Than Win Hlaing – “သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ” စာအုပ် ထွက်မည်

February 9, 2012

မိုးမခပင်တိုင်စာရေးဆရာ သန်းဝင်းလှိုင်၏ “သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ” စာအုပ် ထွက်မည်
မိုးမခ၊ ဖောဖော်ဝါရီ ၄၊ ၂၀၁၂
မှတ်စု မှတ်တမ်း သမိုင်း အချက်အလက်များ စုဆောင်း လေ့လာရေးသာရာတွင် အမည်ရသည့် စာရေးဆရာဖြစ်သည့် သန်းဝင်းလှိုင်က ၎င်းစုစည်းထားသည့် “သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ” စာအုပ်ကို ပုံနှိပ်ထုတ်ဝေမည် ဖြစ်ကြောင်း သိရသည်။ မိုးမခက အဆိုပါစာအုပ်ကို ပုံနှိပ်ဖြန့်ချိရာတွင် စာအုပ်ကို စုဆောင်း သိမ်းဆည်း ဖတ်ရှုလိုသည့် စာဖတ်သူများ ကြိုတင်မှာကြားသည့် အရေအတွက်အတိုင်း ထုတ်ဝေရန် စီစဉ်လျက်ရှိသည်။
         အီးဘွတ်များနှင့် အင်တာနက်များ ကျေးဇူးကြောင့် ပုံနှိပ်စာအုပ်များ မှာယူရောင်းချရသည့် စာရိတ်စကမှာ သီးသန့်ဝန်ထုတ်ဝန်ပိုးဖြစ်နေသဖြင့် ယခုကဲ့သို့ Print on Demand နှုန်းဖြင့် စရိတ်ကျဉ်းကျဉ်း၊ ၀န်ကျဉ်းကျဉ်းဖြင့် စာအုပ်များကို ပုံနှိပ်ထုတ်ဝေရန် စီစဉ်မည်ဟု မိုးမခက စမ်းသပ်ခြင်း ဖြစ်သည်။
         မြန်မာပြည်က သမိုင်းတလျောက် ထင်ရှားသောအမျိုးသမီးများအနက် နိုင်ငံရေးနယ်ပယ်မှ ၁၅ ဦး၊ မင်းမိဘုရားများ ၆ ဦး၊ ရှေးစာဆိုတော် ၁၀ ဦး၊ စာနယ်ဇင်းလောကမှ ၂၀ ဦး၊ သမိုင်းပညာရှင် ၄ ဦး တို့ကို ကောက်နုတ်ပြီး စုစုပေါင်း အမျိုးသမီးကြီး ၅၄ ဦးတို့၏ အကြောင်းကို သန်းဝင်းလှိုင်က မှတ်တမ်းပြုစု တင်ပြထားခြင်းဖြစ်သည်။
         စာအုပ်ကို ကြိုတင်စာရင်းသွင်းမှာကြားသည့် အရေအတွက်အတိုင်း ပုံနှိပ်ထုတ်ဝေမည့်အပြင် ကျောင်းများ၊ စာကြည့်တိုက်များက အလိုရှိ၍ မှာကြားပါကလည်း အဆိုပါစာအုပ်အမှာအတွက် ဒါနပြုလိုသည့် အလှူရှင်များထံ မေတ္တာရပ်ခံပြီး ထည့်သွင်းပုံနှိပ်ကာ ပေးပို့လှူဒါန်းပေးမည် ဖြစ်သည်။ လက်ရှိ စာရင်းသွင်းထားသော ကျောင်းနှင့် စာကြည့်တိုက် ၂၀ အနက် ၁၀ ခုကို မိုးမခရန်ပုံငွေက လှူမည်ဖြစ်သည်။ စာအုပ်အလိုရှိသည့် ကျောင်းများ၊ စာကြည့်တိုက်များကလည်း စာရင်းပေးသွင်းနိုင်သည်။
         စာအုပ် မှာ ၀တ္ထုစာအုပ်ဆိုက်၊ စာမျက်နှာ ၃၈၃ မျက်နှာ ရှိသည်။ တအုပ်လျင် ၁၅ US$ ဖြင့် ၀ယ်ယူနိုင်သည်။ ဖေဖော်ဝါရီလအတွင်း ပုံနှိပ်ဖြန့်ချိမည်။
စာအုပ်အတွက် အရင်းကြေပြီး စာဖတ်သူများလက်ထဲ စာအုပ်ရောက်ဖို့၊ စာအုပ်ဖြစ်ဖို့က အဓိကဖြစ်သည်။ စာအုပ်က အမြတ်ကျန်ခဲ့လျင် စာရေးဆရာနှင့် စာအုပ်ဖြစ်အောင်စီစဉ်သူများကို ဉာဏ်ပူဇော်ခ ပေးနိုင်မှာ ဖြစ်သည်။ မိုးမခကနေ မှာကြားပါ။
Pay Check to “MoeMaKa Multimedia”
MoeMaKa, PO Box 320207
San Francisco, CA 94132-0207
အွန်လိုင်းကနေ ကြိုတင်မှာကြားရန် သည်နေရာကို သွားပါ။




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာအုပ်စင်

One Response to Than Win Hlaing – “သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ” စာအုပ် ထွက်မည်

  1. Lydia Lwin on February 10, 2012 at 10:39 am

    This is only friendly advice.
    Is that “Ah Kyaw Dayy Ya” or “Ah Kyaw Zay Ya”?
    Please double check with Burmese Language Professional.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်