fbpx

Exiles welcome in Burma – ပြည်တော်ပြန်များ နိုင်ငံသားပြန်လည်ခံယူခွင့်ရှိဟု အစိုးရကပြော

February 10, 2012

ပြည်တော်ပြန်များ နိုင်ငံသားပြန်လည်ခံယူခွင့်ရှိဟု အစိုးရကပြော
မိုးမခ၊ မော်ဒန်ဂျာနယ်၊ သတင်းကောက်နုတ်ချက်။
၂၀၁၂ နှစ်ဆန်းမတိုင်မီမှာ ပြည်ပက မြန်မာ့အရေးလှုပ်ရှားသူများ၊ ပညာရှင်ဆိုသူများက ပြည်တွင်းသို့ မိမိတို့ အစီအစဉ်အသီးသီးနဲ့ ၀င်ရောက်ခဲ့ကြပါတယ်။ ၎င်းနောက် ၂၀၁၂ နှစ်ဆန်းမှာတော့ ပြည်ပအခြေစိုက် မြန်မာ့မီဒီယာလုပ်ငန်းရှင်များ၊ မြန်မာ့အရေးလှုပ်ရှားသူ ခေါင်းဆောင်ဆိုသူများ
ကလည်း အသီးသီး ပြန်လည် ၀င်ရောက်လာကြတာကို တွေ့ရပါတယ်။ ယခုလို ပြည်တော်ပြန်သူ အများအပြားက မြန်မာပြည်တွင်းမှာ မိမိတို့ အရေးကိစ္စများ ပြန်လည် အခြေချခြင်း၊ လုပ်ကိုင်ခြင်းတို့ ပြုလုပ်လာကြချိန်မှာ လက်ရှိအစိုးရကလည်း ပြည်တော်ပြန်များ ပြန်လည်အခြေချနေထိုင်ခွင့်ကို စီစဉ်ပေးမည်ဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ပြည်ပကနေ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားခွင့်ရှိကြောင်း
ဖေဖော်ဝါရီလ ၅ ရက်နေ့လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မီဒီယာတွေ့ဆုံပွဲက သိရပါတယ်။ ပြည်ပက ပြန်ဝင်လာတဲ့မြန်မာတွေအနေနဲ့ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားတဲ့အခါမှာ ဟိုဘက်နိုင်ငံသား ခံယူပြီးသား ဖြစ်နေရင်တော့ စွန့်လွှတ်ပြီးမှ လျှောက်ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူဖို့အတွက် ပြည်ပရှိ မြန်မာသံရုံးတွေမှာ
လျှောက်ရမှာဖြစ်တယ်။ ပြည်ပရောက်မြန်မာတွေအနေနဲ့ တရားဝင်နိုင်ငံသား ပြန်လည်ခံယူခွင့်ရှိတယ်ဆိုတာကို အသိပေးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက တွေ့ဆုံပွဲမှာ ပြောပါတယ်။ နိုင်ငံသားခံယူခွင့် လျှောက်တဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စိစစ်ပြီး မြန်မာသံရုံးက လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ သဘောထားမှတ်ချက် တောင်းမှာဖြစ်ပါတယ်။
နိုင်ငံသားခံယူခွင့် လျှောက်သူဟာ မြန်မာနိုင်ငံမှာ နေသွားတာမှန်ကန်ပြီး မြန်မာနိုင်ငံသားဖြစ်နေတယ်ဆိုရင်
ပြန်လက်ခံပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသား မိဘနှစ်ပါးကမွေးတဲ့ နိုင်ငံသားတွေက မွေးရာပါနိုင်ငံသားတွေဖြစ်လို့ နိုင်ငံသား စိစစ်ရေးကတ် ရမှာဖြစ်တယ်။ ဥပဒေအရဖြစ်တဲ့ နိုင်ငံသားတွေက ဧည့်နိုင်ငံသားနဲ့ပြုနိုင်ငံသားကတ်တွေ ရမှာဖြစ်တယ်။
ပြည်တွင်းမှာ အခွန်ဆောင်နေတဲ့ နိုင်ငံခြားသားတွေကိုတော့ အက်ဖ်အာရ်စီနဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်ကြောင်း မပြည့်စုံသေးသူတွေကို ယာယီနိုင်ငံသား ကတ်တွေ ထုတ်ပေးနေပါတယ်။ နိုင်ငံသားခံယူခွင့်အတွက် ဗဟိုအဖွဲ့တွေဆီ လျှောက်ထားနိုင်ပြီး အထောက်အထား ပြည့်စုံ၊ ဥပဒေနဲ့ညီရင် နိုင်ငံသား ခံယူခွင့်ပြုတယ်လို့ သိရကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါတယ်။
မြန်မာပြည်တွင်းကို ပြန်လည်ဝင်ရောက်ကြတဲ့ ပြန်တော်ပြန် ပုဂ္ဂိုလ်အသီးသီးဟာ လက်ရှိအစိုးရရဲ့ မြို့တော် နေပြည်တော်သို့ သွားရောက်တွေ့ဆုံမှုတွေ တင်ပြဆွေးနွေးမှုတွေ ပြုလုပ်ကြတာကို တွေ့နေရပါတယ်။ ၎င်းပုဂ္ဂိုလ်တို့ ပြည်တော်မ၀င်ခင်မှာကတည်းက ၎င်းတို့အနေနဲ့ လက်ရှိ့မြန်မာပြည်အရေးအတွက် မည်သို့သော အကျိုးရှိသည့် လုပ်ငန်းများ အစီအစဉ်များ ရှိကြောင်း ကြိုတင် တင်ပြကြရတယ်လို့ ဆိုပါတယ်။ အဲသည် တင်ပြချက် ညှိနှိုင်းချက်များပေါ်အခြေခံပြီးတော့ ပြည်တော်ပြန်သူတို့ရဲ့ လှုပ်ရှားမှု အတိုင်းအတာကို တွေ့ကြရတယ်လို့ နေပြည်တော်ဝန်ထမ်းတဦးက အလွတ်သဘော ပြောကြားပါတယ်။

(Photos – Returning exiles, Aung thu Nyein, Aung Naing Oo and Zaw Oo seen at Rangoon Airport, file picture, Internet (Facebook))

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းပဒေသာ

One Response to Exiles welcome in Burma – ပြည်တော်ပြန်များ နိုင်ငံသားပြန်လည်ခံယူခွင့်ရှိဟု အစိုးရကပြော

  1. KoKo Oo on February 13, 2012 at 1:46 am

    ZO, ANO, ATN they must need to responsible Northern and Southern ABSDF killing innocent students. At that time they were leading ABSDF central committee of both NA and MTZ group. Our blood has not dry yet. Our revolution is still going on. They were acting like we do not know anything about our past. Do not act coward! Be a MAN!

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)