစ်အစိုးရနဲ့သမ္မတဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရခေတ် ရဲ့အထင်ရှားဆုံး အချင်းအရာတစ်ခုဖြစ်ပါတယ်။
(မဆလ)အစိုးရရဲ့စီမံခန့်ခွဲမှုအောက်မှာ အဆင်းရဲဆုံးနိုင်ငံ(LDC) ဘဝကျရောက်ခဲ့ရပါတယ်။
(နဝတ-နအဖ)စစ်အစိုးရကလည်း အဆင်းရဲဆုံးနိုင်ငံ(LDC) ဘဝကနေ ရုန်းထွက်နိုင်အောင်မစီမံမခန့်ခွဲနိုင်ခဲ့ပါဘူး။
သမ္မတဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရ ရော အဆင်းရဲဆုံးနိုင်ငံ(LDC) ဘဝကနေရုန်းထွက်နိုင်အောင်စီမံခန့်ခွဲနိုင်ပါမည်လော။
           
           

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်